ဘာသံေတြလဲဆိုတာကို ေျပာျပလို႔ မျဖစ္ပါဘူးေလ

ဘာသံေတြလဲဆိုတာကို ေျပာျပလို႔ မျဖစ္ပါဘူးေလ
ဘာသံေတြလဲဆိုတာကို ေျပာျပလို႔ မျဖစ္ပါဘူးေလ

ဘာသံေတြလဲဆိုတာကို ေျပာျပလို႔ မျဖစ္ပါဘူးေလ

တစ္ညမွာ လူငယ္တစ္ေယာက္ဟာ ဘုန္းႀကီးေက်ာင္း တစ္ခုရဲ႕ေရွ႕မွာ ကားပ်က္ပါေလေရာ။ အဲဒါနဲ႔ သူလည္း ဘုန္းႀကီးေက်ာင္းထဲဝင္ၿပီး ဘုန္းႀကီးကို အကူအညီေတာင္းတယ္။

“အရွင္ဘုရား… တပည့္ေတာ္ ကားပ်က္သြားလို႔ တစ္ညေလာက္ တည္းခိုခြင့္ေပးပါ” လို႔ေလွ်ာက္တာေပါ့။ ဘုန္းႀကီးကလည္း ရပါတယ္။ အိပ္ပါ ဒကာေပါ့။ ညသန္းေခါင္ေလာက္က် လူငယ္အိပ္ေနတုန္း ေက်ာင္းထဲက ထူးဆန္းတဲ့ အသံေတြ ၾကားရတယ္။

မနက္ေရာက္ေတာ့ လူငယ္က ဘုန္းႀကီးကို ေမးတယ္။ ညတုန္းက သူၾကားရတာဘာသံေတြလဲေပါ့။ ဘုန္းႀကီးက ေျပာတယ္။ အဲဒီ့အသံေတြအေၾကာင္း ဒကာ့ကို ရွင္းမျပႏိုင္ဘူး။ ဘာလို႔လဲ ဆိုေတာ့ ဒကာက ဘုန္းႀကီးမဟုတ္လို႔တဲ့။ လူငယ္လည္း စိတ္ညစ္ညစ္နဲ႔ပဲ ကားျပင္ၿပီး သူ႔ခရီးသူဆက္သြားတယ္။

ႏွစ္အနည္းငယ္ၾကာေတာ့… အဲဒီ့ဘုန္းႀကီးေက်ာင္း ေရွ႕မွာပဲ လူငယ္ဟာ ကားထပ္ပ်က္ျပန္တယ္။ အဲဒီလိုပဲ ကားပ်က္လို႔ အကူအညီေတာင္းျပန္ေတာ့ လူငယ္ဟာ အိပ္စက္တည္းခိုခြင့္ ရျပန္တယ္။ ညသန္းေခါင္အခ်ိန္ ၁၂ နာရီ အတိေရာက္ေတာ့ ထူးဆန္းတဲ့အသံေတြ လူငယ္ၾကားရျပန္တယ္။ ႐ြတ္ဖတ္သံေတြ ၊ ေအာ္သံနက္ႀကီးေတြ လိုမ်ိဳးပဲ။

မနက္ေရာက္ေတာ့ လူငယ္ဟာ ဘုန္းႀကီးကို ေမးတယ္။ ညက ဘာသံေတြလဲေပ့ါ။ မင္းက ဘုန္းႀကီး မဟုတ္လို႔ အဲဒီ့အသံေတြ အေၾကာင္း ငါတို႔ မင္းကို မေျပာႏိုင္ဘူးလို႔ ဘုန္းႀကီးက ေျပာျပန္တယ္။

ဒါေပမယ့္ အဲဒီ့အခ်ိန္မွာ လူငယ္က ေသေလာက္ေအာင္ သိခ်င္ေနၿပီ။ အဲဒါေၾကာင့္ သူအဲဒီေက်ာင္းမွာ ဘုန္းႀကီးဝတ္ခ်င္ပါတယ္လို႔ ေလွ်ာက္လိုက္တယ္။ ဘုန္းႀကီးကလည္း လူငယ္ကို သူတို႔ေက်ာင္းမွာ ဘုန္းႀကီးေပးဝတ္လိုက္တယ္။

ညေရာက္ေတာ့ ထူးဆန္းတဲ့အသံေတြ လူငယ္ၾကားရျပန္တယ္။ အဲဒါနဲ႔ လူငယ္ဟာညတြင္းခ်င္းပဲ ဘုန္းႀကီးဆီသြားၿပီး အသံေတြ ထြက္ေပၚလာတဲ့ ေနရာဆီ လိုက္ပို႔ေပးဖို႔ ေလွ်ာက္တယ္။

သူလည္း ဘုန္းႀကီးျဖစ္ေနၿပီေလ။ ဘုန္းႀကီးလည္း လူငယ္ကို အခန္းတစ္ခုဆီ ေခၚသြားတယ္။ အဲဒီ့အခန္းထဲမွာ ေျမေအာက္ခန္းတစ္ခု ရွိတယ္။ အဲဒီေျမေအာက္ခန္းေသာ့ကို ဘုန္းႀကီးက လူငယ္ဆီ ပစ္ေပးလိုက္တယ္။

လူငယ္လည္း ေျမေအာက္ခန္းထဲ ဆင္းသြားတယ္။ အဲဒီ့ေျမေအာက္ခန္းထဲမွာ ေနာက္ထပ္ ေျမေအာက္ခန္းငယ္တစ္ခု ရွိေနျပန္တယ္။ လူငယ္က အဲဒီ့ေျမေအာက္ခန္းငယ္ထဲ ထပ္ဆင္းသြားျပန္တယ္။ ေျမေအာက္ခန္းငယ္ထဲမွာေတာ့ တံခါးတစ္ခ်ပ္ကို ေတြ႕တယ္။

တံခါးလက္ကိုင္က နဂါးႏွစ္ေကာင္ရစ္ပတ္ေနပုံနဲ႔။ တံခါးမွာလည္း ဘီလူး႐ုပ္ေတြ အျပည့္ထုထားတယ္။ အဲဒီ့တံခါးကို တြန္းဖြင့္ဝင္သြားေတာ့ လင္းထိန္ေနတဲ့ အခန္းႀကီးထဲ လူငယ္ေရာက္သြားတယ္။ အဲဒီထဲက အသံေတြ ထြက္လာေနတာပဲ။

ေနာက္ဆုံးေတာ့ လူငယ္တစ္ေယာက္ အသံေတြထြက္လာတဲ့ အေၾကာင္းရင္းကို သိသြားရလို႔ အရမ္းေပ်ာ္သြားတယ္။

အဲ့အသံေတြဟာ ဘာသံေတြလည္းဆိုတာကို ေျပာျပခ်င္လိုက္ပါဘိ။ ဒါေပမယ့္ စာဖတ္ေနတဲ့သူဟာ အဲ့ဒီေက်ာင္းက ဘုန္းႀကီးမဟုတ္တဲ့အတြက္ ဘာသံေတြလဲဆိုတာကို ေျပာျပလို႔မျဖစ္ပါဘူးေလ….😁
Credit

Unicode

ဘာသံတွေလဲဆိုတာကို ပြောပြလို့ မဖြစ်ပါဘူးလေ

တစ်ညမှာ လူငယ်တစ်ယောက်ဟာ ဘုန်းကြီးကျောင်း တစ်ခုရဲ့ရှေ့မှာ ကားပျက်ပါလေရော။ အဲဒါနဲ့ သူလည်း ဘုန်းကြီးကျောင်းထဲဝင်ပြီး ဘုန်းကြီးကို အကူအညီတောင်းတယ်။

“အရှင်ဘုရား… တပည့်တော် ကားပျက်သွားလို့ တစ်ညလောက် တည်းခိုခွင့်ပေးပါ” လို့လျှောက်တာပေါ့။ ဘုန်းကြီးကလည်း ရပါတယ်။ အိပ်ပါ ဒကာပေါ့။ ညသန်းခေါင်လောက်ကျ လူငယ်အိပ်နေတုန်း ကျောင်းထဲက ထူးဆန်းတဲ့ အသံတွေ ကြားရတယ်။

မနက်ရောက်တော့ လူငယ်က ဘုန်းကြီးကို မေးတယ်။ ညတုန်းက သူကြားရတာဘာသံတွေလဲပေါ့။ ဘုန်းကြီးက ပြောတယ်။ အဲဒီ့အသံတွေအကြောင်း ဒကာ့ကို ရှင်းမပြနိုင်ဘူး။ ဘာလို့လဲ ဆိုတော့ ဒကာက ဘုန်းကြီးမဟုတ်လို့တဲ့။ လူငယ်လည်း စိတ်ညစ်ညစ်နဲ့ပဲ ကားပြင်ပြီး သူ့ခရီးသူဆက်သွားတယ်။

နှစ်အနည်းငယ်ကြာတော့… အဲဒီ့ဘုန်းကြီးကျောင်း ရှေ့မှာပဲ လူငယ်ဟာ ကားထပ်ပျက်ပြန်တယ်။ အဲဒီလိုပဲ ကားပျက်လို့ အကူအညီတောင်းပြန်တော့ လူငယ်ဟာ အိပ်စက်တည်းခိုခွင့် ရပြန်တယ်။ ညသန်းခေါင်အချိန် ၁၂ နာရီ အတိရောက်တော့ ထူးဆန်းတဲ့အသံတွေ လူငယ်ကြားရပြန်တယ်။ ရွတ်ဖတ်သံတွေ ၊ အော်သံနက်ကြီးတွေ လိုမျိုးပဲ။

မနက်ရောက်တော့ လူငယ်ဟာ ဘုန်းကြီးကို မေးတယ်။ ညက ဘာသံတွေလဲပေ့ါ။ မင်းက ဘုန်းကြီး မဟုတ်လို့ အဲဒီ့အသံတွေ အကြောင်း ငါတို့ မင်းကို မပြောနိုင်ဘူးလို့ ဘုန်းကြီးက ပြောပြန်တယ်။

ဒါပေမယ့် အဲဒီ့အချိန်မှာ လူငယ်က သေလောက်အောင် သိချင်နေပြီ။ အဲဒါကြောင့် သူအဲဒီကျောင်းမှာ ဘုန်းကြီးဝတ်ချင်ပါတယ်လို့ လျှောက်လိုက်တယ်။ ဘုန်းကြီးကလည်း လူငယ်ကို သူတို့ကျောင်းမှာ ဘုန်းကြီးပေးဝတ်လိုက်တယ်။

ညရောက်တော့ ထူးဆန်းတဲ့အသံတွေ လူငယ်ကြားရပြန်တယ်။ အဲဒါနဲ့ လူငယ်ဟာညတွင်းချင်းပဲ ဘုန်းကြီးဆီသွားပြီး အသံတွေ ထွက်ပေါ်လာတဲ့ နေရာဆီ လိုက်ပို့ပေးဖို့ လျှောက်တယ်။

သူလည်း ဘုန်းကြီးဖြစ်နေပြီလေ။ ဘုန်းကြီးလည်း လူငယ်ကို အခန်းတစ်ခုဆီ ခေါ်သွားတယ်။ အဲဒီ့အခန်းထဲမှာ မြေအောက်ခန်းတစ်ခု ရှိတယ်။ အဲဒီမြေအောက်ခန်းသော့ကို ဘုန်းကြီးက လူငယ်ဆီ ပစ်ပေးလိုက်တယ်။

လူငယ်လည်း မြေအောက်ခန်းထဲ ဆင်းသွားတယ်။ အဲဒီ့မြေအောက်ခန်းထဲမှာ နောက်ထပ် မြေအောက်ခန်းငယ်တစ်ခု ရှိနေပြန်တယ်။ လူငယ်က အဲဒီ့မြေအောက်ခန်းငယ်ထဲ ထပ်ဆင်းသွားပြန်တယ်။ မြေအောက်ခန်းငယ်ထဲမှာတော့ တံခါးတစ်ချပ်ကို တွေ့တယ်။

တံခါးလက်ကိုင်က နဂါးနှစ်ကောင်ရစ်ပတ်နေပုံနဲ့။ တံခါးမှာလည်း ဘီလူးရုပ်တွေ အပြည့်ထုထားတယ်။ အဲဒီ့တံခါးကို တွန်းဖွင့်ဝင်သွားတော့ လင်းထိန်နေတဲ့ အခန်းကြီးထဲ လူငယ်ရောက်သွားတယ်။ အဲဒီထဲက အသံတွေ ထွက်လာနေတာပဲ။

နောက်ဆုံးတော့ လူငယ်တစ်ယောက် အသံတွေထွက်လာတဲ့ အကြောင်းရင်းကို သိသွားရလို့ အရမ်းပျော်သွားတယ်။

အဲ့အသံတွေဟာ ဘာသံတွေလည်းဆိုတာကို ပြောပြချင်လိုက်ပါဘိ။ ဒါပေမယ့် စာဖတ်နေတဲ့သူဟာ အဲ့ဒီကျောင်းက ဘုန်းကြီးမဟုတ်တဲ့အတွက် ဘာသံတွေလဲဆိုတာကို ပြောပြလို့မဖြစ်ပါဘူးလေ….😁
Credit

Be the first to comment

Leave a Reply

Your email address will not be published.


*