(၃) ညာလက်မ အပေါ်ဘက်
(၄) ညာလက်သူကြွယ်အောက်
(၅) ညာလက်မ အရင်းနား
Writer Dr Jue ( XYZ NEWS )
Unicode ဖြင့်ဖတ်ရန်
သင့်ညာလက်ဖဝါးကို (၂ ) မိနစ်နှိပ်ပေးရုံမျှဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးများ
တရုတ်တိုင်းရင်းဆေးပညာဟာ အာရှသာမက တစ်ကမ္ဘာလုံးတွင်ပါ ကျော်ကြားပါတယ်။ တရုတ်ရိုးရာ အပ်စိုက်ကုပညာက ကျန်းမာရေးအတွက်များစွာ အကျိူးရှိစေသော်လည်း ကျွမ်းကျင်တဲ့ ပညာရှင်ရှိမှသာလျှင် ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။
ယခု ဖော်ပြမယ့်နည်းကတော့ ဘာကိရိယာမှမလို မည်သူ့အကူအညီမှ မလိုပဲ ကြွက်သားနာကျင်ခြင်းများကို သက်သာစေမယ့် တရုတ်ဆေးပညာရပ် ဖြစ်ပါတယ်။ ယခုဖော်ပြမယ့် လက်ဖဝ ါးပေါ်ရှိ နေရာများကို ၂မိနစ်ခန့် နှိပ်နယ်ပေးရုံဖြင့် နာကျင်ခြင်းများကို သက်သာစေမှာပါ
(၁) ညာလက်ဖဝ ါး၏ ဘယ်ဘက်အခြမ်း အလယ်တည့်တည့်
-အစာအိမ်၊ အူလမ်းကြောင်း နာကျင်ခြင်းကို သက်သာစေပြီး အစာကြေစေပါတယ်။
(၂) ညာလက်သန်း အလယ်တည့်တည့်
-လက်မောင်း၊ ကျောနှစ်ဖက်ရှိ နာကျင်ခြင်းများကို သက်သာစေပါတယ်
(၃) ညာလက်မ အပေါ်ဘက်
ခေါင်းကိုက်ခြင်း၊ မျက်စိကိုက်ခဲခြင်းဝေဒနာများကို သက်သာစေပါတယ်
(၄) ညာလက်သူကြွယ်အောက်
ရင်ဘတ်၊ နှလုံး၊ အဆုတ်ဆိုင်ရာ နာကျင်ခြင်းများကို သက်သာစေပါတယ်
(၅) ညာလက်မ အရင်းနား
ကျောက်ကပ်နဲ့ အဒရီနယ်ဂလင်းဆိုင်ရာ နာကျင်ခြင်းများကို သက်သာစေပါတယ်
(၆) ဇက်ကြောတက်ခြင်းအတွက်
ကြက်ဆူဆီကို ဂုတ်ပေါ်တွင် လိမ်းပြီး နှိပ်နယ်ပေးပါ။ အယောင် ကျဖို့အတွက် ရေခဲကပ်ပေးနိုင်ပြီး သွေးလှည့်ပတ်မှု ကောင်းစေဖို့ ရေနွေးအိတ် ကပ်ပေးနိုင်ပါတယ်။
(၇) ခေါင်းကိုက်ခြင်းကို လျင်မြန်စွာ ပျောက်ကင်းစေဖို့
Tai Chong point လိုခေါ့်သော ခြေမနဲ့ ခြေညိုးအောက်ဘက် လက်၂လုံးအကွာတွင် ရှိသောနေရာကို ၂မိနစ်ခန့် ဖိပါ။ နာကျင်ခြင်းများ သက်သာလာတာကို တွေ့ရပါမယ်။
Bonus အနေနဲ့ သင်စိတ်တိုခြင်း သို့မဟုတ် စိတ်ပူပန်ခြင်းကို ခံစားရသောအခါ လက်ခလယ်ကို တင်းကျပ်စွာဆုပ်ကိုင်ပေးခြင်းဖြင့် စိတ်သောကများ လျော့ပါးလာမှာ ဖြစ်ပါတယ်။
Writer Dr Jue ( XYZ NEWS )
Leave a Reply