မွီခိုလြန္းသည့္စိတ္ကို အျပီးတုိင္ ဖယ္ထုတ္လိုက္ပါ…

မွီခိုလြန္းသည့္စိတ္ကို အျပီးတုိင္ ဖယ္ထုတ္လိုက္ပါ...
မွီခိုလြန္းသည့္စိတ္ကို အျပီးတုိင္ ဖယ္ထုတ္လိုက္ပါ...

မွီခိုလြန္းသည့္စိတ္ကို အျပီးတုိင္ ဖယ္ထုတ္လိုက္ပါ…

တစ္ခါက ဘုရင္ႀကီးတစ္ပါးဟာ အာေရဗ် သိမ္းငွက္ႏွစ္ေကာင္ကို လက္ေဆာင္ရခဲ့ပါသတဲ့။ အဲဒီသိမ္းငွက္ေတြလို လွပတဲ့ ငွက္မ်ိဳးကို ဘုရင္ႀကီးက တစ္ခါမွ မေတြ႕ဖူးေသးပါဘူး။ သူ႔ရဲ႕အဖိုးတန္ သိမ္းငွက္ႏွစ္ေကာင္ကို ေစာင့္ေရွာက္ဖို႔နဲ႔ ေလ့က်င့္ေပးဖို႔ကို နန္းတြင္းသိမ္းငွက္ေလ့ က်င့္ေရးမႉးကို တာဝန္ေပးထားလိုက္ပါတယ္။

လအနည္းငယ္ အၾကာမွေတာ့ ေလ့က်င့္ေရးမႉးႀကီးက သိမ္းငွက္ႏွစ္ေကာင္အနက္ တစ္ေကာင္ကေတာ့ ေကာင္းကင္ေပၚမွာ ခန႔္ခန႔္ညားညားတစ္ဟုန္ထိုး ေလဟုန္စီးၿပီး ပ်ံတက္ပ်ံဆင္းနဲ႔ ပ်ံသန္းေနၿပီ ျဖစ္ေပမယ့္ အျခားတစ္ေကာင္ကေတာ့ ပ်ံသန္းရမယ့္အစား ေရာက္လာတဲ့ေန႔ကစၿပီး သူ႔ရဲ႕သစ္ကိုင္းမွာပဲ နားေနပါတယ္လို႔ ဘုရင္ႀကီးကို လာေရာက္ ေလ်ာက္ထားပါတယ္။

အဲဒါေၾကာင့္ တိုင္းျပည္တလႊားကို ေၾကျငာေမာင္းခတ္ၿပီး သိမ္းငွက္ကို ပ်ံေအာင္ ေဆာင္႐ြက္ႏိုင္မယ့္ ေဆးဆရာေတြ၊ ေမွာ္ဆရာေတြကို ဆင့္ေခၚၿပီး ကုသခိုင္းေပးမယ့္ မရပါဘူး။ အဲဒါနဲ႔ ဘုရင္ႀကီးက စိတ္မေလ်ာ့ပဲ ပညာရွိေတြနဲ႔ မႉးႀကီးမတ္ရာေတြကို တာဝန္ေပးၿပီး ႀကိဳးစားလုပ္ ေဆာင္ခိုင္းေတာ့လဲ မေအာင္ျမင္ျပန္ပါဘူး။

နည္းေပါင္းစုံသုံးေပးမယ့္လည္း မေအာင္ျမင္တာေၾကာင့္ ဘုရင္ႀကီးက ျပန္သုံးသပ္ေတာ့ “ေက်း လက္ေတာ႐ြာထဲက ငွက္ေတြရဲ႕ သဘာဝကို နားလည္မယ့္ သူတစ္ဦးကို ရွာေဖြၿပီး တာဝန္ေပးလွ်င္ ရႏိုင္ေလာက္တယ္” လို႔အႀကံရသြားပါတယ္။ အဲဒါနဲ႔ ရဲမက္ေတြကို ေက်းလက္ေတာ႐ြာထဲမွ ေလ့က်င့္ေပးႏိုင္မည့္သူအား ရွာေဖြဖို႔ လႊတ္လိုက္ပါတယ္။

ေနာက္တစ္ေန႔ မနက္ခင္းမွာ ဘုရင္ႀကီးဟာ ဥယ်ာဥ္ေတာ္ေပၚမွာ ပ်ံသန္းေနတဲ့ သိမ္းငွက္ကို ေတြလိုက္ရေတာ့ အံ့အားသင့္ၿပီး ရဲမက္မ်ားအား “သိမ္းငွက္အား ပ်ံသန္းေအာင္ ေဆာင္႐ြက္ႏိုင္သူကို ေရွ႕ေတာ္ေမွာက္သြင္းေစ” လို႔ အမိန႔္ေတာ္ ခ်လိုက္ပါတယ္။ အဲဒါနဲ႔ ေက်းေတာသားတစ္ဦးကို ရဲမက္မ်ားကေခၚလာရာမွာ

ဘုရင္ႀကီးက “ေမာင္မင္း သိမ္းငွက္ကို ပ်ံသန္းေအာင္ မည္သို႔ျပဳလုပ္သနည္း” လို႔ ေမးေတာ့ ေက်းေတာသားမွ အ႐ိုအေသေပးရင္း “အလြန္တရာမွ လြယ္ကူပါတယ္ အရွင္မင္းႀကီး၊ သိမ္းငွက္နားေနသည့္ သစ္ကိုင္းအားခုတ္ျဖတ္လိုက္ျခင္းသာ ျဖစ္ပါတယ္” လို႔ ေလ်ာက္တင္လိုက္ပါတယ္။

ကြၽန္ေတာ္တို႔အားလုံးကို ပ်ံသန္းႏိုင္ဖို႔အတြက္ ဖန္ဆင္းထားျခင္း ျဖစ္ပါတယ္ ကြၽန္ေတာ္တို႔ဟာ လူသားတစ္ေယာက္ျဖစ္ၿပီး မိမိတို႔ရဲ႕ အကန႔္အသတ္မဲ့ လုပ္ေဆာင္ႏိုင္စြမ္းကို သေဘာေပါက္ သိရွိၿပီး အပတ္တကုတ္ ႀကိဳးစားအားထုတ္ေနၾကရမွာ ျဖစ္ပါတယ္။

တစ္ခါတစ္ရံမွာ ကြၽန္ေတာ္တို႔ဟာ ႀကိဳးစားအားထုတ္ရမယ့္အစား မိမိတို႔ရဲ႕ ရင္းႏွီးကြၽမ္းဝင္ရာ အရာမ်ားကို ဖက္တြယ္ ထားမိတတ္ၾကပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ တိုးတက္ႀကီးပြားႏိုင္ေခ်ဟာ အတိုင္းအဆမရွိေပမယ့္ အမ်ားစုကေတာ့ မိမိရဲ႕တိုးတက္ႏိုင္စြမ္းကို မသိရွိၾကပါဘူး။ ကြၽန္ေတာ္တို႔ဟာ ရင္းႏွီးကြၽမ္းဝင္ၿပီးသားအရာမ်ား၊

သက္ေတာင့္သက္သာ ျဖစ္မႈမ်ားနဲ႔ သာမန္ဘဝအား ပိုမိုႏွစ္ၿခိဳက္ေလ့ ရွိၾကပါတယ္။ အဲဒါေၾကာင့္ အသက္တာကို သာမန္အမႈမဲ့အမွတ္မဲ့ ျဖတ္သန္းေနျခင္း မဟုတ္ပဲ ႀကိဳးစားအားထုတ္ရင္း ကြၽန္ေတာ္တို႔ရဲ႕ မသိရွိရေသးတဲ့ ကိုယ္ပိုင္ အစြမ္းအစမ်ားအား ေဖၚထုတ္ၾကပါစို႔။

Credit – ေစာေဒးဗစ္

Unicode

မှီခိုလွန်းသည့်စိတ်ကို အပြီးတိုင် ဖယ်ထုတ်လိုက်ပါ…

တစ်ခါက ဘုရင်ကြီးတစ်ပါးဟာ အာရေဗျ သိမ်းငှက်နှစ်ကောင်ကို လက်ဆောင်ရခဲ့ပါသတဲ့။ အဲဒီသိမ်းငှက်တွေလို လှပတဲ့ ငှက်မျိုးကို ဘုရင်ကြီးက တစ်ခါမှ မတွေ့ဖူးသေးပါဘူး။ သူ့ရဲ့အဖိုးတန် သိမ်းငှက်နှစ်ကောင်ကို စောင့်ရှောက်ဖို့နဲ့ လေ့ကျင့်ပေးဖို့ကို နန်းတွင်းသိမ်းငှက်လေ့ ကျင့်ရေးမှူးကို တာဝန်ပေးထားလိုက်ပါတယ်။

လအနည်းငယ် အကြာမှတော့ လေ့ကျင့်ရေးမှူးကြီးက သိမ်းငှက်နှစ်ကောင်အနက် တစ်ကောင်ကတော့ ကောင်းကင်ပေါ်မှာ ခန့်ခန့်ညားညားတစ်ဟုန်ထိုး လေဟုန်စီးပြီး ပျံတက်ပျံဆင်းနဲ့ ပျံသန်းနေပြီ ဖြစ်ပေမယ့် အခြားတစ်ကောင်ကတော့ ပျံသန်းရမယ့်အစား ရောက်လာတဲ့နေ့ကစပြီး သူ့ရဲ့သစ်ကိုင်းမှာပဲ နားနေပါတယ်လို့ ဘုရင်ကြီးကို လာရောက် လျောက်ထားပါတယ်။

အဲဒါကြောင့် တိုင်းပြည်တလွှားကို ကြေငြာမောင်းခတ်ပြီး သိမ်းငှက်ကို ပျံအောင် ဆောင်ရွက်နိုင်မယ့် ဆေးဆရာတွေ၊ မှော်ဆရာတွေကို ဆင့်ခေါ်ပြီး ကုသခိုင်းပေးမယ့် မရပါဘူး။ အဲဒါနဲ့ ဘုရင်ကြီးက စိတ်မလျော့ပဲ ပညာရှိတွေနဲ့ မှူးကြီးမတ်ရာတွေကို တာဝန်ပေးပြီး ကြိုးစားလုပ် ဆောင်ခိုင်းတော့လဲ မအောင်မြင်ပြန်ပါဘူး။

နည်းပေါင်းစုံသုံးပေးမယ့်လည်း မအောင်မြင်တာကြောင့် ဘုရင်ကြီးက ပြန်သုံးသပ်တော့ “ကျေး လက်တောရွာထဲက ငှက်တွေရဲ့ သဘာဝကို နားလည်မယ့် သူတစ်ဦးကို ရှာဖွေပြီး တာဝန်ပေးလျှင် ရနိုင်လောက်တယ်” လို့အကြံရသွားပါတယ်။ အဲဒါနဲ့ ရဲမက်တွေကို ကျေးလက်တောရွာထဲမှ လေ့ကျင့်ပေးနိုင်မည့်သူအား ရှာဖွေဖို့ လွှတ်လိုက်ပါတယ်။

နောက်တစ်နေ့ မနက်ခင်းမှာ ဘုရင်ကြီးဟာ ဥယျာဉ်တော်ပေါ်မှာ ပျံသန်းနေတဲ့ သိမ်းငှက်ကို တွေလိုက်ရတော့ အံ့အားသင့်ပြီး ရဲမက်များအား “သိမ်းငှက်အား ပျံသန်းအောင် ဆောင်ရွက်နိုင်သူကို ရှေ့တော်မှောက်သွင်းစေ” လို့ အမိန့်တော် ချလိုက်ပါတယ်။ အဲဒါနဲ့ ကျေးတောသားတစ်ဦးကို ရဲမက်များကခေါ်လာရာမှာ

ဘုရင်ကြီးက “မောင်မင်း သိမ်းငှက်ကို ပျံသန်းအောင် မည်သို့ပြုလုပ်သနည်း” လို့ မေးတော့ ကျေးတောသားမှ အရိုအသေပေးရင်း “အလွန်တရာမှ လွယ်ကူပါတယ် အရှင်မင်းကြီး၊ သိမ်းငှက်နားနေသည့် သစ်ကိုင်းအားခုတ်ဖြတ်လိုက်ခြင်းသာ ဖြစ်ပါတယ်” လို့ လျောက်တင်လိုက်ပါတယ်။

ကျွန်တော်တို့အားလုံးကို ပျံသန်းနိုင်ဖို့အတွက် ဖန်ဆင်းထားခြင်း ဖြစ်ပါတယ် ကျွန်တော်တို့ဟာ လူသားတစ်ယောက်ဖြစ်ပြီး မိမိတို့ရဲ့ အကန့်အသတ်မဲ့ လုပ်ဆောင်နိုင်စွမ်းကို သဘောပေါက် သိရှိပြီး အပတ်တကုတ် ကြိုးစားအားထုတ်နေကြရမှာ ဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ကြိုးစားအားထုတ်ရမယ့်အစား မိမိတို့ရဲ့ ရင်းနှီးကျွမ်းဝင်ရာ အရာများကို ဖက်တွယ် ထားမိတတ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ တိုးတက်ကြီးပွားနိုင်ချေဟာ အတိုင်းအဆမရှိပေမယ့် အများစုကတော့ မိမိရဲ့တိုးတက်နိုင်စွမ်းကို မသိရှိကြပါဘူး။ ကျွန်တော်တို့ဟာ ရင်းနှီးကျွမ်းဝင်ပြီးသားအရာများ၊

သက်တောင့်သက်သာ ဖြစ်မှုများနဲ့ သာမန်ဘဝအား ပိုမိုနှစ်ခြိုက်လေ့ ရှိကြပါတယ်။ အဲဒါကြောင့် အသက်တာကို သာမန်အမှုမဲ့အမှတ်မဲ့ ဖြတ်သန်းနေခြင်း မဟုတ်ပဲ ကြိုးစားအားထုတ်ရင်း ကျွန်တော်တို့ရဲ့ မသိရှိရသေးတဲ့ ကိုယ်ပိုင် အစွမ်းအစများအား ဖေါ်ထုတ်ကြပါစို့။

Credit – စောဒေးဗစ်

Be the first to comment

Leave a Reply

Your email address will not be published.


*