ဘဝမှာ ခဏခဏ မကြေကွဲချင်ရင် ဒီအရာတွေကို လူတွေဆီက မမျှော်လင့်ပါနဲ့

ဘဝမှာ ခဏခဏ မကြေကွဲချင်ရင် ဒီအရာတွေကို လူတွေဆီက မမျှော်လင့်ပါနဲ့

ဘဝမှာ ခဏခဏ မကြေကွဲချင်ရင် ဒီအရာတွေကို လူတွေဆီက မမျှော်လင့်ပါနဲ့

လောကကြီးမှာ သွေးထွက်အောင်မှန်တဲ့ အမှန်တရား တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ မျှော်လင့်ချက်ထားရင် ထားသလောက် ကြေကွဲရတယ် ဆိုတာပါပဲ။ အမြဲတမ်း မျှော်လင့်ချက်တွေ များလို့ အမြဲတမ်း ကြေကွဲနေ ရသူတွေ အနေနဲ့ တခြားသူတွေ ဆီက ဒါတွေ မမျှော်လင့်ပါနဲ့လို့ အကြံပေးလိုက် ပါတယ်။

သင့်ကို အမြဲထောက်ခံဖို့ မမျှော်လင့်နဲ့

သင်လုပ်သမျှ လူတွေက ကြိုက်ချင်မှ ကြိုက်မှာမို့ သူတို့တွေ သင့်ကို အမြဲထောက်ခံနေဖို့ မလိုပါဘူး။ တခါတလေ အကြံတောင်းတာမျိုး မဟုတ်ဘဲ တခြား သူတွေရဲ့ ထောက်ခံမှု အမြဲ လိုအပ်နေသူတွေဟာ ပျော့ညံ့တဲ့ သူတွေပါ။

ကိုယ်ပေးတာထက် ပိုရဖို့ မမျှော်လင့်နဲ့

ဒီနေရာမှာ ပိုက်ဆံပေးတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ်က တစ်ဖက်လူအပေါ် လေးစားသမှု မရှိဘဲနဲ့ ကိုယ့်ကို တလေးတစား ဆက်ဆံစေ ချင်တာမျိုးကို ပြောချင်တာပါ။ ကိုယ်က လေးစား သလောက် လူတွေက ကိုယ့်ကို ပြန်လေးစားပါ လိမ့်မယ်။

သင့်လုပ်ရပ်တိုင်းကို သဘောကျလိမ့်မယ်လို့ မမျှော်လင့်နဲ့

ဒီလောက်ရှုပ်ထွေးတဲ့ လောကကြီး ထဲမှာ သင်လုပ်သမျှကို လူတွေက ကြိုက်လိမ့်မယ်လို့ မျှော်လင့်နေရင်တော့ မှားပါ လိမ့်မယ်။ အဲ့ဒီလို မျှော်လင့် တတ်တာက ကြာလာရင် သူတို့ကြိုက်မလား ဆိုတာကိုပဲ စဉ်းစားမိပြီး ကိုယ့်ဖြစ်တည်မှုတောင် ပျောက်သွားနိုင် ပါတယ်။

လူတွေကို ကိုယ့်အတွေးထဲက အတိုင်း ဖြစ်ဖို့ မမျှော်လင့်ပါနဲ့

ကိုယ်တိုင်တောင် ကိုယ်အတွေးထဲက အတိုင်း မဖြစ်တာ တခြားသူတွေကို အဲ့လို ဖြစ်စေချင်နေတယ် ဆိုရင်တော့ သင်တစ်ခုခု မှားနေပါပြီ။ No one is Perfect ဆိုတာကို အမြဲသတိရပါ။

ကိုယ့်အတွေးတွေကို အလိုလိုသိဖို့ မမျှော်လင့်ပါနဲ့

သမီးရည်းစားတွေမှာ အဖြစ်များတဲ့ ပြဿနာပါ။ ငါ့ကို ချစ်တယ်လည်းဆိုသေး ငါဘာတွေးနေတယ် ဆိုတာ နင်မသိဘူးလားတို့ ဘာတို့ပေါ့။ ကိုယ့်အတွေးထဲကဟာတွေ အကုန်သိနေရအောင် သူက အကြားအမြင် ဆရာလည်း မဟုတ် (ဟုတ်နေရင်တော့ မသိဘူး :-P)။

ချက်ချင်းကြီး ပြုပြင်ဖို့ မမျှော်လင့်ပါနဲ့

ကိုယ်တောင်မှ မကောင်းတဲ့ အကျင့်တွေကို ချက်ချင်းပြုပြင်လို့ မရတာ ။ တခြားသူတွေကိုလည်း ရဖို့ မမျှော်လင့်သင့်ပါဘူး။ ဆိုးတဲ့ ကောင်လေး၊ ကောင်မလေးတွေကို “ငါပြုပြင်လို့ ရမှာပဲ” ဆိုပြီး ရည်းစားတော် မယ့်သူတွေ သတိထား ရမယ့် အချက်ပါနော်။

Credit

Zawgyi















Credit

Be the first to comment

Leave a Reply

Your email address will not be published.


*