
ေအာ္စကာဆုေပးပြဲမွာ အစီအစဥ္တင္ဆက္သူကို ပါး႐ိုက္ခဲ့တဲ့ မင္းသား ဝယ္လ္ စမစ္သ္
မတ္လ ၂၇ ရက္ညက အေမရိကန္မွာ က်င္းပတဲ့ ေအာ္စကာဆုေပးပြဲမွာ ေဟာလိဝုဒ္သ႐ုပ္ေဆာင္ ဝယ္လ္ စမစ္သ္က အစီအစဥ္တင္ဆက္သူ ခရစ္ ေရာ့ခ္ကို စင္ေပၚတက္ၿပီး ပါး႐ိုက္ခဲ့တဲ့အျဖစ္က ဒီဆုေပးပြဲအတြင္း လူေတြ အဓိက စိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။
ဝယ္လ္ စမစ္သ္နဲ႔အတူ ဒီဆုေပးပြဲကို တက္ေရာက္လာတဲ့ သူ႔ရဲ႕ဇနီး ေဂ်ဒါ ပင့္ကက္ စမစ္သ္ဟာ ေရာဂါေၾကာင့္ ဆံပင္ေတြ ကြၽတ္ထားၿပီး ေခါင္းတုံးျဖစ္ေနတာကို အစီအစဥ္တင္ဆက္သူ ခရစ္ ေရာ့ခ္က စင္ေပၚကေန ဟာသလုပ္ခဲ့တဲ့အတြက္ ျဖစ္ပါတယ္။
စင္ေပၚက ဆင္းလာၿပီးေနာက္ ဝယ္လ္ စမစ္သ္က သူ႔ထိုင္ခုံေပၚမွာ ျပန္ထိုင္ၿပီး သူ႔ဇနီးရဲ႕ နာမည္ကို ေနာက္ထပ္ ထည့္သြင္းမေျပာဖို႔ အစီအစဥ္တင္ဆက္သူကို လွမ္းေအာ္ေျပာခဲ့ပါေသးတယ္။
အစီအစဥ္ေနာက္ပိုင္းမွာေတာ့ ဝယ္လ္ စမစ္သ္ဟာ King Richard ႐ုပ္ရွင္အတြက္ အေကာင္းဆုံးသ႐ုပ္ေဆာင္ဆုကို လက္ခံရယူတဲ့အခါမွာ သူဟာ ေအာ္စကာပြဲနဲ႔ ဆုပဏာမလ်ာထားခံရသူေတြကို ေတာင္းပန္ေၾကာင္း ေျပာပါတယ္။
႐ုပ္ရွင္ထဲက ရစ္ခ်က္ ဝီလ်ံစ္ဟာ မိသားစုကို ခိုင္ခိုင္မာမာ ကာကြယ္သူ ျဖစ္တယ္၊ လူေတြက အခ်စ္ေၾကာင့္ ႐ူး႐ူးမိုက္မိုက္ အလုပ္ေတြ လုပ္တတ္ၾကတယ္လို႔ ေျပာခဲ့ပါတယ္။
ဘီဘီစီျမန္မာပိုင္း ႐ုပ္ပုံ – Getty Images
credit
Unicode
အော်စကာဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူကို ပါးရိုက်ခဲ့တဲ့ မင်းသား ဝယ်လ် စမစ်သ်
မတ်လ ၂၇ ရက်ညက အမေရိကန်မှာ ကျင်းပတဲ့ အော်စကာဆုပေးပွဲမှာ ဟောလိဝုဒ်သရုပ်ဆောင် ဝယ်လ် စမစ်သ်က အစီအစဉ်တင်ဆက်သူ ခရစ် ရော့ခ်ကို စင်ပေါ်တက်ပြီး ပါးရိုက်ခဲ့တဲ့အဖြစ်က ဒီဆုပေးပွဲအတွင်း လူတွေ အဓိက စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။
ဝယ်လ် စမစ်သ်နဲ့အတူ ဒီဆုပေးပွဲကို တက်ရောက်လာတဲ့ သူ့ရဲ့ဇနီး ဂျေဒါ ပင့်ကက် စမစ်သ်ဟာ ရောဂါကြောင့် ဆံပင်တွေ ကျွတ်ထားပြီး ခေါင်းတုံးဖြစ်နေတာကို အစီအစဉ်တင်ဆက်သူ ခရစ် ရော့ခ်က စင်ပေါ်ကနေ ဟာသလုပ်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။
စင်ပေါ်က ဆင်းလာပြီးနောက် ဝယ်လ် စမစ်သ်က သူ့ထိုင်ခုံပေါ်မှာ ပြန်ထိုင်ပြီး သူ့ဇနီးရဲ့ နာမည်ကို နောက်ထပ် ထည့်သွင်းမပြောဖို့ အစီအစဉ်တင်ဆက်သူကို လှမ်းအော်ပြောခဲ့ပါသေးတယ်။
အစီအစဉ်နောက်ပိုင်းမှာတော့ ဝယ်လ် စမစ်သ်ဟာ King Richard ရုပ်ရှင်အတွက် အကောင်းဆုံးသရုပ်ဆောင်ဆုကို လက်ခံရယူတဲ့အခါမှာ သူဟာ အော်စကာပွဲနဲ့ ဆုပဏာမလျာထားခံရသူတွေကို တောင်းပန်ကြောင်း ပြောပါတယ်။
ရုပ်ရှင်ထဲက ရစ်ချက် ဝီလျံစ်ဟာ မိသားစုကို ခိုင်ခိုင်မာမာ ကာကွယ်သူ ဖြစ်တယ်၊ လူတွေက အချစ်ကြောင့် ရူးရူးမိုက်မိုက် အလုပ်တွေ လုပ်တတ်ကြတယ်လို့ ပြောခဲ့ပါတယ်။
ဘီဘီစီမြန်မာပိုင်း ရုပ်ပုံ – Getty Images
credit
Leave a Reply