ဆံပင်ကျွတ်သူ ၊ ဆံပင်နက်ချင်သူများအတွက် အထိရောက်ဆုံးနည်းလေးပါ

ဆံပင်ကျွတ်သူ ၊ ဆံပင်နက်ချင်သူများအတွက်
ဆံပင်ကျွတ်သူ ၊ ဆံပင်နက်ချင်သူများအတွက်

ဆံပင်ကျွတ်သူ ၊ ဆံပင်နက်ချင်သူများအတွက် အထိရောက်ဆုံးနည်းလေးပါ

ဒီနည်းလေးက ယုမွန်ကိုယ်တိုင် စမ်းသပ်ထားပြီး တကယ်ထူးခြားလို့ တင်ပေးဖြစ်တာပါ…. ၄ ခေါက်လောက် အသုံးပြုရုံနဲ့ ဆံပင် ၉၅% အကျွတ်သက်သာ မဲနက် သန်စွမ်းစေပါတယ်

ယုမွန်အရင်က အစာအိမ်ရောဂါ အခြေနေဆိုးလို့ ၂နှစ်လောက် နနွင်းနေ့စဉ် ၁၀လုံး သောက်ရပါတယ် … အဲ့ကထဲက ရှိသမျှ ဆံပင်တွေ ကျွတ်တာ ထိပ်ပါ ပြောင်တဲ့ အထိပါ…

ဆံပင်ကျွတ်သူ ၊ ဆံပင်နက်ချင်သူများအတွက် ၁

ဆေးနည်းပေါင်းစုံ ကုခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး … ထိပ်ပါပြောင်ပြီး ဆံပင်တအားကျွတ်လို့ အစခံရတဲ့ အထိပါ

ခုဒီနည်းလေးကို စမ်းသပ်တာ ၄ခါမြောက်မှာတင် ခေါင်းလျှော်ရင် ဆံပင် ၁၀၀ ကျော် ကျွတ်တဲ့သူက ၅ပင်လောက်ပဲ ကျွတ်တော့ပါတယ် အစက တော်တော်ကို အံ့ဩခဲ့တာပါ

အဲ့လိုရလဒ် ရလာလိမ့်မယ်လို့တောင် ထင်မထားပါဘူး.. ပြီးတော့ မျက်ခုံးကိုပါ လိမ်းတာ မျက်ခုံးမွှေးတွေပါ ပေါက်လာပြီး ထူထဲလာပါတယ်.. ရေရှည်စွဲလုပ်ရင် ဆံပင်ပေါက် လာနိုင်ပါတယ် ယုမွန်ကတော့ ဆံပင်အသစ်လေးတွေ ပြန်ပေါက်လာပါပြီ

နည်းလေးကတော့ လွယ်ကူပါတယ် ပစ္စည်း ၂မျိုးသာလိုအပ်ပါတယ်

ဆံပင်ကျွတ်သူ ၊ ဆံပင်နက်ချင်သူများအတွက် ၂

၁.. ထောလပတ်ရွက်, ၂.. သံလွင်ဆီရယ်ပါ

သဘာဝနည်း ပြုလုပ်ပုံံ

ထောလပတ်ရွက် အရွက် ၂၀ (သို့) အရွက် ၃၀ခန့်ကို ရေဆေးပြီး အနံ့မပါတဲ့ Tissueနဲ့ ရေစင်ကြယ်အောင် သုတ်ပေးပါ… ပြီးရင် ဇကာ (သို့) ဗန်းအလွတ် တစ်ခုထဲကို တစ်ခုနဲ့ တစ်ခု အရွက်တွေ ထပ်မနေအောင် တစ်ရွက်ချင်းဆီ ဖြန့်ချထားပေးပါ

လေဝင်လေထွက် ကောင်းမွန်ပြီး နေရောင်ခြည်နဲ့ မထိတွေ့တဲ့ နေရာမှာ အရွက်တွေ ခြောက်အောင် လှမ်းပေးပါ..

(PS နေပူထဲ လုံးဝမလှန်းရပါ… နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရင် အရွက်ရဲ့ အာနိသင် ပျက်ပြယ်တတ်ပါသည်… လေဝင်လေထွက် မကောင်းတဲ့နေရာ လှန်းလျှင်လည်း အရွက်မှိုတတ်တက်ပါသည်)

ဒါ့ကြောင့် လေဝင်လေထွက် ကောင်းပြီး နေမပူသော နေရာတွင် လှန်းရပါမည်

အရွက်တွေကို ၇ရက် (သို့) ၁၀ရက် ချေလို့ရပြီး ကြွတ်ဆတ်နေသည် အထိ လှမ်းရပါမည်… (မှိုတတ်နေလျှင် လုံးဝ မသုံးပါနှင့် အထူးသတိထားပါ)

ခြောက်သွားပြီး ချေလို့ရသည့်အနေ ရောက်ရင် ဖန်ပုလင်း အလွတ်တစ်ခုထဲသို့ အရွက်တွေကို မွသွားအောင် ချေပြီးထည့်ပါ.. (ပလက်စတစ်ဗူး အသုံးမပြုရပါ)

ပြီးရင် သံလွင်ဆီကို အရွက်တွေ မြုပ်ရုံသာမက အရွက်အပေါ် လက်သုံးလူံးလောက်ထိ မြုပ်အောင် ထည့်ပေးပါ

ပြီးရင် အဖုံးကိုပိတ်ပြီး ရောနှောသွားစေရန် ၂မိနစ်ခန့် လှုပ်ရမ်းပေးပါ… အာနိသင် ထိရောက်စေရန် ၁ပါတ်ခန့် စိမ်ထားပြီးမှ အသုံးပြုပေးပါ (အသုံးပြုပြီးတိုင်း ပုလင်းအဖုံးကို သေချာလေလုံအောင် ပိတ်ပါ)

တစ်ခါ ပြုလုပ်ထားလျှင် ၇လ အသုံးပြုနိုင်ပါသည် .. သံလွင်ဆီကုန်လျှင် ထပ်ထည့်ပြီး အသုံးပြုနိုင်ပါတယ်..

အသုံးပြုပုံံ

ခေါင်းမလျှော်ခင် ယုမွန်တို့ လုပ်ထားတဲ့ အရည်လေးကို ဦးရေ အနှံ့သေချာလိမ်း ပြီး ၁နာရီလောက် ထားပြီးမှ ခေါင်းလျှော်ချပါ။ ခေါင်းလျှော်ပြီး ဆံပင်ပေါင်းဆေး သုံးမယ်ဆိုရင်လည်း ပေါင်းဆေးကို ဦးရေမထိရပါ…

ဆံပင်အဖျားနားကိုဘဲ ပေါင်းပေးရပါမယ်… ပေါင်းဆေးက ဦးရေထိရင် ဆံပင်ကျွတ်ပါတယ်… (အရည်ဘဲ လိမ်းရပါမယ်. ထောလပတ်ရွက်ဖက်တွေ လိမ်းစရာမလိုပါ… အာနိသင်က အရည်ထဲကို ဝင်ရောက်ပြီး ဖြစ်ပါသည်)

၁ပါတ် ၂ကြိမ်အသုံးပြုပေးပါ…… ၄ကြိမ်မြောက်မှာ သိသာတဲ့ရလဒ်ကို တွေ့ရမှာပါ

ဆံံပင်အတွက်သာမက မျက်ခုံးကိုလည်း ညအိပ်ယာဝင်တိုင်း လိမ်းပေးပါ မျက်ခုံးမွှေးများ ထူထဲနက်မှောင်ပြီး ပေါက်လာပါလိမ့်မယ်… ကျား ၊မ… မရွေးအသုံးပြုလို့ ရပါတယ်ရှင်

Credit : Yu Mon

Zawgyi

ဆံပင္ကြၽတ္သူ ၊ ဆံပင္နက္ခ်င္သူမ်ားအတြက္ အထိေရာက္ဆုံးနည္းေလးပါ

ဒီနည္းေလးက ယုမြန္ကိုယ္တိုင္ စမ္းသပ္ထားၿပီး တကယ္ထူးျခားလို႔ တင္ေပးျဖစ္တာပါ…. ၄ ေခါက္ေလာက္ အသုံးျပဳ႐ုံနဲ႔ ဆံပင္ ၉၅% အကြၽတ္သက္သာ မဲနက္ သန္စြမ္းေစပါတယ္

ယုမြန္အရင္က အစာအိမ္ေရာဂါ အေျခေနဆိုးလို႔ ၂ႏွစ္ေလာက္ နႏြင္းေန႔စဥ္ ၁၀လုံး ေသာက္ရပါတယ္ … အဲ့ကထဲက ရွိသမွ် ဆံပင္ေတြ ကြၽတ္တာ ထိပ္ပါ ေျပာင္တဲ့ အထိပါ…

ေဆးနည္းေပါင္းစုံ ကုခဲ့ေပမဲ့ အဆင္မေျပခဲ့ပါဘူး … ထိပ္ပါေျပာင္ၿပီး ဆံပင္တအားကြၽတ္လို႔ အစခံရတဲ့ အထိပါ

ခုဒီနည္းေလးကို စမ္းသပ္တာ ၄ခါေျမာက္မွာတင္ ေခါင္းေလွ်ာ္ရင္ ဆံပင္ ၁၀၀ ေက်ာ္ ကြၽတ္တဲ့သူက ၅ပင္ေလာက္ပဲ ကြၽတ္ေတာ့ပါတယ္ အစက ေတာ္ေတာ္ကို အံ႕ဩခဲ့တာပါ

အဲ့လိုရလဒ္ ရလာလိမ့္မယ္လို႔ေတာင္ ထင္မထားပါဘူး.. ၿပီးေတာ့ မ်က္ခုံးကိုပါ လိမ္းတာ မ်က္ခုံးေမႊးေတြပါ ေပါက္လာၿပီး ထူထဲလာပါတယ္.. ေရရွည္စြဲလုပ္ရင္ ဆံပင္ေပါက္ လာႏိုင္ပါတယ္ ယုမြန္ကေတာ့ ဆံပင္အသစ္ေလးေတြ ျပန္ေပါက္လာပါၿပီ

နည္းေလးကေတာ့ လြယ္ကူပါတယ္ ပစၥည္း ၂မ်ိဳးသာလိုအပ္ပါတယ္

၁.. ေထာလပတ္႐ြက္, ၂.. သံလြင္ဆီရယ္ပါ

သဘာဝနည္း ျပဳလုပ္ပုံံ

ေထာလပတ္႐ြက္ အ႐ြက္ ၂၀ (သို႔) အ႐ြက္ ၃၀ခန႔္ကို ေရေဆးၿပီး အနံ႔မပါတဲ့ Tissueနဲ႔ ေရစင္ၾကယ္ေအာင္ သုတ္ေပးပါ… ၿပီးရင္ ဇကာ (သို႔) ဗန္းအလြတ္ တစ္ခုထဲကို တစ္ခုနဲ႔ တစ္ခု အ႐ြက္ေတြ ထပ္မေနေအာင္ တစ္႐ြက္ခ်င္းဆီ ျဖန႔္ခ်ထားေပးပါ

ေလဝင္ေလထြက္ ေကာင္းမြန္ၿပီး ေနေရာင္ျခည္နဲ႔ မထိေတြ႕တဲ့ ေနရာမွာ အ႐ြက္ေတြ ေျခာက္ေအာင္ လွမ္းေပးပါ..

(PS ေနပူထဲ လုံးဝမလွန္းရပါ… ေနေရာင္ျခည္နဲ႔ တိုက္႐ိုက္ထိေတြ႕ရင္ အ႐ြက္ရဲ႕ အာနိသင္ ပ်က္ျပယ္တတ္ပါသည္… ေလဝင္ေလထြက္ မေကာင္းတဲ့ေနရာ လွန္းလွ်င္လည္း အ႐ြက္မႈိတတ္တက္ပါသည္)

ဒါ့ေၾကာင့္ ေလဝင္ေလထြက္ ေကာင္းၿပီး ေနမပူေသာ ေနရာတြင္ လွန္းရပါမည္

အ႐ြက္ေတြကို ၇ရက္ (သို႔) ၁၀ရက္ ေခ်လို႔ရၿပီး ႂကြတ္ဆတ္ေနသည္ အထိ လွမ္းရပါမည္… (မႈိတတ္ေနလွ်င္ လုံးဝ မသုံးပါႏွင့္ အထူးသတိထားပါ)

ေျခာက္သြားၿပီး ေခ်လို႔ရသည့္အေန ေရာက္ရင္ ဖန္ပုလင္း အလြတ္တစ္ခုထဲသို႔ အ႐ြက္ေတြကို မြသြားေအာင္ ေခ်ၿပီးထည့္ပါ.. (ပလက္စတစ္ဗူး အသုံးမျပဳရပါ)

ၿပီးရင္ သံလြင္ဆီကို အ႐ြက္ေတြ ျမဳပ္႐ုံသာမက အ႐ြက္အေပၚ လက္သုံးလူံးေလာက္ထိ ျမဳပ္ေအာင္ ထည့္ေပးပါ

ၿပီးရင္ အဖုံးကိုပိတ္ၿပီး ေရာေႏွာသြားေစရန္ ၂မိနစ္ခန႔္ လႈပ္ရမ္းေပးပါ… အာနိသင္ ထိေရာက္ေစရန္ ၁ပါတ္ခန႔္ စိမ္ထားၿပီးမွ အသုံးျပဳေပးပါ (အသုံးျပဳၿပီးတိုင္း ပုလင္းအဖုံးကို ေသခ်ာေလလုံေအာင္ ပိတ္ပါ)

တစ္ခါ ျပဳလုပ္ထားလွ်င္ ၇လ အသုံးျပဳႏိုင္ပါသည္ .. သံလြင္ဆီကုန္လွ်င္ ထပ္ထည့္ၿပီး အသုံးျပဳႏိုင္ပါတယ္..

အသုံးျပဳပုံံ

ေခါင္းမေလွ်ာ္ခင္ ယုမြန္တို႔ လုပ္ထားတဲ့ အရည္ေလးကို ဦးေရ အႏွံ႔ေသခ်ာလိမ္း ၿပီး ၁နာရီေလာက္ ထားၿပီးမွ ေခါင္းေလွ်ာ္ခ်ပါ။ ေခါင္းေလွ်ာ္ၿပီး ဆံပင္ေပါင္းေဆး သုံးမယ္ဆိုရင္လည္း ေပါင္းေဆးကို ဦးေရမထိရပါ…

ဆံပင္အဖ်ားနားကိုဘဲ ေပါင္းေပးရပါမယ္… ေပါင္းေဆးက ဦးေရထိရင္ ဆံပင္ကြၽတ္ပါတယ္… (အရည္ဘဲ လိမ္းရပါမယ္. ေထာလပတ္႐ြက္ဖက္ေတြ လိမ္းစရာမလိုပါ… အာနိသင္က အရည္ထဲကို ဝင္ေရာက္ၿပီး ျဖစ္ပါသည္)

၁ပါတ္ ၂ႀကိမ္အသုံးျပဳေပးပါ…… ၄ႀကိမ္ေျမာက္မွာ သိသာတဲ့ရလဒ္ကို ေတြ႕ရမွာပါ

ဆံံပင္အတြက္သာမက မ်က္ခုံးကိုလည္း ညအိပ္ယာဝင္တိုင္း လိမ္းေပးပါ မ်က္ခုံးေမႊးမ်ား ထူထဲနက္ေမွာင္ၿပီး ေပါက္လာပါလိမ့္မယ္… က်ား ၊မ… မေ႐ြးအသုံးျပဳလို႔ ရပါတယ္ရွင္

Credit : Yu Mon

Be the first to comment

Leave a Reply

Your email address will not be published.


*