ဘဂၤလားပင္လယ္ထဲက ကြၽန္းေပၚမွ ကမာၻနဲ ့အဆက္အသြယ္ျပတ္ေနတဲဲ့ လူ႐ုုိင္း လူမ်ိဳးႏြယ္စု

ဘဂၤလားပင္လယ္ထဲက ကြၽန္းေပၚမွ ကမာၻနဲ႔အဆက္အသြယ္ျပတ္ေနတဲ့ လူ႐ိုင္း လူမ်ိဳးႏြယ္စု

ဒီလူမ်ိဳးစုဟာ သီသန႔္ေနရတာ သေဘာက်သလို ဘယ္ဧည့္သည္မွ လာေရာက္ျခင္းကိုလည္း သေဘာမက်ပါဘူး။ “ေဝးေဝးေန ၊ ထြက္သြား ၊ ဘယ္သူ႔ကိုမွ မႀကိဳဆိုဘူး ၊ သီးသန႔္ပဲ ေနမယ္” ဆိုတဲ့ အထာမ်ိဳးနဲ႔ အနီးအနားပတ္ဝန္းက်င္က ျဖတ္သြားေလ့ရွိတဲ့ သေဘၤာေတြကို ဓါးေတြ လွံေတြ ပုစိန္ေတြ ေဝွ႔ယမ္းျပေလ့ ရွိပါတယ္။

သူတို႔ဟာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ က်န္းက်န္းမာမာနဲ႔ ႏွစ္ေပါင္း ၃ေသာင္းေလာက္ လူေတြရဲ႕ ကမာၻနဲ႔ေဝးမွာ ေနထိုင္ေနၾကတာပဲ ျဖစ္ပါတယ္။ သူတို႔ဟာ ကြၽန္းေပၚမွာရွိေနတဲ့ ေတာဝက္ ၊ ဒရယ္ ၊ ဘယ္ရီေတြ နဲ႔ ပ်ားရည္ေတြကိုသာ စားသုံးၿပီး အသက္ရွင္ ေနထိုင္ၾကတာျဖစ္ၿပီး လူစိမ္းေတြ ေရာက္လာရင္ေတာ့ အဆိပ္လူးျမႇားေတြနဲ႔ ပစ္ခတ္ေလ့ရွိပါတယ္။

John Allen Chau ဆိုတဲ့ အေမရိကန္လူမ်ိဳးတစ္ဦးဟာ ဘာသာေရးျပန႔္ပြားေစဖို႔ ကိစၥနဲ႔ ပတ္သတ္ၿပီး ဒီကြၽန္းေပၚ သြားေရာက္ လည္ပတ္ခဲ့ပါေသးတယ္ ။ သင္တို႔ ထင္ထားတဲ့အတိုင္းပဲ သူ႔ကံၾကမၼာကေတာ့ အေကာင္းနဲ႔ အဆုံးမသတ္ခဲ့ပါဘူး ။ ကြၽန္းသားေတြဟာ သူ႔ကိုအဆိပ္လူးျမႇားနဲ႔ ပစ္သတ္ၿပီးေတာ့ မေသမခ်င္း ကမ္းေျခမွာ ဒ႐ြတ္တိုက္ဆြဲကာ သတ္ျဖတ္ခဲ့ၾကပါတယ္။

လူ႐ိုင္းေတြအတြက္ ထုတ္ေပးထားတဲ့ ဥပေဒအရ လူ႐ိုင္းေတြေနထိုင္တဲ့ ကြၽန္းေပၚကို သြားေရာက္ျခင္းဟာ တရားမဝင္သလို လူ႐ိုင္းေတြကို ဗီဒီယို ဓါတ္ပုံ ႐ိုက္ကူးျခင္းကိုလည္း တရားမဝင္အျဖစ္ သတ္မွတ္ထားပါတယ္။ ဒီဥပေဒဟာ လူ႐ိုင္းေတြကို ကာကြယ္ေပးထားတဲ့ ဥပေဒဆိုလည္း မမွားပါဘူး။

တကယ္လို႔သာ သူတို႔ကြၽန္းေပၚက အျခားကလူတစ္ဦး ေရာက္လာခဲ့မယ္ဆိုရင္ ဘယ္တုန္းကမွ မျဖစ္ခဲ့ဘူးတဲ့ တုပ္ေကြး ၊ အေအးမိတဲ့ေရာဂါေတြ ပ်ံ႕ႏွံ႔သြားႏိုင္ၿပီး တစ္ကြၽန္းလုံး နာမက်န္းျဖစ္ကာ ေသဆုံးသြားႏိုင္ပါတယ္။ Sentinel လူမ်ိဳးစုေတြဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ရ ေသာင္းခြဲေလာက္က အာဖရိကမွ အာရွတိုက္ကို ပထမဆုံး ေရာက္ရွိခဲ့တဲ့ သူေတြပါ ။

ပထမဆုံး ဒီကြၽန္းစုေပၚက လူေတြနဲ႔ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာကေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁ ေထာင္ေလာက္က ျဖစ္ၿပီး တ႐ုတ္နဲ႔ အာရပ္ စြန႔္စားသြားလာသူေတြမွ ခ်ဳပ္ဆိုေပးခဲ့တာ ျဖစ္ပါတယ္။ သူတို႔အေျပာအရ ကြၽန္းသားေတြဟာ အရပ္သုံးေပသာသာ သာရွိၿပီး ငွက္လိုႏႈတ္သီးနဲ႔လူခႏၶာ ကိုယ္ပုံစံရွိၾကတယ္လို႔ ေျပာပါတယ္။

စိတ္ဝင္စားလို႔ သြားေရာက္ေလ့လာခဲ့သူ အားလုံးကေတာ့ ကံၾကမၼာဆိုးနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ Chau ကေတာ့ သာသနာျပန႔္ပြားဖို႔ ရည္႐ြယ္ခ်က္နဲ႔ သြားခဲ့ေပမယ့္လည္း သူလည္း အျခားလူေတြလမ္းအတိုင္း လိုက္ခဲ့ရပါတယ္။

Chau ရဲ႕ ဒိုင္ယာရီထဲမွာ ” ကြၽန္တာ္သူတို႔ကို ေကာင္းေကာင္းဆက္ဆံရဲ႕သားနဲ႔ ဘာေၾကာင့္ ဒီလိုရက္စက္ရတာလဲ ” လို႔ ေရးသားထားတာကို ေတြ႕ရပါတယ္။ Chau ကိုေတာ့ အနားတစ္ဝိုက္က ငါးဖမ္းသမား ရ ဦးက လိုက္ပို႔ေပးခဲ့တာျဖစ္ၿပီး Chau ကို သတ္ေနတာကိုလည္း သူတို႔ မ်က္ဝါးထင္ထင္ ေတြ႕ခဲ့ၾကရပါတယ္။

ဒါေပမယ့္ ဥပေဒအရ ဒီေနရာကို သြားေရာက္ခြင့္ မရွိတဲ့အတြက္ ငါးဖမ္းသမား ရ ဦးလုံး အဖမ္းခံခဲ့ရပါတယ္။ Chau ရဲ႕ေသဆုံးမႈဟာ ေၾကကြဲစရာေကာင္းေပမယ့္လည္း Sentinel လူမ်ိဳးစုေတြ ဆက္လက္ အသက္ရွင္ဖို႔အတြက္ သူတို႔အခုလို လုပ္ရတယ္ဆိုတာကိုေတာ့ လက္ခံနားလည္ေပးရပါလိမ့္မယ္။

Writer – Min Thu ( XYZ News )

Unicode ဖြင့်ဖတ်ရန်

ဘင်္ဂလားပင်လယ်ထဲက ကျွန်းပေါ်မှ ကမ္ဘာနဲ့အဆက်အသွယ်ပြတ်နေတဲ့ လူရိုင်း လူမျိုးနွယ်စု

ဒီလူမျိုးစုဟာ သီသန့်နေရတာ သဘောကျသလို ဘယ်ဧည့်သည်မှ လာရောက်ခြင်းကိုလည်း သဘောမကျပါဘူး။ “ဝေးဝေးနေ ၊ ထွက်သွား ၊ ဘယ်သူ့ကိုမှ မကြိုဆိုဘူး ၊ သီးသန့်ပဲ နေမယ်” ဆိုတဲ့ အထာမျိုးနဲ့ အနီးအနားပတ်ဝန်းကျင်က ဖြတ်သွားလေ့ရှိတဲ့ သင်္ဘောတွေကို ဓါးတွေ လှံတွေ ပုစိန်တွေ ဝှေ့ယမ်းပြလေ့ ရှိပါတယ်။

သူတို့ဟာ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ နှစ်ပေါင်း ၃သောင်းလောက် လူတွေရဲ့ ကမ္ဘာနဲ့ဝေးမှာ နေထိုင်နေကြတာပဲ ဖြစ်ပါတယ်။ သူတို့ဟာ ကျွန်းပေါ်မှာရှိနေတဲ့ တောဝက် ၊ ဒရယ် ၊ ဘယ်ရီတွေ နဲ့ ပျားရည်တွေကိုသာ စားသုံးပြီး အသက်ရှင် နေထိုင်ကြတာဖြစ်ပြီး လူစိမ်းတွေ ရောက်လာရင်တော့ အဆိပ်လူးမြှားတွေနဲ့ ပစ်ခတ်လေ့ရှိပါတယ်။

John Allen Chau ဆိုတဲ့ အမေရိကန်လူမျိုးတစ်ဦးဟာ ဘာသာရေးပြန့်ပွားစေဖို့ ကိစ္စနဲ့ ပတ်သတ်ပြီး ဒီကျွန်းပေါ် သွားရောက် လည်ပတ်ခဲ့ပါသေးတယ် ။ သင်တို့ ထင်ထားတဲ့အတိုင်းပဲ သူ့ကံကြမ္မာကတော့ အကောင်းနဲ့ အဆုံးမသတ်ခဲ့ပါဘူး ။ ကျွန်းသားတွေဟာ သူ့ကိုအဆိပ်လူးမြှားနဲ့ ပစ်သတ်ပြီးတော့ မသေမချင်း ကမ်းခြေမှာ ဒရွတ်တိုက်ဆွဲကာ သတ်ဖြတ်ခဲ့ကြပါတယ်။

လူရိုင်းတွေအတွက် ထုတ်ပေးထားတဲ့ ဥပဒေအရ လူရိုင်းတွေနေထိုင်တဲ့ ကျွန်းပေါ်ကို သွားရောက်ခြင်းဟာ တရားမဝင်သလို လူရိုင်းတွေကို ဗီဒီယို ဓါတ်ပုံ ရိုက်ကူးခြင်းကိုလည်း တရားမဝင်အဖြစ် သတ်မှတ်ထားပါတယ်။ ဒီဥပဒေဟာ လူရိုင်းတွေကို ကာကွယ်ပေးထားတဲ့ ဥပဒေဆိုလည်း မမှားပါဘူး။

တကယ်လို့သာ သူတို့ကျွန်းပေါ်က အခြားကလူတစ်ဦး ရောက်လာခဲ့မယ်ဆိုရင် ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးတဲ့ တုပ်ကွေး ၊ အအေးမိတဲ့ရောဂါတွေ ပျံ့နှံ့သွားနိုင်ပြီး တစ်ကျွန်းလုံး နာမကျန်းဖြစ်ကာ သေဆုံးသွားနိုင်ပါတယ်။ Sentinel လူမျိုးစုတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရ သောင်းခွဲလောက်က အာဖရိကမှ အာရှတိုက်ကို ပထမဆုံး ရောက်ရှိခဲ့တဲ့ သူတွေပါ ။

ပထမဆုံး ဒီကျွန်းစုပေါ်က လူတွေနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့တာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ ထောင်လောက်က ဖြစ်ပြီး တရုတ်နဲ့ အာရပ် စွန့်စားသွားလာသူတွေမှ ချုပ်ဆိုပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့အပြောအရ ကျွန်းသားတွေဟာ အရပ်သုံးပေသာသာ သာရှိပြီး ငှက်လိုနှုတ်သီးနဲ့လူခန္ဓာ ကိုယ်ပုံစံရှိကြတယ်လို့ ပြောပါတယ်။

စိတ်ဝင်စားလို့ သွားရောက်လေ့လာခဲ့သူ အားလုံးကတော့ ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ Chau ကတော့ သာသနာပြန့်ပွားဖို့ ရည်ရွယ်ချက်နဲ့ သွားခဲ့ပေမယ့်လည်း သူလည်း အခြားလူတွေလမ်းအတိုင်း လိုက်ခဲ့ရပါတယ်။

Chau ရဲ့ ဒိုင်ယာရီထဲမှာ ” ကျွန်တာ်သူတို့ကို ကောင်းကောင်းဆက်ဆံရဲ့သားနဲ့ ဘာကြောင့် ဒီလိုရက်စက်ရတာလဲ ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။ Chau ကိုတော့ အနားတစ်ဝိုက်က ငါးဖမ်းသမား ရ ဦးက လိုက်ပို့ပေးခဲ့တာဖြစ်ပြီး Chau ကို သတ်နေတာကိုလည်း သူတို့ မျက်ဝါးထင်ထင် တွေ့ခဲ့ကြရပါတယ်။

ဒါပေမယ့် ဥပဒေအရ ဒီနေရာကို သွားရောက်ခွင့် မရှိတဲ့အတွက် ငါးဖမ်းသမား ရ ဦးလုံး အဖမ်းခံခဲ့ရပါတယ်။ Chau ရဲ့သေဆုံးမှုဟာ ကြေကွဲစရာကောင်းပေမယ့်လည်း Sentinel လူမျိုးစုတွေ ဆက်လက် အသက်ရှင်ဖို့အတွက် သူတို့အခုလို လုပ်ရတယ်ဆိုတာကိုတော့ လက်ခံနားလည်ပေးရပါလိမ့်မယ်။

Writer – Min Thu ( XYZ News )

Be the first to comment

Leave a Reply

Your email address will not be published.


*