“လူကြီးမိဘများလုံးဝကျော်မသွားပါနဲကလေးတွေအသက်နဲဆိုင်လို့ပါ”

လူကြီးမိဘများ လုံးဝကျော်မသွားပါနဲ ကလေးတွေ အသက်နဲ ဆိုင်လို့ပါ တစ်ရက်တည်းမှာ ဖြစ်ပျက်သွားတယ် မနက်ပိုင်းကလေးဆေးခန်း နင့်ကို ငါလုပ်မိတော့မယ် ကလေးအဖေက သူ့မိန်မကို ကြိမ်းမောင်းနေတာ ကလေးနှာခေါင်းထဲ ပြောင်းဖူးစေ့ ဝင်သွားတာကို သူ့မိန်မ ကလေးကို ဂရုမစိုက်လို့ ဖြစ်ရတာဆိုပြီး ဒေါသတွေထွက်နေလို့ တော်တော် ဖျောင်းဖျယူရတယ်

ကျနော်ရှင်းပြတယ် 1. နှာခေါင်းထဲက ပြောင်းဖူးစေ့ကို ဆေးခန်းမှာ ကြိုးစားထုတ်ကြည့်မယ် မရရင် 2. ဆေးရုံမှာ အိပ်ဆေးပေးပြီး ထုတ်မယ် မရရင် 3. နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ဒေါက်တာမောင်မောင်သန်းရှိတဲ့ ကျိုင်းတုံ (မိုင်တစ်ရာခန့်ဝေး) သွားမှ ရမယ်လို ဆေးခန်းမှာ ထုတ်ဖို့ ကြိုးစားတယ် ကံဆိုးတယ် မရဘူး ဆေးရုံခေါ်သွားရတယ်

ဆေးရုံမှာ အိပ်ဆေး ထိုးပြီး ထုတ်တယ် ကံကောင်းတယ်။ ပြောင်းဖူးစေ့ထွက်သွားတယ် အခုမှ စိတ်အေးရတယ်ဗျာ ကျိုင်းတုံသွားစရာ မလိုတော့ဘူးပေါ့နော်ဆရာ ဟုတ်တယ် မသွားရတော့ဘူး နောက် မဖြစ်အောင် ကလေးကို ဂရုစိုက်ပေါ့

ဟုတ်ကဲ့ ဆရာ ကျေးဇူးအရမ်းတင်တယ်နော်ဆရာ ဟုတ်ပါပြီဗျာ အဲဒီနေ့ညနေပိုင်း ဆေးရုံကနေ ဖုန်းဆက်လာတယ် ဆရာရေ ကလေးတစ်ယောက် ဆေးရုံလာတက်တယ် ဘာကေ့စ်လဲ လေဖျန်းနေတဲ့ သူ့အဖွားလိမ်းဖို့ ဝယ်လာတဲ့ တိုင်းရင်းဆေးရည်ကို မှားသောက်မိလို့ ဆေးရုံသွားကြည့်ရပြန်တယ်

သောက်မိတဲ့ဆေး ကြည့်လိုက်တော့ အိမ်မှာ ဖော်စပ်ထားတဲ့ပုံစံ။ တံဆိပ်မပါ။ ဘယ်လို ဖော်စပ်ထားတာလဲ မသိရ။ ပုလင်းကို နမ်းကြည့်တော့ ဟ အရက်နံ့ ရတယ်။ စိတ်ထဲမှာတော့ မှားသောက်မိတဲ့ ဆေးထဲ အရက်များများ ပါပါစေလို့ ကျိတ်ပြီး ဆုတောင်းရတယ်

ဟုတ်တယ်လေ အရက်ချည်းပဲ သောက်မိရင်တောင် အချိန်တန်ရင် ပြန်ကောင်းလာမှာ စောင့်ကြည့်ရုံပဲ အခုတော့ ဘာတွေပါမှန်း မသိတော့ အရိပ်တကြည့်ကြည့် စောင့်ကြည့်ပြီး ကုသမှုပေးရတာပ ကလေးကံကောင်းပါတယ် ဆေးရုံမှာ သုံးရက်နေတော့ တော်တော်ကောင်းသွားလို့ ဆင့်ခွင့်ပေးလိုက်ပြီ။

မိဘတွေကို မှာရပြန်တယ် ကလေးကို နောက်ဒါမျိုး မဖြစ်အောင် သေချာဂရုစိုက်ကြပါဗျ အဲဒီနေ့ညပိုင်းပုဂ္ဂလိကဆေးရုံက ဖုန်းဝင်လာတယ် ဆရာရေ သုံးနှစ်သားကလေးတစ်ယောက် cefixime 200mgလေးလုံး (800mg) သောက်မိလို့ အင်လုပ်ပြန်ပြီ ဒီနေ့ကံမကောင်းပါလား cefixime ကပိုးသတ်ဆေး(antibiotic) သူ့အရွယ်နဲ့ဆို သောက်သင့်တာထက် ခြောက်ဆလောက် ပိုပြီးသောက်မိတယ်။

အန္တရာယ် အရမ်းများတယ် မိဘတွေကမှားသာက်ပြီး နာရီဝက်အတွင်း ချက်ချင်း ဆေးရုံရောက်လာတော့ အစာအိမ်ထဲကဆေးကို ရသမျှ ဆေးကြောထုတ် (gastric lavage) လုပ်၊ အနီးကပ်စောင့်ကြည့် ကုသပြီးကောင်းသွာတယ်

သံချောင်းတို့အဖေကံကောင်းလို့ မသေပေါ့ဗျာ မိဘတွေကိုမှာရပြန်တယ် နောက်ထပ် ဒါမျိုးမဖြစ်အောင် ဆေးတွေကို ကလေးတွေ လက်လှမ်းမမီတဲ့ နေရာမှာ သေချာထားရတယ် နောက်သေချာဂရုစိုက်ဗျ မောတယ်ဗျ ာမိဘတွေမှာရတာ နောက်ဒါမျိုးဖြစ်တာတွေ နည်းအောင်လို့ သတိပေးလိုက်ပါရဲ့ဗျာ

Credit to ဒေါက်တာကျော်စွာမြင့် (ကလေးအထူးကု)

Zawgyi

လူႀကီးမိဘမ်ား လုံးဝေက်ာ္မသြားပါနဲ ကေလးေတြ အသက္နဲ ဆိုင္လို႔ပါ တစ္ရက္တည္းမွာ ျဖစ္ပ်က္သြားတယ္ မနက္ပိုင္းကေလးေဆးခန္း နင့္ကို ငါလုပ္မိေတာ့မယ္ ကေလးအေဖက သူ႔မိန္မကို ႀကိမ္းေမာင္းေနတာ ကေလးႏွာေခါင္းထဲ ေျပာင္းဖူးေစ့ ဝင္သြားတာကို သူ႔မိန္မ ကေလးကို ဂ႐ုမစိုက္လို႔ ျဖစ္ရတာဆိုၿပီး ေဒါသေတြထြက္ေနလို႔ ေတာ္ေတာ္ ေဖ်ာင္းဖ်ယူရတယ္

က်ေနာ္ရွင္းျပတယ္ 1. ႏွာေခါင္းထဲက ေျပာင္းဖူးေစ့ကို ေဆးခန္းမွာ ႀကိဳးစားထုတ္ၾကည့္မယ္ မရရင္ 2. ေဆး႐ုံမွာ အိပ္ေဆးေပးၿပီး ထုတ္မယ္ မရရင္ 3. နား၊ ႏွာေခါင္း၊ လည္ေခ်ာင္းအထူးကု ဆရာဝန္ေဒါက္တာေမာင္ေမာင္သန္းရွိတဲ့ က်ိဳင္းတုံ (မိုင္တစ္ရာခန႔္ေဝး) သြားမွ ရမယ္လို ေဆးခန္းမွာ ထုတ္ဖို႔ ႀကိဳးစားတယ္ ကံဆိုးတယ္ မရဘူး ေဆး႐ုံေခၚသြားရတယ္

ေဆး႐ုံမွာ အိပ္ေဆး ထိုးၿပီး ထုတ္တယ္ ကံေကာင္းတယ္။ ေျပာင္းဖူးေစ့ထြက္သြားတယ္ အခုမွ စိတ္ေအးရတယ္ဗ်ာ က်ိဳင္းတုံသြားစရာ မလိုေတာ့ဘူးေပါ့ေနာ္ဆရာ ဟုတ္တယ္ မသြားရေတာ့ဘူး ေနာက္ မျဖစ္ေအာင္ ကေလးကို ဂ႐ုစိုက္ေပါ့

ဟုတ္ကဲ့ ဆရာ ေက်းဇူးအရမ္းတင္တယ္ေနာ္ဆရာ ဟုတ္ပါၿပီဗ်ာ အဲဒီေန႔ညေနပိုင္း ေဆး႐ုံကေန ဖုန္းဆက္လာတယ္ ဆရာေရ ကေလးတစ္ေယာက္ ေဆး႐ုံလာတက္တယ္ ဘာေက့စ္လဲ ေလဖ်န္းေနတဲ့ သူ႔အဖြားလိမ္းဖို႔ ဝယ္လာတဲ့ တိုင္းရင္းေဆးရည္ကို မွားေသာက္မိလို႔ ေဆး႐ုံသြားၾကည့္ရျပန္တယ္

ေသာက္မိတဲ့ေဆး ၾကည့္လိုက္ေတာ့ အိမ္မွာ ေဖာ္စပ္ထားတဲ့ပုံစံ။ တံဆိပ္မပါ။ ဘယ္လို ေဖာ္စပ္ထားတာလဲ မသိရ။ ပုလင္းကို နမ္းၾကည့္ေတာ့ ဟ အရက္နံ႔ ရတယ္။ စိတ္ထဲမွာေတာ့ မွားေသာက္မိတဲ့ ေဆးထဲ အရက္မ်ားမ်ား ပါပါေစလို႔ က်ိတ္ၿပီး ဆုေတာင္းရတယ္

ဟုတ္တယ္ေလ အရက္ခ်ည္းပဲ ေသာက္မိရင္ေတာင္ အခ်ိန္တန္ရင္ ျပန္ေကာင္းလာမွာ ေစာင့္ၾကည့္႐ုံပဲ အခုေတာ့ ဘာေတြပါမွန္း မသိေတာ့ အရိပ္တၾကည့္ၾကည့္ ေစာင့္ၾကည့္ၿပီး ကုသမႈေပးရတာပ ကေလးကံေကာင္းပါတယ္ ေဆး႐ုံမွာ သုံးရက္ေနေတာ့ ေတာ္ေတာ္ေကာင္းသြားလို႔ ဆင့္ခြင့္ေပးလိုက္ၿပီ။

မိဘေတြကို မွာရျပန္တယ္ ကေလးကို ေနာက္ဒါမ်ိဳး မျဖစ္ေအာင္ ေသခ်ာဂ႐ုစိုက္ၾကပါဗ် အဲဒီေန႔ညပိုင္းပုဂၢလိကေဆး႐ုံက ဖုန္းဝင္လာတယ္ ဆရာေရ သုံးႏွစ္သားကေလးတစ္ေယာက္ cefixime 200mgေလးလုံး (800mg) ေသာက္မိလို႔ အင္လုပ္ျပန္ၿပီ ဒီေန႔ကံမေကာင္းပါလား cefixime ကပိုးသတ္ေဆး(antibiotic) သူ႔အ႐ြယ္နဲ႔ဆို ေသာက္သင့္တာထက္ ေျခာက္ဆေလာက္ ပိုၿပီးေသာက္မိတယ္။

အႏၲရာယ္ အရမ္းမ်ားတယ္ မိဘေတြကမွားသာက္ၿပီး နာရီဝက္အတြင္း ခ်က္ခ်င္း ေဆး႐ုံေရာက္လာေတာ့ အစာအိမ္ထဲကေဆးကို ရသမွ် ေဆးေၾကာထုတ္ (gastric lavage) လုပ္၊ အနီးကပ္ေစာင့္ၾကည့္ ကုသၿပီးေကာင္းသြာတယ္

သံေခ်ာင္းတို႔အေဖကံေကာင္းလို႔ မေသေပါ့ဗ်ာ မိဘေတြကိုမွာရျပန္တယ္ ေနာက္ထပ္ ဒါမ်ိဳးမျဖစ္ေအာင္ ေဆးေတြကို ကေလးေတြ လက္လွမ္းမမီတဲ့ ေနရာမွာ ေသခ်ာထားရတယ္ ေနာက္ေသခ်ာဂ႐ုစိုက္ဗ် ေမာတယ္ဗ် ာမိဘေတြမွာရတာ ေနာက္ဒါမ်ိဳးျဖစ္တာေတြ နည္းေအာင္လို႔ သတိေပးလိုက္ပါရဲ႕ဗ်ာ

 

ေဒါက္တာေက်ာ္စြာျမင့္ (ကေလးအထူးကု)

Be the first to comment

Leave a Reply

Your email address will not be published.


*