သူတောင်းစားရဲ့ ပညာသားပါတဲ့ တောင်းနည်းကြောင့် ရွှေတွေပါ ထည့်ကြတဲ့ အဖြစ်

ငွေထည့်ခဲ့တဲ့ သူတွေကို ငွေတန်ဖိုးရဲ့အဆ တစ်ထောင်ပြန်ပေးခဲ့တဲ့ သူတောင်းစားရဲ့လုပ်ရပ်လေးပါ။

တစ်နေ့ကဈေးထဲ မှာ သူတောင်းစား တစ်ယောက် တောင်းစားနေတာ တွေ့မိတာပါ။ သူတောင်းစားနေပုံဟာ ထူးခြားနေတာပါ။

သူက အစ်ကိုကြီး အစ်မကြီးတို့ရယ် သနားကြပါနော်… ပိုက်ဆံလေးများ ထည့်ပြီးရင် လိပ်စာလေးပါ ပေးခဲ့ပါ

သူ့ ရှေ့မှာ ချထားတဲ့ ခွက် ထဲကို ပိုက်ဆံ လာထည့်ကြတဲ့ လူတိုင်းရဲ့ လိပ်စာကို မေးပြီး တော့ စာအုပ်တစ်အုပ်နဲ့ မှတ်နေတာပါ။

ဒါပေမယ့် လည်း လူတော်တော်များများက အိမ်အထိများ လာတောင်းမလားဆိုတဲ့ အတွေးနဲ့ သူ့ခွက်ထဲကို ဘာပိုက်ဆံမှ ထည့်မသွားကြဘူး။

တစ်ချို့ကတော့လည်း သနားတာနဲ့ ထည့်သွားကြတာပေါ့ဗျာ။

သိပ်မကြာပါဘူး… သူက ခွက်ကို သိမ်းပြီးတော့ ခုနက ခွက်ထဲ ပိုက်ဆံထည့်သွားတဲ့ သူတွေရဲ့ အိမ်တွေကို အပင်ပန်းခံပြီး သူတို့ထည့်ခဲ့တဲ့ ငွေတန်ဖိုး ရဲ့အ ဆ ၁၀၀၀ ကို လိုက်ပေးပါတယ်။

အဲ့ဒီ သတင်းက ဈေးထဲမှာ ချက်ချင်း ပျံ့သွားတာပေါ့။ သူ့ကိုလည်း လူတွေက ဝေဖန်ကြတယ်။ အမျိုးမျိုး ပြောကြနဲ့ပေါ့လေ။

နောက်နေ့ မနက်မှာ ဈေးထဲက အဲဒီနေရာမှာပဲ သူတောင်းစား ပြန်တောင်းနေပြန်တာတွေ့ရရောဗျာ။

အဲဒီနေ့တော့ သူ့ဘေးမှာ ပိုက်ဆံ ထည့်မယ်သူတွေ အများကြီး ဖြစ်နေပါတော့တယ်။

သူ့ခွက်ထဲ ထည့်ကြတဲ့ ပိုက်ဆံတွေကလည်း တစ်ထောင်တန်တွေ ငါးထောင်တန်တွေ တစ်သောင်းတန်တွေ ထပ်ပြီး လာထည့်ကြသလို ရွှေတွေ လက်ဝတ်ရတနာတွေ တောင် ထည့်ကြပါရောလားဗျာ။

လိပ်စာမှတ်တဲ့ စာအုပ်တောင် လေးငါးအုပ်တောင် ကုန်သွားတယ်လေ။ ညနေပိုင်းရောက်တော့ ပြန်သွားပါတယ်။

ဒါပေမယ့်လည်း နောက်နေ့ကစပြီး အဲဒီဈေးထဲမှာ သူတောင်းစားကို ဘယ်တော့မှ ပြန်မတွေ့တော့ဘူးလေ။

မူရင်းရေးသားသူအား ခရက်ဒစ်ပါ

zawgyi

ေငြထည့္ခဲ့တဲ့ သူေတြကို ေငြတန္ဖိုးရဲ႕အဆ တစ္ေထာင္ျပန္ေပးခဲ့တဲ့ သူေတာင္းစားရဲ႕လုပ္ရပ္ေလးပါ။

တစ္ေန႔ကေဈးထဲ မွာ သူေတာင္းစား တစ္ေယာက္ ေတာင္းစားေနတာ ေတြ႕မိတာပါ။ သူေတာင္းစားေနပုံဟာ ထူးျခားေနတာပါ။

သူက အစ္ကိုႀကီး အစ္မႀကီးတို႔ရယ္ သနားၾကပါေနာ္… ပိုက္ဆံေလးမ်ား ထည့္ၿပီးရင္ လိပ္စာေလးပါ ေပးခဲ့ပါ

သူ႔ ေရွ႕မွာ ခ်ထားတဲ့ ခြက္ ထဲကို ပိုက္ဆံ လာထည့္ၾကတဲ့ လူတိုင္းရဲ႕ လိပ္စာကို ေမးၿပီး ေတာ့ စာအုပ္တစ္အုပ္နဲ႔ မွတ္ေနတာပါ။

ဒါေပမယ့္ လည္း လူေတာ္ေတာ္မ်ားမ်ားက အိမ္အထိမ်ား လာေတာင္းမလားဆိုတဲ့ အေတြးနဲ႔ သူ႔ခြက္ထဲကို ဘာပိုက္ဆံမွ ထည့္မသြားၾကဘူး။

တစ္ခ်ိဳ႕ကေတာ့လည္း သနားတာနဲ႔ ထည့္သြားၾကတာေပါ့ဗ်ာ။

သိပ္မၾကာပါဘူး… သူက ခြက္ကို သိမ္းၿပီးေတာ့ ခုနက ခြက္ထဲ ပိုက္ဆံထည့္သြားတဲ့ သူေတြရဲ႕ အိမ္ေတြကို အပင္ပန္းခံၿပီး သူတို႔ထည့္ခဲ့တဲ့ ေငြတန္ဖိုး ရဲ႕အ ဆ ၁၀၀၀ ကို လိုက္ေပးပါတယ္။

အဲ့ဒီ သတင္းက ေဈးထဲမွာ ခ်က္ခ်င္း ပ်ံ႕သြားတာေပါ့။ သူ႔ကိုလည္း လူေတြက ေဝဖန္ၾကတယ္။ အမ်ိဳးမ်ိဳး ေျပာၾကနဲ႔ေပါ့ေလ။

ေနာက္ေန႔ မနက္မွာ ေဈးထဲက အဲဒီေနရာမွာပဲ သူေတာင္းစား ျပန္ေတာင္းေနျပန္တာေတြ႕ရေရာဗ်ာ။

အဲဒီေန႔ေတာ့ သူ႔ေဘးမွာ ပိုက္ဆံ ထည့္မယ္သူေတြ အမ်ားႀကီး ျဖစ္ေနပါေတာ့တယ္။

သူ႔ခြက္ထဲ ထည့္ၾကတဲ့ ပိုက္ဆံေတြကလည္း တစ္ေထာင္တန္ေတြ ငါးေထာင္တန္ေတြ တစ္ေသာင္းတန္ေတြ ထပ္ၿပီး လာထည့္ၾကသလို ေ႐ႊေတြ လက္ဝတ္ရတနာေတြ ေတာင္ ထည့္ၾကပါေရာလားဗ်ာ။

လိပ္စာမွတ္တဲ့ စာအုပ္ေတာင္ ေလးငါးအုပ္ေတာင္ ကုန္သြားတယ္ေလ။ ညေနပိုင္းေရာက္ေတာ့ ျပန္သြားပါတယ္။

ဒါေပမယ့္လည္း ေနာက္ေန႔ကစၿပီး အဲဒီေဈးထဲမွာ သူေတာင္းစားကို ဘယ္ေတာ့မွ ျပန္မေတြ႕ေတာ့ဘူးေလ။

မူရင္းေရးသားသူအား ခရက္ဒစ္ပါ

Be the first to comment

Leave a Reply

Your email address will not be published.


*