ၾကက္သူခိုး လိုက္ဖမ္းသူနဲ႔ ကေလးအိပ္တုန္း ခိုးစားၾကရေအာင္ဆိုတဲ့ လင္မယား ေတြ႕ၾကေသာအခါ

ၾကက္သူခိုး လိုက္ဖမ္းသူ
ၾကက္သူခိုး လိုက္ဖမ္းသူ

ၾကက္သူခိုး လိုက္ဖမ္းသူနဲ႔ ကေလးအိပ္တုန္း ခိုးစားၾကရေအာင္ဆိုတဲ့ လင္မယား ေတြ႕ၾကေသာအခါ

သူခိုး ဖမ္းမယ္…  “က်ေနာ္တို႔ မခိုးရပါဘူး အုပ္ခ်ဳပ္ေရးမႉးရယ္..”

“ဘုရားေပးေပး က်မ္းေပးေပးပါ က်မတို႔ ဒါမ်ိဳး အက်င့္လည္း မရွိရပါဘူးရွင္..”

“ကဲ.. ဟုတ္ပီ ကိုတင္လွ ခင္မ်ားၾကက္ကို သူတို႔လင္မယား ခိုးပါတယ္လို႔ စြပ္စြဲရေအာင္ ခင္မ်ား က ဘာအေထာက္အထားနဲ႔ စြပ္စြဲရတာလဲ..”

“ရွိပါတယ္ၾဆာ.. အင္မတန္ကို ခိုင္လုံပါတယ္ ဒီသတင္းက အတြင္းလူယုံကေနတဆင့္ ေပါက္ၾကားတာပါ ေထာင္ေခ်ာက္ဆင္ ဖမ္းတာလည္း မဟုတ္ရပါဘူး..”

အေရးထဲ ဒင္းကတေမွာင့္ ခ်ဲ႕ကားေနေသးတယ္… “ကဲပါ လိုရင္းပဲေျပာဗ်ာ ခင္ဗ်ား ဘယ္လို သိတာလဲ..”

“အဟမ္း.. ဒီလိုပါ မေန႔ညက က်ေနာ့္ တိုက္ၾကက္ဖႀကီး အိပ္တန္း မဝင္တာနဲ႔ က်ေနာ္တစ္ညလုံး တိတ္တဆိတ္ လိုက္လံၿပီး လ်ိဳ႕ဝွက္ စုံစမ္းပါတယ္

ဒါေပမယ့္ သတင္း အစအနေတာင္ မရခဲ့ပါဘူး..”

“ဒါနဲ႔မ်ားကြာ..”

“အဲ က်ေနာ္စကား မဆုံးေသးပါဘူးၾဆာ”

“ကဲ ေျပာဗ်ာ လိုရင္းကို ေျပာ..”

“ဟုတ္ကဲ့ ေျပာပါ့မယ္ မနက္မိုးလင္းေတာ့ က်ေနာ္ အိမ္နီးနားဝန္းက်င္မွာ စုံစမ္းေနတုန္း သူတို႔ရဲ႕သား အငယ္ဆုံးေလး နဲ႔ လမ္းမွာေတြ႕ေတာ့ “ဘဘ ဘာေတြရွာေနတာလဲ..” လို႔ ေမးပါတယ္

“ဒါနဲ႔ က်ေနာ္လည္း ညက ၾကက္ကို သူခိုး ခိုးစားလို႔ လိုက္ရွာေနတာလို႔ ေျပာလိုက္တယ္.. အဲလို ေျပာလိုက္ေတာ့ ခေလးမ်က္ႏွာ ပ်က္သြား တာကို ခ်က္ျခင္း ရိပ္မိလိုက္တယ္ၾဆာ…

ဒါနဲ႔ က်ေနာ္က သားသိရင္ ေျပာျပပါလား ဆိုေတာ့ မေျပာဘူးဗ်… ဘယ္ရမလဲ က်ေနာ္က လူပ်ိဳႀကီးဆိုေပမယ့္ ခေလးေတြရဲ႕ အထာကို သိၿပီးသားေလ…

အိပ္ကပ္ထဲက တစ္ေထာင္တန္ ထုတ္ၿပီး သား မူန႔္ဖိုးယူ.. သားကို ဘဘက ခ်စ္လို႔ေပးတာ သားသိရင္ ေျပာျပပါလား ဆိုေတာ့မွ

သားသိေတာ့ မသိဘူး ညက အေဖက အေမ့ကို ေျပာသံေတာ့ ၾကားလိုက္ထာ တဲ့..”

“အင္း ဟုတ္ၿပီ.. ဒါသဲလြန္စရတာ ခေလးက ဘယ္လို ၾကားတာတဲ့လဲ..”

“အဲ.. ဘယ္လို ေျပာလဲဆိုေတာ့

အေမႀကီးေရ ဒို႔ဒီည ခေလးအိပ္ရင္ ခိုးစားၾကရေအာင္”..တဲ့

“ေဟ..”

Credit: Minma Kha

Unicode

ကြက်သူခိုး လိုက်ဖမ်းသူနဲ့ ကလေးအိပ်တုန်း ခိုးစားကြရအောင်ဆိုတဲ့ လင်မယား တွေ့ကြသောအခါ

သူခိုး ဖမ်းမယ်… “ကျနော်တို့ မခိုးရပါဘူး အုပ်ချုပ်ရေးမှူးရယ်..”

“ဘုရားပေးပေး ကျမ်းပေးပေးပါ ကျမတို့ ဒါမျိုး အကျင့်လည်း မရှိရပါဘူးရှင်..”

“ကဲ.. ဟုတ်ပီ ကိုတင်လှ ခင်များကြက်ကို သူတို့လင်မယား ခိုးပါတယ်လို့ စွပ်စွဲရအောင် ခင်များ က ဘာအထောက်အထားနဲ့ စွပ်စွဲရတာလဲ..”

“ရှိပါတယ်ဆြာ.. အင်မတန်ကို ခိုင်လုံပါတယ် ဒီသတင်းက အတွင်းလူယုံကနေတဆင့် ပေါက်ကြားတာပါ ထောင်ချောက်ဆင် ဖမ်းတာလည်း မဟုတ်ရပါဘူး..”

အရေးထဲ ဒင်းကတမှောင့် ချဲ့ကားနေသေးတယ်… “ကဲပါ လိုရင်းပဲပြောဗျာ ခင်ဗျား ဘယ်လို သိတာလဲ..”

“အဟမ်း.. ဒီလိုပါ မနေ့ညက ကျနော့် တိုက်ကြက်ဖကြီး အိပ်တန်း မဝင်တာနဲ့ ကျနော်တစ်ညလုံး တိတ်တဆိတ် လိုက်လံပြီး လျို့ဝှက် စုံစမ်းပါတယ်

ဒါပေမယ့် သတင်း အစအနတောင် မရခဲ့ပါဘူး..”

“ဒါနဲ့များကွာ..”

“အဲ ကျနော်စကား မဆုံးသေးပါဘူးဆြာ”

“ကဲ ပြောဗျာ လိုရင်းကို ပြော..”

“ဟုတ်ကဲ့ ပြောပါ့မယ် မနက်မိုးလင်းတော့ ကျနော် အိမ်နီးနားဝန်းကျင်မှာ စုံစမ်းနေတုန်း သူတို့ရဲ့သား အငယ်ဆုံးလေး နဲ့ လမ်းမှာတွေ့တော့ “ဘဘ ဘာတွေရှာနေတာလဲ..” လို့ မေးပါတယ်

“ဒါနဲ့ ကျနော်လည်း ညက ကြက်ကို သူခိုး ခိုးစားလို့ လိုက်ရှာနေတာလို့ ပြောလိုက်တယ်.. အဲလို ပြောလိုက်တော့ ခလေးမျက်နှာ ပျက်သွား တာကို ချက်ခြင်း ရိပ်မိလိုက်တယ်ဆြာ…

ဒါနဲ့ ကျနော်က သားသိရင် ပြောပြပါလား ဆိုတော့ မပြောဘူးဗျ… ဘယ်ရမလဲ ကျနော်က လူပျိုကြီးဆိုပေမယ့် ခလေးတွေရဲ့ အထာကို သိပြီးသားလေ…

အိပ်ကပ်ထဲက တစ်ထောင်တန် ထုတ်ပြီး သား မူန့်ဖိုးယူ.. သားကို ဘဘက ချစ်လို့ပေးတာ သားသိရင် ပြောပြပါလား ဆိုတော့မှ

သားသိတော့ မသိဘူး ညက အဖေက အမေ့ကို ပြောသံတော့ ကြားလိုက်ထာ တဲ့..”

“အင်း ဟုတ်ပြီ.. ဒါသဲလွန်စရတာ ခလေးက ဘယ်လို ကြားတာတဲ့လဲ..”

“အဲ.. ဘယ်လို ပြောလဲဆိုတော့

အမေကြီးရေ ဒို့ဒီည ခလေးအိပ်ရင် ခိုးစားကြရအောင်”..တဲ့

“ဟေ..”

Credit: Minma Kha

Be the first to comment

Leave a Reply

Your email address will not be published.


*