ဝက်ခြံမထွက်အောင် အသားအရေကို ဘယ်လိုထိန်းသိမ်းကြမလဲ

ဝက်ခြံမထွက်အောင် အသားအရေကို ဘယ်လိုထိန်းသိမ်းကြမလဲ
ဝက်ခြံမထွက်အောင် အသားအရေကို ဘယ်လိုထိန်းသိမ်းကြမလဲ

ဝက်ခြံမထွက်အောင် အသားအရေကို ဘယ်လိုထိန်းသိမ်းကြမလဲ

လူတိုင်း ကြည့်ကောင်းချင်ကြသည် လှချင်ကြသည်ချည်း ဖြစ်သည်။ နေ့စဉ်သုံး အသားရေထိန်း ပစ္စည်းများက သင့် အသားရေကို အဆီပြန်ခြင်း လျှော့ချခြင်း၊ ချွေးပေါက်များကို သန့်စင်ပေးခြင်းနှင့် ဝက်ခြံများကို သက်သာစေခြင်း၊

ကာကွယ်ပေးခြင်း စသည်တို့ဖြင့် များစွာ အထောက်အကူ ပြုနိုင်ပါသည်။ ဝက်ခြံမဖြစ်အောင် ထိန်းသိမ်းရာတွင် အချိန်သိပ်ပေးရန် မလိုသလို ဈေးကြီးသော ပစ္စည်းများကိုသာ အသုံးပြုရန်လည်း မလိုပါ။

အောက်ပါ နည်းလမ်းများသည် သင့်အတွက် သန့်စင် ကြည်လင်သော အသားရေကို ပိုင်ဆိုင်နိုင်ရန် ကူညီ ပေးလိမ့်မည် ။

အဆင့် ၁။ သင့် အသားရေ အမျိုးအစားကို သိအောင် လုပ်ပါ

အဆီပြန်သော အသားရေ များတွင် မွှေးညင်းပေါက်များလည်း ကျယ်နေတတ်သည်။ ခြောက်သွေ့သော အသားရေ ဆိုလျှင် အဖတ်များ ကွာကျပြီး ကြမ်းတမ်းသည်။

အလယ်လတ် အနေအထား ရှိသူများသည် ပါးပြင်နေရာများတွင် အစက်အပြောက်များ ရှိနေတတ်ပြီး နဖူး နှာခေါင်းနှင့် မေးစေ့များတွင် အဆီပြန် တတ်သူ များဖြစ်သည်။

အချို့သည် မိတ်ကပ်နှင့် အလှကုန် ပစ္စည်းများနှင့် ထိတွေ့လျှင် ယားခြင်း လောင်ခြင်းတို့ ဖြစ်သော နုနယ်သော အရေပြားများဖြစ်သည်။ ပုံမှန်အသားရေ အမျိုးအစား ရှိသူများသည် ရေဓါတ်မျှတပြီး ၊ ကြည်လင်သော၊ အလွန်တရာ မနုနယ်သော အရေပြားပိုင်ရှင် များဖြစ်ကြသည်။

အဆင့်၂။ ပုံမှန်နှင့် အလယ်လတ် အမျိုအစားရှိ အသားရေများကို သန့်စင်ခြင်း သင့်မျက်နှာကို သစ်ရာတွင် တွေ့ရာ ဆပ်ပြာဖြင့် မသစ်ပါနှင့်။

ပေါ်ပင် ၊ ဈေးကြီးသော အလှကုန် များကိုလည်း ဝယ်သုံးရန် မလိုပါ။ သင့် အသားရေနှင့် သင့်တော်မည့်ပစ္စည်းမျိုးကိုသာ မှန်ကန်စွာ ရွေးချယ် ပါ။

သင့် အသားရေနှင့် သင့်တော်သည့် သန့်စင်ဆေးရည်မျိုးကိုသာ မှန်ကန်စွာရွေး ချယ်ပါ။ ဝက်ခြံပေါက်နေလျှင် ဆေးဆိုင်များတွင် ရောင်းသော ဝက်ခြံပျောက်ဆေးများကို ဝယ်သုံးပါ။ မျက်နှာကို လက်နှင့် ပွတ်ခြင်း၊ ကုပ်ခြင်းမပြုရ။

မျက်နှာကို ရေနွေးဖြင့် သန့်စင်ပြီး သန့်ရှင်းသည့် အဝတ်ဖြင့် ခြောက်အောင် သုတ်ပါ။ သင့်မျက်နှာသစ်ဆေးက သင့်ကို အဆီပိုပြန်စေသော် လည်းကောင်း အသားရေ ပိုခြောက်စေလျှင်သော်လည်းကောင်း ဖြစ်ပါက ဆက် မသုံးပါနှင့်။

သင်သည် အသားရေခြောက်သူ ဖြစ်ပါက အရက်ပြန် ၊ အမွှေးအကြိုင် ပါသော မျက်နှာသစ်မျိုးကိုရှောင်ပါ။ ၎င်းတို့ သည် သင့်အရေပြားတွင် ရှိသော သဘာဝဆီများကို ဖယ်ရှားပစ်နိုင်သောကြောင့် ဖြစ်သည်။

သင်သည် အဆီပြန်သော အသားရေ ပိုင်ရှင် ဖြစ်ပါက အဆီမပါသော မျက်နှာသစ်မျိုးကို သုံးရမည်။ ထို့နောက် မျက်နှာကို ရေနွေးဖြင့် သန့်စင်ပြီး သန့်ရှင်းသည့် အဝတ်ဖြင့် ခြောက်အောင် သုတ်ပါ။

သင်သည် နုနယ်သော အသားရေပိုင်ရှင်ဖြစ်ပါက ဓါတုဗေဓနည်းသော အပျော့စား မျက်နှာသစ်မျိုးကို သုံးရမည်။ ထို့နောက် မျက်နှာကို ရေနွေးဖြင့် သန့်စင်ပြီး သန့်ရှင်းသည့် အဝတ်ဖြင့် ခြောက်အောင် သုတ်ပါ။

မျက်နှာကို ပွတ်ခြင်းမလုပ်ရ။ ၎င်းသည် သင့်နုနယ်သော အရေပြားကို ပိုဆိုးစေ နိုင်သည်။ အရက်ပြန် ၊ အက်ဆစ်၊ ဆပ်ပြာနှင့် အမွှေးအကြိုင် ပါသော မျက်နှာသစ်မျိုးကိုရှောင်ပါ။

အဆင့် ၃။ အစိုဓါတ်ကို ထိန်းသိမ်းပါ။

လူအတော်များက အစိုဓါတ် ထိန်းသိမ်းမှုကို အသက်ကြီးမှ ပြုလုပ်သင့်သည်ဟု ထင်ထားကြသည်။ အမှန်မှာ အဆီပြန်သော အသားရေ အပါအဝင် မည်သူမဆို အသားရေခြောက်သွေ့မှု မဖြစ်စေရန် အစိုဓါတ်ထိန်းပစ္စည်းများကို လိမ်းသင့်သည်။

အစိုဓါတ်ထိန်း ခရင်မ်ကို သင်မျက်နှာ သစ်ပြီးခါစ စိုဖန့်ဖန့် အချိန်တွင် လိမ်းပေးခြင်းက စိမ့်ဝင်အား ပိုကောင်းသည်။

အသားရေခြောက်ခြင်းနှင့် အဖတ်များ ကွာကျခြင်းကို ကာကွယ်ရန် ဓါတ်မပြင်းသော အစိုဓါတ်ထိန်း ခရင်မ်ကို တနေ့လျှင် ၂ ကြိမ်လိမ်း သင့်သည်။

အကယ်၍သင်သည် အဆီပြန်သော၊ ဝက်ခြံပေါက်သော အသားရေဖြစ်ပါက မစေးပျစ်သော အဆီမပါသော အစိုဓါတ်ထိန်း ခရင်မ်ကို ရွေးချယ် သုံးစွဲခြင်းက သင့်မွှေးညှင်ပေါက်များ ပိတ်ဆို့ပြီး ဝက်ခြံများကို သက်သာစေ လိမ့်မည်။

အဆင့်၄။ နေရောင်ကာ ခရင်မ်များကို လိမ်းပါ။

သင်သုံးနေသော အစိုဓါတ်ထိန်း ခရင်မ်တွင် နေရောင်ကာ ပစ္စည်းပါကောင်း ပါနိုင်သည်။ သို့သော် သင့် အရေပြားသည် နေရောင်နှင့် ၁၅ မိနစ်ကြာ ထိတွေ့ရုံနှင့် ပျက်စီးနိုင်သောကြောင့် နေရောင်ကာ ခရင်မ်ကို သီးသန့် ထပ်လိမ်းခြင်းက အကောင်းဆုံးဖြစ်သည်။

သင့်အသက်ငယ်ရွယ်သော်လည်း အရေပြား ကင်ဆာဖြစ်နိုင်ချေ ရှိကြောင်း သတိပြုပါ။ ခရမ်းလွန်ရောင်ခြည် A နှင့် B ကို ကာကွယ်ပေးသော SPF အနည်းဆုံး ၃၀ ပါဝင် သည့် ခရင်မ်မျိုးကို ရွေးချယ်ပါ။

အချုပ်ဆိုရသော် ဝက်ခြံကို ကာကွယ်ရန် မှန်ကန်သော ပစ္စည်းများဖြင့် သင့် အရေပြားကို ထိန်းသိမ်းခြင်းသည် အရေးကြီးပါသည်။ အထက်ပါ အကြံပေးချက်များကို လိုက်နာခြင်းဖြင့် ကျန်းမာသော အရေပြား ပိုင်ရှင်များဖြစ်ကြပါစေ။

မူရင်းအား လေးစားစွာ credit ပေးပါသည်

Zawgyi

ဝက္ၿခံမထြက္ေအာင္ အသားအေရကို ဘယ္လုိထိန္းသိမ္းၾကမလဲ

လူတိုင္း ၾကည့္ေကာင္းခ်င္ၾကသည္ လွခ်င္ၾကသည္ခ်ည္း ျဖစ္သည္။ ေန႔စဥ္သုံး အသားေရထိန္း ပစၥည္းမ်ားက သင့္ အသားေရကို အဆီျပန္ျခင္း ေလွ်ာ့ခ်ျခင္း၊ ေခြၽးေပါက္မ်ားကို သန႔္စင္ေပးျခင္းႏွင့္ ဝက္ၿခံမ်ားကို သက္သာေစျခင္း၊

ကာကြယ္ေပးျခင္း စသည္တို႔ျဖင့္ မ်ားစြာ အေထာက္အကူ ျပဳႏိုင္ပါသည္။ ဝက္ၿခံမျဖစ္ေအာင္ ထိန္းသိမ္းရာတြင္ အခ်ိန္သိပ္ေပးရန္ မလိုသလို ေဈးႀကီးေသာ ပစၥည္းမ်ားကိုသာ အသုံးျပဳရန္လည္း မလိုပါ။

ေအာက္ပါ နည္းလမ္းမ်ားသည္ သင့္အတြက္ သန႔္စင္ ၾကည္လင္ေသာ အသားေရကို ပိုင္ဆိုင္ႏိုင္ရန္ ကူညီ ေပးလိမ့္မည္ ။

အဆင့္ ၁။ သင့္ အသားေရ အမ်ိဳးအစားကို သိေအာင္ လုပ္ပါ

အဆီျပန္ေသာ အသားေရ မ်ားတြင္ ေမႊးညင္းေပါက္မ်ားလည္း က်ယ္ေနတတ္သည္။ ေျခာက္ေသြ႕ေသာ အသားေရ ဆိုလွ်င္ အဖတ္မ်ား ကြာက်ၿပီး ၾကမ္းတမ္းသည္။

အလယ္လတ္ အေနအထား ရွိသူမ်ားသည္ ပါးျပင္ေနရာမ်ားတြင္ အစက္အေျပာက္မ်ား ရွိေနတတ္ၿပီး နဖူး ႏွာေခါင္းႏွင့္ ေမးေစ့မ်ားတြင္ အဆီျပန္ တတ္သူ မ်ားျဖစ္သည္။

အခ်ိဳ႕သည္ မိတ္ကပ္ႏွင့္ အလွကုန္ ပစၥည္းမ်ားႏွင့္ ထိေတြ႕လွ်င္ ယားျခင္း ေလာင္ျခင္းတို႔ ျဖစ္ေသာ ႏုနယ္ေသာ အေရျပားမ်ားျဖစ္သည္။ ပုံမွန္အသားေရ အမ်ိဳးအစား ရွိသူမ်ားသည္ ေရဓါတ္မွ်တၿပီး ၊ ၾကည္လင္ေသာ၊ အလြန္တရာ မႏုနယ္ေသာ အေရျပားပိုင္ရွင္ မ်ားျဖစ္ၾကသည္။

အဆင့္၂။ ပုံမွန္ႏွင့္ အလယ္လတ္ အမ်ိဳအစားရွိ အသားေရမ်ားကို သန႔္စင္ျခင္း သင့္မ်က္ႏွာကို သစ္ရာတြင္ ေတြ႕ရာ ဆပ္ျပာျဖင့္ မသစ္ပါႏွင့္။

ေပၚပင္ ၊ ေဈးႀကီးေသာ အလွကုန္ မ်ားကိုလည္း ဝယ္သုံးရန္ မလိုပါ။ သင့္ အသားေရႏွင့္ သင့္ေတာ္မည့္ပစၥည္းမ်ိဳးကိုသာ မွန္ကန္စြာ ေ႐ြးခ်ယ္ ပါ။

သင့္ အသားေရႏွင့္ သင့္ေတာ္သည့္ သန႔္စင္ေဆးရည္မ်ိဳးကိုသာ မွန္ကန္စြာေ႐ြး ခ်ယ္ပါ။ ဝက္ၿခံေပါက္ေနလွ်င္ ေဆးဆိုင္မ်ားတြင္ ေရာင္းေသာ ဝက္ၿခံေပ်ာက္ေဆးမ်ားကို ဝယ္သုံးပါ။ မ်က္ႏွာကို လက္ႏွင့္ ပြတ္ျခင္း၊ ကုပ္ျခင္းမျပဳရ။

မ်က္ႏွာကို ေရေႏြးျဖင့္ သန႔္စင္ၿပီး သန႔္ရွင္းသည့္ အဝတ္ျဖင့္ ေျခာက္ေအာင္ သုတ္ပါ။ သင့္မ်က္ႏွာသစ္ေဆးက သင့္ကို အဆီပိုျပန္ေစေသာ္ လည္းေကာင္း အသားေရ ပိုေျခာက္ေစလွ်င္ေသာ္လည္းေကာင္း ျဖစ္ပါက ဆက္ မသုံးပါႏွင့္။

သင္သည္ အသားေရေျခာက္သူ ျဖစ္ပါက အရက္ျပန္ ၊ အေမႊးအႀကိဳင္ ပါေသာ မ်က္ႏွာသစ္မ်ိဳးကိုေရွာင္ပါ။ ၎တို႔ သည္ သင့္အေရျပားတြင္ ရွိေသာ သဘာဝဆီမ်ားကို ဖယ္ရွားပစ္ႏိုင္ေသာေၾကာင့္ ျဖစ္သည္။

သင္သည္ အဆီျပန္ေသာ အသားေရ ပိုင္ရွင္ ျဖစ္ပါက အဆီမပါေသာ မ်က္ႏွာသစ္မ်ိဳးကို သုံးရမည္။ ထို႔ေနာက္ မ်က္ႏွာကို ေရေႏြးျဖင့္ သန႔္စင္ၿပီး သန႔္ရွင္းသည့္ အဝတ္ျဖင့္ ေျခာက္ေအာင္ သုတ္ပါ။

သင္သည္ ႏုနယ္ေသာ အသားေရပိုင္ရွင္ျဖစ္ပါက ဓါတုေဗဓနည္းေသာ အေပ်ာ့စား မ်က္ႏွာသစ္မ်ိဳးကို သုံးရမည္။ ထို႔ေနာက္ မ်က္ႏွာကို ေရေႏြးျဖင့္ သန႔္စင္ၿပီး သန႔္ရွင္းသည့္ အဝတ္ျဖင့္ ေျခာက္ေအာင္ သုတ္ပါ။

မ်က္ႏွာကို ပြတ္ျခင္းမလုပ္ရ။ ၎သည္ သင့္ႏုနယ္ေသာ အေရျပားကို ပိုဆိုးေစ ႏိုင္သည္။ အရက္ျပန္ ၊ အက္ဆစ္၊ ဆပ္ျပာႏွင့္ အေမႊးအႀကိဳင္ ပါေသာ မ်က္ႏွာသစ္မ်ိဳးကိုေရွာင္ပါ။

အဆင့္ ၃။ အစိုဓါတ္ကို ထိန္းသိမ္းပါ။

လူအေတာ္မ်ားက အစိုဓါတ္ ထိန္းသိမ္းမႈကို အသက္ႀကီးမွ ျပဳလုပ္သင့္သည္ဟု ထင္ထားၾကသည္။ အမွန္မွာ အဆီျပန္ေသာ အသားေရ အပါအဝင္ မည္သူမဆို အသားေရေျခာက္ေသြ႕မႈ မျဖစ္ေစရန္ အစိုဓါတ္ထိန္းပစၥည္းမ်ားကို လိမ္းသင့္သည္။

အစိုဓါတ္ထိန္း ခရင္မ္ကို သင္မ်က္ႏွာ သစ္ၿပီးခါစ စိုဖန႔္ဖန႔္ အခ်ိန္တြင္ လိမ္းေပးျခင္းက စိမ့္ဝင္အား ပိုေကာင္းသည္။

အသားေရေျခာက္ျခင္းႏွင့္ အဖတ္မ်ား ကြာက်ျခင္းကို ကာကြယ္ရန္ ဓါတ္မျပင္းေသာ အစိုဓါတ္ထိန္း ခရင္မ္ကို တေန႔လွ်င္ ၂ ႀကိမ္လိမ္း သင့္သည္။

အကယ္၍သင္သည္ အဆီျပန္ေသာ၊ ဝက္ၿခံေပါက္ေသာ အသားေရျဖစ္ပါက မေစးပ်စ္ေသာ အဆီမပါေသာ အစိုဓါတ္ထိန္း ခရင္မ္ကို ေ႐ြးခ်ယ္ သုံးစြဲျခင္းက သင့္ေမႊးညႇင္ေပါက္မ်ား ပိတ္ဆို႔ၿပီး ဝက္ၿခံမ်ားကို သက္သာေစ လိမ့္မည္။

အဆင့္၄။ ေနေရာင္ကာ ခရင္မ္မ်ားကို လိမ္းပါ။

သင္သုံးေနေသာ အစိုဓါတ္ထိန္း ခရင္မ္တြင္ ေနေရာင္ကာ ပစၥည္းပါေကာင္း ပါႏိုင္သည္။ သို႔ေသာ္ သင့္ အေရျပားသည္ ေနေရာင္ႏွင့္ ၁၅ မိနစ္ၾကာ ထိေတြ႕႐ုံႏွင့္ ပ်က္စီးႏိုင္ေသာေၾကာင့္ ေနေရာင္ကာ ခရင္မ္ကို သီးသန႔္ ထပ္လိမ္းျခင္းက အေကာင္းဆုံးျဖစ္သည္။

သင့္အသက္ငယ္႐ြယ္ေသာ္လည္း အေရျပား ကင္ဆာျဖစ္ႏိုင္ေခ် ရွိေၾကာင္း သတိျပဳပါ။ ခရမ္းလြန္ေရာင္ျခည္ A ႏွင့္ B ကို ကာကြယ္ေပးေသာ SPF အနည္းဆုံး ၃၀ ပါဝင္ သည့္ ခရင္မ္မ်ိဳးကို ေ႐ြးခ်ယ္ပါ။

အခ်ဳပ္ဆိုရေသာ္ ဝက္ၿခံကို ကာကြယ္ရန္ မွန္ကန္ေသာ ပစၥည္းမ်ားျဖင့္ သင့္ အေရျပားကို ထိန္းသိမ္းျခင္းသည္ အေရးႀကီးပါသည္။ အထက္ပါ အႀကံေပးခ်က္မ်ားကို လိုက္နာျခင္းျဖင့္ က်န္းမာေသာ အေရျပား ပိုင္ရွင္မ်ားျဖစ္ၾကပါေစ။

မူရင္းအား ေလးစားစြာ credit ေပးပါသည္

Be the first to comment

Leave a Reply

Your email address will not be published.


*