မိန်းမ ယူချင်တဲ့ကောင် မှတ်ပြီလား

မိန်းမ ယူချင်တဲ့ကောင် မှတ်ပြီလား
မိန်းမ ယူချင်တဲ့ကောင် မှတ်ပြီလား

မိန်းမ ယူချင်တဲ့ကောင် မှတ်ပြီလား

“ကိုကြီး.. ချစ်တို့.. အိမ်ထောင်ပြုပီးရင်လေ..” “အမ်း..” “ကိုကြီးက ထမင်းတွေဟင်းတွေ ချက်ကျွေးမှာလား”

“ဟာ.. ချက်ကျွေးမှာပေါ့.. ချစ်လေးကို လက်မွှေးမီးမလောင် ခြေမွှေးမီးမလောင် ဘာမွှေးမှ.. မီးမလောင်အောင် ထားမှာ” “ဟယ်.. တကယ်..နော် ..ခ်ခ်” “အမ်း.. တကယ်”

“ပီးတော့လေ… ချစ်..လုပ်ချင်တာ လိုချင်တာတွေရှိရင်.. မငြိုငြင်ရဘူးနော် လုပ်ပေးမှာလား” “ငြိုငြင်စရာလား..ချစ်ရယ်.. ချစ်လို့ယူထားတာပဲ.. အကုန်လုပ်ပေးဦးမှာ.. စိတ်ချ..”

“ဟယ်..ပျော်လိုက်တာ.. တကယ်လုပ်ပေးရမယ်နော်..” “အမ်းပါဆို.. ယောက်ျား ကတိကွာ..” ချစ်သူဘဝ သာယာလိုက်တာ.. အိမ်ပြန်ချိန်တောင် မခွဲချင်ဘူးရယ်.. အိမ်ပြန်ရောက်တော့.. တနေကုန်လျှောက်လည်ထားသမျှ.. ပင်ပန်းပီးအိပ်တာပဲ..

“ယောက်ျား.. ထ..ထ..ဈေးသွားရအောင်” “ဟင်…. အမ်း..” အလုပ်ပိတ်ရက်လေးများ.. အေးဆေး အိပ်ရမလားမှတ်တယ်.. ဈေးသွားရဦးမယ်.. မျက်နှာသစ်ပီး.. အခန်းထဲ ပြန်ဝင်လာတော့ ဒင်းက အိပ်ယာထဲက မထသေးဘူး..

“သွားမယ်လေ.. မထသေးဘူးလား” “မိန်းမ..မလိုက်ပါဘူး.. ကိုယ်ဘာသာ ဝယ်ခဲ့လိုက်တော့” “ဟမ်…ဘာတွေဝယ်ရမှာတုန်း.. မဝယ်တတ်ပါဘူးဆို” “စားပွဲပေါ်မှာ.. ဝယ်ရမယ့်စာရင်း ရေးထားတယ်.. အဲ့အတိုင်းဝယ်ခဲ့လေ” အမ်မယ်..ရေးထားတာ.. ဈေးနှုန်းလေးတွေတောင် ပါသေးဗျာ..

“အာဆို..သွားပီ” “ခဏလေး.. ထမင်းသုတ်ဝယ်ခဲ့ဦး” “အမ်း..” “အပေါ်ဆီနဲ့နော်..” “အမ်း..” “ကြက်သွန်နဲ့..နံနံပင်.. မထည့်ဘူး” “အမ်း..” “မိန်းမ..ဝယ်နေကြဆိုင်က ဝယ်နော်.. တခြားဆိုင်က မစားချင်ဘူး” “အမ်း..” သူကြည့်တော့.. မျက်စိကမပွင့်ဘူး.. ပါးစပ်ကသာ.. တောက်လျှောက်ရွတ်နေတာ..

“ဟင်…သွားတော့လေ.. ဘာရပ်လုပ်နေတာလဲ” “မှာတာ မပြီးသေးဘူးလားလို့..” “ပြီးပီ..” “အာဆို.. သွားပီ” “ယောက်ျား.. ” “ကိုယ်ဒီနေ့.. ဈေးရောက်ဦးမှာလား..” “ထမင်းပေါင်းအိုးခလုတ်လေး.. နှိပ်ခဲ့ဦး” “အမ်း..” အောက်ရောက်တော့.. အိမ်ရှေ့အိမ်က အဒေါ်ကြီးတောင် ဈေးကပြန်လာပီ..

“ကိုဇေ.. ဈေးသွားမလို့လား..” “ဟုတ်ကဲ့..” “အဲ့ဒါဆို အတော်ပဲဟယ်.. ငါ.. ငရုတ်သီးစိမ်းလေးဝယ်ဖို့မေ့သွားလို့..” “အော်..ဟုတ်ကဲ့.. ဝယ်ခဲ့ပေးမယ်လေ.. ဘယ်လောက်သားလည်း..အန်တီ..” “ငါးဆယ်ဖိုးလောက်ပဲ..”

ငင့်.. ငါးဆယ်ဖိုးတဲ့.. ဒီခေတ်ထဲ.. ငါးဆယ်ဖိုးသွားဝယ်ရင်.. ဟိုက.. မျက်နှာကို ပွတ်လွှတ် လိုက်လိမ့်မယ်.. ငရုတ်သီးတောင့်နဲ့ ပြောပါတယ်.. “ဟုတ်ကဲ့.. ”

ဈေးထဲရောက်လို့.. အသုတ်ဝယ်ပီး..သူရေးပေးတဲ့ ဈေးနှုန်းနဲ့.. တဆိုင်ပီးတဆိုင် မေးကြည့်တာ.. ဈေးသာ.. နှစ်ပတ်လောက် ပတ်ပြီးသွားတယ်.. ဈေးမကိုက်လို့.. တခုမှမဝယ်ရသေးဘူး..

“အမ…ဒီ..ချဉ်ပေါင်ရိုးလေး.. တစည်းဘယ်လောက်လဲ..” “၂၀၀.. ချဉ်ပေါင်ရိုးမဟုတ်ဘူး.. ချဉ်ပေါင်ရွက်” “ဟုတ်…ပိန်တယ်နော်..” ဟုတ်တယ်.. ဘုရားစူး.. ချဉ်ပေါင်ရွက် စီးထားတာ.. အရိုးတွေကြီးပဲ.. အဖျားမှာ..အရွက်က.. သုံးလေးရွက်ထဲပါတယ် အေးလေ.. ကိုယ်စိုက်ထားတာမှ မရှိတာ… ဝယ်ပေါ့..

“ငရုတ်သီးစိမ်းလေး.. ငါးဆယ်ဖိုးလောက် ရမလား..” မေးလည်းမေး.. သွားကို အသားကုန် ဖြီးထားရတယ်.. မတော်.. ထ,ရိုက်လိုက်မှာဆိုးလို့.. “မရောင်းတတ်ဘူး..” “အာ့ဆို..အလကားပေး..” “ဘာ.. ” “ဘယ်လောက်ဖိုး ရောင်းပေးလို့ရမလဲ..မေးတာပါ..” “တရာဖိုးအနည်းဆုံးပဲ..” “ဟုတ်..” ငရုတ်သီး ဆယ့်လေးငါးတောင့်လောက်ကိုတော့.. လက်နဲ့စုတ်ပီး.. ဒီအတိုင်းပေးလိုက်တာပဲ..

“ဟို..အိတ်လေးနဲ့ ထည့်ပေးလို့မရဘူးလား” “ဝယ်တော့..တရာဖိုးထဲနဲ့.. အိပ်လာတောင်းနေတယ်.. ha..ha..ပဲရမယ်” ငင့်.. နောက်တဆိုင်ဝင်ပီး.. ငါးဝယ်တော့ “အမ..ငါးခေါင်းကြီး မထည့်နဲ့လေ..” “ဟဲ့..လူတောင်ခြေနဲ့လက်နဲ့..ရှိသေးတာ.. ငါးလည်း..အဂါၤ စုံတော့ ပါမှာပေါ့”

“အာဆိုလည်း..သေးတဲ့ခေါင်း ထည့်ပါလား..” “ဒါ..သူ့ခေါင်းပဲ..” ဟမ်…. ကိုယ်ကလည်း ဒီငါးမျက်ခွက်ကို.. မသေခင်က ကြည့်မိလိုက်ရင်..အကောင်းသား.. ကမြင်းမငါး..ဒီလောက်ခေါင်းကြီးပီး.. ကိုယ်သေးနေတာ..သေတာပဲ အေးတယ်.. တခါလေး..ဈေးဝယ်မိပါတယ်.. အိမ်ကို ဘေးမသီရန်မခ ပြန်ရောက်လို့တော်သေးတယ်..

“ယောက်ျား ပြန်လာတာ မြန်သားပဲ..” “အမ်း.. ရေလေးတခွက်လောက် ပေးစမ်းပါ” “အတူတူ.. ဟင်းချက်မယ်နော်..” “ဟင်..လ္ဘက်ရည်ဆိုင် သွားဦးမယ်လေ..” “ရှင်တို့ဆိုတာလည်းလေ.. ပိတ်ရက်လေးများ.. ကူဖော်လောင်ဖက်ရမလား မှတ်တယ်..” “အေးပါကွာ.. ကော်ဖီမစ်..ပဲ အိမ်မှာသောက်လိုက်ပါမယ်..”

အမြန် ပြောလိုက်ရတယ်.. နို့မို့ဆို.. တောက်လျှောက် လွှတ်တော့မှာ..ချက်ပြုတ်ပီးတော့.. ဆယ်နာရီကျော်လောက်ရှိပြီ.. “ဟယ်..အခုမှ သတိရတယ်.. အဝတ်တွေ စိမ်ထားတာ.. မလျှော်ရသေးဘူး” “စက်က.. ဘာဖြစ်လို့လဲ..” “မသိဘူး.. ရေမကျတော့တာ..” “အဲ့ဒါများကွာ.. မနေ့က မပြောဘူး..”

“မေ့နေတာ… ယောက်ျား လက်ကိုင်းသန်သန်လေးနဲ့ ညစ်ပေးပါဦး” “လျှော်ပီးသားတွေလား..” “ဟင့်အင်း.. ဆပ်ပြာမှုန်နဲ့ စိမ်ထားတာ..” အမ်…. စိမ်ထားတာတွေက ဇလုံကြီးနှစ်လုံး.. “ဟင်… အများကြီးပဲ..” “အေးလေ.. ဘာလဲ..ငြိုငြင်တာလား.. ဒါလေးတောင် လုပ်မပေးချင်ဘူးလား..” “ဘယ်ကသာ.. လျှော်စရာရှိရင် တခါတည်းယူလာခဲ့လို့.. ပြောမလို့..”

သုံးနာရီလောက်..ထိုင်လျှော်လိုက်ရတယ်.. လက်တွေလည်း.. ပဲကြီးရေစိမ်ထားတဲ့အတိုင်းပဲ.. အကုန်ပီးလို့ တီဗီလေး ကြည့်မယ်မှတ်တယ်.. “ယောက်ျား… ယောက်ျား လို့..” “အမ်း..” “မိန်းမခေါင်းသွားလျှော်ချင်လို့.. မလျှော်ရတာ.. သုံးရက်လောက်ရှိပီ” “သွားလေ.. ယောက်ျား တီဗီကြည့်ဦးမယ်”

“လုပ်ပီ.. ရှင်တို့တွေဟာလေ.. အလိုက်ကန်းဆိုးကို မသိဘူး.. ပိတ်ရက်လေးများ.. မိန်းမသွားချင်တဲ့..” “အင်္ကျီလဲလိုက်ဦးမယ်နော်..ခဏ..” “ဟွန်း..” ဆိုင်ရောက်တော့.. ကျုပ်မှာ.. ငေါင်းစင်းစင်းနဲ့ သူတို့ဖွင့်ထားတဲ့.. ကိုရီးယားကားနဲ့ နှစ်ပါး သွားနေရတယ်.. သူခေါင်းလျှော်ပီးတော့… လေးနာရီကျော်နေပီ..

“လှလား..” “အမ်း..” “ဟင်…စိတ်မပါတဲ့ အသံကြီးနဲ့.. ဒါတွေလုပ်ချင်လို့ လုပ်နေတာဟုတ်ဘူးနော်.. ယောက်ျား အတွက် လုပ်နေတာ.. ခ်ခ်..” ဟမ်မလေး.. ကျေးဇူးတွေ တင်လိုက်တာ..

“ခဏလောက်.. အိပ်လို့ရမလား..ဟင်” “ညနေစောင်းနေပီလေ.. မအိပ်နဲ့တော့.. ရေချိုး..အပြင်သွားကြမယ်လေ ” “ဘယ်… ဘယ်ကို သွားဦးမှာလဲ..ဟင်..” “shopping ထွက်မယ်လေ.. ဘာလဲ.. လိုက်ဝယ်မပေးချင်ဘူးလား.. ရှင်တို့..ယောက်..”

“ရေချိုးလိုက်ဦးမယ်.. ခဏစောင့်”

ကျုပ်ကလည်း.. နားညီးတဲ့အသံကိုမခံနိုင်တာ.. သူကတော့.. ဟိုဆိုင်ဝင်ဒီဆိုင်ဝင်.. ကော့ပက်ကော့ပက်နဲ့ သွားနေတာ.. ကျုပ်မှာနောက်က.. အထုတ်ကြီးအထုတ်ငယ်ကို.. ဆွဲပီးလိုက်နေရတာ.. လက်တွေလည်း ညောင်းပီး.. ပေါင်တွေလည်း ကွနေပီ..

“မိန်းမ.. ပြန်ကြရအောင်လေ.. တကိုယ်လုံးလဲ.. ချိတ်စရာနေရာမရှိတော့ဘူး.. နောက်နေ့မှထပ်ဝယ်ပါလား..ဟင်” ဟုတ်တယ်.. တချို့ အိတ်သေးတွေဆို.. ပါးစပ်ကတောင်..ကြိုးကိုကိုက်ထားရတယ်.. ဝယ်လိုက်တာဆိုတာ.. အလကား ပေးနေသလား မှတ်ရတယ်..

“အမ်း..ဝယ်လို့ကမပီးသေးဘူး.. ယောက်ျားကို သနားလို့..” ကျေးဇူးတွေတင်လိုက်တာ.. စားသောက်ပီးလူက… တနေကုန်.. ပင်ပန်းထားတာ.. အိပ်ချင်နေပီ..

“မိန်းမ..အိပ်ကြမယ်..” “အမ်း..ခဏလေး.. ဝယ်လာတာလေးတွေ.. စမ်းဝတ်ကြည့်နေတာ.. ယောက်ျား အိပ်ယာခင်းထားလိုက်လေ.. ခဏလေးနော် ”

ခင်းတယ်လေ.. တနေကုန်လုပ်ရတဲ့ အလုပ်ထဲမှာ.. ဒီအိပ်ယာခင်းတဲ့ အလုပ်လောက်ကို.. ဘယ်အလုပ်မှ လုပ်ရတာ စိတ်မပါဘူး.. အိပ်ယာထဲရောက်ယုံရှိသေးတယ်..

“ယောက်ျား ရယ်..ခုတလော.. ညဘက်ဇက်ကြောတွေ တက်ချင်သလိုပဲ.. ညောင်းကိုက်နေတာ..” ဟင်… တနေကုန် လုပ်နေရတာက ကိုယ်.. ညောင်းတော့ သူကညောင်းတယ်..

“နှိပ်ပေးမယ်လေ.. ဘယ်နားလဲ” “အမ်း.. ကန်တော့နော်..” စိတ်ပါလက်ပါကို နှိပ်ပေးတာ.. အခြေအနေနဲ့ အချိန်ခါကို ကြည့်ရသေးတာလေ.. တနာရီလောက်.. နှိပ်လည်းပီးလို့ သူ့ကြည့်လိုက်တော့.. တခေါခေါနဲ့.. အိပ်ပျော်နေပီ..

“ဟင်..မိန်းမ.. မိန်းမ.. အိပ်ပီလား” တုတ်တုတ်တောင် မလှုပ်တော့ဘူး.. သစ်တုံးကြီးအိပ်ယာပေါ်တင်ထားတဲ့အတိုင်းပဲ… ကျုပ်လည်း.. ကြိတ်မနိုင်ခဲမရတွေဖြစ်ပီး စိတ်တိုတိုနဲ့ တောက်တချက်ခေါက်ပီး.. ခေါင်းအုံးပေါ်လှဲလိုက်တဲ့အချိန်.. အိပ်ယာက လန့်နိုးသွားတယ်…

ကဗျာကယာ.. မျက်နှာသစ်ဖို့ ထလာတဲ့အချိန်.. “ဟဲ့ကောင်လေး..ကြားသားမိုးကြိုး အစောကြီး ဘာထလုပ်တာလဲ” “အိမ်မက်တွေ မကောင်းလို့အမေ.. မျက်နှာထသစ်တာ” “အဲ့ဒါဆိုလည်း.. မျက်နှာသစ်ပြီး.. ဘုရားရှိခိုးလိုက်..” “ဟုတ်ကဲ့…”

မနက်ကြတော့..ရပ်ကွက်ထဲမှာ.. အင်မတန်မှ.. မိန်းမနိုင်ပါတယ်ဆိုတဲ့.. ကိုစိန်သောင်းစီ.. သွားပီး.. အိမ်ထောင်ကျပြီးရင်.. မိန်းမအခိုင်းမခံရအောင် ဘယ်လိုလုပ်ရလည်း မေးမလို့ လဘက်ရည်ဆိုင်က ထိုင်စောင့်နေတာ တော်တော်နဲ့ပေါ်မလာတာနဲ့ သူ့အိမ်လိုက်သွားတာ

“အမ.. ကိုစိန်သောင်းရှိလား..” “အေး..” ဖုန်းတောင်အပွတ်မပျက်ဘူး ကျုပ်ကိုပြန်ဖြေတာ.. “ဘယ်မှာလဲ မသိဘူး..အမ..” “ကိုစိန်သောင်း..” “ဟေ…” ကိုယ့်ဆရာသမားက.. ထွက်ချလာတော့ နောက်ဖေးခန်းက ပါးမှာလည်း အိုးမဲတွေနဲ့ လက်နှီးဆုတ်ကြီး..ပုခုံးပေါ်တင်လို့ ယောက်းမကြီးခါးထိုးပီး..

“အော်…ကိုဇေ ညီခဏလေး ထိုင်ဦးနော်.. ဘာကိစ္စ လဲ” “ရတယ်..အကို.. ဘာမှမဟုတ်ဘူး ခဏဝင်လာတာ..ပြန်လိုက်ဦးမယ်”

အိမ်ပြန်ရောက်တော့… “အမေ.. သားဘုန်းကြီးဝတ်မလို့” “ဟဲ့.. ဘာအရူးထပြန်တာလဲ..” “တကယ်ဗျ.. ဒီနေ့ပဲ..ဝတ်မှာ” စာလေး တစောင်ရေးပီး အမေ့ကို ပေးခဲ့လိုက်တယ်.. ကျုပ်ချစ်သူ.. အိမ်လာရင် ပေးလိုက်ပါဆိုပီး ပေးထားခဲ့လိုက်တယ်…..

သို့

ဒကာမကြီး.. ခုဒီစာကိုဖတ်နေချိန်မှာ ဦးဇင်းကတော့.. သာသနာ ဘောင်ထဲမှာ ရဟန်းဘဝကို ရောက်နေပါပြီ အသိမပေးမိတဲ့အတွက် ဦးဇင်းကို..ခွင့်လွှတ်ပါ…

….ပုံ… တချိန်က ကိုကြီး ယခု အရှင်သုဇတ
မူရင်းရေးသားသူအား crdပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*