ငယ္စဥ္ကတည္းက ရုုိက္သြင္းခံခဲ႕ရတဲ႕ အေၾကာက္တရား

ငယ္စဥ္ကတည္းက ရုုိက္သြင္းခံခဲ႕ရတဲ႕ အေၾကာက္တရား
ငယ္စဥ္ကတည္းက ရုုိက္သြင္းခံခဲ႕ရတဲ႕ အေၾကာက္တရား

ငယ္စဥ္ကတည္းက ရုုိက္သြင္းခံခဲ႕ရတဲ႕ အေၾကာက္တရား

မင္းတုန္းမင္း ငယ္႐ြယ္စဥ္ ေမာင္လြင္ဘဝက စံေက်ာင္း ဆရာေတာ္ ဆီမွာ ပညာသင္ၾကားခဲ့ရတယ္။ တစ္ေန႔မွာ အင္းသားႀကီးငၾကဴးက ငါးေျခာက္ျပားႀကီး တစ္ျပားလာၿပီး လႉတယ္။ ဆရာေတာ္က ငါးေျခာက္ကို သိပ္ႀကိဳက္ပါသတဲ့။

ေက်ာင္းမွာကလည္း ငါးေျခာက္ျပတ္လပ္ေနခ်ိန္ျဖစ္ေတာ့ ဆရာေတာ္က ေမာင္လြင္ကို က်က္သေရခန္းထဲမွ ေသေေသခ်ာခ်ာ သိမ္းခိုင္းလိုက္ပါတယ္။ ေနာက္တစ္ေန႔ ဆရာေတာ္ ဆြမ္းဘုဥ္းေပးတဲ့အခါ ေမာင္လြင္ကို ငါးေျခာက္ ဖုတ္ခိုင္းေတာ့ ငါးေျခာက္က ရွာမေတြ႕ေတာ့ဘူး။

ဆရာေတာ္ကေတာ့ လက္ေဆးၿပီး ႏွမ္းဆီေမႊးေမႊးနဲ႔ ေရာက္လာမယ့္ ငါးေျခာက္ဖုတ္ကို ေစာင့္ေနတာေပါ့။ ေမာင္လြင္မွာ ဘယ္လိုမွ ရွာေဖြ ေမးျမန္း စုံစမ္းလို႔မရဘဲ ဗ်ာမ်ားေနခိုက္ … ” ဟဲ့ … ငလြင္မရေသးဘူးလား” လို႔ ေမးလိုက္ေတာ့ ညႇိဳးညႇိဳးငယ္ငယ္နဲ႔ပဲ ငါးေျခာက္ျပားႀကီး ေပ်ာက္ဆုံးသြားတဲ့အေၾကာင္း တင္ေလွ်ာက္ ရေတာ့တယ္။

” ငလြင္ … လာခဲ့” လို႔ ထားဝယ္ႀကိမ္ကို ဆြဲၿပီး ေခၚလိုက္တဲ့ ဆရာေတာ္အသံက ေက်ာင္းသား အားလုံးရဲ႕ ႏွလုံးသားကို ကန႔္လန႔္ျဖတ္ ဝင္သြားပါသတဲ့။

“ဟဲ့ … ငလြင္ နင္ဟာ ဘုရင့္သား၊ အေၾကာင္း ညီၫြတ္ရင္ ႏိုင္ငံကို အုပ္ခ်ဴပ္ မင္းလုပ္ရမယ့္သူ။ ဒီလိုလူက ငါးေျခာက္ျပား တစ္ခ်ပ္ကိုေတာင္ လုံၿခဳံေအာင္ မေစာင့္ေရွာက္ႏိုင္ရင္ ႏိုင္ငံကို နင္ဘယ္လို လုံၿခဳံေအာင္ လုပ္ႏိုင္ေတာ့မွာလဲ” လို႔ မိန႔္ၿပီး အခ်က္ေပါင္း မ်ားစြာ ႐ိုက္ႏွက္ဆုံးမပါသတဲ့…

ဒီေဆာင္းပါးကို သင္ၿပီးေတာ့ ဆရာက သင္႐ိုးထဲက ေမးခြန္းေတြကို ေျဖခိုင္းပါတယ္။ ေမးခြန္း တစ္ခုက စံေက်ာင္း ဆရာေတာ္၏ဆုံးမမႈ ကို သင္လက္ခံပါသလား လို႔ အဓိပၸါယ္လိုေပါက္တဲ့ ေမးခြန္းပါ။ ေနာက္တစ္ေန႔ ျမန္မာစာအခ်ိန္ေရာက္ေတာ့ ဆရာဟာ အတန္းထဲကို ေျခသံျပင္းျပင္းနဲ႔ ဝင္လာပါတယ္။ အေျဖလႊာ ေတြကို စားပြဲေပၚ ဘုန္းခနဲျမည္ေအာင္ ပစ္ခ် လိုက္ပါတယ္။

ဆရာ့မ်က္ႏွာက နီၿပီးတင္းလို႔။ တစ္တန္းလုံးကို ေဝ့ဝဲၿပီးၾကည့္တယ္။ တစ္တန္းလုံးကလည္း ၿငိမ္လို႔။ ဆရာ ဘာျဖစ္ လာတာပါလိမ့္လို႔ ေတြးေနၾကပုံပဲ။ ဆရာက ေက်ာင္းသားတစ္ေယာက္ရဲ႕ နာမည္ကို ေခၚၿပီး အတန္းေရွ႕ ထြက္ခိုင္းပါတယ္။ တစ္ေယာက္ၿပီးတစ္ေယာက္ ေမးလာလိုက္တာ …ထိုေက်ာင္းသားရဲ႕ အလွည့္ ေရာက္လာပါတယ္။

နာမည္ေခၚသံၾကားတာနဲ႔ အေျဖရွင္ ထိုေက်ာင္းသာဟာ ထရပ္လိုက္ပါတယ္။ အသက္ တစ္ခ်က္ ျပင္းျပင္း ရႉသံၾကားလိုက္တယ္။ ဆရာက အေျဖလႊာတစ္႐ြက္ကို ဆြဲထုတ္ၿပီး အဲဒီေက်ာင္းသားကို ေပးလိုက္တယ္။

” ဒါ…….. မင္း အေျဖလား ” ” ဟုတ္……. ဟုတ္ပါတယ္ဆရာ ” ” ဘယ္သူ႔မွာ တာဝန္ရွိလဲ ” ဟုတ္ကဲ့ “ကြၽန္ေတာ္မွားပါတယ္ …” “ေအး … တစ္တန္းလုံး ၾကားေအာင္ ဖတ္စမ္း” နည္းနည္း အံ့ၾသေနပုံႏွင့္ ေက်ာင္းသားက သူ႔အေျဖကို ဖတ္ပါတယ္။

” မွတ္မိသေလာက္ဆိုရင္ စံေက်ာင္းဆရာေတာ္ရဲ႕ဆုံးမပုံကို မႀကိဳက္ေၾကာင္း၊ ဆရာေတာ္ရဲ႕ အဲဒီအခ်ိန္က စိတ္ခံစားမႈဟာ တပည့္ကို လမ္းၫႊန္ခ်င္စိတ္ထက္ မိမိအလြန္တရာ ႀကိဳက္ႏွစ္သက္တဲ့ ငါးေျခာက္ဖုတ္ကို ဘုန္းမေပးရတဲ့အတြက္ ျဖစ္ေပၚလာတဲ့ ေဒါသစိတ္ကပိုၿပီး ႀကီးမားေနႏိုင္ေၾကာင္း၊

ၿပီးေတာ့ ဒီကိစၥဟာ ဒီေလာက္ ႐ိုက္ႏွက္ အျပစ္ေပးစရာ မလိုေၾကာင္း၊ နားဝင္ေအာင္ဆုံးမလွ်င္ ရပါလ်က္ႏွင့ ေေသရာပါ အမာ႐ြတ္ထင္ေအာင္ ႐ိုက္ႏွက္ျခင္းဟာ ေဒါသစိတ္ေၾကာင့္ဟု သံသယျဖစ္စရာရွိေၾကာင္း၊ ဘုရားသားေတာ္တို႔ မည္သည္ ရသတဏွာအျဖစ္ ဆြမ္းဘုဥ္း မေပးသင့္သည္ကို သတိရသင့္ေၾကာင္း၊

ဆရာကိုယ္တိုင္က ဤဝိနည္းကို မထိန္းသိမ္းႏိုင္ပါဘဲ တပည့္ကို ဆုံးမျခင္းမွာ စဥ္းစားဖြယ္ျဖစ္ေၾကာင္း၊ အသားနာမွ အ႐ိုးစြဲမွတ္မည္လို႔ထင္ၿပီး ျပင္းျပင္းထန္ထန္ အျပစ္ေပးဆုံးမခဲ့ေပမယ့္ မင္းတုန္းမင္း လက္ထက္မွာ ေအာက္ျမန္မာႏိုင္ငံ တစ္ခုလုံးကို အဂၤလိပ္ လက္သို႔ ထိုးေပးလိုက္ရတဲ့အတြက္ ဒီဆုံးမနည္းဟာ မေအာင္ျမင္ႏိုင္ေၾကာင္း” အဲဒီလိုေတြ ေျဖထားတာကို ဖတ္ျပပါတယ္။

တစ္တန္းလုံးက တခိခိနဲ႔ရယ္ၾကတယ္၊ သူတစ္ေၾကာင္းဖတ္လိုက္၊ ခိခိနဲ႔ က်ိတ္ရယ္လိုက္ၾကနဲ႔။ ဆရာကေတာ ေေက်ာင္းသားေတြရယ္ေလ ေဒါသထြက္ေနေလပါပဲ။ ေက်ာင္းသား ဖတ္သြားၿပီးေတာ့ ဆရာက သူ႔ကိုေမးတယ္။

“မင္း ငါ့ကို ေနာက္တာလား” “ဟာ ….. မဟုတ္ပါဘူး ဆရာ၊ ကြၽန္ေတာ္ ေမးခြန္းကို ေျဖတာပါ” “ကဲ …. အားလုံး … သူေျဖတာကို လက္ခံၾကသလား၊ တစ္ေယာက္စီ ေမးမယ္၊ ကဲ … မင္းကစ၊ သူေျဖတာ မွန္သလား မွားသလား ပထမဆုံး အေမးခံလိုက္ရတဲ့ ေရွ႕ဆုံးခုံက ေက်ာင္းသားဟာ ႐ုတ္တရက္ ဘာေျဖရမွန္း သိပုံ မရဘူး။

အေျဖရွင္ေက်ာင္းသားကို ၾကည့္လိုက္၊ ဆရာ့ကို ၾကည့္လိုက္၊ ေဘးဘီကို ၾကည့္လိုက္နဲ႔။ ကြၽန္ေတာ့္ စိတ္ထဲမွာေတာ့ … အဲဒီေက်ာင္းသားရဲ႕ အေျဖကို ႀကိဳက္ေနတယ္။ ကြၽန္ေတာ္လည္း သူ႔လိုခံစားမိတာပဲ။ ဒါေပမယ့္ … သူ႔လို … မေျဖတတ္ဘူး။ သူ႔လို ေထာင့္ေစေအာင္ မျမင္တတ္ဘူး။ ၿပီးေတာ့ သူ႔လို … မေျဖရဲဘူး။ တစ္တန္းလုံး လိုလိုလည္း ကြၽန္ေတာ့္လိုဘဲ … ထင္တယ္။ သူတို႔ မ်က္ႏွာေတြကို ၾကည့္ရင္သိသာပါတယ္။

“ေဟ့ေကာင္ … ေျဖေလကြာ” ေရွ႕ဆုံးက ေက်ာင္းသားခမ်ာ တုန္သြားပါတယ္။ အေျဖရွင္ေက်ာင္းသားကို တစ္ခ်က္ခိုးၾကည့္ၿပီး ေခါင္းငုံ႔ခ် လိုက္တယ္။ တကယ္ေတာ့ … ဆရာက … မွန္သလား၊ မွား သလားဆိုတဲ့ ေမးခြန္းႏွစ္ခုကို ေမးေနတယ္ ဆိုေပမယ့္ အမူအရာ၊ ေလသံ၊ ဖန္တီးထားတဲ့ ဝန္းက်င္ အေငြ႕အသက္ေတြက မွားတယ္လို႔ ေျဖစမ္း၊ မေျဖရင္ ႀကိမ္လုံး လို႔ေျပာၿပီးသား ျဖစ္ေနပါၿပီ။

ဆရာက ေက်ာင္းသားေတြကို လိမ္ေနသလို သူတရားပါတယ္ ျဖစ္ေအာင္ … သူကိုယ္တိုင္လည္း ျပန္လိမ္ေနတာပါ။ ဒါကို အဲဒီေက်ာင္းသားလည္း သေဘာေပါက္ဟန္ တူပါရဲ႕။ “သူေျဖတာ … မွားပါတယ္” “ဟုတ္ၿပီ၊ ေနာက္တစ္ေယာက္” “မွား …. အဲ …မွားပါတယ္” “ေနာက္တစ္ေယာက္” “မွားပါတယ္ …” တစ္ေယာက္ၿပီးတစ္ေယာက္ ေမးလာလိုက္တာ …

ကြၽန္ေတာ့္အလွည့္ ေရာက္လာပါတယ္။

ကြၽန္ေတာ္ ထရပ္လိုက္ပါတယ္။ အသက္ တစ္ခ်က္ ျပင္းျပင္း ရႉလိုက္တယ္။ “မွားပါတယ္ …” ခင္ဗ် အေျဖရွင္ေက်ာင္းသားကို မၾကည့္ရဲပါဘူး။ ေခါင္းငုံ႔ ၿပီး ခုံေပၚက … စာအုပ္ကိုပဲ စိုက္ၾကည့္ ေနမိတယ္။

ထူးျခားတာက ေက်ာင္းသားအားလုံးလည္း ဒီလိုပါပဲ။ လူကုန္သြားေတာ့ ဆရာက အဲဒီေက်ာင္းသားကို ေနာက္ေျပာင္မႈနဲ႔ အတန္းထဲမွာ ႐ိုက္ပါတယ္။ ႀကိမ္လုံးသံ တစ္ခ်က္ၾကားရတိုင္း ကြၽန္ေတာ့္ ခႏၶာကိုယ္ တစ္ေနရာမွာ နာနာသြားသလိုပဲ။ ကြၽန္ေတာ္ကိုယ္တိုင္ အ႐ိုက္ခံေနရသလိုပဲ။ တစ္တန္းလုံးလည္း ကြၽန္ေတာ့လိုဘဲ ခံစားေနရမွာပါ။

အဲဒီေက်ာင္းသားဟာ ေက်ာင္းေျပာင္းသြားပါတယ္။ ကိုယ့္ထင္ျမင္ခ်က္ကို ပြင့္ပြင့္လင္းလင္း ေျပာရဲတဲ့ သူငယ္ခ်င္းတစ္ေယာက္ကို ကြၽန္ေတာ္တို႔ ဆုံးရႈံးလိုက္ပါတယ္။ ဆရာ့ မွာ ဒီလိုတပည့္မ်ိဳး ဆုံးရႈံးလိုက္ပါတယ္။ ေက်ာင္းမွာ အဲဒီလို …ေက်ာင္းသားမ်ိဳး ဆုံးရႈံးလိုက္ပါတယ္။ အဲဒီက ဆန႔္ေတြးလိုက္ရင္ေတာ့ … ႏိုင္ငံေပါ့ခင္ဗ်ာ ဒါ … ဆုံးရႈံးမႈပါ..

ဘာျဖစ္လို႔ ကြၽန္ေတာ္ဟာ ခံစားမႈျခင္း တူပါလ်က္နဲ႔ သူ႔လို မေျဖရဲခဲ့တာလဲ။ ေျဖရဲသူ ရွိလာတာေတာင္ ကြၽန္ေတာ္က ဘာျဖစ္လို႔ သူမွန္တယ္လို႔ မေျပာရဲခဲ့တာလဲ။ အာ႐ုံထဲမွာေတာ့ ငယ္စဥ္ကတည္းက ႀကဳံႀကိဳက္ ဆုံစည္းခဲ့ရတဲ့

ႀကိမ္လုံးေတြ … ႀကိမ္လုံးေတြ …. ႀကိမ္လုံးေတြ ………။ ခက္ထန္တဲ့ အမူအရာေတြ။ အဲဒီလို ကြၽန္ေတာ္တို႔ရဲ႕ေသြးထဲမွာ အေၾကာက္မ်ိဳးေစ့ေတြ ပြားမ်ားလာၿပီး အ႐ြယ္ရလာတာနဲ႔အမွ် ေၾကာက္သီးေတြ တတြဲတြဲ၊ ေၾကာက္ပြင့္ေတြ တေဝဝနဲ႔ …။ လုပ္ငန္းခြင္ထဲမွာ ျပဳ ျပင္ ေျပာင္းလဲဘို႔ လိုအပ္တဲ့ ျပႆနာေတြ၊ အခက္အခဲေတြ ရွိရင္လည္း ကြၽန္ေတာ္ဘာမွ မေျပာရဲဘူး။

အျပဳ ဘက္က ျမင္ၿပီး ေျပာင္းလဲပစ္လိုက္ရင္ အက်ိဳး ရွိမယ္ဆိုတာ ေသေသခ်ာခ်ာႀကီး သိျမင္ေနပါလ်က္ကနဲ႔ အထက္ လူႀကီးမႀကိဳက္မွာစိုးလို႔ ကြၽန္ေတာ္ဘာမွ အႀကံ မျပဳရဲဘူး။ ကြၽန္ေတာ့္ဆီက အႀကံ၊ အေတြး၊ အျမင္၊ သေဘာထားေတြကိုလည္း ဘယ္သူကမွ … မေတာင္းၾကဘူးေလ။

သင္ခဲ့ရတဲ့ ပညာေတြ စာအုပ္ထဲ ျပန္သြားလည္း သြားေပေရာ့ေပါ့။ ေဟာဒီ ပေရာဂ်က္ဟာ ဘယ္ေနရာမွာ မွားေနတယ္လို႔ ကြၽန္ေတာ္ ျမင္ေပမယ့္ ဒါဟာ ေျပာရမယ့္ ကိစၥလို႔ ကြၽန္ေတာ္ မထင္ေတာ့ဘူး၊ တျဖည္းျဖည္းနဲ႔ … အဲဒါ …ကြၽန္ေတာ္မွန္တယ္လို႔ ထင္လာတယ္။

ဒီလို ယဥ္ေက်းမႈမ်ိဳးေပၚထြန္းဖို႔ထက္ အထက္ အဆင့္ဆင့္၊ ေအာက္အဆင့္ဆင့္က လူေတြအာလုံးက ဒီလို ျဖစ္စဥ္မ်ိဳး ႀကဳံလာရင္ ဒါကို မွန္တယ္ ထင္လာၾကရင္ျဖင့္ …… ဌာန မနာဘူးလား တိုင္းျပည္ မနာဘူးလား ပညာရပ္အျမင္နဲ႔ ၾကည့္ရင္ တစ္ကမာၻလုံးနဲ႔ လူသားအားလုံး နာပါတယ္။

ဒါေပမယ့္ ……. ကြၽန္ေတာ္ အိမ္ျပန္ေရာက္ေတာ့ အႀကီးေကာင္ရဲ႕ ငိုသံၿပဲႀကီးကို ၾကားရပါတယ္။ သူ႔အေမ လက္ထဲမွာ တုတ္တစ္ေခ်ာင္းနဲ႔။

“ဘယ္လို ျဖစ္ေနၾကတာလဲကြာ” “ဘယ္လိုျဖစ္ရမလဲ၊ ေတာ့္ သားက … အိမ္စာၿပီးေအာင္ မလုပ္ဘဲ ကျမင္းတာေလ၊ ပန္းကန္တစ္လုံး ကြဲၿပီ။” “ဘာျဖစ္လဲကြ၊ ကေလးဆိုတာ … ဒီအ႐ြယ္မွာ …” “ေတာ္ … စာအုပ္ထဲက ဟာေတြ လာေျပာမေနနဲ႔၊ ပန္းကန္တစ္လုံး … ဘယ္ေလာက္ ေအာက္ေမ့လို႔လဲ၊ ရွင့္ ဝင္ေငြက ဘယ္ေလာက္ …..”

႐ြယ္ထားတဲ့ တုတ္ေအာက္ကေနၿပီး သားႀကီးက အေၾကာက္မ်က္လုံးမ်ားနဲ႔ ကြၽန္ေတာ့္ကို … အားကိုးတႀကီး ၾကည့္ေနရွာပါတယ္။ ဒါေပမယ့္ ေဖေဖ့မ်က္လုံးေတြကလည္း သားရဲ႕ မ်က္လုံးေတြလိုဘဲ … ျဖစ္ေနတာ ၾကာပါၿပီေကာလား … သားရယ္။

ေမာင္သစ္ဆင္း
စာေရးသူကို ေလးစားစြာ ခရက္ဒစ္ေပးပါတယ္ ခင္ဗ်ာ။

Unicode

ငယ်စဉ်ကတည်းက ရိုက်သွင်းခံခဲ့ရတဲ့ အကြောက်တရား

မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘဝက စံကျောင်း ဆရာတော် ဆီမှာ ပညာသင်ကြားခဲ့ရတယ်။ တစ်နေ့မှာ အင်းသားကြီးငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။

ကျောင်းမှာကလည်း ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှ သေေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ မောင်လွင်ကို ငါးခြောက် ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။

ဆရာတော်ကတော့ လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်း စုံစမ်းလို့မရဘဲ ဗျာများနေခိုက် … ” ဟဲ့ … ငလွင်မရသေးဘူးလား” လို့ မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက် ရတော့တယ်။

” ငလွင် … လာခဲ့” လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော်အသံက ကျောင်းသား အားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ် ဝင်သွားပါသတဲ့။

“ဟဲ့ … ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်း ညီညွတ်ရင် နိုင်ငံကို အုပ်ချူပ် မင်းလုပ်ရမယ့်သူ။ ဒီလိုလူက ငါးခြောက်ပြား တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင် လုပ်နိုင်တော့မှာလဲ” လို့ မိန့်ပြီး အချက်ပေါင်း များစွာ ရိုက်နှက်ဆုံးမပါသတဲ့…

ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်း တစ်ခုက စံကျောင်း ဆရာတော်၏ဆုံးမမှု ကို သင်လက်ခံပါသလား လို့ အဓိပ္ပါယ်လိုပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ ဝင်လာပါတယ်။ အဖြေလွှာ တွေကို စားပွဲပေါ် ဘုန်းခနဲမြည်အောင် ပစ်ချ လိုက်ပါတယ်။

ဆရာ့မျက်နှာက နီပြီးတင်းလို့။ တစ်တန်းလုံးကို ဝေ့ဝဲပြီးကြည့်တယ်။ တစ်တန်းလုံးကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ် လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။ ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။ တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ …ထိုကျောင်းသားရဲ့ အလှည့် ရောက်လာပါတယ်။

နာမည်ခေါ်သံကြားတာနဲ့ အဖြေရှင် ထိုကျောင်းသာဟာ ထရပ်လိုက်ပါတယ်။ အသက် တစ်ချက် ပြင်းပြင်း ရှူသံကြားလိုက်တယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီကျောင်းသားကို ပေးလိုက်တယ်။

” ဒါ…….. မင်း အဖြေလား ” ” ဟုတ်……. ဟုတ်ပါတယ်ဆရာ ” ” ဘယ်သူ့မှာ တာဝန်ရှိလဲ ” ဟုတ်ကဲ့ “ကျွန်တော်မှားပါတယ် …” “အေး … တစ်တန်းလုံး ကြားအောင် ဖတ်စမ်း” နည်းနည်း အံ့သြနေပုံနှင့် ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။

” မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ဆုံးမပုံကို မကြိုက်ကြောင်း၊ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိအလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုန်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကပိုပြီး ကြီးမားနေနိုင်ကြောင်း၊

ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက် အပြစ်ပေးစရာ မလိုကြောင်း၊ နားဝင်အောင်ဆုံးမလျှင် ရပါလျက်နှင့ ေသေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယဖြစ်စရာရှိကြောင်း၊ ဘုရားသားတော်တို့ မည်သည် ရသတဏှာအဖြစ် ဆွမ်းဘုဉ်း မပေးသင့်သည်ကို သတိရသင့်ကြောင်း၊

ဆရာကိုယ်တိုင်က ဤဝိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲမှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်း လက်ထက်မှာ အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ် လက်သို့ ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင်နိုင်ကြောင်း” အဲဒီလိုတွေ ဖြေထားတာကို ဖတ်ပြပါတယ်။

တစ်တန်းလုံးက တခိခိနဲ့ရယ်ကြတယ်၊ သူတစ်ကြောင်းဖတ်လိုက်၊ ခိခိနဲ့ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော ေကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပါပဲ။ ကျောင်းသား ဖတ်သွားပြီးတော့ ဆရာက သူ့ကိုမေးတယ်။

“မင်း ငါ့ကို နောက်တာလား” “ဟာ ….. မဟုတ်ပါဘူး ဆရာ၊ ကျွန်တော် မေးခွန်းကို ဖြေတာပါ” “ကဲ …. အားလုံး … သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်စီ မေးမယ်၊ ကဲ … မင်းကစ၊ သူဖြေတာ မှန်သလား မှားသလား ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံ မရဘူး။

အဖြေရှင်ကျောင်းသားကို ကြည့်လိုက်၊ ဆရာ့ကို ကြည့်လိုက်၊ ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ … အဲဒီကျောင်းသားရဲ့ အဖြေကို ကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လိုခံစားမိတာပဲ။ ဒါပေမယ့် … သူ့လို … မဖြေတတ်ဘူး။ သူ့လို ထောင့်စေအောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို … မဖြေရဲဘူး။ တစ်တန်းလုံး လိုလိုလည်း ကျွန်တော့်လိုဘဲ … ထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင်သိသာပါတယ်။

“ဟေ့ကောင် … ဖြေလေကွာ” ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချ လိုက်တယ်။ တကယ်တော့ … ဆရာက … မှန်သလား၊ မှား သလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ် ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ဝန်းကျင် အငွေ့အသက်တွေက မှားတယ်လို့ ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး လို့ပြောပြီးသား ဖြစ်နေပါပြီ။

ဆရာက ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် … သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန် တူပါရဲ့။ “သူဖြေတာ … မှားပါတယ်” “ဟုတ်ပြီ၊ နောက်တစ်ယောက်” “မှား …. အဲ …မှားပါတယ်” “နောက်တစ်ယောက်” “မှားပါတယ် …” တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ …

ကျွန်တော့်အလှည့် ရောက်လာပါတယ်။

ကျွန်တော် ထရပ်လိုက်ပါတယ်။ အသက် တစ်ချက် ပြင်းပြင်း ရှူလိုက်တယ်။ “မှားပါတယ် …” ခင်ဗျ အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ ပြီး ခုံပေါ်က … စာအုပ်ကိုပဲ စိုက်ကြည့် နေမိတယ်။

ထူးခြားတာက ကျောင်းသားအားလုံးလည်း ဒီလိုပါပဲ။ လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းထဲမှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့် ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့လိုဘဲ ခံစားနေရမှာပါ။

အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။ ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာ့ မှာ ဒီလိုတပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။ ကျောင်းမှာ အဲဒီလို …ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ … နိုင်ငံပေါ့ခင်ဗျာ ဒါ … ဆုံးရှုံးမှုပါ..

ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုခြင်း တူပါလျက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။ အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက် ဆုံစည်းခဲ့ရတဲ့

ကြိမ်လုံးတွေ … ကြိမ်လုံးတွေ …. ကြိမ်လုံးတွေ ………။ ခက်ထန်တဲ့ အမူအရာတွေ။ အဲဒီလို ကျွန်တော်တို့ရဲ့သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီး အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ၊ ကြောက်ပွင့်တွေ တဝေဝနဲ့ …။ လုပ်ငန်းခွင်ထဲမှာ ပြု ပြင် ပြောင်းလဲဘို့ လိုအပ်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေ ရှိရင်လည်း ကျွန်တော်ဘာမှ မပြောရဲဘူး။

အပြု ဘက်က မြင်ပြီး ပြောင်းလဲပစ်လိုက်ရင် အကျိုး ရှိမယ်ဆိုတာ သေသေချာချာကြီး သိမြင်နေပါလျက်ကနဲ့ အထက် လူကြီးမကြိုက်မှာစိုးလို့ ကျွန်တော်ဘာမှ အကြံ မပြုရဲဘူး။ ကျွန်တော့်ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း ဘယ်သူကမှ … မတောင်းကြဘူးလေ။

သင်ခဲ့ရတဲ့ ပညာတွေ စာအုပ်ထဲ ပြန်သွားလည်း သွားပေရော့ပေါ့။ ဟောဒီ ပရောဂျက်ဟာ ဘယ်နေရာမှာ မှားနေတယ်လို့ ကျွန်တော် မြင်ပေမယ့် ဒါဟာ ပြောရမယ့် ကိစ္စလို့ ကျွန်တော် မထင်တော့ဘူး၊ တဖြည်းဖြည်းနဲ့ … အဲဒါ …ကျွန်တော်မှန်တယ်လို့ ထင်လာတယ်။

ဒီလို ယဉ်ကျေးမှုမျိုးပေါ်ထွန်းဖို့ထက် အထက် အဆင့်ဆင့်၊ အောက်အဆင့်ဆင့်က လူတွေအာလုံးက ဒီလို ဖြစ်စဉ်မျိုး ကြုံလာရင် ဒါကို မှန်တယ် ထင်လာကြရင်ဖြင့် …… ဌာန မနာဘူးလား တိုင်းပြည် မနာဘူးလား ပညာရပ်အမြင်နဲ့ ကြည့်ရင် တစ်ကမ္ဘာလုံးနဲ့ လူသားအားလုံး နာပါတယ်။

ဒါပေမယ့် ……. ကျွန်တော် အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့ ငိုသံပြဲကြီးကို ကြားရပါတယ်။ သူ့အမေ လက်ထဲမှာ တုတ်တစ်ချောင်းနဲ့။

“ဘယ်လို ဖြစ်နေကြတာလဲကွာ” “ဘယ်လိုဖြစ်ရမလဲ၊ တော့် သားက … အိမ်စာပြီးအောင် မလုပ်ဘဲ ကမြင်းတာလေ၊ ပန်းကန်တစ်လုံး ကွဲပြီ။” “ဘာဖြစ်လဲကွ၊ ကလေးဆိုတာ … ဒီအရွယ်မှာ …” “တော် … စာအုပ်ထဲက ဟာတွေ လာပြောမနေနဲ့၊ ပန်းကန်တစ်လုံး … ဘယ်လောက် အောက်မေ့လို့လဲ၊ ရှင့် ဝင်ငွေက ဘယ်လောက် …..”

ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက်မျက်လုံးများနဲ့ ကျွန်တော့်ကို … အားကိုးတကြီး ကြည့်နေရှာပါတယ်။ ဒါပေမယ့် ဖေဖေ့မျက်လုံးတွေကလည်း သားရဲ့ မျက်လုံးတွေလိုဘဲ … ဖြစ်နေတာ ကြာပါပြီကောလား … သားရယ်။

မောင်သစ်ဆင်း
စာရေးသူကို လေးစားစွာ ခရက်ဒစ်ပေးပါတယ် ခင်ဗျာ။

Be the first to comment

Leave a Reply

Your email address will not be published.


*