နှစ် 20ကြာမှ ဇနီးဖြစ်သူရဲ့ဓာတ်ပုံအနောက်ဖက်မှာ ကပ်ပါလာတဲ့သူကကိုယ်ဖြစ်နေမှန်း သိခဲ့ရတဲ့အမျိုးသား

Unicode ဖြင့် ဖတ်ရန်

နှစ် 20ကြာမှ ဇနီးဖြစ်သူရဲ့ဓာတ်ပုံအနောက်ဖက်မှာ ကပ်ပါလာတဲ့သူကကိုယ်ဖြစ်နေမှန်း သိခဲ့ရတဲ့အမျိုးသား

ကံကြမ္မာဆိုတာ ခက်မှန်းရ ခက်လွန်းပါတယ် ။ မသိဘဲ ကိုယ့်ဘေးကို ဖြတ်လျှောက်သွားတဲ့ သူမျိုးဟာလည်း တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ဖူးစာ ဖြစ်သွားတတ်ပါတယ် ။

ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက Mr Ye အမည်ရှိတဲ့ အမျိုးသားဟာ ဇနီးဖြစ်သူရဲ့ ဓာတ်ပုံတွေထည့်ထားတဲ့ သေတ္တာကို မွှေနောက်ခဲ့လို့ မမျှော်လင့်ထားတဲ့ ဓာတ်ပုံတစ်ပုံ တွေ့ရှိခဲ့ပါတယ် ။

အဲဒါကတော့ လွန်ခဲ့တဲ့ 2000 ခုနှစ် July လက Mr Ye ဟာ Qingdao မြို့သို့ အလည်သွားရောက်ခဲ့တုန်းက ဓာတ်ပုံ ဖြစ်နေပါတယ် ။ ထိုအချိန်တုန်းက ဇနီးဖြစ်သူကလည်း ခွဲစိတ်ကုသမှု ခံယူပြီးစအချိန် ဖြစ်တဲ့အတွက် အပန်းဖြေ ဖို့ ဆိုပြီး သူမရဲ့ မိခင်နဲ့အတူ Qingdao မြို့သို့ လာရောက် လည်ပတ်ခဲ့တဲ့ အချိန်ဖြစ်ပါတယ် ။

ထို့နောက် တစ်နယ်တခြားစီက လာရောက်ကြသူတွေ ဖြစ်တဲ့အတွက် May Fourth Square ရုပ်တုရှေ့မှာ အမှတ်တရဓာတ်ပုံရိုက်ဖို့ အကြောင်းဖန်လာကြပြီး နှစ်ယောက်လုံးက အမှတ်တရဓာတ်ပုံကို တစ်နေရာစီ ရိုက်ကူးခဲ့ကြပါတယ် ။

ဇနီးဖြစ်သူ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံရဲ့ အနောက်မှာ Mr Ye ကလည်း ဓာတ်ပုံရိုက်ဖို့ post ပေးနေပုံကို တွေ့ရှိခဲ့ပြီး နောက်မှာမှ Mr Ye ဟာ မထင်မှတ်ထားလောက်အောင် တိုက်ဆိုင်လွန်းလှတဲ့ ၎င်းတို့အဖြစ်ကို အံ့သြသွားခဲ့ကြပါတယ် ။

ပိုဆိုးတာကတော့ အဆိုပါဓာတ်ပုံ ရိုက်ပြီး 11နှစ်ကြာတဲ့အထိ ၎င်းတို့စုံတွဲဟာ တစ်ယောက်နဲ့ တစ်ယောက် လုံးဝ မသိကြပါဘူး ။

Mr Ye ဟာ သူတို့စုံတွဲရဲ့ ဓာတ်ပုံကို social media ပေါ်မှာ ဝေမျှခဲ့ပြီး Qingdao မြို့ဟာ ၎င်းတို့စုံတွဲအတွက် အဓိပ္ပါယ် ရှိလွန်းတဲ့မြို့ဖြစ်ပြီး ၊ ကလေးတွေ အရွယ်ရောက်ပြီးချိန်မှာမှ ပြန်ပြီးသွားရောက်လည်ပတ်ဖို့ စီစဉ်းထားကြောင်း ပြောဆိုသွားခဲ့ပါတယ် ။

Credit :Jasmine (Mckzone Daily)

Zawgyi ျဖင့္ ဖတ္ရန္

ႏွစ္ 20ၾကာမွ ဇနီးျဖစ္သူရဲ႕ဓာတ္ပုံအေနာက္ဖက္မွာ ကပ္ပါလာတဲ့သူကကိုယ္ျဖစ္ေနမွန္း သိခဲ့ရတဲ့အမ်ိဳးသား

ကံၾကမၼာဆိုတာ ခက္မွန္းရ ခက္လြန္းပါတယ္ ။ မသိဘဲ ကိုယ့္ေဘးကို ျဖတ္ေလွ်ာက္သြားတဲ့ သူမ်ိဳးဟာလည္း တစ္ခါတစ္ေလမွာ ကိုယ့္ရဲ႕ဖူးစာ ျဖစ္သြားတတ္ပါတယ္ ။

ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံက Mr Ye အမည္ရွိတဲ့ အမ်ိဳးသားဟာ ဇနီးျဖစ္သူရဲ႕ ဓာတ္ပုံေတြထည့္ထားတဲ့ ေသတၱာကို ေမႊေနာက္ခဲ့လို႔ မေမွ်ာ္လင့္ထားတဲ့ ဓာတ္ပုံတစ္ပုံ ေတြ႕ရွိခဲ့ပါတယ္ ။

အဲဒါကေတာ့ လြန္ခဲ့တဲ့ 2000 ခုႏွစ္ July လက Mr Ye ဟာ Qingdao ၿမိဳ႕သို႔ အလည္သြားေရာက္ခဲ့တုန္းက ဓာတ္ပုံ ျဖစ္ေနပါတယ္ ။ ထိုအခ်ိန္တုန္းက ဇနီးျဖစ္သူကလည္း ခြဲစိတ္ကုသမႈ ခံယူၿပီးစအခ်ိန္ ျဖစ္တဲ့အတြက္ အပန္းေျဖ ဖို႔ ဆိုၿပီး သူမရဲ႕ မိခင္နဲ႔အတူ Qingdao ၿမိဳ႕သို႔ လာေရာက္ လည္ပတ္ခဲ့တဲ့ အခ်ိန္ျဖစ္ပါတယ္ ။

ထို႔ေနာက္ တစ္နယ္တျခားစီက လာေရာက္ၾကသူေတြ ျဖစ္တဲ့အတြက္ May Fourth Square ႐ုပ္တုေရွ႕မွာ အမွတ္တရဓာတ္ပုံ႐ိုက္ဖို႔ အေၾကာင္းဖန္လာၾကၿပီး ႏွစ္ေယာက္လုံးက အမွတ္တရဓာတ္ပုံကို တစ္ေနရာစီ ႐ိုက္ကူးခဲ့ၾကပါတယ္ ။

ဇနီးျဖစ္သူ ႐ိုက္ကူးခဲ့တဲ့ ဓာတ္ပုံရဲ႕ အေနာက္မွာ Mr Ye ကလည္း ဓာတ္ပုံ႐ိုက္ဖို႔ post ေပးေနပုံကို ေတြ႕ရွိခဲ့ၿပီး ေနာက္မွာမွ Mr Ye ဟာ မထင္မွတ္ထားေလာက္ေအာင္ တိုက္ဆိုင္လြန္းလွတဲ့ ၎တို႔အျဖစ္ကို အံ့ၾသသြားခဲ့ၾကပါတယ္ ။

ပိုဆိုးတာကေတာ့ အဆိုပါဓာတ္ပုံ ႐ိုက္ၿပီး 11ႏွစ္ၾကာတဲ့အထိ ၎တို႔စုံတြဲဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ လုံးဝ မသိၾကပါဘူး ။

Mr Ye ဟာ သူတို႔စုံတြဲရဲ႕ ဓာတ္ပုံကို social media ေပၚမွာ ေဝမွ်ခဲ့ၿပီး Qingdao ၿမိဳ႕ဟာ ၎တို႔စုံတြဲအတြက္ အဓိပၸါယ္ ရွိလြန္းတဲ့ၿမိဳ႕ျဖစ္ၿပီး ၊ ကေလးေတြ အ႐ြယ္ေရာက္ၿပီးခ်ိန္မွာမွ ျပန္ၿပီးသြားေရာက္လည္ပတ္ဖို႔ စီစဥ္းထားေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္ ။

Credit :Jasmine (Mckzone Daily)

Be the first to comment

Leave a Reply

Your email address will not be published.


*