ဗုဒ္ဓဟူးသားသမီးများအတွက် ဘဝတစ်သက်စာဟောစာတမ်း နှင့် ယတြာများ

ဗုဒ္ဓဟူးသားသမီးများအတွက် ဘဝတစ်သက်စာဟောစာတမ်း နှင့် ယတြာများ
ဗုဒ္ဓဟူးသားသမီးများအတွက် ဘဝတစ်သက်စာဟောစာတမ်း နှင့် ယတြာများ

ဗုဒ္ဓဟူးသားသမီးများအတွက် ဘဝတစ်သက်စာဟောစာတမ်း နှင့် ယတြာများ

မိမိတို့ရဲ့ အသက်အပိုင်းခြားကို ကြည့်ပြီး အဟောကို ဖတ်ပါလေ။ ညံ့တဲ့နှစ်တွေမှာ ချေရမယ့် ယတြာကိုပါ ဖော်ပြ ပေးထားပါတယ်။ ကောင်းတဲ့ နှစ်တွေမှာလည်း ကောင်းသထက် ကောင်းစေဖို့ ချေရမယ့် ယတြာတွေကိုလည်း ဖော်ပြ ပေးလိုက်ပါတယ်။

ဗုဒ္ဓဟူးသားသမီး ဖြစ်သော သင်သည် အသက်…. ၁၊ ၉၊ ၁၇၊ ၂၅၊ ၃၃၊ ၄၁၊ ၄၉၊ ၅၇၊ ၆၅၊ ၇၃၊ ၈၁၊ ၈၉၊ ၉၇၊ ၁၀၅ နှစ် အတွင်း၌ ဗုဒ္ဓဟူး သက်ရောက် ဖြစ်၏

သင်သည် ယခုနှစ်အတွင်း သင်တန်းတစ်ခုခုတက်ရခြင်း အဖွဲအစည်းတစ်ခုအတွင်း ဝင်ရောက်ရခြင်းများ ကြုံရတတ်၏။ နားချိန် မရလောက်အောင် အလုပ်ရှုပ်နေလိမ့်မည်။ လွန်စွာပင်ပန်း လိမ့်မည်။ ကျန်းမာရေး ဂရုစိုက်သင့်သော ကာလဖြစ်သည်။ မည်သည့် အစားအသောက်ပဲ စားစားအရသာ မရှိဘဲဖြစ်နေတတ်၏။

ဤကာလတွင် အမွေရခြင်း (သို) အမွေကဲ့သို့သော အမွေများ ပစ္စည်းများရခြင်း ကြုံရတက်၏။ ဤကာလ အတွင်း လက်ခံ လိုက်လျှင် အလဟသ ကုန်သွားတက်၏။ အထက်လူကြီး ကြီးကဲသူတို့က ကူညီ မစလိမ့်မည်။

ဘာသာရေးနှင့် ပတ်သက်သော ပုံတော်များ ဝင်လာလိမ့်မည်။ ပဉ္ဇင်းခံရတတ်ခြင်း၊ သီလရှင်ဝတ်ရခြင်းများ ကြုံရ တတ်၏။ အလုပ်တွင် မပျော် ပိုက်ဘဲ ဖြစ်နေတတ်၏။ ပြောင်းရန် စိတ်မကူးပါနှင့်ဦး။ ပြောင်းလျှင်လဲ အဆင်မပြေနိုင်ပါ။

ငွေဆုံးခြင်းပျောက်ခြင်း များကြုံ ရတက်၏။ သူခိုး ခိုးခံရတတ်၏။ ရှိသော ပစ္စည်းများကို ထုခွဲရောင်းချ၍ ငွေအကုန်အကျ များတတ်၏။ ပြသနာဟောင်းများ ရောဂါဟောင်းများ ပြန်ပေါ်ပေါက်တတ်၏။

ဆွေမျိုးသားချင်းထဲမှ နာရေးကြုံ ရတတ်၏။ အိမ်တွင် ကိုယ်ဝန်ဆောင် ရှိက ဆေးရုံသို့ပို့ပါ။ အိမ်၌ မီးဖွားလျင် အဆင်မပြေဖြစ် တတ်၏။ အိမ်ထောင်ရေး အဆင်မပြေမှုများ တန်းစီနေတတ်၏။ အလှူရက် မင်္ဂလာရက် ရက်ရွှေခြင်းကြုံ ရတတ်၏။ လူငယ် လူရွယ်များ မိန်းမခိုးခြင်း ယောကျ်ား နောက်လိုက်ခြင်း များ လုပ်လျှင် ဆွေပျက် မျိုးပျက်ဖြစ် ကုန်တတ်သော ကာလဖြစ်ပါသည်။

နိုင်ငံရပ်ခြားနှင့် ဆက်သွယ်သော ကိစ္စများ လူမျိုးခြားနှင့် တွဲပီး လုပ်ရသော အလုပ်များ အောင်မြင်လိမ့်မည်၊ သွေးအားနည်းခြင်း၊ စိတ်ဓာတ် ကျခြင်း၊ ခြေထောက်၊ ခါး၊ ကျန်းမာရေး ညံ့ခြင်းများ ကြုံရတတ်၏။

မကောင်းသော အတတ်များနှင့် နှောက်ယှက်ငြင်း ခံရတတ်၏။ ရွှေဝင်ခြင်း ထွက်နေသော ရတနာပစ္စည်း များ ပြန်ဝင်ခြင်း များကြုံရမည်။ ရောဂါ ဖြစ်တတ်၏။ စိတ်ထောင်း ကိုယ်ကျေ ဖြစ်နေလိမ့်မည်။

” ယတြာ ”

တန်ခိုးကြီး ဘုရားတွင် ထီးဖြူကြီး လှူရင်း လိုရာ ဆုတောင်းပါ။ ကံကော်ညွန့်၊ သပြေညွန့်၊ ခြေရင်းထားအိပ်၍ ရေမျောပါ။

အသက်…၂၊ ၁၀၊ ၁၈၊၂၆၊ ၃၄ ၊၄၂ ၊၅၀၊ ၅၈၊ ၆၆၊ ၇၄၊ ၈၂၊ ၉၀၊ ၉၈၊ ၁၀၆ နှစ် အတွင်း၌ စနေ သက်ရောက် ဖြစ်၏..

သင်သည် ယခုနှစ်အတွင် အလုပ်နေရာ အိမ်နေရာ အသစ်ရခြင်၊ နေရာထိုင်ခြင်း မွမ်းမံရခြင်း၊ ပြောင်းရွှေ ရခြင်းများ ကြူံရတတ်၏။ ခရီးတို၊ ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးများသည်လဲ သင့်အတွက် အကျိုးထူးစေ ပါလိမ့်မည်။

မထင်မှတ်ဘဲ ပညာတစ်ခု သင်ကြားရခြင်း၊ သင်တန်းတစ်ခု တက်ရခြင်းများ ပြုရတတ်၏။ မရည်ရွယ်ဘဲ မြေဝင် တတ်၏။ အလုပ်အကိုင်၌ ထိခိုက်တတ်၏။ ပြသနာကြီးစွာ ဖြေရှင်းရတတ်၏။

ပင်ကန္နား၊ အမှုအခင်းများနှင့် ပတ်သက် ရတတ်၏။ မိမိနှင့်တကွ မိသားစုပါ ကျန်းမာရေးညံ့တက်၏။ ဆေးရုံ၊ဆေးခန်း ရောက်ရတတ်၏။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်၏။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်၏။

ရွေနှင့်ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်၏။ သားသမီးလက်အောက်ငယ်သားနှင့် ပက်သတ်ပြီး စိတ်ညစ်စရာ ကြုံရမည်။ စက်ပစ္စည်း ဒုက္ခပေးတတ်၏။ ငွေဒလဟော ထွက်ခြင်း၊ ငွေအတွက်ပြောဆိုဖြေရှင်း ရခြင်းများ ကြုံရမည်။

မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်းပေးလာလိမ့်မည်။ သစ်၊ သံ၊ သွပ်ကိစ္စများ၊ ရေတွက်ကုန်ပစ္စည်းကိစ္စများ အောင်မြင် အကျိုးပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုး အကြီးအကဲတို့က အကူအညီကောင်း ပေးလိမ့်မည်။

ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်၏။ ခြေထောက်တွင် အန ္တရာယ်ဖြစ်တတ်၏။ လုပ်ငန်းအသစ် အစီအစဉ်အသစ်များ ပေါ်ပေါက်တတ်၏။ ယခင် နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံး သွားတတ် ၏။ လောကဓံ တရား၏ မတရားညင်းပန်း နှိပ်စက်မှုကို ခံရပီး မမျော်လင့်ပဲ သံဝေဂ တရားရလိမ့်မည်။

အစိုးရနှင့် ပတ်သက်သော အမှူဖြစ်တတ်၏။ အစစ်အဆေး အမေးအမြန်း ခံရ တတ်၏ ။ သောကြာသမီး တစ်ဦး ညအိမ်လာမှ သင်၏ဒုက္ခများ လွတ်ကင်းလိမ့်မည်။

“ယတြာ”

စနေနေ့ညတွင် အဝတ်ဟောင်းဝတ်အိပ်၍ မနက်တွင် ရေမျှောပါ အုန်းကို အချောသပ်၍ ထုံးဖြင့်”ဥုမ်” အက္ခရာရေးပြီး မီးထွန်းပါ။

အသက်…၃၊ ၁၁၊ ၁၉၊၂၇၊ ၃၅၊ ၄၃၊ ၅၁၊ ၅၉၊ ၆၇၊ ၇၅၊ ၈၃၊ ၉၁၊ ၉၉၊ ၁၀၇ နှစ် အတွင်း၌ ကြာသပတေးသက်ရောက် ဖြစ်၏

ယခုနှစ်အတွင်း သင်သည် စက်ပစ္စည်းများ စိန်ထည် ပစ္စည်းများဝင်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက်အသွယ်ကောင်းများ ပေါ်လာလိမ့်မည်။ အလုပ်အကိုင်သစ်များ ပေါ်လာ လိမ့်မည်။

ဤကာလတွင် ပစ္စည်းများကို ထုခွဲရောင်းချ၍ လုပ်ငန်းသစ်ကြီးကြီးမားမားစရန် မကောင်းပါ။ ငွေကံမကောင်းသေးပါ။ လာဘ်လဲ အလွန်ပိတ်နေ လိမ့်မည် ။ ထီးလဲ မထိုးသင့်ပါ။ ထီပေါက်လျှင် မိသားစု အတွင်း ကျန်းမာရေး ဆိုးဆိုးရွားရွား ညံသွားတတ်၏။

လူမျိုးခြားက အကူအညီပေးလိမ့်မည် အောက်လက်ငယ်သားတို့က အကူအညီပေးလိမ့်မည်။ ဟိုဟာလုပ် ရကောင်းနိုးနိုး ဒီဟာ လုပ်ရကောင်းနိုးနိုးနှင့် အချိန်ကုန် သွားတတ်၏။ အမှားမှားအယွင်းယွင်း ဆုံးဖြတ်မိတတ်၏။ မကြာမီ ကံကောင်းဘက်သို့ ရောက်တော့မည်။ လောလောဆယ် သတိထား၍ သည်းခံလိုက်ပါ။

မသွားချင်သောခရီးများ စိတ်ညစ်စရာ ခရီးများ သွားလာ ရတတ်၏။ အထက်လူကြီး ဆွေမျိုးအကြီးအကဲ တို့က မိမိအပေါ်အထင် လွဲတတ်သည်။ သားသမီးများ ကျန်းမာရေးညံ့တတ်၏။ ရွှေထွက်မည် အိမ်ခန်း ဆိုင်ခန်း ကိစ္စများ အောင်မြင်မည်။

ကန်တော့ပွဲ နတ်အုန်းသီးတို့မှ အစို့ပေါက် လိမ့်မည်။ ခြေလက်မျက်ခြင်း ခါးနာခြင်းများ ဖြစ်တတ်၏။ စပ်တူရှယ်ယာ လုပ်ငန်းများ ပေါ်ပေါက်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ဘိုးတော်တု ဆရာတုများ ရောက်လာတတ်၏။ ငွေလူလိမ် ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။

မိတ်ဆွေ အပေါင်းအသင်းများနှင် မမျော်လင့်ပဲ လမ်းခွဲရတတ်၏။ သားသမီးရှိက အိမ်မှ ထွက်သွား လိမ့်မည်။ ဤအချိန်အခါသည် ”အဖေကို ကာပြန်ဖူးသော သီဟဗာဟု”ကဲ့သို့ ဖြစ်နေလိမ့်မည်။

“ယတြာ”

အုန်းစိမ်း အဝလှပ်၍ အရည်စစ်ပါ။ ဆားလက်သုံး ဆုပ်ထည့်ပြီး ညောင်ပင်ကြီးကြီးမှ ရုက္ခစိုးတွင် လှူရင်း လိုရာ ဆုတောင်းပါ။

အသက်…၄၊ ၁၂၊ ၂၀၊ ၂၈၊ ၃၆၊ ၄၄၊ ၅၂၊ ၆၀၊ ၆၈၊ ၇၆၊ ၈၄၊ ၉၂၊ ၁၀၀၊ ၁၀၈ နှစ် အတွင်း၌ ရာဟု သက်ရောက် ဖြစ်၏

သင်သည် ယခုနှစ် အတွင်း၌ အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့ရလိ့မည်။ ပျော်ပွဲ ရွှင်ပွဲများသို့ သွားခြင်း၊ ကလေးများကို ရုပ်ရှင် ပြသခြင်းများ ပြုလုပ်ရမည်။ လုပ်ငန်းသစ်များ စလုပ်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာအကျိုးပေး အောင်မြင်မည်။ ငွေအလွန်ရွှင်နေမည့် ကာလဖြစ်သည်။

အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ ရတတ်၏။ ရွှေဝင်မည် ရတနာပစ္စည်းများ ဝင်မည်။ ဘုရားဆင်းတုတော် ပုံတော်များ ကြွလာမည်။

သင့်အတွက် အလွန်ကောင်းသော နိမိတ်ဖြစ်ပါသည်။ ဤကာလအတွင်း စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။ ကိုယ်ကျင့်တရား ပျက်သော် နှစ်ရည် ဒုက္ခတွေ့ တတ်၏။

အမှုအခင်းဖြစ်နေသူကို ငွေမချေးပါနှင့်။ အာမခံ မလိုက်ပါနှင့်။ သတိပြု ရှောင်ကျဉ်ပါ။ အိမ်ထောင်ရှိ သူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေကြီးစွာ ဖြစ်တတ်၏။ အောက်လက်ငယ်သား ဒုက္ခပေးတတ်၏။

နာရေးကိစ္စကို အကြောင်းပြု၍ ခရီးသွားရတတ်၏။ ကတိစကားများ ပျက်တတ်၏။ ဆရာသမား ကဲ့သို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေဖြစ်မည်။ လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲရတတ်၏။

အစားမှား၊ ဆေးမှားဖြစ်ချင်း သွားဒုက္ခပေးခြင်းများ ကြုံမည်။ မြေကိစ္စ အမွေကိစ္စများ ကြုံမည်။ ရေတွင်း၊ရေကန် ကိစ္စများ ဆောင်ရွက်လျှင် အောင်မြင်မည်။ ခရီးကိစ္စများ အထစ်အငေါ့ အဆင်မပြေ ဖြစ်တတ်၏။

“ယတြာ”

မွေးနေ့ နံနက်တွင် တန်ခိုးကြီးဘုရားသို့ သွား၍ ရောင်စုံကြက်လျှာ ၆ လက်လှူရင်း လိုရာဆုတောင်းပါ။ ဆိတ်သားဟင်းနှင့် ထမင်းကြမ်း နယ်၍ ခွေးကြွေးပါ။

၅ ၊၁၃၊၂၁၊၂၉၊ ၃၇၊ ၄၅၊ ၅၃၊ ၆၁၊ ၆၉၊ ၇၇၊ ၈၅၊ ၉၃၊ ၁၀၁ နှစ် အတွင်း၌ သောကြာသက်ရောက် ဖြစ်၏

သင်သည် ယခုနှစ်ပိုင်းအတွင်း မိဘကို ကောင်းစွာ ပြုစုစောင့်ရှောက်နိုင်မည့် အချိန်ဖြစ်၏။ စီးပွား သိသိသာသာ တက်မည်။ သိကြား မလိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားမည်။

လုပ်ငန်းများ သိသိသာသာ အောင်မြင်မှုရမည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာခရီးများ ပြည်တွင်ပြည်ပ ခရီးများသွားရတတ်၏။ ဝန်ထမ်းဖြစ်လျှင် ရာထူး တတ်ခြင်း၊ အခြေအနေ အဆင့်အတန်း မြင့်မားခြင်းများကြုံမည်။

သင်တန်းတစ်ခုတက်ရခြင်း၊ ပညာကောင်းရခြင်းများကြုံမည်။ မိတ်ဆွေကောင်း၊ ဆရာကောင်းများ တွေ့မည်။ အဖိုးတန် ပစ္စည်းများဝင်မည်။ မြေကိစ္စ အမွေကိစ္စ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း၊ ငွေအဝင် အထွက်ကြမ်းခြင်း များကြုံလိမ့်မည်။

ရပ်ဝေးမှ စာများ၊ အဆက်အသွယ်များ ရမည်။ ရန်များခြင်း၊ စကားများဖြေရှင် ရခြင်း၊ ရင်းနှီးသူအားလုပ်ဖေါ် ကိုင်ဘက် များနှင့် အဆင်မပြေ လမ်းခွဲ ရခြင်းများကြုံမည်။ စိုးရိမ်ရလောက်အောင် မဟုတ်ပါ။

အလုပ်နှင့်ပတ်သက်၍ ကောင်းသော အပြောင်းအလဲများ နေရာကောင်း ရခြင်းများ ကြုံမည်။ အမှုအခင်း ရုံးပြင် ကန္တားနှင့် ပတ်သက် ရတတ်၏။ စိုးရိမ်စရာ မရှိပါ။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက် အတွက် စိတ်ညစ် ရတတ်၏။

ဆွေမျိုးသားချင်းများ ကျန်းမာေ အသည်းအသန် ဖြစ်တတ်၏။ လာမည့်မွေးလ၊ မွေးရက်အထိ၊ အသုဘရှောင်ခြင်း၊ သင်္ချိင်းမြေ နင်းခြင်းများ မလုပ် ပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေး ညံခြင်း လေနှင့် ပတ်သက်၍ ကျန်းမာရေးညံခြင်း ဒူး၊နား ဒုက္ခပေးခြင်းများ ကြုံရတတ်၏။ စပ်တူရှယ်ယာ လုပ်ငန်းများပေါ်လာလိမ့်မည် လုပ်လျှင် အောင်မြင် မည်။

ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့် ကာလဖြစ်ပါ၏။ အုန်းအစို့ပေါက်တတ်၏။

“ယတြာ”

ကြာသပတေးနေ့ နံနက်တွင် အိမ်ဘုရား၌ စမူဆာတစ်ပွဲ ဆွမ်းတော် ကပ်ရင်း လိုရာဆုတောင်းပါ။ ထန်းလျက်ခဲ ခွေးကြွေးပါ။

အသက်..၆၊ ၁၄၊၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ၇၀၊ ၇၈၊ ၈၆၊ ၉၄၊ ၁၀၂ နှစ် အတွင်း၌ တနင်္ဂနွေ သက်ရောက် ဖြစ်၏

သင်သည်ယခုနှစ်အတွင်း၊ အလုပ်နေရာ၊ အိမ်နေရာ၊ ပြင်ဆင်မွမ်းမံရခြင်း၊ ပြောင်းရွှေ့ရခြင်း လုပ်ရတက်၏၊ လုပ်ငန်း အသစ်ပေါ်ခြင်း (သို့)လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်များ ပေါ်လာလိမ့်မည်။

လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်၏။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျ တက်သော ကာလဖြစ်၏။ သင့်အနေနဲ့ စီးပွားအလွန်တက်နေပြီ၊ ချမ်းသာနေပြီဟု ဆွေမျိုးသားချင်း အပေါင်းအသင်းတို့က အထင်ကြီးနေ လိမ့်မည်။

သူခိုး မျက်စိ ကျခံရသော ကာလဖြစ်၍ သူခိုး အခိုးခံရတက်ကြောင်း သတိပြုပါလေ။ ခရီးအကျိုးပေးအေသာ ကာလဖြစ်ပါသည်။ ဘုရားဖူးခရီးသွားရတတ်၏။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။

ရပ်ဝေးမှဆွေမျိုးသားချင်းများ ရောက်လာတတ်၏။ အိမ်သို့ အတောင်ပေါက်သော သတ္တဝါဝင်လာတတ်၏။ ဝင်လျှင် နမိတ်ကောင်း၏။ သွပ်၊သံ၊သစ် စသော သောကြာနံပစ္စည်းများ ဝင်လာတတ်၏ ။

မိတ်ဆွေရင်း၊ လုပ်ဖော်ကိုင်ဖက်တို့က ဒုက္ခပေးတတ်၏။ မြေကိုအကြောင်းပြု၍ စိတ်ညစ် ရတတ်၏။ ရွေနှင့် အဖိုးတန် ရတနာပစ္စည်းများ ဝင်လာ တတ်၏။ ဘုရားဆင်းတုတော်၊ ဓာတ်တော်၊ရဟန္တာ ပုံတော်များ ဝင်လာတတ်၏

စက်ပစ္စည်းများ အသစ်လဲ ရခြင်း၊ ထွက်နေသော ပစ္စည်းများ ပြန်ဝင်ခြင်းများ ကြုံရတတ်၏။ လက်ဝတ်ရတနာ ကျောက်ပြုတ် ထွက်ခြင်း၊ ပျောက်ခြင်းဖြစ်တတ်၏။

ဤကာလသည် ငယ်ရွယ်သူများအဖို့ အချစ်ရေးတွင် လမ်းခွဲရလောက်အောင် ပြသနာဖြစ်ရတတ်သော ကာလဖြစ်ပါ၏။ အလှူအတန်းကိစ္စ၊ မင်္ဂလာကိစ္စ ရက်ရွှေ့ရတက်၏။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာ ကြုံရတတ်၏။

မိသားစု အကြီးအကဲ၊ လုပ်ငန်းအကြီးအကဲတို့ကြောင့် စိတ်ညစ်ရတက်၏။ ငွေကြေးအထစ်အငေါ့ကြီးစွာ ဖြစ်ခြင်း ကြွေးဆုံးခြင်းတို့ ကြုံရတတ်၏။

“ယတြာ”

မည်သည့်ဘုရားတွင် မဆို သောကြာနေ့နံနက်တွင် ဗုဒ္ဓဟူးဒေါင့်ကို သွား၍ ဿသနာအလံ (၁၀)လက်လှူ၍ လိုရာ ဆုတောင်းပါ။ ဘဲဥတွင် အမည်ရေး၍ ပေါက်ခွဲပါ။

အသက်…၇၊ ၁၅၊၂၃၊ ၃၁၊ ၃၉၊ ၄၇၊ ၅၅၊ ၆၃၊ ၇၁၊ ၇၉၊ ၈၇၊ ၉၅၊ ၁၀၃ နှစ် အတွင်း၌ တနင်္လာ သက်ရောက် ဖြစ်၏

ယခုနှစ်အတွင်း သင်သည် အလှူအတန်း ကိစ္စများ မုချ လုပ်ရမည်ဖြစ်၏။ ငွေအစုလိုက် အပုံလိုက် ဝင်လာမည်ဖြစ်၏။ မိမိ၏အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်ကောင်း ဝင်လာတက်၏ ။

ဤကာလ၌ သာမန် အခြေအနေမျိုး မှနေ၍ စီးပွား အရှိန်အဟုန်နှင့် တက်ကာ အိမ်ပိုင်၊ ကားပိုင်ဖြစ် သွားတက်၏။ မိမိ အားပြသနာလုပ်နေ သူများ ရှိလျှင် အဆင်ပြေသွားလိမ့်မည်။ မသင့်မြတ် သူများနှင့် ပြန်လည် သင့်မြတ်သွားမည်။

အရေးကြီးသော ကံများကို ထိန်းသိမ်းရန် အလွန်အရေးကြီးသော အချိန်အပိုင်းအခြားဖြစ်၏။ ဤအချိန်၌ မထိန်းသိမ်းနိုင်လျှင် နောင် (၃)နှစ် ကြာသောအခါ စီးပွားပျက်ခြင်း၊ အန္တရာယ်ကြုံခြင်း ဖြစ်တတ်၏ ။

အဖိုးတန်ကျောက် မျက်ရတနာ ဝင်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရ တက်သော ကာလဖြစ်၏။ အထက်လူကြီး မိသားစုအကြီးအကဲများကြောင့် စိတ်ညစ်ရမည်ဖြစ်၏။ လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင် မည်ဖြစ်၏။

ခရီးများမကြာခန ထွက်ရတတ်၏။ ထိုခရီးများသည်လဲ အကျိုးပေးအောင်မြင်မည်။ ဝန်ထမ်းဆိုလျှင် ရာထူး တက်ခြင်း၊ အခြေအနေမြင့် တက်ခြင်းကြုံရ လိမ့်မည်ဖြစ်၏။ ပညာရေး ကိစ္စများ၊ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ် ရတတ်၏။

ရွှေထွက်ခြင်း ရွှေအတွက်ပြော ဆိုဖြေရှင်း ရခြင်း ကြုံရတတ် ၏အောက်လက်ငယ်သား၊သားသမီး ထွက်သွားခြင်း ၎င်းတိုအတွက် သောကရောက်ခြင်းများ ကြုံရတတ်၏။ ဆီးချိုရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်၏။

စာရွက်စာတမ်းကိစ္စ ၊စာချုပ်ကိစ္စများအတွက် စိတ်ညစ်ရခြင်းမျာ းကြုံရတတ်၏။ ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီပေးနိုင်၏။ လက်ရှိ အလုပ်အကိုင်ကို စိတ်မဝင်စားခြင်း၊ အလုပ်ပြောင်းလို စိတ်များကြုံ လာတက်၏။

“ယတြာ”

တနင်္လာ နေ့၌ တန်ခိုးကြီးဘုရား တစ်ဆူတွင် တံခွန်လုံး (၉)လုံး လှူ၍ လိုရာ ဆုတောင်းပါ။ အရူးကို အာလူးကြော်ကျွေးပါ။

အသက်…၈၊ ၁၆၊၂၄၊ ၃၂၊ ၄၀၊ ၄၈၊ ၅၆၊ ၆၄၊ ၇၂၊ ၈၀၊ ၈၈၊ ၉၆၊ ၁၀၄ နှစ် အတွင်း၌ အဂါၤ သက်ရောက် ဖြစ်၏

သင်သည် ယခုနှစ်အတွင်း ဘုရားဆင်းတုတော်ပုံတော် ရဟန္တာပုံတော်များ ကြွလာတတ်၏။ မထင်မှတ်ထားသော ခရီးများ၊ မရည်ရွယ်သော ခရီးများ သွားရတတ်၏။ လူမျိုးခြားကူညီခြင်း နိုင်ငံခြားနှင့် ပတ်သတ်သော ကိစ္စများအောင်မြင်ခြင်းများ ကြုံရ မည်ဖြစ်၏။

နာမည်ဂုဏ် သတင်းတိုးတက်ခြင်း ဘုန်းတန်ခိုး တိုးတက်ခြင်းများ ကြုံရမည်ဖြစ်၏။ မနာလိုသူလဲ ပေါ လိမ့်မည်။ မိမိထက် မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေး တတ်သော ကာလဖြစ်၏။

လုပ်ဖော်ကိုင်ဘက်များ မိတ်ရင်းဆွေရင်းများနှင့် လမ်းခွဲ ရတတ်သည်။ စနေနံ ပစ္စည်းများ ဝင်လာလိမ့်မည်။ ရေတွင်းရေကန် ကိစ္စများ အောင်မြင်မည်ဖြစ်၏။ လုပ်ငန်းများ အောင်မြင်တော့ မလိုလိုနှင့် အခက်အခဲကြီးစွာ ကြုံရတတ်၏ ကြီးကဲသူများ အထက်လူကြီးများကြောင့် စိတ်ညစ် ရတတ်၏။

အလှူပွဲ မင်္ဂလာပွဲ အစီအစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ဖြစ်ရတတ်၏။ အိမ်ထောင်ရှိလျင် အိမ်ထောင်ရေး အဆင်ပြေနေမည်။

လက်ရှိ အလုပ်အကိုင် ပြောင်းချင်စိတ် ဖြစ်ပေါ်နေမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်၏။ အစာအိမ်ဖြစ်ခြင်း ကျန်းမာရေး ညံ့၍ ခြေထောက်၊ ခါး၊ သွား ဒုက္ခပေးခြင်း ကြုံရတတ်၏။

ဤကာလအတွင်း အမှုအခက်းမဖြစ်စေရန် အထူးဂရုစိုက်ဖို့ လိုပေ၏။ ဖြစ်ခဲ့လျှင် မပြီးနိုင်ပဲ ဖြစ်နေတတ်၏။ ငွေနှင့် လိုက်လျှင် ရှုံးသွားတက်ပါ၏။ ပစ္စည်းမငှါးရမ်းပါနှင်။့ ဆုံးသွားလိမ့်မည်။

ဤကာလအတွင့် မည်သည့် အခက်အခဲနှင့် ကြုံသည်ဖြစ်စေ အားကိုး မရှာပါနှင့်။ ဒုက္ခပေးမည့်သူများသာပေါ်လာတတ်၏။ အောက်လက်ငယ်သား ထွက်သွားတတ်ခြင်း၊ ကျန်းမာရေးညံံ့ခြင်း ကြုံရတတ်၏။

ထီဘက်၌ ကံကောင်းသော အချိန်ဖြစ်ပါ၏။ ပညာအသစ်တစ်ခု ရတတ်၏။ အိမ်ထောင်ဘက် ကျန်းမာရေး ညံလိမ့်မည်။ ဆေးရုံ၊ ဆေးခန်းသွား ရတတ်၏။ ကျောဒုက္ခပေးခြင်း၊ ကျော၌ကျန်းမာရေး ညံ့ခြင်း ရောဂါ ရခြင်းများ ဖြစ်တတ်၏။

“ယတြာ” စနေနေ့နံနက်တွင် အိမ်ဘုရား၌ မုန်ဖက်ထုပ် ၁၂ ထုပ် လှူ၍ လိုရာ ဆုတောင်းပါ။ သခွားသီးတွင် သွားကြားထိုးတံ သက်စေ့ စိုက်၍ ရေမျောပါ။

ကျန်နေ့သားသမီးများ အတွက် ကိုလည်း ဆက်လက်ဖော်ပြပေးပါမည်။

ဗေဒင်၊ယတြာ၊ ဂမ္ဘီရအကြောင်းများကို သိချင်တယ်၊ ဖတ်ချင်တယ်ဆိုရင် သာထက်ဆန်း အကောင့်ကို Follower လုပ်ပြီး See first လုပ်ထားပါ။

မိတ်ဆွေတို့၏ကောင်းကျိုးကို အမှန်တကယ်လိုလားသော ☯ဆရာသာထက်ဆန်း ✡
ကျိုက်ဝိုင်းဘုရားအနောက်ဘက်မုဒ်၊ 09762992335

Be the first to comment

Leave a Reply

Your email address will not be published.


*