
Unicode
ဖတ်ဖြစ်အောင် ဖတ်ပါနော်…
ဖတ်စာအုပ်တွေထဲ မပါတဲ့ ယဉ်ကျေးမှုလေးတွေပါ ။
ဖုန်းခေါ်ရင် အားရဲ့လား စကားပြောလို့ ရရဲ့လားမေး … ဖုန်းချခါနီးရင် ဖုန်းချတော့မယ်လို့ အသိပေး …
သူများအခန်းထဲ ဝင်လာမယ်ဆိုရင် ခွင့်တောင်းပြီးမှ ဝင် …
သီချင်း နားထောင်ရင် ကိုယ်တစ်ယောက်ထဲ ကြားလောက်ရုံပဲ နားထောင် … Earphone သုံး …
တစ်ဖက်လူ စကားပြောနေရင် ဆုံးတဲ့ထိ အရင် နားထောင် ပြီးမှ ကိုယ်ပြောချင်တာကို စပြော …
Libraryလို နေရာမျိုးမှာ ဘာကိစ္စပဲရှိရှိ တိတ်တိတ်ဆိတ်နေ …
ကျေးဇူးတင်စရာ ရှိရင် မတုံ့မဆိုင်း ချက်ချင်းတင် … အမှား လုပ်ထားရင် ချက်ချင်း ပြန်တောင်းပန် …
ရုပ်ရှင်ရုံမှာ ခြေထောက်ကို ငြိမ်ငြိမ်ထား … ရှေ့ခုံကို မကန်နဲ့ …
ခုံတန်းရှည်မှာ ဘေးလူနဲ့ ထိုင်ရင် ဒူးမလှုပ်နဲ့ …
လူကြားထဲ စတိုင်ကျသလိုလိုနှင့် ဆေးလိပ်တွေ ထထမဖွာနှင့် second smoker တွေဘဝကို ကိုယ်ချင်းစာပါ.. ကိုယ်မလုပ်ဘဲ ရောဂါခံရအောင်.. ဖြစ်သင့် မဖြစ်သင့်တွေး..
စားသောက်နေတဲ့ လူတွေရှိတဲ့ ဆိုင်မှန်သမျှ တဝေါ့ ဝေါ့ တထွီထွီ သလိပ် မဟပ်နှင့်.. နှပ် မညှစ်နှင့်.. နီတိထဲမှာ ဒါတွေပါတယ်..
ဒင်းတို့က ခေတ်နဲ့အညီ အထာလည်း ကျချင်သေးတယ် … ယဉ်ကျေးမှုက တစ်စက်မှ မရှိ …
အထာကျတယ်ဆိုတာ သူများကို စိတ်အနှောက်အယှက် မပေးဘဲ နေထိုင်တတ်တာကို ခေါ်တယ် …
ဗရမ်းဗတာ နေထိုင်ရင် ဗရမ်းဗတာ ဘဝပဲ ရမယ် …
သင်ပြုမူနေသမျှ အပြုအမူ အားလုံးဟာ သင့်ရဲ့ ယဉ်ကျေးမှု အဆင့်အတန်းပဲ …❤️
Credit to original writer
Leave a Reply