မိသားစုတစ္ခု အိမ္တစ္အိမ္ရဲ႕ စီးပြားေရးကို လုံး၀ ပ်က္စီးသြားႏိုင္တဲ့ ယိုေပါက္ႀကီး (၆)ခု

မိသားစုတစ္ခု အိမ္တစ္အိမ္ရဲ႕ စီးပြားေရးကို လုံး၀ ပ်က္စီးသြားႏိုင္တဲ့ ယိုေပါက္ႀကီး (၆)ခု

မိသားစုတစ္ခု အိမ္တစ္အိမ္ရဲ႕ စီးပြားေရးကို လုံး၀ ပ်က္စီးသြားႏိုင္တဲ့ ယိုေပါက္ႀကီး (၆)ခု

ျမတ္စြာဘုရား ေဟာထားတာကေတာ့ ေလာကမွာ စီးပြားေရးပ်က္ရာ ၊ပစၥည္းဥစၥာေတြရဲ႕ ယိုေပါက္ႀကီး ၆ခုဆိုတာ ပစၥည္းဥစၥာဟာ ဘယ္ေတာ့မွ မတည္ဘူးတဲ့… ျမန္မာေတြကေတာ့ ေျပာၾကတယ္“လူမိုက္နဲ႔ ေငြ” အတူမေနဘူးတဲ့ ပစၥည္းဥစၥာဟာ ေပ်ာက္သြားတယ္။

ျမတ္စြာဘုရားက ဘာကိုေဟာသလဲဆိုရင္ နံပါတ္ (၁)က အာလသ် – လူပ်င္းနဲ႔ဆိုရင္ ေငြဟာ အတူမေနဘူးတဲ့။ပ်င္းရိလို႔ရွိရင္ ပ်င္းတယ္ဆိုတာ ပူလြန္းတယ္၊ ေအးလြန္းတယ္၊ မိုးခ်ဳပ္လြန္းတယ္၊ ဆာေနေသးတယ္၊ မစားရေသးဘူး၊ စားၿပီးၿပီ၊ ဗိုက္ေလးတယ္ ဆိုတဲ့ အခ်က္ေတြကို အေၾကာင္းျပၿပီး အလုပ္မလုပ္ဘဲနဲ႔ ေနတာကို ပ်င္းတယ္လို႔ ေျပာတာေနာ္။

အဲဒီလိုပ်င္းရိမႈဟာလည္း ပစၥည္းဥစၥာရဲ႕ ယိုက်ဖို႔ရာ အေပါက္တစ္ခုပဲတဲ့။ ေနာက္ နံပါတ္ (၂)ကေတာ့ ပမာဒတဲ့ – အေပ်ာ္အပါးေတြဘက္ပဲ စိတ္ဝင္စားတယ္။ ေကာင္းက်ိဳးခ်မ္းသာျဖစ္ဖို႔ စိတ္မဝင္စားဘူး။ လုပ္ငန္းကိုလည္း စိတ္မဝင္စားဘူး။ အေပ်ာ္အပါးေတြကို အၿမဲတမ္း စိတ္ဝင္စားေနရင္လည္း ပ်က္စီးႏိုင္တယ္။

နံပါတ္ (၃)က အႏု႒ာန – လုပ္ငန္းတစ္ခုကို လုပ္တဲ့အခါမွာ တက္တက္ႂကြႂကြ မရွိဘူး။ ဝတ္ေက်တမ္းေက်ပဲလုပ္တယ္၊ ေျဖးေျဖးေဆးေဆးပဲ။ slow ေပ့ါ…။ သြက္သြက္လက္လက္ လုပ္ရမယ့္ဟာကို သြက္သြက္လက္လက္ မလုပ္ဘူး။ ပ်င္းပ်င္းရိရိလုပ္တယ္၊ အဲဒီလိုဟာမ်ိဳး မျဖစ္ရဘူးတဲ့။ ႀကိဳးႀကိဳးစားစား လုပ္ရမယ္။ အဲဒီေတာ့ ပ်င္းရိျခင္းဟာလည္း ဥစၥာရဲ႕ ယိုေပါက္တစ္ခု။

နံပါတ္ (၄)က ကာမဂုဏ္အာ႐ုံေတြထဲမွာ စိတ္ကို လႊတ္ထားၿပီးေတာ့ ေပ်ာ္ပါးျခင္းဟာလည္း ပစၥည္းဥစၥာရဲ႕ ယိုက်တဲ့ အေပါက္တစ္ခုတဲ့။

နံပါတ္ (၅)က မေစာင့္စည္းျခင္း၊ ကိုယ့္စိတ္ကိုလည္း အေစာင့္စည္းဘူး။ ကာယကံ ဝစီကံကိုလည္း မထိန္းသိမ္း မေစာင့္ေရွာက္ဘူး။ ကိုယ္က်င့္တရားကိုလည္း မထိန္းသိမ္း မေစာင့္ေရွာက္ဘူး။ အဲဒါဟာ စီးပြားေရး ယိုေပါက္တစ္ခုပဲ။

နံပါတ္ (၆)က အအိပ္ၾကဴးျခင္း၊ ဘယ္ေတာ့ျဖစ္ျဖစ္ အိပ္တာပဲ။ အအိပ္မ်ားေနတယ္၊ အဲဒီဟာလည္းပဲ ပ်က္စီးျခင္းအေၾကာင္းတစ္ခုပဲ။

ခုနကေျပာခဲ့တဲ့ အာလသ်နဲ႔ တႏၵီမွာ အာလသ်ပ်င္းရိတယ္ ဆိုတဲ့ေနရာမွာ ဘာအလုပ္မွ မလုပ္ဘဲ ေနတာမ်ိဳး၊ တႏၵီက်ေတာ့ ျဖစ္ေပၚလာတဲ့ အခ်ိန္ကိုေ႐ႊ႕တာ အၿမဲတမ္းအခ်ိန္ကို ေ႐ႊ႕ခ်င္တယ္။

ေစာေသးတယ္၊ အခ်ိန္ ေ႐ႊ႕လိုက္တယ္။ ၈နာရီေလာက္ အလုပ္လုပ္ရမွာကို မလုပ္ေသးပါဘူး။ ၉နာရီမွ လုပ္မယ္။ ၉နာရီက်ေတာ့လည္း ၁၀-နာရီက်မွာ သြားေတာ့မယ္။

ဒီလိုအခ်ိန္ေတြကို ေ႐ႊ႕ေ႐ႊ႕သြားတာမ်ိဳးကို ဆိုလိုတယ္။ အဲဒီအေပါက္ ၆-ေပါက္ကို ပိတ္ႏိုင္မွတဲ့။

မပိတ္ႏိုင္လို႔ရွိရင္ ပစၥည္းဥစၥာဟာ လူေတြနဲ႔အတူ မရွိႏိုင္ဘူးလို႔ ဒီလို ျမတ္စြာဘုရားက ေဟာတယ္။

အဲဒီလိုေဟာတာေတြဟာ ကိုယ့္အတြက္ ပစၥဳပၸန္ဘဝမွာ ေကာင္းက်ိဳးရႏိုင္သလို သံသရာအတြက္လည္း ေကာင္းက်ိဳးရႏိုင္တယ္။

မေကာင္းတဲ့ အခ်က္အလက္ေတြကို ေရွာင္ၿပီးေတာ့ ေကာင္းတဲ့ အခ်က္အလက္ေတြကို ကိုယ့္သႏၲာန္မွာ က်င့္ေဆာင္ဖို႔ အေရးႀကီးတယ္။ ယိုေပါက္ႀကီးေတြ ပိတ္ၿပီး စီးပြားလာဘ္လာဘ တိုးတက္ၾကပါေစ။

(ပါခ်ဳပ္ဆရာေတာ္ဘုရားႀကီး) (အခြင့္ေကာင္းကိုယူ ဓမၼစာအုပ္မွ)ကိုသန႔္ႀကီးထံမွ ကူးယူ မွ်ေဝပါသည္။
Credit

Unicode

မိသားစုတစ်ခု အိမ်တစ်အိမ်ရဲ့ စီးပွားရေးကို လုံး၀ ပျက်စီးသွားနိုင်တဲ့ ယိုပေါက်ကြီး (၆)ခု

မြတ်စွာဘုရား ဟောထားတာကတော့ လောကမှာ စီးပွားရေးပျက်ရာ ၊ပစ္စည်းဥစ္စာတွေရဲ့ ယိုပေါက်ကြီး ၆ခုဆိုတာ ပစ္စည်းဥစ္စာဟာ ဘယ်တော့မှ မတည်ဘူးတဲ့… မြန်မာတွေကတော့ ပြောကြတယ်“လူမိုက်နဲ့ ငွေ” အတူမနေဘူးတဲ့ ပစ္စည်းဥစ္စာဟာ ပျောက်သွားတယ်။

မြတ်စွာဘုရားက ဘာကိုဟောသလဲဆိုရင် နံပါတ် (၁)က အာလသျ – လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့။ပျင်းရိလို့ရှိရင် ပျင်းတယ်ဆိုတာ ပူလွန်းတယ်၊ အေးလွန်းတယ်၊ မိုးချုပ်လွန်းတယ်၊ ဆာနေသေးတယ်၊ မစားရသေးဘူး၊ စားပြီးပြီ၊ ဗိုက်လေးတယ် ဆိုတဲ့ အချက်တွေကို အကြောင်းပြပြီး အလုပ်မလုပ်ဘဲနဲ့ နေတာကို ပျင်းတယ်လို့ ပြောတာနော်။

အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်းဥစ္စာရဲ့ ယိုကျဖို့ရာ အပေါက်တစ်ခုပဲတဲ့။ နောက် နံပါတ် (၂)ကတော့ ပမာဒတဲ့ – အပျော်အပါးတွေဘက်ပဲ စိတ်ဝင်စားတယ်။ ကောင်းကျိုးချမ်းသာဖြစ်ဖို့ စိတ်မဝင်စားဘူး။ လုပ်ငန်းကိုလည်း စိတ်မဝင်စားဘူး။ အပျော်အပါးတွေကို အမြဲတမ်း စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်တယ်။

နံပါတ် (၃)က အနုဋ္ဌာန – လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာ တက်တက်ကြွကြွ မရှိဘူး။ ဝတ်ကျေတမ်းကျေပဲလုပ်တယ်၊ ဖြေးဖြေးဆေးဆေးပဲ။ slow ပေ့ါ…။ သွက်သွက်လက်လက် လုပ်ရမယ့်ဟာကို သွက်သွက်လက်လက် မလုပ်ဘူး။ ပျင်းပျင်းရိရိလုပ်တယ်၊ အဲဒီလိုဟာမျိုး မဖြစ်ရဘူးတဲ့။ ကြိုးကြိုးစားစား လုပ်ရမယ်။ အဲဒီတော့ ပျင်းရိခြင်းဟာလည်း ဥစ္စာရဲ့ ယိုပေါက်တစ်ခု။

နံပါတ် (၄)က ကာမဂုဏ်အာရုံတွေထဲမှာ စိတ်ကို လွှတ်ထားပြီးတော့ ပျော်ပါးခြင်းဟာလည်း ပစ္စည်းဥစ္စာရဲ့ ယိုကျတဲ့ အပေါက်တစ်ခုတဲ့။

နံပါတ် (၅)က မစောင့်စည်းခြင်း၊ ကိုယ့်စိတ်ကိုလည်း အစောင့်စည်းဘူး။ ကာယကံ ဝစီကံကိုလည်း မထိန်းသိမ်း မစောင့်ရှောက်ဘူး။ ကိုယ်ကျင့်တရားကိုလည်း မထိန်းသိမ်း မစောင့်ရှောက်ဘူး။ အဲဒါဟာ စီးပွားရေး ယိုပေါက်တစ်ခုပဲ။

နံပါတ် (၆)က အအိပ်ကြူးခြင်း၊ ဘယ်တော့ဖြစ်ဖြစ် အိပ်တာပဲ။ အအိပ်များနေတယ်၊ အဲဒီဟာလည်းပဲ ပျက်စီးခြင်းအကြောင်းတစ်ခုပဲ။

ခုနကပြောခဲ့တဲ့ အာလသျနဲ့ တန္ဒီမှာ အာလသျပျင်းရိတယ် ဆိုတဲ့နေရာမှာ ဘာအလုပ်မှ မလုပ်ဘဲ နေတာမျိုး၊ တန္ဒီကျတော့ ဖြစ်ပေါ်လာတဲ့ အချိန်ကိုရွှေ့တာ အမြဲတမ်းအချိန်ကို ရွှေ့ချင်တယ်။

စောသေးတယ်၊ အချိန် ရွှေ့လိုက်တယ်။ ၈နာရီလောက် အလုပ်လုပ်ရမှာကို မလုပ်သေးပါဘူး။ ၉နာရီမှ လုပ်မယ်။ ၉နာရီကျတော့လည်း ၁၀-နာရီကျမှာ သွားတော့မယ်။

ဒီလိုအချိန်တွေကို ရွှေ့ရွှေ့သွားတာမျိုးကို ဆိုလိုတယ်။ အဲဒီအပေါက် ၆-ပေါက်ကို ပိတ်နိုင်မှတဲ့။

မပိတ်နိုင်လို့ရှိရင် ပစ္စည်းဥစ္စာဟာ လူတွေနဲ့အတူ မရှိနိုင်ဘူးလို့ ဒီလို မြတ်စွာဘုရားက ဟောတယ်။

အဲဒီလိုဟောတာတွေဟာ ကိုယ့်အတွက် ပစ္စုပ္ပန်ဘဝမှာ ကောင်းကျိုးရနိုင်သလို သံသရာအတွက်လည်း ကောင်းကျိုးရနိုင်တယ်။

မကောင်းတဲ့ အချက်အလက်တွေကို ရှောင်ပြီးတော့ ကောင်းတဲ့ အချက်အလက်တွေကို ကိုယ့်သန္တာန်မှာ ကျင့်ဆောင်ဖို့ အရေးကြီးတယ်။ ယိုပေါက်ကြီးတွေ ပိတ်ပြီး စီးပွားလာဘ်လာဘ တိုးတက်ကြပါစေ။

(ပါချုပ်ဆရာတော်ဘုရားကြီး) (အခွင့်ကောင်းကိုယူ ဓမ္မစာအုပ်မှ)ကိုသန့်ကြီးထံမှ ကူးယူ မျှဝေပါသည်။
Credit

Be the first to comment

Leave a Reply

Your email address will not be published.


*