
credit
Unicode
တကယ်တော့ ယောင်္ကျားတွေဟာ အရမ်းကို သစ္စာရှိကြပါတယ်
အမျိုးသမီးတွေဟာ စိတ်အပြောင်းအလဲ မြန်သူတွေဖြစ်ကြပါတယ်… အသက် ၁၈ နှစ်အရွယ်မှာ ယောင်္ကျားပီသတဲ့ အမျိုးသားမျိုးကို လိုချင်ကြတယ်… အသက် ၂၅ နှစ်အရွယ်မှာ အောင်မြင်တဲ့ အမျိုးသားမျိုးကို လိုချင်ကြတယ်…
အသက် ၃၀ အရွယ်မှာ သင့်တင့် လျှောက်ပက်တဲ့ အမျိုးသားမျိုးကို လိုချင်ကြပါတယ်။ အသက် ၄၀ အရွယ်မှာကျတော့ ရင့်ကျက် တည်ငြိမ်တဲ့ အမျိုးသားမျိုးကို လိုချင်ကြတယ်။
သို့သော်… အမျိုးသားတွေရဲ့ စိတ်ကတော့ အမျိုးသမီးတွေနဲ့ မတူပဲ ရိုးရှင်းတယ်… အသက် ၁၈ နှစ်အရွယ်မှာ ငယ်ရွယ်ပြီးချောမောတဲ့ မိန်းကလေးမျိုးကို လိုချင်ကြပါတယ် ။
အသက် ၂၅ နှစ်အရွယ်မှာ ငယ်ရွယ်ပြီးချောမောတဲ့ မိန်းကလေးမျိုးကို လိုချင်ကြပါတယ် ။
အသက် ၃၀ အရွယ်မှာ ငယ်ရွယ်ပြီး ချောမောတဲ့ မိန်းကလေးမျိုးကို လိုချင်ကြပါတယ် ။ အသက် ၄၀ အရွယ်မှာ ငယ်ရွယ်ပြီး ချောမောတဲ့ မိန်းကလေးမျိုးကို လိုချင်ကြပါတယ် ။ အသက် ၅၀ အရွယ်မှာတောင် ငယ်ရွယ်ပြီး ချောမောတဲ့ မိန်းကလေးမျိုးကိုပဲ လိုချင်နေကြတုန်းပဲ —
ဒါကြောင့် — တကယ်တော့ အမျိုးသားတွေဟာ သစ္စာအရမ်းရှိကြတဲ့ သူတွေ ဖြစ်ပါတယ်။
credit
Leave a Reply