“မိခင်ဖြစ်မှ အမေ့မေတ္တာကို နားလည်လာတယ်…ခွင့်လွှတ်ပါအမေ”

Unicode

“မိခင်ဖြစ်မှ အမေ့မေတ္တာကို နားလည်လာတယ်…ခွင့်လွှတ်ပါအမေ”

သားသမီးတွေ အရွယ်ရောက်ပြီး အမေက အသက်ကြီးလာတဲ့အခါ အမေဟာ ကလေးပြန်ဖြစ်သွားတယ် သားသမီးတွေ ဘယ်သွားသွား လိုက်ချင်တယ်။

ဒါပေမဲ့… အနှောက်အယှက် ဖြစ်မှာစိုးလို့ အလိုက်တသိ ကျန်ခဲ့ရတယ်..။ သားသမီးတွေ ပျော်ရင် သူလည်း လိုက်ပျော်ချင်တယ်..

ဒါပေမဲ့ ကလေးကလား ဖြစ်မှာစိုးလို့ သိက္ခာဆယ်ထားရတယ်။ သားသမီးတွေ အားငယ်ရင် သူလည်း အားငယ်တာပဲ.. ဒါပေမဲ့ သားသမီးတွေ စိတ်ဓာတ်မကျအောင် စိတ်မာချင်ယောင် ဆောင်ထားရတယ်။

သားသမီးတွေ ငိုရင် သူလည်း လိုက်ငိုချင်တာပဲ.. ဒါပေမဲ့.. သားသမီးတွေ ပိုဝမ်းနည်းမှာ စိုးလို့ အားတင်း ပြုံးပြနေရတယ်။ သားသမီးတွေ သူ့ကွယ်ရာမှာ ဘယ်လိုနေထိုင်သလဲ သိချ င်တယ်..

ဒါပေမဲ့ မယုံကြည်ရာ ရောက်မှာစိုးလို့ လိုက်မချောင်းရဲဘူး။ သားသမီးတွေက ဟောက်လိုက်ရင် ကလေးတစ်ယောက်လို ကြောက်သွားတတ်တဲ့ အမေဟာ ငယ်နုစဉ်ကတော့ ဘာပဲကြုံကြုံ ငါ့သားသမီးတွေကို မထိနဲ့ ဆိုပြီး သတ္တိရှိရှိ ရင်ဆိုင် ကာကွယ်ပေးခဲ့ဖူးပါတယ်။

သားသမီးတွေဟာလည်း အမေ့သတ္တိအတွက် အားတက် လုံခြုံခဲ့ကြဖူးပါတယ် လုံချည်အောက်က တဆတ်ဆတ်တုန်နေတဲ့ အမေ့ဒူးတွေကို မမြင်ကြဘဲနဲ့ပေါ့။ မိခင် နေရာ ရောက်မှ မေမေ့ မေတ္တာ ကို နားလည်ခဲ့မိတယ်။ ခွင့်လွှတ်ပါမေမေ ရယ်…။

Credit: မူရင်းရေးသားသူအားလေးစားစွာဖြင့်

Credit: မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi

“မိခင္ျဖစ္မွ အေမ့ေမတၱာကို နားလည္လာတယ္…ခြင့္လႊတ္ပါအေမ”

သားသမီးေတြ အ႐ြယ္ေရာက္ၿပီး အေမက အသက္ႀကီးလာတဲ့အခါ အေမဟာ ကေလးျပန္ျဖစ္သြားတယ္ သားသမီးေတြ ဘယ္သြားသြား လိုက္ခ်င္တယ္။

ဒါေပမဲ့… အေႏွာက္အယွက္ ျဖစ္မွာစိုးလို႔ အလိုက္တသိ က်န္ခဲ့ရတယ္..။ သားသမီးေတြ ေပ်ာ္ရင္ သူလည္း လိုက္ေပ်ာ္ခ်င္တယ္..

ဒါေပမဲ့ ကေလးကလား ျဖစ္မွာစိုးလို႔ သိကၡာဆယ္ထားရတယ္။ သားသမီးေတြ အားငယ္ရင္ သူလည္း အားငယ္တာပဲ.. ဒါေပမဲ့ သားသမီးေတြ စိတ္ဓာတ္မက်ေအာင္ စိတ္မာခ်င္ေယာင္ ေဆာင္ထားရတယ္။

သားသမီးေတြ ငိုရင္ သူလည္း လိုက္ငိုခ်င္တာပဲ.. ဒါေပမဲ့.. သားသမီးေတြ ပိုဝမ္းနည္းမွာ စိုးလို႔ အားတင္း ၿပဳံးျပေနရတယ္။ သားသမီးေတြ သူ႔ကြယ္ရာမွာ ဘယ္လိုေနထိုင္သလဲ သိခ် င္တယ္..

ဒါေပမဲ့ မယုံၾကည္ရာ ေရာက္မွာစိုးလို႔ လိုက္မေခ်ာင္းရဲဘူး။ သားသမီးေတြက ေဟာက္လိုက္ရင္ ကေလးတစ္ေယာက္လို ေၾကာက္သြားတတ္တဲ့ အေမဟာ ငယ္ႏုစဥ္ကေတာ့ ဘာပဲႀကဳံႀကဳံ ငါ့သားသမီးေတြကို မထိနဲ႔ ဆိုၿပီး သတၱိရွိရွိ ရင္ဆိုင္ ကာကြယ္ေပးခဲ့ဖူးပါတယ္။

သားသမီးေတြဟာလည္း အေမ့သတၱိအတြက္ အားတက္ လုံၿခဳံခဲ့ၾကဖူးပါတယ္ လုံခ်ည္ေအာက္က တဆတ္ဆတ္တုန္ေနတဲ့ အေမ့ဒူးေတြကို မျမင္ၾကဘဲနဲ႔ေပါ့။ မိခင္ ေနရာ ေရာက္မွ ေမေမ့ ေမတၱာ ကို နားလည္ခဲ့မိတယ္။ ခြင့္လႊတ္ပါေမေမ ရယ္…။

Credit: မူရင္းေရးသားသူအားေလးစားစြာျဖင့္

Credit: မူရင်းရေးသားသူအားလေးစားစွာဖြင့်

Be the first to comment

Leave a Reply

Your email address will not be published.


*