
ခေါင်းမခြောက်ဘဲ အိပ်လိုက်မိတဲ့အခါ ဖြစ်လာမယ့် မနှစ်မြို့ဖွယ်ရာ ဆိုးကျိုး (၇) မျိုး
မိန်းကလေးတွေ အနေနဲ့ ခေါင်းမခြောက်ဘဲ အိပ်လိုက်တဲ့ အခါမှာ အအေးမိတာတွေ၊ ဖျားတာတွေအပြင် တခြားသော ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုးတွေ ရှိလာနိုင် ပါတယ်။ ခေါင်းမလျှော်ဘဲ အိပ်လိုက်ခြင်းဖြင့် ဖြစ်လာနိုင်တဲ့ မနှစ်မြို့ဖွယ်ရာ ဆိုးကျိုးတွေကို ဖော်ပြ ပေးလိုက် ပါတယ်။
(၁) ဆံပင်ကျိုးကြေခြင်း
ဆံပင်ဟာ စိုနေတဲ့ အချိန်မှာ ပိုပြီး ကျိုးကြေလွယ် ပါတယ်။ စိုနေတဲ့ ဆံပင်နဲ့ အိပ်လိုက်တဲ့ အခါ ဆံသားတစ်ခုနဲ့ တစ်ခု ပွတ်တိုက်ခြင်း၊ ခေါင်းအုံးနဲ့ ပွတ်တိုက်ခြင်းတွေကနေ တစ်ဆင့် ဆံပင်တွေ ကျိုးကြေ ပျက်စီးမှုတွေ ပိုများ လာမှာ ဖြစ်ပါတယ်။
(၂) ဗောက်
စိုနေတဲ့ ဆံပင်နဲ့ အိပ်လိုက်တဲ့ အခါ ဦးရေပြားမှာ မှိုရောဂါ၊ အရေပြားရောဂါတွေ ဖြစ်လာ နိုင်ပြီး ဗောက်တွေ၊ ခေါင်းယားယံခြင်းတွေ အပြင် တခြားအရေပြား ဆိုင်ရာ ပြဿနာတွေလည်း ဖြစ်လာမှာပါ။
(၃) ပွေး
ခေါင်းမခြောက်သေးဘဲ အိပ်လိုက်ခြင်းဖြင့် မှိုရောဂါဖြစ်လာရုံ သာမက မှိုရောဂါကြောင့် ပေါက်လာတဲ့ ဦးရေပြားပေါ်က ပွေးတွေဟာ အရမ်းကို ယားယံတဲ့ အပြင် ဆံပင်တွေ ကိုလည်း အစုလိုက်တွေ ကျွတ်စေနိုင် ပါတယ်။ သင့်ရဲ့ ဦးရေပြားပေါ်မှာ အနီကွက်ကြီးတွေနဲ့ ပူနွေးပြီး အဖတ်တွေ လန်နေတာ မျိုးရှိနေ ရင်တော့ ပွေးတွေ ဖြစ်နေနိုင် တာကြောင့် ဆရာဝန်ထံ သွားပြသင့် ပါတယ်။
(၄) ဝက်ခြံတွေ
ခေါင်းမခြောက်သေးဘဲ အိပ်လိုက်တဲ့ အခါ ခေါင်းအုံးမှာ စိုစိစိုစိဖြစ်သွားပြီး နေရောင်နဲ့ မထိတွေ့တဲ့အခါမှာ မှိုတွေ စွဲကပ် လာပါတယ်။ အဲဒီ့လို မှိုတွေပေါက်နေတဲ့ ခေါင်းအုံးမှာ အိပ်လိုက်ခြင်းဖြင့် မျက်နှာပေါ်မှာ ဝက်ခြံတွေအပြင် တခြားသော အရေပြားဆိုင်ရာ ပြဿနာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။
(၅) ခေါင်းကိုက်ခြင်း
ခေါင်းမခြောက်သေးဘဲ ပန်ကာ၊ အဲယားကွန်းတွေ အောက်မှာ အိပ်မိတဲ့အခါ အအေးမိတာ၊ နှာစေးချောင်းဆိုးတာအပြင် ခေါင်းကိုက်တာတွေကိုပါ ခံစားရနိုင်ပါတယ်။
(၆) တစ်ကိုယ်လုံး နာကျင်ကိုက်ခဲတာ
ခေါင်းမခြောက်ဘဲ အိပ်လိုက်တဲ့အခါ ပြောင်းလဲ သွားတဲ့ ခန္ဓာကိုယ် အပူချိန်ကို ညှိဖို့ ခန္ဓာကိုယ်က ကြိုးစားနေရ တာကြောင့် နိုးလာတဲ့အခါ တစ်ကိုယ်လုံး နာကျင် ကိုက်ခဲ တာတွေ ဖြစ်လာနိုင် ပါတယ်။
(၇) ဆံပင်တွေကို ရှုပ်ထွေးပြီး ပျက်စီးစေတယ်
ခေါင်းမခြောက်ဘဲ အိပ်လိုက်တဲ့ အခါ ဆံပင်တွေက ရှုပ်ပြီး တစ်ခုနဲ့တစ်ခု ချည်မိကာ ရှုပ်ထွေးသွားစေပါတယ်။ ရှုပ်နေတဲ့ ဆံပင်ကို ရှင်းရင်းကနေ အချိန်လည်း ကုန်၊ ဆံပင်လည်း ကျိုးကြေပျက်စီး တဲ့အပြင်ကို ဆံပင်အရောင်တွေ ကိုပါ မှိုင်းသွားစေ ပါတယ်။
ခရက်ဒစ်
Zawgyi
ေခါင္းမေျခာက္ဘဲ အိပ္လိုက္မိတဲ့အခါ ျဖစ္လာမယ့္ မႏွစ္ၿမိဳ႕ဖြယ္ရာ ဆိုးက်ိဳး (၇) မ်ိဳး
မိန္းကေလးေတြ အေနနဲ႔ ေခါင္းမေျခာက္ဘဲ အိပ္လိုက္တဲ့ အခါမွာ အေအးမိတာေတြ၊ ဖ်ားတာေတြအျပင္ တျခားေသာ က်န္းမာေရး ဆိုင္ရာ ဆိုးက်ိဳးေတြ ရွိလာႏိုင္ ပါတယ္။ ေခါင္းမေလွ်ာ္ဘဲ အိပ္လိုက္ျခင္းျဖင့္ ျဖစ္လာႏိုင္တဲ့ မႏွစ္ၿမိဳ႕ဖြယ္ရာ ဆိုးက်ိဳးေတြကို ေဖာ္ျပ ေပးလိုက္ ပါတယ္။
(၁) ဆံပင္က်ိဳးေၾကျခင္း
ဆံပင္ဟာ စိုေနတဲ့ အခ်ိန္မွာ ပိုၿပီး က်ိဳးေၾကလြယ္ ပါတယ္။ စိုေနတဲ့ ဆံပင္နဲ႔ အိပ္လိုက္တဲ့ အခါ ဆံသားတစ္ခုနဲ႔ တစ္ခု ပြတ္တိုက္ျခင္း၊ ေခါင္းအုံးနဲ႔ ပြတ္တိုက္ျခင္းေတြကေန တစ္ဆင့္ ဆံပင္ေတြ က်ိဳးေၾက ပ်က္စီးမႈေတြ ပိုမ်ား လာမွာ ျဖစ္ပါတယ္။
(၂) ေဗာက္
စိုေနတဲ့ ဆံပင္နဲ႔ အိပ္လိုက္တဲ့ အခါ ဦးေရျပားမွာ မႈိေရာဂါ၊ အေရျပားေရာဂါေတြ ျဖစ္လာ ႏိုင္ၿပီး ေဗာက္ေတြ၊ ေခါင္းယားယံျခင္းေတြ အျပင္ တျခားအေရျပား ဆိုင္ရာ ျပႆနာေတြလည္း ျဖစ္လာမွာပါ။
(၃) ေပြး
ေခါင္းမေျခာက္ေသးဘဲ အိပ္လိုက္ျခင္းျဖင့္ မႈိေရာဂါျဖစ္လာ႐ုံ သာမက မႈိေရာဂါေၾကာင့္ ေပါက္လာတဲ့ ဦးေရျပားေပၚက ေပြးေတြဟာ အရမ္းကို ယားယံတဲ့ အျပင္ ဆံပင္ေတြ ကိုလည္း အစုလိုက္ေတြ ကြၽတ္ေစႏိုင္ ပါတယ္။ သင့္ရဲ႕ ဦးေရျပားေပၚမွာ အနီကြက္ႀကီးေတြနဲ႔ ပူေႏြးၿပီး အဖတ္ေတြ လန္ေနတာ မ်ိဳးရွိေန ရင္ေတာ့ ေပြးေတြ ျဖစ္ေနႏိုင္ တာေၾကာင့္ ဆရာဝန္ထံ သြားျပသင့္ ပါတယ္။
(၄) ဝက္ၿခံေတြ
ေခါင္းမေျခာက္ေသးဘဲ အိပ္လိုက္တဲ့ အခါ ေခါင္းအုံးမွာ စိုစိစိုစိျဖစ္သြားၿပီး ေနေရာင္နဲ႔ မထိေတြ႕တဲ့အခါမွာ မႈိေတြ စြဲကပ္ လာပါတယ္။ အဲဒီ့လို မႈိေတြေပါက္ေနတဲ့ ေခါင္းအုံးမွာ အိပ္လိုက္ျခင္းျဖင့္ မ်က္ႏွာေပၚမွာ ဝက္ၿခံေတြအျပင္ တျခားေသာ အေရျပားဆိုင္ရာ ျပႆနာေတြ ျဖစ္လာမွာ ျဖစ္ပါတယ္။
(၅) ေခါင္းကိုက္ျခင္း
ေခါင္းမေျခာက္ေသးဘဲ ပန္ကာ၊ အဲယားကြန္းေတြ ေအာက္မွာ အိပ္မိတဲ့အခါ အေအးမိတာ၊ ႏွာေစးေခ်ာင္းဆိုးတာအျပင္ ေခါင္းကိုက္တာေတြကိုပါ ခံစားရႏိုင္ပါတယ္။
(၆) တစ္ကိုယ္လုံး နာက်င္ကိုက္ခဲတာ
ေခါင္းမေျခာက္ဘဲ အိပ္လိုက္တဲ့အခါ ေျပာင္းလဲ သြားတဲ့ ခႏၶာကိုယ္ အပူခ်ိန္ကို ညႇိဖို႔ ခႏၶာကိုယ္က ႀကိဳးစားေနရ တာေၾကာင့္ ႏိုးလာတဲ့အခါ တစ္ကိုယ္လုံး နာက်င္ ကိုက္ခဲ တာေတြ ျဖစ္လာႏိုင္ ပါတယ္။
(၇) ဆံပင္ေတြကို ရႈပ္ေထြးၿပီး ပ်က္စီးေစတယ္
ေခါင္းမေျခာက္ဘဲ အိပ္လိုက္တဲ့ အခါ ဆံပင္ေတြက ရႈပ္ၿပီး တစ္ခုနဲ႔တစ္ခု ခ်ည္မိကာ ရႈပ္ေထြးသြားေစပါတယ္။ ရႈပ္ေနတဲ့ ဆံပင္ကို ရွင္းရင္းကေန အခ်ိန္လည္း ကုန္၊ ဆံပင္လည္း က်ိဳးေၾကပ်က္စီး တဲ့အျပင္ကို ဆံပင္အေရာင္ေတြ ကိုပါ မႈိင္းသြားေစ ပါတယ္။
ခရက္ဒစ္
Leave a Reply