ပန်းသွေးရောင်သန်းတဲ့ နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်နိုင်ဖို့ အတွက် 

ပန်းသွေးရောင်သန်းတဲ့ နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်နိုင်ဖို့ အတွက် 

ပန်းသွေးရောင်သန်းတဲ့ နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်နိုင်ဖို့ အတွက်

ပန်းသွေးရောင်သန်းတဲ့ နှုတ်ခမ်းသားလေးကို ပိုင်ဆိုင် နိုင်ဖို့ အတွက် ဒီလို လုပ်ပါ… မိတ်ကပ်ရေစီးကြောင်းကလည်း သဘာဝမှ သဘာဝ ဆိုတော့ ခါတိုင်းလို နှုတ်ခမ်းနီ အရောင်ရင့်တွေ ဘက် သိပ်လှည့်လို့မရဘဲ

အရောင်နုနုလေးတွေကိုမှ လုံးဝ ဖျော့ဖျော့လေးတွေက မဖြစ်မနေ ဆိုးရမယ့် အနေအထား တစ်ခုကို ရောက်လာပြီလေ အိမ်း အဲဒီမှာ ပြဿနာ တက်တာက နှုတ်ခမ်းသား မည်းတဲ့ ယောင်းယောင်းတွေပါပဲ ။

နှုတ်ခမ်းနီ အရောင်လေးက ဖျော့ဖျော့လေး ဒါပေမဲ့ ကိုယ့်နှုတ်ခမ်းပေါ် တင်လိုက်တော့မှ ကိုယ့်နှုတ်ခမ်းအရောင်နဲ့ ရောပြီး မလှတော့တာမျိုး ဖြစ်ဖူးကြ တယ်ဟုတ်? ဆိုတော့ ကား

ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ကတော့ နှုတ်ခမ်းလေးတွေကို ပန်းရောင်ပြန်သမ်း လာအောင် လုပ်တာ ပါပဲ အိမ်တွင်းနည်းလေးတွေနဲ့ ဘယ်လို ဖြေရှင်းမလဲ တူတူ ကြည့်ကြရအောင်နော်။

(၁) ရှားစောင်းလက်ပပ်နဲ့ သံလွင်ဆီ

ရှားစောင်းလက်ပပ် ဆိုတာ အလှအပ အတွက် မျက်လှည့် ပစ္စည်း လိုပါပဲ။ အသားအရေကို ရေဓာတ်ပြည့်ပြီးတင်းရင်း လှပစေတယ်၊ ဆံပင်ကို လည်း အားဖြည့်ပေးတဲ့ အပြင် အခုနှုတ်ခမ်း ကိုပါ အရောင်ပြန်တင်ပေးတယ် ဆိုတော့ သူက ဂျိုကာပဲပေါ့ ။

ရှားစောင်း လက်ပပ်ကို အပြင်အခွံတွေ ခွာထုတ် လိုက်ပြီး အတွင်းသားတွေကို ခွက်အလွတ်ထဲ ထည့်ပါ။ ပြီးတာနဲ့ သံလွင်ဆီ တစ်ဇွန်းကို အဲဒီခွက်ထဲ ထည့်ပြီး အားလုံးနှံ့အောင် မွှေပြီးသွားတာနဲ့ သုံးလို့ရပါပြီ။

(သတိရတိုင်းသာ ထုတ်ထုတ်လိမ်းပါလေ့) ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေတာမို့ နှုတ်ခမ်းသားကို စိုစိုပြည်ပြည် အိအိထွေးထွေးလေးနဲ့ ပန်းရောင်သန်းနေစေ မှာပဲ ဖြစ်ပါတယ် ။

(၂) သကြားနဲ့ အုန်းဆီ

သကြား ဆိုသည်မှာလည်း Waxလုပ် လည်းပါရ၊ scrub လုပ်လည်း ပါရနဲ့ အမျိုးစုံ ကြိုးခုန်ပြီးကို ဝင်ပါနေတော့တာ။ ခုလည်းကြည့် နှုတ်ခမ်းပေါ် တင်သုံးပြန်တော့လည်း ပန်းရောင်လေး သမ်းစေသတဲ့လေ ။

သကြားညို လ္ဘက်ရည်ဇွန်း တစ်ဇွန်းကို ပျားရည် တစ်ဇွန်းထည့် နှစ်ခုကို ရောမွှေ လိုက်ပါ။ ပြီးတာနဲ့ နှုတ်ခမ်းပေါ်ကို စက်ဝိုင်း ပုံစံတင်ပြီး နှိပ်နယ်ပေး လိုက်ပါနော်။

၅ မိနစ်လောက် ထားပြီးတာနဲ့ နှုတ်ခမ်းကို အဝတ်နဲ့ သုတ်ပြီး ရေနွေးနွေးလေးနဲ့ ဖွဖွလေး ပြန်လိုက်ဖိပေးပါ။ တစ်ပတ် နှစ်ခါလောက် လုပ်ပေးရုံနဲ့ ဆဲလ်အသေတွေ ကွာကျပြီး ကျန်းမာရွှန်းစိုတဲ့ ပန်းနုရောင် နှုတ်ခမ်းလေးကို ပိုင်ဆိုင်စေ မှာပဲ ဖြစ်ပါတယ် ။

(၃) သလဲသီးအရည်နဲ့ နှုတ်ခမ်းအဆီ

သလဲသီးစားရင် လက်မှာ အနီရောင်တွေ စွဲပြီးကျန်ခဲ့ တယ် မလား? အဲဒီ စိတ်အနှောက် အယှက်ဖြစ်စရာကို အခု အားသာ ချက်အနေနဲ့ သုံးမယ်လေ ။

သလဲသီး အစေ့တွေကို ကြိတ်ချေပြီး ရလာတဲ့ အရည်တချို့ကို ကိုယ်သုံးနေကျ lip blam ထဲ ထည့်ပြီး မွှေလိုက်ပါ။ အားလုံးနှံ့သွားပြီ ဆိုတာနဲ့ ခဏလောက် အခြောက်ခံပြီး သုံးလို့ရ ပါပြီနော်။

ဒီဟာကိုလည်း ကိုယ် lip blam လိမ်းသလိုပဲ ကြိုက်တဲ့အချိန်မှာ ကြိုက်သလို လိမ်းလို့ရပါတယ်။ သလဲသီးမှာ ပါဝင်တဲ့ punicalagins ဆိုတဲ့ဓာတ်ပစ္စည်းက ယောင်းတို့ နှုတ်ခမ်း ညိုနေတာကို လျှော့ချပေးပြီး သဘာဝဆန်ဆန် ပန်းရောင် သန်းလာစေ မှာပါနော် ။

(၄) နှင်းဆီပန်းပွင့်ဖတ်နဲ့ နွားနို့

ရှေးခေတ်တုန်းက အမျိုးသမီးတွေ နှုတ်ခမ်းနီနဲ့ ပါးနီကို နှင်းဆီပန်းကို အရည်ဖျော်၊ အခဲ (သို့) အနှစ်လုပ်ပြီး လိမ်းခြယ်ခဲ့ကြ တယ်မလား။ ဒီမှာလည်း အဲဒီနည်းကို ပြန်သုံးပြီး နှုတ်ခမ်းကို ပေါင်းတင်ကြည့်ရအောင် ၊

နှင်းဆီပွင့်ဖတ် ၅ ဖတ်ကို နွားနို့ ဖန်ခွက်ရဲ့ တစ်ဝက်လောက်နဲ့ ရောပြီး တစ်ညလောက် စိမ်ထားလိုက်ပါ။ မနက်ကျရင်တော့ အဲဒီနှင်းဆီပွင့်ဖတ်တွေကို ဆယ်ပြီး ကြေညက်သွားအောင် ထောင်းပြီး နွားနို့ကို တစ်စက်ချင်းစီထည့်ပါ။

အနှစ်လေး ဖြစ်လာပြီဆိုရင်တော့ နှုတ်ခမ်းပေါ်မှာ ၁၅ မိနစ်လောက် သုတ်လိမ်းထားပြီး ရေအေးအေးလေးနဲ့ ပြန်ဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက်အထိ လုပ်ပေးရုံနဲ့ အနီရောင်သန်းတဲ့ နှုတ်ခမ်းလေးတစ်စုံ ရနိုင်ပါပြီ …။

ကဲ ဒီပစ္စည်းတွေကတော့ လွယ်လွယ်နဲ့ ဘယ်နေရာမှာမဆို ရှာလို့ရတာမို့ လုပ်ရတာလည်း အရမ်းအပန်းမကြီးပါဘူးနော့်။ အခုပဲလုပ်ပြီး ချက်ချင်းတော့ မသိသာလာနိုင်ဘူးလို့ ဆိုပေမဲ့ တဖြည်းဖြည်းချင်းတော့ သိသိသာသာ ပြောင်းလဲ လာမှာမို့ တစ်ခါနှစ်ခါလောက် လုပ်ပြီး

လက်မလျှော့ လိုက်ပါနဲ့လို့ မှာပါရစေ ယောင်းတို့ရေ… ကိုယ့်မျက်နှာကို နှစ်ရှည်လများ ပစ္စည်းအကောင်းတွေသုံးပြီး ချစ်လာ ရသလို နှုတ်ခမ်း ကိုလည်း ချစ်ပေး လိုက်ပါ။ ကိုယ်လိုချင်တဲ့ ပန်းနုရောင်နှုတ်ခမ်းလေးကို ရလာပါ လိမ့်မယ်နော် ။

Hnin Ei Oo (For Her Myanmar)
credit

Zawgyi

ပန္းေသြးေရာင္သန္းတဲ့ ႏႈတ္ခမ္းသားေလးကို ပိုင္ဆိုင္ႏိုင္ဖို႔ အတြက္

ပန္းေသြးေရာင္သန္းတဲ့ ႏႈတ္ခမ္းသားေလးကို ပိုင္ဆိုင္ ႏိုင္ဖို႔ အတြက္ ဒီလို လုပ္ပါ… မိတ္ကပ္ေရစီးေၾကာင္းကလည္း သဘာဝမွ သဘာဝ ဆိုေတာ့ ခါတိုင္းလို ႏႈတ္ခမ္းနီ အေရာင္ရင့္ေတြ ဘက္ သိပ္လွည့္လို႔မရဘဲ

အေရာင္ႏုႏုေလးေတြကိုမွ လုံးဝ ေဖ်ာ့ေဖ်ာ့ေလးေတြက မျဖစ္မေန ဆိုးရမယ့္ အေနအထား တစ္ခုကို ေရာက္လာၿပီေလ အိမ္း အဲဒီမွာ ျပႆနာ တက္တာက ႏႈတ္ခမ္းသား မည္းတဲ့ ေယာင္းေယာင္းေတြပါပဲ ။

ႏႈတ္ခမ္းနီ အေရာင္ေလးက ေဖ်ာ့ေဖ်ာ့ေလး ဒါေပမဲ့ ကိုယ့္ႏႈတ္ခမ္းေပၚ တင္လိုက္ေတာ့မွ ကိုယ့္ႏႈတ္ခမ္းအေရာင္နဲ႔ ေရာၿပီး မလွေတာ့တာမ်ိဳး ျဖစ္ဖူးၾက တယ္ဟုတ္? ဆိုေတာ့ ကား

ဒီျပႆနာကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္း ကေတာ့ ႏႈတ္ခမ္းေလးေတြကို ပန္းေရာင္ျပန္သမ္း လာေအာင္ လုပ္တာ ပါပဲ အိမ္တြင္းနည္းေလးေတြနဲ႔ ဘယ္လို ေျဖရွင္းမလဲ တူတူ ၾကည့္ၾကရေအာင္ေနာ္။

(၁) ရွားေစာင္းလက္ပပ္နဲ႔ သံလြင္ဆီ

ရွားေစာင္းလက္ပပ္ ဆိုတာ အလွအပ အတြက္ မ်က္လွည့္ ပစၥည္း လိုပါပဲ။ အသားအေရကို ေရဓာတ္ျပည့္ၿပီးတင္းရင္း လွပေစတယ္၊ ဆံပင္ကို လည္း အားျဖည့္ေပးတဲ့ အျပင္ အခုႏႈတ္ခမ္း ကိုပါ အေရာင္ျပန္တင္ေပးတယ္ ဆိုေတာ့ သူက ဂ်ိဳကာပဲေပါ့ ။

ရွားေစာင္း လက္ပပ္ကို အျပင္အခြံေတြ ခြာထုတ္ လိုက္ၿပီး အတြင္းသားေတြကို ခြက္အလြတ္ထဲ ထည့္ပါ။ ၿပီးတာနဲ႔ သံလြင္ဆီ တစ္ဇြန္းကို အဲဒီခြက္ထဲ ထည့္ၿပီး အားလုံးႏွံ႔ေအာင္ ေမႊၿပီးသြားတာနဲ႔ သုံးလို႔ရပါၿပီ။

(သတိရတိုင္းသာ ထုတ္ထုတ္လိမ္းပါေလ့) ဗီတာမင္ E ႂကြယ္ဝစြာ ပါဝင္ေနတာမို႔ ႏႈတ္ခမ္းသားကို စိုစိုျပည္ျပည္ အိအိေထြးေထြးေလးနဲ႔ ပန္းေရာင္သန္းေနေစ မွာပဲ ျဖစ္ပါတယ္ ။

(၂) သၾကားနဲ႔ အုန္းဆီ

သၾကား ဆိုသည္မွာလည္း Waxလုပ္ လည္းပါရ၊ scrub လုပ္လည္း ပါရနဲ႔ အမ်ိဳးစုံ ႀကိဳးခုန္ၿပီးကို ဝင္ပါေနေတာ့တာ။ ခုလည္းၾကည့္ ႏႈတ္ခမ္းေပၚ တင္သုံးျပန္ေတာ့လည္း ပန္းေရာင္ေလး သမ္းေစသတဲ့ေလ ။

သၾကားညိဳ လၻက္ရည္ဇြန္း တစ္ဇြန္းကို ပ်ားရည္ တစ္ဇြန္းထည့္ ႏွစ္ခုကို ေရာေမႊ လိုက္ပါ။ ၿပီးတာနဲ႔ ႏႈတ္ခမ္းေပၚကို စက္ဝိုင္း ပုံစံတင္ၿပီး ႏွိပ္နယ္ေပး လိုက္ပါေနာ္။

၅ မိနစ္ေလာက္ ထားၿပီးတာနဲ႔ ႏႈတ္ခမ္းကို အဝတ္နဲ႔ သုတ္ၿပီး ေရေႏြးေႏြးေလးနဲ႔ ဖြဖြေလး ျပန္လိုက္ဖိေပးပါ။ တစ္ပတ္ ႏွစ္ခါေလာက္ လုပ္ေပး႐ုံနဲ႔ ဆဲလ္အေသေတြ ကြာက်ၿပီး က်န္းမာ႐ႊန္းစိုတဲ့ ပန္းႏုေရာင္ ႏႈတ္ခမ္းေလးကို ပိုင္ဆိုင္ေစ မွာပဲ ျဖစ္ပါတယ္ ။

(၃) သလဲသီးအရည္နဲ႔ ႏႈတ္ခမ္းအဆီ

သလဲသီးစားရင္ လက္မွာ အနီေရာင္ေတြ စြဲၿပီးက်န္ခဲ့ တယ္ မလား? အဲဒီ စိတ္အေႏွာက္ အယွက္ျဖစ္စရာကို အခု အားသာ ခ်က္အေနနဲ႔ သုံးမယ္ေလ ။

သလဲသီး အေစ့ေတြကို ႀကိတ္ေခ်ၿပီး ရလာတဲ့ အရည္တခ်ိဳ႕ကို ကိုယ္သုံးေနက် lip blam ထဲ ထည့္ၿပီး ေမႊလိုက္ပါ။ အားလုံးႏွံ႔သြားၿပီ ဆိုတာနဲ႔ ခဏေလာက္ အေျခာက္ခံၿပီး သုံးလို႔ရ ပါၿပီေနာ္။

ဒီဟာကိုလည္း ကိုယ္ lip blam လိမ္းသလိုပဲ ႀကိဳက္တဲ့အခ်ိန္မွာ ႀကိဳက္သလို လိမ္းလို႔ရပါတယ္။ သလဲသီးမွာ ပါဝင္တဲ့ punicalagins ဆိုတဲ့ဓာတ္ပစၥည္းက ေယာင္းတို႔ ႏႈတ္ခမ္း ညိဳေနတာကို ေလွ်ာ့ခ်ေပးၿပီး သဘာဝဆန္ဆန္ ပန္းေရာင္ သန္းလာေစ မွာပါေနာ္ ။

(၄) ႏွင္းဆီပန္းပြင့္ဖတ္နဲ႔ ႏြားႏို႔

ေရွးေခတ္တုန္းက အမ်ိဳးသမီးေတြ ႏႈတ္ခမ္းနီနဲ႔ ပါးနီကို ႏွင္းဆီပန္းကို အရည္ေဖ်ာ္၊ အခဲ (သို႔) အႏွစ္လုပ္ၿပီး လိမ္းျခယ္ခဲ့ၾက တယ္မလား။ ဒီမွာလည္း အဲဒီနည္းကို ျပန္သုံးၿပီး ႏႈတ္ခမ္းကို ေပါင္းတင္ၾကည့္ရေအာင္ ၊

ႏွင္းဆီပြင့္ဖတ္ ၅ ဖတ္ကို ႏြားႏို႔ ဖန္ခြက္ရဲ႕ တစ္ဝက္ေလာက္နဲ႔ ေရာၿပီး တစ္ညေလာက္ စိမ္ထားလိုက္ပါ။ မနက္က်ရင္ေတာ့ အဲဒီႏွင္းဆီပြင့္ဖတ္ေတြကို ဆယ္ၿပီး ေၾကညက္သြားေအာင္ ေထာင္းၿပီး ႏြားႏို႔ကို တစ္စက္ခ်င္းစီထည့္ပါ။

အႏွစ္ေလး ျဖစ္လာၿပီဆိုရင္ေတာ့ ႏႈတ္ခမ္းေပၚမွာ ၁၅ မိနစ္ေလာက္ သုတ္လိမ္းထားၿပီး ေရေအးေအးေလးနဲ႔ ျပန္ေဆးခ်လိုက္ပါ။ တစ္ပတ္ကို ၂ ႀကိမ္ကေန ၃ ႀကိမ္ေလာက္အထိ လုပ္ေပး႐ုံနဲ႔ အနီေရာင္သန္းတဲ့ ႏႈတ္ခမ္းေလးတစ္စုံ ရႏိုင္ပါၿပီ …။

ကဲ ဒီပစၥည္းေတြကေတာ့ လြယ္လြယ္နဲ႔ ဘယ္ေနရာမွာမဆို ရွာလို႔ရတာမို႔ လုပ္ရတာလည္း အရမ္းအပန္းမႀကီးပါဘူးေနာ့္။ အခုပဲလုပ္ၿပီး ခ်က္ခ်င္းေတာ့ မသိသာလာႏိုင္ဘူးလို႔ ဆိုေပမဲ့ တျဖည္းျဖည္းခ်င္းေတာ့ သိသိသာသာ ေျပာင္းလဲ လာမွာမို႔ တစ္ခါႏွစ္ခါေလာက္ လုပ္ၿပီး

လက္မေလွ်ာ့ လိုက္ပါနဲ႔လို႔ မွာပါရေစ ေယာင္းတို႔ေရ… ကိုယ့္မ်က္ႏွာကို ႏွစ္ရွည္လမ်ား ပစၥည္းအေကာင္းေတြသုံးၿပီး ခ်စ္လာ ရသလို ႏႈတ္ခမ္း ကိုလည္း ခ်စ္ေပး လိုက္ပါ။ ကိုယ္လိုခ်င္တဲ့ ပန္းႏုေရာင္ႏႈတ္ခမ္းေလးကို ရလာပါ လိမ့္မယ္ေနာ္ ။

Hnin Ei Oo (For Her Myanmar)
credit

Be the first to comment

Leave a Reply

Your email address will not be published.


*