Aircon များထက် ပိုအေးမြစေမည့် ဂင်းနစ်မှတ်တမ်းဝင် အိမ်သုတ်ဆေးဖြူ တစ်မျိုးတီထွင်

Aircon များထက် ပိုအေးမြစေမည့် ဂင်းနစ်မှတ်တမ်းဝင် အိမ်သုတ်ဆေးဖြူ တစ်မျိုးတီထွင်

Aircon များထက် ပိုအေးမြစေမည့် ဂင်းနစ်မှတ်တမ်းဝင် အိမ်သုတ်ဆေးဖြူ တစ်မျိုးတီထွင်

အမေရိကန် နိုင်ငံ Purdue တက္ကသိုလ်မှ စက်မှု အင်ဂျင်နီယာ ပါမောက္ခ Xiulin Ruan ဆိုသူ ဖန်တီးခဲ့တဲ့ သုတ်ဆေး အဖြူရောင်ဟာ ကမ္ဘာ့အဖြူဆုံး သုတ်ဆေးအဖြစ် ကမ္ဘာ့ဂင်းနစ်တွင် မှတ်တမ်း တင်နိုင်ခဲ့ပြီး အဆောက်အဦး တစ်ခုလုံးကို သုတ်ထားမယ် ဆိုလျှင် လေအေးပေးစက် (အဲကွန်း) အသုံးပြုမှု ကိုပါ လျော့ချနိုင်မယ်လို့ ဆိုပါတယ်။

၎င်း သုတ်ဆေး၏ အဖြူရောင်ဟာ ၉၈.၁% အထိ နေရဲ့အလင်း ရောင်ကို ရောင်ပြန်လွှတ်‌‌ ပေးပြီး နေရောင်ခြည် အပူကိုပါ ပြန်ထုတ်လွှတ်ပေး နိုင်ပါတယ်။

ဒါကြောင့် ၎င်းသုတ်ဆေး အဖြူ သုတ်ထားတဲ့ အဆောက်အဦး အနီးရှိ လေထုကို အေးမြ‌ စေမည် ဖြစ်ပြီး နေမှ ရောက်လာသော အပူများကို စုပ်ယူမှု နည်းပါးစေတာ‌ကြောင့် လေအေးပေးစက် (အဲကွန်း) အသုံးပြုမှု ကို လျော့ချနိုင်မယ်လို့ ဆိုပါတယ်။

အမိုးဧရိယာ ၁,၀၀၀ စတုရန်းပေ ခန့်ကို ၎င်း သုတ်ဆေးဖြူ သုတ်ပေးထားပါက အအေးဓာတ်ပေးသည့် စွမ်းအား ၁၀ ကီလိုဝပ်နှင့် ညီတဲ့ အအေးပမာဏကို ထုတ်ပေးနိုင်တယ်လို့ သုသေသီတွေက ဆိုပါတယ်။

ဒါဟာ အများစု အသုံးပြုနေကြတဲ့ အိမ်သုံး လေအေးပေးစက်များထက် သုတ်ဆေးဖြူက ပိုအစွမ်းထက်တဲ့ သ‌ ဘောပါ။

ဈေးကွက်ထဲတွင် စီးပွားဖြစ် ရောင်းချနေတဲ့ သုတ်ဆေးများဟာ အပူကို ၈၀- ၉၀ ရာခိုင်နှုန်းအထိသာ ပြန်လည် စွန့်ထုတ်ရန် ဒီဇိုင်းထုတ်ထားတာကို တွေ့ရပြီး ပတ်ဝန်းကျင် မျက်နှာပြင်ကို ပိုအေးသွားအောင် မပြုလုပ်နိုင် ပါဘူး။

Xiulin Ruanရဲ့ podcast ဇာတ်လမ်းတွဲ တစ်ခုမှာတော့” ကျွန်တော်တို့ ဒီ စီမံကိန်းကို လွန်ခဲ့တဲ့ ခုနစ်နှစ်လောက် က စတင်ခဲ့တဲ့တာ ဖြစ်ပြီ စွမ်းအင် ချွေတာဖို့နဲ့ ရာသီဥတု ပြောင်းလဲခြင်းတို့ကို တန်ပြန်ဖို့ စိတ်ထဲမှာ ထားရှိခဲ့ကြတယ်” လို့ ပြောထားပါတယ်။

၎င်း သုတ်ဆေးဖြူကို မကြာမီ ဈေးကွက်‌အတွင်း ရောက်ရှိလာအောင် လုပ်ဆောင် နေကြပါတယ်လို့လည်း သုတေသီများက ပြောကြားပါတယ်။

ယခုလို သုတ်ဆေးဖြူကို တီထွင်နိုင်တဲ့ အတွက် လေအေးပေးစက်များကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုး ဖြစ်စေနိုင်တဲ့ အန္တရာယ်မှ ကင်းဝေးပြီး လျှပ်စစ်စွမ်းအင် သုံးစွဲမှုကိုလည်း ချွေတာနိုင်မှာ ဖြစ်ပါတယ်။

Credit to original wirter

Zawgyi

Aircon မ်ားထက္ ပိုေအးျမေစမည့္ ဂင္းနစ္မွတ္တမ္းဝင္ အိမ္သုတ္ေဆးျဖဴ တစ္မ်ိဳးတီထြင္

အေမရိကန္ ႏိုင္ငံ Purdue တကၠသိုလ္မွ စက္မႈ အင္ဂ်င္နီယာ ပါေမာကၡ Xiulin Ruan ဆိုသူ ဖန္တီးခဲ့တဲ့ သုတ္ေဆး အျဖဴေရာင္ဟာ ကမာၻ႔အျဖဴဆုံး သုတ္ေဆးအျဖစ္ ကမာၻ႔ဂင္းနစ္တြင္ မွတ္တမ္း တင္ႏိုင္ခဲ့ၿပီး အေဆာက္အဦး တစ္ခုလုံးကို သုတ္ထားမယ္ ဆိုလွ်င္ ေလေအးေပးစက္ (အဲကြန္း) အသုံးျပဳမႈ ကိုပါ ေလ်ာ့ခ်ႏိုင္မယ္လို႔ ဆိုပါတယ္။

၎ သုတ္ေဆး၏ အျဖဴေရာင္ဟာ ၉၈.၁% အထိ ေနရဲ႕အလင္း ေရာင္ကို ေရာင္ျပန္လႊတ္‌‌ ေပးၿပီး ေနေရာင္ျခည္ အပူကိုပါ ျပန္ထုတ္လႊတ္ေပး ႏိုင္ပါတယ္။

ဒါေၾကာင့္ ၎သုတ္ေဆး အျဖဴ သုတ္ထားတဲ့ အေဆာက္အဦး အနီးရွိ ေလထုကို ေအးျမ‌ ေစမည္ ျဖစ္ၿပီး ေနမွ ေရာက္လာေသာ အပူမ်ားကို စုပ္ယူမႈ နည္းပါးေစတာ‌ေၾကာင့္ ေလေအးေပးစက္ (အဲကြန္း) အသုံးျပဳမႈ ကို ေလ်ာ့ခ်ႏိုင္မယ္လို႔ ဆိုပါတယ္။

အမိုးဧရိယာ ၁,၀၀၀ စတုရန္းေပ ခန႔္ကို ၎ သုတ္ေဆးျဖဴ သုတ္ေပးထားပါက အေအးဓာတ္ေပးသည့္ စြမ္းအား ၁၀ ကီလိုဝပ္ႏွင့္ ညီတဲ့ အေအးပမာဏကို ထုတ္ေပးႏိုင္တယ္လို႔ သုေသသီေတြက ဆိုပါတယ္။

ဒါဟာ အမ်ားစု အသုံးျပဳေနၾကတဲ့ အိမ္သုံး ေလေအးေပးစက္မ်ားထက္ သုတ္ေဆးျဖဴက ပိုအစြမ္းထက္တဲ့ သ‌ ေဘာပါ။

ေဈးကြက္ထဲတြင္ စီးပြားျဖစ္ ေရာင္းခ်ေနတဲ့ သုတ္ေဆးမ်ားဟာ အပူကို ၈၀- ၉၀ ရာခိုင္ႏႈန္းအထိသာ ျပန္လည္ စြန႔္ထုတ္ရန္ ဒီဇိုင္းထုတ္ထားတာကို ေတြ႕ရၿပီး ပတ္ဝန္းက်င္ မ်က္ႏွာျပင္ကို ပိုေအးသြားေအာင္ မျပဳလုပ္ႏိုင္ ပါဘူး။

Xiulin Ruanရဲ႕ podcast ဇာတ္လမ္းတြဲ တစ္ခုမွာေတာ့” ကြၽန္ေတာ္တို႔ ဒီ စီမံကိန္းကို လြန္ခဲ့တဲ့ ခုနစ္ႏွစ္ေလာက္ က စတင္ခဲ့တဲ့တာ ျဖစ္ၿပီ စြမ္းအင္ ေခြၽတာဖို႔နဲ႔ ရာသီဥတု ေျပာင္းလဲျခင္းတို႔ကို တန္ျပန္ဖို႔ စိတ္ထဲမွာ ထားရွိခဲ့ၾကတယ္” လို႔ ေျပာထားပါတယ္။

၎ သုတ္ေဆးျဖဴကို မၾကာမီ ေဈးကြက္‌အတြင္း ေရာက္ရွိလာေအာင္ လုပ္ေဆာင္ ေနၾကပါတယ္လို႔လည္း သုေတသီမ်ားက ေျပာၾကားပါတယ္။

ယခုလို သုတ္ေဆးျဖဴကို တီထြင္ႏိုင္တဲ့ အတြက္ ေလေအးေပးစက္မ်ားေၾကာင့္ သဘာဝပတ္ဝန္းက်င္အေပၚ ဆိုးက်ိဳး ျဖစ္ေစႏိုင္တဲ့ အႏၲရာယ္မွ ကင္းေဝးၿပီး လွ်ပ္စစ္စြမ္းအင္ သုံးစြဲမႈကိုလည္း ေခြၽတာႏိုင္မွာ ျဖစ္ပါတယ္။

Credit to original wirter

Be the first to comment

Leave a Reply

Your email address will not be published.


*