
အခ်ိန္ ႏွစ္မိနစ္ထဲနဲ႔ သြားေတြကို ျဖဴေဖြးေတာက္ပလာေအာင္ ျပဳလုပ္ႏိုင္တဲ့ နည္းလမ္း
လွပတဲ့ အၿပဳံးတပြင့္ဟာ လူတစ္ေယာက္ရဲ႕ အဓိကက်တဲ့ လက္နက္တစ္ခုပါပဲ။ ဒီလိုလွပတဲ့ အၿပဳံးတပြင့္ကို ပိုင္ဆိုင္ဖို႔ဆိုတာ သြားေတြရဲ႕ အလွတရား မပါပဲ ျဖစ္ႏိုင္မွာ မဟုတ္ပါဘူး။
တကယ္လို႔ သင့္ရဲ႕ သြားေတြ လွပလာေစဖို႔အတြက္ သြားေဆးခန္းမွာ ပိုက္ဆံေတြ အမ်ားႀကီး မသုံးခ်င္ဘူးဆိုရင္ အိမ္မွာပဲ သြားေတြကို ျဖဴေဖြးလွပလာေအာင္ ျပဳလုပ္လို႔ရပါတယ္။
ေကာ္ဖီေသာက္ျခင္းနဲ႔ ေဆးလိပ္၊ ကြမ္း စတာေတြဟာ သြားေတြကို ဝါေစတဲ့ အဓိကျပႆနာေတြျဖစ္ၿပီး သြားေတြရဲ႕ ေႂကြလႊာကိုသာမက အတြင္းသြား႐ိုးရဲ႕ သဘာဝအေရာင္ကိုပါ ထိခိုက္ေစပါတယ္။
ဒါ့ေၾကာင့္ သြားေတြကို ျဖဴေဖြးေတာက္ပေစဖို႔ သြားေဆးခန္းမွာ ဂ်ီးခြၽတ္တာေတြ သြားျခစ္တာေတြ ျပဳလုပ္ရင္ေတာင္မွ ခဏတာပဲ ျဖဴေဖြးေတာက္ပေစသလို သြားက်င္ျခင္းေဝဒနာကိုလည္း ခံစားရေစႏိုင္ပါတယ္။
ဒီလိုေငြေၾကးကုန္က်မႈ နည္းပါးၿပီး သဘာဝအတိုင္း သြားေတြကို လွပလာေစဖို႔အတြက္ ဆိုရင္ ပါဝင္ပစၥည္းႏွစ္မ်ိဳးတည္းပါတဲ့ အိမ္တြင္းကုထုံးတစ္ခုနဲ႔ စမ္းၾကည့္ေစခ်င္ပါတယ္။
၁။ မုတ္ဖုတ္ဆိုဒါ
၂။ အုန္းဆီ
နည္းလမ္းက ႐ိုးရွင္းပါတယ္ မုတ္ဖုတ္ဆိုဒါကို အုန္းဆီနဲ႔ ခပ္ပ်စ္ပ်စ္ေလး ေရာေႏွာလိုက္ပါ။ ၿပီးလွ်င္သြားတိုက္ေဆးသဖြယ္ အသုံးျပဳၿပီး သြားပြတ္တံနဲ႔ သင့္ရဲ႕သြားေတြကို ျဖည္းညင္းစြာ ပြတ္တိုက္ေပးပါ။
သြားတိုက္ၿပီးရင္ ပလုတ္မက်င္းေသးပဲ တစ္မိနစ္ေလာက္ ထားေပးပါ။ သြားတိုက္တဲ့အခါ သြားဖုံးေတြကို မထိေအာင္ ဂ႐ုစိုက္ေပးပါ။
ေရအနည္းငယ္ ေရာေႏွာၿပီးေတာ့လည္း အသုံးျပဳေပးႏိုင္ပါတယ္။ ဒါေပမယ္ ေရေရာၿပီးရင္ေတာ့ သုံးမိနစ္အတြင္း အသုံးျပဳေပးဖို႔ လိုအပ္ပါတယ္။
မုတ္ဖုတ္ဆိုဒါ (Baking soda ) ကို ခ်က္ျပဳတ္ေၾကာ္ေလွာ္ရာတြင္ သာမက ေဆးပညာနဲ႔ အလွကုန္ပစၥည္းထုတ္လုပ္တဲ့ ေနရာေတြမွာပါ တြင္တြင္က်ယ္က်ယ္ အသုံးျပဳၾကပါတယ္။
မုတ္ဖုတ္ဆိုဒါရဲ႕ ႏူးညံ့တဲ့တိုက္စားမႈက သြားေတြရဲ႕ ေႂကြလႊာေတြကို သန႔္ရွင္းေစဖို႔ မ်ားစြာ အေထာက္အကူ ျဖစ္ေစပါတယ္။ မုတ္ဖုတ္ဆိုဒါဟာ မ်ားျပားတဲ့ အယ္ကာလီသဘာဝရွိတာေၾကာင့္ ခံတြင္းမွာ အခ်ဥ္ဓါတ္ပေပ်ာက္ေစဖို႔နဲ႔ pH level ကို ပုံမွန္ျဖစ္ေစဖို႔ ကူညီေပးႏိုင္ပါတယ္။
အုန္းဆီဟာ အေရျပားနဲ႔ ဆံသားေတြအတြက္ ေကာင္းမြန္ေစ႐ုံသာမက အညစ္အေၾကးေတြကို သန႔္စင္ျခင္း၊ သြားေခ်းနဲ႔ ေက်ာက္တည္ျခင္းကို ေပ်ာ္ဝင္ေစျခင္း၊
ပိုးမႊားေတြကို ဖယ္ရွားေပးႏိုင္ျခင္း စတဲ့ အစြမ္းသတၱိေတြ ရွိေနပါတယ္။ သြားပိုးစားျခင္းကို တာဆီးဖို႔အတြက္လည္း အုန္းဆီကို အသုံးျပဳလို႔ ရပါေသးတယ္။
အုန္းဆီကို အသုံးျပဳဖို႔အတြက္ ကန႔္သတ္ခ်က္ မရွိပဲ မၾကာခဏ သင္လုပ္ခ်င္သေလာက္ အသုံးျပဳလို႔ ရပါတယ္။
Credit
Unicode
အချိန် နှစ်မိနစ်ထဲနဲ့ သွားတွေကို ဖြူဖွေးတောက်ပလာအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်း
လှပတဲ့ အပြုံးတပွင့်ဟာ လူတစ်ယောက်ရဲ့ အဓိကကျတဲ့ လက်နက်တစ်ခုပါပဲ။ ဒီလိုလှပတဲ့ အပြုံးတပွင့်ကို ပိုင်ဆိုင်ဖို့ဆိုတာ သွားတွေရဲ့ အလှတရား မပါပဲ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
တကယ်လို့ သင့်ရဲ့ သွားတွေ လှပလာစေဖို့အတွက် သွားဆေးခန်းမှာ ပိုက်ဆံတွေ အများကြီး မသုံးချင်ဘူးဆိုရင် အိမ်မှာပဲ သွားတွေကို ဖြူဖွေးလှပလာအောင် ပြုလုပ်လို့ရပါတယ်။
ကော်ဖီသောက်ခြင်းနဲ့ ဆေးလိပ်၊ ကွမ်း စတာတွေဟာ သွားတွေကို ဝါစေတဲ့ အဓိကပြဿနာတွေဖြစ်ပြီး သွားတွေရဲ့ ကြွေလွှာကိုသာမက အတွင်းသွားရိုးရဲ့ သဘာဝအရောင်ကိုပါ ထိခိုက်စေပါတယ်။
ဒါ့ကြောင့် သွားတွေကို ဖြူဖွေးတောက်ပစေဖို့ သွားဆေးခန်းမှာ ဂျီးချွတ်တာတွေ သွားခြစ်တာတွေ ပြုလုပ်ရင်တောင်မှ ခဏတာပဲ ဖြူဖွေးတောက်ပစေသလို သွားကျင်ခြင်းဝေဒနာကိုလည်း ခံစားရစေနိုင်ပါတယ်။
ဒီလိုငွေကြေးကုန်ကျမှု နည်းပါးပြီး သဘာဝအတိုင်း သွားတွေကို လှပလာစေဖို့အတွက် ဆိုရင် ပါဝင်ပစ္စည်းနှစ်မျိုးတည်းပါတဲ့ အိမ်တွင်းကုထုံးတစ်ခုနဲ့ စမ်းကြည့်စေချင်ပါတယ်။
၁။ မုတ်ဖုတ်ဆိုဒါ
၂။ အုန်းဆီ
နည်းလမ်းက ရိုးရှင်းပါတယ် မုတ်ဖုတ်ဆိုဒါကို အုန်းဆီနဲ့ ခပ်ပျစ်ပျစ်လေး ရောနှောလိုက်ပါ။ ပြီးလျှင်သွားတိုက်ဆေးသဖွယ် အသုံးပြုပြီး သွားပွတ်တံနဲ့ သင့်ရဲ့သွားတွေကို ဖြည်းညင်းစွာ ပွတ်တိုက်ပေးပါ။
သွားတိုက်ပြီးရင် ပလုတ်မကျင်းသေးပဲ တစ်မိနစ်လောက် ထားပေးပါ။ သွားတိုက်တဲ့အခါ သွားဖုံးတွေကို မထိအောင် ဂရုစိုက်ပေးပါ။
ရေအနည်းငယ် ရောနှောပြီးတော့လည်း အသုံးပြုပေးနိုင်ပါတယ်။ ဒါပေမယ် ရေရောပြီးရင်တော့ သုံးမိနစ်အတွင်း အသုံးပြုပေးဖို့ လိုအပ်ပါတယ်။
မုတ်ဖုတ်ဆိုဒါ (Baking soda ) ကို ချက်ပြုတ်ကြော်လှော်ရာတွင် သာမက ဆေးပညာနဲ့ အလှကုန်ပစ္စည်းထုတ်လုပ်တဲ့ နေရာတွေမှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။
မုတ်ဖုတ်ဆိုဒါရဲ့ နူးညံ့တဲ့တိုက်စားမှုက သွားတွေရဲ့ ကြွေလွှာတွေကို သန့်ရှင်းစေဖို့ များစွာ အထောက်အကူ ဖြစ်စေပါတယ်။ မုတ်ဖုတ်ဆိုဒါဟာ များပြားတဲ့ အယ်ကာလီသဘာဝရှိတာကြောင့် ခံတွင်းမှာ အချဉ်ဓါတ်ပပျောက်စေဖို့နဲ့ pH level ကို ပုံမှန်ဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။
အုန်းဆီဟာ အရေပြားနဲ့ ဆံသားတွေအတွက် ကောင်းမွန်စေရုံသာမက အညစ်အကြေးတွေကို သန့်စင်ခြင်း၊ သွားချေးနဲ့ ကျောက်တည်ခြင်းကို ပျော်ဝင်စေခြင်း၊
ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ခြင်း စတဲ့ အစွမ်းသတ္တိတွေ ရှိနေပါတယ်။ သွားပိုးစားခြင်းကို တာဆီးဖို့အတွက်လည်း အုန်းဆီကို အသုံးပြုလို့ ရပါသေးတယ်။
အုန်းဆီကို အသုံးပြုဖို့အတွက် ကန့်သတ်ချက် မရှိပဲ မကြာခဏ သင်လုပ်ချင်သလောက် အသုံးပြုလို့ ရပါတယ်။
Credit
Leave a Reply