
ယာဥ္ေမာင္းလိုင္စင္ အဆင့္တိုးျမႇင့္ျခင္းႏွင့္ ပတ္သက္၍ သိထားရမည့္ အခ်က္မ်ား
အနက္ ”ခ” ယာဥ္ေမာင္းလိုင္စင္ (၃)ႏွစ္သက္တမ္းျပည့္ရင္ အညိဳ ”ဃ” ယာဥ္ေမာင္းလိုင္စင္ ေျပာင္း (ေျဖ) လို႔ ရတယ္။ အနက္ ”ခ” ယာဥ္ေမာင္းလိုင္စင္ (၅)ႏွစ္သက္တမ္းျပည့္ရင္ အနီ ”င” ယာဥ္ေမာင္းလိုင္စင္ ေျပာင္း (ေျဖ)လို႔ ရတယ္။ အညိဳ ”ဃ” ယာဥ္ေမာင္းလိုင္စင္ (၂)ႏွစ္သက္တမ္းျပည့္ရင္ အနီ ”င” ယာဥ္ေမာင္းလိုင္စင္ ေျပာင္း (ေျဖ)လို႔ ရတယ္။
အဲ့ဒီလို (၃)ႏွစ္ (၂)ႏွစ္ (၅)ႏွစ္တို႔ ျပည့္မွ ေျပာင္း (ေျဖ)လို႔ရတယ္လို႔ ဆိုထားေပမဲ့လည္း တခ်ိဳ႕က သက္မွတ္ႏွစ္ ျပည့္ကာနီး လပိုင္း ရက္ပိုင္းအလိုမွာ ေျပာင္း(ေျဖ) လို႔ ရမရ သိခ်င္ေနၾကပါတယ္။
မၾကာမၾကာ ေမးၾကတဲ့သူေတြမ်ားလို႔ ေျဖေပးလိုက္ပါတယ္။ လိုင္စင္ေတြဟာ သတ္မွတ္ႏွစ္ျပည့္မွသာ ေနာက္တဆင့္ ေျပာင္းလို႔ရ ပါတယ္ တစ္ရက္ကေလး လိုရင္ေတာင္ မရပါဘူး။ အနက္ (၃)ႏွစ္ျပည့္လို႔ အညိဳေျပာင္းခ်င္ရင္ သုံးႏွစ္ျပည့္ၿပီးမွ သာလွ်င္ ေျပာင္းလို႔ ရမွာပါ။ အနီဆိုရင္လည္း (၅)ႏွစ္ျပည့္ၿပီးမွ ရမွာပါ။ လပိုင္း ရက္ပိုင္းပဲ လိုေတာ့တာမို႔ ႀကိဳတင္လို႔ ေျပာင္း(ေျဖ) လို႔ မရပါဘူး။
ေနာက္ၿပီး တခ်ိဳ႕လိုင္စင္ေတြဟာ ဥပမာ မနက္ျဖန္ဆို အနက္ (၅)ႏွစ္ျပည့္လို႔ အနီေျပာင္းခ်င္တယ္။ သက္တမ္းကလဲ မနက္ျဖန္ဆို ျပည့္ၿပီ။ ဒီေတာ့ သက္တမ္း တိုးမေနေတာ့ဘဲ တစ္ခါတည္း အနီေျဖခ်င္တယ္ ဒါမ်ိဳးေတြလဲ ရွိၾကပါတယ္။ သတ္မွတ္ႏွစ္ ျပည့္ၿပီးမွလို႔ ဆိုထားတဲ့အတြက္ သက္တမ္းတိုးၿပီးမွပဲ ေျဖလို႔ ေျပာင္းလို႔ ရမွာပါ။
တဆင့္တက္မည့္ ေျဖမည့္ လက္ရွိကိုင္ေဆာင္ထားတဲ့ လိုင္စင္ေတြဟာ သက္တမ္း ရွိေနရမွာပါ။ လက္ထဲက လိုင္စင္ဟာ (၅)ႏွစ္ေတာင္ မကေတာ့ဘူး ေက်ာ္ေတာင္ေနၿပီလို႔ ေျပာေပမဲ့လည္း သက္တမ္းကုန္ေနရင္ မရပါဘူး။ သက္တမ္း တိုးၿပီးမွ ရမွာပါ။
messenger ကေန ေမးၾကတဲ့ friend ေတြအတြက္ ကြၽန္ေတာ္သိထားတာကို ျပန္လည္ ေျဖၾကားေပးျခင္း ျဖစ္ပါတယ္။ ေန႔စဥ္ ယာဥ္/လမ္း စည္းကမ္းေမးျမန္းၾကသူ (၅၀)ဦးခန႔္ကို ျပန္လည္ ေျဖၾကားေပးေနပါေသာ္လည္း ည (၁၁)နာရီ ေနာက္ပိုင္း ေမးၾကတဲ့ သူေတြကိုေတာ့ ေနာက္ေန႔မွပဲ ေျဖၾကားေပးပါရေစခင္ဗ်။
share from: burmese.asia
Unicode ဖြင့်ဖတ်ရန်
ယာဉ်မောင်းလိုင်စင် အဆင့်တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ သိထားရမည့် အချက်များ
အနက် ”ခ” ယာဉ်မောင်းလိုင်စင် (၃)နှစ်သက်တမ်းပြည့်ရင် အညို ”ဃ” ယာဉ်မောင်းလိုင်စင် ပြောင်း (ဖြေ) လို့ ရတယ်။ အနက် ”ခ” ယာဉ်မောင်းလိုင်စင် (၅)နှစ်သက်တမ်းပြည့်ရင် အနီ ”င” ယာဉ်မောင်းလိုင်စင် ပြောင်း (ဖြေ)လို့ ရတယ်။ အညို ”ဃ” ယာဉ်မောင်းလိုင်စင် (၂)နှစ်သက်တမ်းပြည့်ရင် အနီ ”င” ယာဉ်မောင်းလိုင်စင် ပြောင်း (ဖြေ)လို့ ရတယ်။
အဲ့ဒီလို (၃)နှစ် (၂)နှစ် (၅)နှစ်တို့ ပြည့်မှ ပြောင်း (ဖြေ)လို့ရတယ်လို့ ဆိုထားပေမဲ့လည်း တချို့က သက်မှတ်နှစ် ပြည့်ကာနီး လပိုင်း ရက်ပိုင်းအလိုမှာ ပြောင်း(ဖြေ) လို့ ရမရ သိချင်နေကြပါတယ်။
မကြာမကြာ မေးကြတဲ့သူတွေများလို့ ဖြေပေးလိုက်ပါတယ်။ လိုင်စင်တွေဟာ သတ်မှတ်နှစ်ပြည့်မှသာ နောက်တဆင့် ပြောင်းလို့ရ ပါတယ် တစ်ရက်ကလေး လိုရင်တောင် မရပါဘူး။ အနက် (၃)နှစ်ပြည့်လို့ အညိုပြောင်းချင်ရင် သုံးနှစ်ပြည့်ပြီးမှ သာလျှင် ပြောင်းလို့ ရမှာပါ။ အနီဆိုရင်လည်း (၅)နှစ်ပြည့်ပြီးမှ ရမှာပါ။ လပိုင်း ရက်ပိုင်းပဲ လိုတော့တာမို့ ကြိုတင်လို့ ပြောင်း(ဖြေ) လို့ မရပါဘူး။
နောက်ပြီး တချို့လိုင်စင်တွေဟာ ဥပမာ မနက်ဖြန်ဆို အနက် (၅)နှစ်ပြည့်လို့ အနီပြောင်းချင်တယ်။ သက်တမ်းကလဲ မနက်ဖြန်ဆို ပြည့်ပြီ။ ဒီတော့ သက်တမ်း တိုးမနေတော့ဘဲ တစ်ခါတည်း အနီဖြေချင်တယ် ဒါမျိုးတွေလဲ ရှိကြပါတယ်။ သတ်မှတ်နှစ် ပြည့်ပြီးမှလို့ ဆိုထားတဲ့အတွက် သက်တမ်းတိုးပြီးမှပဲ ဖြေလို့ ပြောင်းလို့ ရမှာပါ။
တဆင့်တက်မည့် ဖြေမည့် လက်ရှိကိုင်ဆောင်ထားတဲ့ လိုင်စင်တွေဟာ သက်တမ်း ရှိနေရမှာပါ။ လက်ထဲက လိုင်စင်ဟာ (၅)နှစ်တောင် မကတော့ဘူး ကျော်တောင်နေပြီလို့ ပြောပေမဲ့လည်း သက်တမ်းကုန်နေရင် မရပါဘူး။ သက်တမ်း တိုးပြီးမှ ရမှာပါ။
messenger ကနေ မေးကြတဲ့ friend တွေအတွက် ကျွန်တော်သိထားတာကို ပြန်လည် ဖြေကြားပေးခြင်း ဖြစ်ပါတယ်။ နေ့စဉ် ယာဉ်/လမ်း စည်းကမ်းမေးမြန်းကြသူ (၅၀)ဦးခန့်ကို ပြန်လည် ဖြေကြားပေးနေပါသော်လည်း ည (၁၁)နာရီ နောက်ပိုင်း မေးကြတဲ့ သူတွေကိုတော့ နောက်နေ့မှပဲ ဖြေကြားပေးပါရစေခင်ဗျ။
share from: burmese. asia
Leave a Reply