သင္ဟာ အိုေသြးအမ်ိဴးအစားပိုင္ရွင္ဆိုပါက မျဖစ္မေန သိထားသင့္ေသာအခ်က္မ်ား

Zawgyi ျဖင့္ဖတ္ရန္

အိုေသြးပိုင္ရွင္ေတြဟာ ဘယ္ေသြးအမ်ိဴးအစား ရွိသူကိုမဆို ေသြးလႉႏိုင္တဲ့ Universal Donorsေတြ ျဖစ္ပါတယ္။ အိုေသြးပိုင္ရွင္မ်ားဟာ က်န္ေသာေသြးအမ်ိဴးအစား ေလးမ်ိဴးလုံးကို ေသြးလႉႏိုင္သူမ်ား ျဖစ္ပါတယ္။ ဒါေပမယ့္ RH positive ေတာ့ ျဖစ္ဖို႔လိုပါတယ္။

အေရးေပၚလူနာမ်ားအတြက္ ေသြးအမ်ိဴးအစားတူ မရွာႏိုင္ပါက အိုေသြးကိုသာ အသုံးျပဳႏိုင္ပါတယ္။ ထို႔ျပင္ ေမြးကာစကေလးေလးမ်ားအတြက္လဲ အိုေသြးကို အသုံးျပဳျခင္းက စိတ္ခ်ရပါတယ္။

-အိုေသြးပိုင္ရွင္ေတြကေတာ့ အိုေသြးအမ်ိဴးအစားကိုသာ လက္ခံႏိုင္ပါတယ္… အိုေသြးက တျခားေသာ ေသြးအုပ္စုမ်ားကို ေသြးေပးႏိုင္ေသာ္လည္း အိုေသြးပိုင္ရွင္အေနနဲ႔ကေတာ့ အိုေသြးအမ်ိဴးအစားတူကိုသာ ရွာေဖြရမွာ ျဖစ္ပါတယ္။

-က်န္းမာေရး ဆိုးက်ိဴးမ်ား

သိပၸံပညာရွင္မ်ားအဆိုအရ ေသြးအမ်ိဴးအစားအလိုက္ အျဖစ္မ်ားတဲ့ ေရာဂါမ်ားရွိပါတယ္။ အိုေသြးပိုင္ရွင္မ်ားအေနနဲ႔ အျခားေသာေသြးအုပ္စုပိုင္ရွင္မ်ားထက္ စာရင္ ဘတ္တီးရီးယားနဲ႔ ဗိုင္းရပ္စ္ပိုး ဝင္ေရာက္မႈ (infection)ကို ပိုႀကဳံေတြ႕ရေလ့ ရွိပါတယ္။

ဒါေၾကာင့္ အိုေသြးမ်ားဟာ တီဘီ၊ ပလိပ္၊ ကာလဝမ္းေရာဂါစတဲ့ ကူးစက္ေရာဂါဆိုးမ်ားကို အျခားေသြးအုပ္စုပိုင္ရွင္မ်ားထက္ ပိုခံစားရတတ္ပါတယ္။ ထို႔ျပင္ တျခားေသြးအုပ္စုမ်ားထက္ အူအနာျဖစ္ပြားမႈ ပိုမ်ားတတ္ပါတယ္။

-က်န္းမာေရးေကာင္းက်ိဴးမ်ား

အိုေသြးပိုင္ရွင္ေတြဟာ အျခားေသြးအုပ္စုပိုင္ရွင္မ်ားထက္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါျဖစ္ပြားမႈ ပိုမိုနည္းပါးတာ ေတြ႕ရပါတယ္။ ထို႔ျပင္ အျခားေသြးအုပ္စုဝင္ေတြက အိုေသြးအုပ္စုထက္စာရင္ မုတ္ခ်ိဴအိတ္ကင္ဆာျဖစ္ပြားမႈ ၂၅ရာႏႈန္း မ်ားျပားပါတယ္။ ထို႔ျပင္ ႏွလုံးေရာဂါနဲ႔ ဦးေႏွာက္စြမ္းရည္က်ဆင္းေရာဂါေတြလဲ အျဖစ္နည္းတာမို႔ အိုေသြးပိုင္ရွင္ေတြအတြက္ ဝမ္းသာစရာပါ။

-အိုေသြးပိုင္ရွင္မ်ားနဲ႔ စားေသာက္မႈပုံစံ

ေသြးအမ်ိဴးအစားအလိုက္ စားသင့္ေသာ အစာအုပ္စုမ်ားအေၾကာင္းကို ၾကားဖူးပါလိမ့္မယ္။ ဒါေပမယ့္ အာဟာရပညာရွင္မ်ားကေတာ့ ေသြးအုပ္စုအလိုက္ စားမယ့္အစား လူတကိုယ္ခ်င္းစီအလိုက္ ကိုယ္ပိုင္စားေသာက္မႈ ပုံစံကိုပဲ လိုက္နာသင့္တယ္လို႔ အႀကံျပဳထားပါတယ္

-အိုေသြးပိုင္ရွင္မ်ားနဲ႔ စိတ္ေနသေဘာထား

ေသြးအုပ္စုအမ်ိဴးအစားအေပၚ မူတည္ၿပီး လူတစ္ေယာက္ခ်င္းစီရဲ႕ စိတ္ေနသေဘာထားမ်ား ကြဲျပားပါတယ္။ ဂ်ပန္ႏိုင္ငံမွာဆိုလွ်င္ ေသြးအမ်ိဴးအစားအလိုက္ ေန႔စဥ္ေဟာကိန္းမ်ားကို သတင္းစာမွာ ေဖာ္ျပေလ့ရွိပါတယ္။ ဂ်ပန္လူမ်ိဴးမ်ားရဲ႕အယူအဆအရ အိုေသြးပိုင္ရွင္တို႔ဟာ ရက္ေရာတယ္။

စိတ္အားထက္သန္သူမ်ားျဖစ္လို႔ အလုပ္ခြင္မွာ ေအာင္ျမင္သူမ်ားျဖစ္ၾကတယ္။ လူမႈဆက္ဆံေရးေကာင္းမြန္ၿပီး အခ်စ္ေရးမွာလဲ ႐ိုမန႔္တစ္ဆန္သူမ်ား ျဖစ္ၾကတယ္လို႔ ဆိုပါတယ္။ အိုေသြးပိုင္ရွင္တို႔နဲ႔ အလိုက္ဖက္ဆုံး ဖူးစာဖက္ေတြကေတာ့ အိုေသြးနဲ႔ေအေသြးတို႔ ျဖစ္ပါတယ္။

Writer-Dr Jue ( XYZ NEWS )

Unicode ဖြင့်ဖတ်ရန်

သင်ဟာ အိုသွေးအမျိူးအစားပိုင်ရှင်ဆိုပါက မဖြစ်မနေ သိထားသင့်သောအချက်များ

အိုသွေးပိုင်ရှင်တွေဟာ ဘယ်သွေးအမျိူးအစား ရှိသူကိုမဆို သွေးလှူနိုင်တဲ့ Universal Donorsတွေ ဖြစ်ပါတယ်။ အိုသွေးပိုင်ရှင်များဟာ ကျန်သောသွေးအမျိူးအစား လေးမျိူးလုံးကို သွေးလှူနိုင်သူများ ဖြစ်ပါတယ်။ ဒါပေမယ့် RH positive တော့ ဖြစ်ဖို့လိုပါတယ်။

အရေးပေါ်လူနာများအတွက် သွေးအမျိူးအစားတူ မရှာနိုင်ပါက အိုသွေးကိုသာ အသုံးပြုနိုင်ပါတယ်။ ထို့ပြင် မွေးကာစကလေးလေးများအတွက်လဲ အိုသွေးကို အသုံးပြုခြင်းက စိတ်ချရပါတယ်။

-အိုသွေးပိုင်ရှင်တွေကတော့ အိုသွေးအမျိူးအစားကိုသာ လက်ခံနိုင်ပါတယ်… အိုသွေးက တခြားသော သွေးအုပ်စုများကို သွေးပေးနိုင်သော်လည်း အိုသွေးပိုင်ရှင်အနေနဲ့ကတော့ အိုသွေးအမျိူးအစားတူကိုသာ ရှာဖွေရမှာ ဖြစ်ပါတယ်။

-ကျန်းမာရေး ဆိုးကျိူးများ

သိပ္ပံပညာရှင်များအဆိုအရ သွေးအမျိူးအစားအလိုက် အဖြစ်များတဲ့ ရောဂါများရှိပါတယ်။ အိုသွေးပိုင်ရှင်များအနေနဲ့ အခြားသောသွေးအုပ်စုပိုင်ရှင်များထက် စာရင် ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုး ဝင်ရောက်မှု (infection)ကို ပိုကြုံတွေ့ရလေ့ ရှိပါတယ်။

ဒါကြောင့် အိုသွေးများဟာ တီဘီ၊ ပလိပ်၊ ကာလဝမ်းရောဂါစတဲ့ ကူးစက်ရောဂါဆိုးများကို အခြားသွေးအုပ်စုပိုင်ရှင်များထက် ပိုခံစားရတတ်ပါတယ်။ ထို့ပြင် တခြားသွေးအုပ်စုများထက် အူအနာဖြစ်ပွားမှု ပိုများတတ်ပါတယ်။

-ကျန်းမာရေးကောင်းကျိူးများ

အိုသွေးပိုင်ရှင်တွေဟာ အခြားသွေးအုပ်စုပိုင်ရှင်များထက် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားမှု ပိုမိုနည်းပါးတာ တွေ့ရပါတယ်။ ထို့ပြင် အခြားသွေးအုပ်စုဝင်တွေက အိုသွေးအုပ်စုထက်စာရင် မုတ်ချိူအိတ်ကင်ဆာဖြစ်ပွားမှု ၂၅ရာနှုန်း များပြားပါတယ်။ ထို့ပြင် နှလုံးရောဂါနဲ့ ဦးနှောက်စွမ်းရည်ကျဆင်းရောဂါတွေလဲ အဖြစ်နည်းတာမို့ အိုသွေးပိုင်ရှင်တွေအတွက် ဝမ်းသာစရာပါ။

-အိုသွေးပိုင်ရှင်များနဲ့ စားသောက်မှုပုံစံ

သွေးအမျိူးအစားအလိုက် စားသင့်သော အစာအုပ်စုများအကြောင်းကို ကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် အာဟာရပညာရှင်များကတော့ သွေးအုပ်စုအလိုက် စားမယ့်အစား လူတကိုယ်ချင်းစီအလိုက် ကိုယ်ပိုင်စားသောက်မှု ပုံစံကိုပဲ လိုက်နာသင့်တယ်လို့ အကြံပြုထားပါတယ်

-အိုသွေးပိုင်ရှင်များနဲ့ စိတ်နေသဘောထား

သွေးအုပ်စုအမျိူးအစားအပေါ် မူတည်ပြီး လူတစ်ယောက်ချင်းစီရဲ့ စိတ်နေသဘောထားများ ကွဲပြားပါတယ်။ ဂျပန်နိုင်ငံမှာဆိုလျှင် သွေးအမျိူးအစားအလိုက် နေ့စဉ်ဟောကိန်းများကို သတင်းစာမှာ ဖော်ပြလေ့ရှိပါတယ်။ ဂျပန်လူမျိူးများရဲ့အယူအဆအရ အိုသွေးပိုင်ရှင်တို့ဟာ ရက်ရောတယ်။

စိတ်အားထက်သန်သူများဖြစ်လို့ အလုပ်ခွင်မှာ အောင်မြင်သူများဖြစ်ကြတယ်။ လူမှုဆက်ဆံရေးကောင်းမွန်ပြီး အချစ်ရေးမှာလဲ ရိုမန့်တစ်ဆန်သူများ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ အိုသွေးပိုင်ရှင်တို့နဲ့ အလိုက်ဖက်ဆုံး ဖူးစာဖက်တွေကတော့ အိုသွေးနဲ့အေသွေးတို့ ဖြစ်ပါတယ်။

Writer- Dr Jue ( XYZ NEWS )

Be the first to comment

Leave a Reply

Your email address will not be published.


*