“ချမ်းသာချင်ရင် ငွေမစုပါနှဲ့ (ချမ်းသာချင်သူတိုင်း ဖတ်ဖြစ်အောင် ဖတ်ပါ)”

ချမ်းသာချင်ရင် ငွေမစုပါနှဲ့ (ချမ်းသာချင်သူတိုင်း ဖတ်ဖြစ်အောင် ဖတ်ပါ)

ပိုက်ဆံစုရင် ချမ်းသာမယ်ဆိုတဲ့ အယူအဆကိုတော့ ကျနော် ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်

ပိုက်ဆံကို ကြိုးစားပမ်းစားရှာ ရှာပီးတာနဲ့ အသေအလဲစု ဘဏ်မှာပဲစုစု လက်ထဲမှာပဲစုစု အချိန်တန် အဲ့စုထားတဲ့ငွေတန်ဖိုးက လျော့ကျလာမှာပါ ကုန်ဈေးနှုန်းတွေကလဲ မြင့်တက်လာနေအုံးမှာပဲ မိတ်ဆွေ ငယ်ငယ်က ငွေ ၁သောင်းဟာ သိပ်တန်ဖိုးကြီးပါတယ်

ခုချိန်မှာတော့ ငွေ ၁သောင်းဟာ ဘာမှမပြောပလောက်တဲ့ အနေအထားဖြစ်နေပါပြီ ကျနော်တို့ ငယ်ငယ်တုံးက ဇီးထုပ်တထုပ်မှ ၁ကျပ် ငွေ ၁၀ရှိရင် ဗိုက်ကားအောင် စားလို့ရတဲ့အထိ အဖိုးတန်ခဲ့တဲ့ ၁၀တန်ဟာလဲ ခုဆို ဘယ်သူမှ မယူတော့တဲ့ပိုက်ဆံ ဖြစ်နေပါပြီ သီလရှင်ကိုတောင် လောင်းလို့မရတော့ပါဘူး တန်ဖိုးတွေလဲ လျော့ကျသွားပါပြီ

မိတ်ဆွေတို့ ကလေးနောင်ရေးအတွက် ဘဏ်မှာ တလ ၃သောင်းစီဖြစ်ဖြစ် ပုံမှန်စုထားတဲ့ ငွေဟာလည်း တချိန် ငွေကြေးဖောင်းပွလာမှု ကုန်ဈေးနှုန်း မြင့်တက်လာမှုတွေရဲ့ မိုးကြိုးပစ်မှုကို ဘဏ်မှာစုတာ အတိုးရတယ်ကွဆိုတဲ့ ထန်းလက်သေးသေးလေးနဲ့ ကာနိုင်မယ် ထင်ပါသလား?

အမှန်တကယ်က ချမ်းသာချင်ရင် ပိုက်ဆံကို သုံးရမှာပါ ငွေကို အသေမထားပဲ ငွေနဲ့ ငွေ မိတ်ဆွေ ဖွဲ့ခိုင်းရပါလိမ့်မယ် ဒါမှသာ တိုးပွားမှု ရှိလာနိုင်မှာပါ ပိုက်ဆံသုံးတဲ့ နေရာမှာ ဦးနှောက်လေးပါ တွဲသုံးရင် ပိုမြန်ဆန်ပါလိမ့်မယ်

ဥပမာတစ်ခုအနေနဲ့ ပြောရရင် အဝတ်အစားတွေဝယ်ဖို့ ပိုက်ဆံသုံးလိုက်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူချမ်းသာဖို့အတွက် သုံးတာပါ

၁.လက်လီဝယ်ဖို့ သုံးတာလား?

၂.လက်ကားဝယ်ဖို့ သုံးတာလား? ဘယ်လိုပဲ သုံးသုံးပါ

၁. လက်လီဝယ်ဖို့ သုံးမယ်ဆိုရင် လိုချင်တာလေးတွေရလို့ စိတ်ချမ်းသာပါမယ် (ဖြုန်းတယ်လို့ မပြောလိုပါဘူး အနည်းဆုံးတော့ လိုချင်တာရရင် စိတ်ချမ်းသာတတ်ကြသည် မဟုတ်လား)

၂. လက်ကားဝယ်ဖို့ သုံးမယ်ဆိုရင် ဖောက်သည်ပေးလို့ ရသလို ကိုယ်တိုင်လည်း လက်လီလက်ကား ပြန်ရောင်းနိုင်လို့ လူချမ်းသာပါမယ်

(ဒီလို ငွေသုံးခြင်းကတော့ ဦးနှောက်လေးပါ တွဲသုံးတာမျိုးပါ) သေချာပါတယ် ငွေသုံးခြင်းကသာ ကျနော်တို့ကို ချမ်းသာမှုတွေ ပေးတတ်တာပါ ကိုယ်ရောစိတ်ရော တခုမဟုတ်တခုကို ချမ်းသာစေတာပါပဲ

သူဌေးတွေကိုကြည့်လိုက်ပါ သူတို့တွေရဲ့ဝင်ငွေတွေဟာ ငွေသုံးခြင်းကနေ စီးဝင်နေတာပါ များများသုံးလေ များများဝင်လေပါပဲ ဒီလုပ်ငန်းတခုပြီး နောက်လုပ်ငန်းတစ်ခု စသဖြင့် ထပ်ကာထပ်ကာ ငွေကို သုံးသုံးသွားကြတာပါ

ကဲဒီတော့ နောင် ၁၀နှစ်မှာ ဖြစ်လာနိုင်တာတွေကို ကြိုတွေးပြီး ငွေကို စုမလား သုံးမလား ဆုံးဖြတ်ကြပေါ့ဗျာ လူတိုင်း ကြီးပွားချမ်းသာနိုင်ကြပါစေ။
credit

Zawgyi

ခ်မ္းသာခ်င္ရင္ ေငြမစုပါႏွဲ႔ (ခ်မ္းသာခ်င္သူတိုင္း ဖတ္ျဖစ္ေအာင္ ဖတ္ပါ)

ပိုက္ဆံစုရင္ ခ်မ္းသာမယ္ဆိုတဲ့ အယူအဆကိုေတာ့ က်ေနာ္ ျပတ္ျပတ္သားသား ဆန႔္က်င္ပါတယ္

ပိုက္ဆံကို ႀကိဳးစားပမ္းစားရွာ ရွာပီးတာနဲ႔ အေသအလဲစု ဘဏ္မွာပဲစုစု လက္ထဲမွာပဲစုစု အခ်ိန္တန္ အဲ့စုထားတဲ့ေငြတန္ဖိုးက ေလ်ာ့က်လာမွာပါ ကုန္ေဈးႏႈန္းေတြကလဲ ျမင့္တက္လာေနအုံးမွာပဲ မိတ္ေဆြ ငယ္ငယ္က ေငြ ၁ေသာင္းဟာ သိပ္တန္ဖိုးႀကီးပါတယ္

ခုခ်ိန္မွာေတာ့ ေငြ ၁ေသာင္းဟာ ဘာမွမေျပာပေလာက္တဲ့ အေနအထားျဖစ္ေနပါၿပီ က်ေနာ္တို႔ ငယ္ငယ္တုံးက ဇီးထုပ္တထုပ္မွ ၁က်ပ္ ေငြ ၁၀ရွိရင္ ဗိုက္ကားေအာင္ စားလို႔ရတဲ့အထိ အဖိုးတန္ခဲ့တဲ့ ၁၀တန္ဟာလဲ ခုဆို ဘယ္သူမွ မယူေတာ့တဲ့ပိုက္ဆံ ျဖစ္ေနပါၿပီ သီလရွင္ကိုေတာင္ ေလာင္းလို႔မရေတာ့ပါဘူး တန္ဖိုးေတြလဲ ေလ်ာ့က်သြားပါၿပီ

မိတ္ေဆြတို႔ ကေလးေနာင္ေရးအတြက္ ဘဏ္မွာ တလ ၃ေသာင္းစီျဖစ္ျဖစ္ ပုံမွန္စုထားတဲ့ ေငြဟာလည္း တခ်ိန္ ေငြေၾကးေဖာင္းပြလာမႈ ကုန္ေဈးႏႈန္း ျမင့္တက္လာမႈေတြရဲ႕ မိုးႀကိဳးပစ္မႈကို ဘဏ္မွာစုတာ အတိုးရတယ္ကြဆိုတဲ့ ထန္းလက္ေသးေသးေလးနဲ႔ ကာႏိုင္မယ္ ထင္ပါသလား?

အမွန္တကယ္က ခ်မ္းသာခ်င္ရင္ ပိုက္ဆံကို သုံးရမွာပါ ေငြကို အေသမထားပဲ ေငြနဲ႔ ေငြ မိတ္ေဆြ ဖြဲ႕ခိုင္းရပါလိမ့္မယ္ ဒါမွသာ တိုးပြားမႈ ရွိလာႏိုင္မွာပါ ပိုက္ဆံသုံးတဲ့ ေနရာမွာ ဦးေႏွာက္ေလးပါ တြဲသုံးရင္ ပိုျမန္ဆန္ပါလိမ့္မယ္

ဥပမာတစ္ခုအေနနဲ႔ ေျပာရရင္ အဝတ္အစားေတြဝယ္ဖို႔ ပိုက္ဆံသုံးလိုက္တဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ သူခ်မ္းသာဖို႔အတြက္ သုံးတာပါ

၁.လက္လီဝယ္ဖို႔ သုံးတာလား?

၂.လက္ကားဝယ္ဖို႔ သုံးတာလား? ဘယ္လိုပဲ သုံးသုံးပါ

၁. လက္လီဝယ္ဖို႔ သုံးမယ္ဆိုရင္ လိုခ်င္တာေလးေတြရလို႔ စိတ္ခ်မ္းသာပါမယ္ (ျဖဳန္းတယ္လို႔ မေျပာလိုပါဘူး အနည္းဆုံးေတာ့ လိုခ်င္တာရရင္ စိတ္ခ်မ္းသာတတ္ၾကသည္ မဟုတ္လား)

၂. လက္ကားဝယ္ဖို႔ သုံးမယ္ဆိုရင္ ေဖာက္သည္ေပးလို႔ ရသလို ကိုယ္တိုင္လည္း လက္လီလက္ကား ျပန္ေရာင္းႏိုင္လို႔ လူခ်မ္းသာပါမယ္

(ဒီလို ေငြသုံးျခင္းကေတာ့ ဦးေႏွာက္ေလးပါ တြဲသုံးတာမ်ိဳးပါ) ေသခ်ာပါတယ္ ေငြသုံးျခင္းကသာ က်ေနာ္တို႔ကို ခ်မ္းသာမႈေတြ ေပးတတ္တာပါ ကိုယ္ေရာစိတ္ေရာ တခုမဟုတ္တခုကို ခ်မ္းသာေစတာပါပဲ

သူေဌးေတြကိုၾကည့္လိုက္ပါ သူတို႔ေတြရဲ႕ဝင္ေငြေတြဟာ ေငြသုံးျခင္းကေန စီးဝင္ေနတာပါ မ်ားမ်ားသုံးေလ မ်ားမ်ားဝင္ေလပါပဲ ဒီလုပ္ငန္းတခုၿပီး ေနာက္လုပ္ငန္းတစ္ခု စသျဖင့္ ထပ္ကာထပ္ကာ ေငြကို သုံးသုံးသြားၾကတာပါ

ကဲဒီေတာ့ ေနာင္ ၁၀ႏွစ္မွာ ျဖစ္လာႏိုင္တာေတြကို ႀကိဳေတြးၿပီး ေငြကို စုမလား သုံးမလား ဆုံးျဖတ္ၾကေပါ့ဗ်ာ လူတိုင္း ႀကီးပြားခ်မ္းသာႏိုင္ၾကပါေစ။
credit

Be the first to comment

Leave a Reply

Your email address will not be published.


*