အစားအစာေတြ အမ်ားႀကီးစားေသာက္ၿပီးလို႔ အီလည္လည္ျဖစ္ေနရင္ သက္သာေစမယ့္ နည္းလမ္း မ်ား

အစားအစာေတြ အမ်ားႀကီးစားေသာက္ၿပီးလို႔ အီလည္လည္ျဖစ္ေနရင္ သက္သာေစမယ့္ နည္းလမ္းမ်ား

ေပ်ာ္ပြဲ႐ႊင္ပြဲေတြမွာ ကြၽန္ေတာ္တို႔ အားရပါးရ စားေသာက္ေလ့ ရွိၾကတဲ့အတြက္ စားေသာက္ၿပီးတဲ့ ျပည့္အင့္တဲ့ ဒဏ္ကို ခံစားရပါတယ္ ။ ခႏၶာကိုယ္ ထဲကို အခ်ိဳေတြနဲ႔ အငံဓါတ္ေတြ အမ်ားႀကီး ေရာက္လာတဲ့အခါမွာ လူက ေနမထိ ထိုင္မသာ ျဖစ္တတ္ပါတယ္ ။

ဒါေပမယ့္ အခုလို ျဖစ္ေနတဲ့ ျပႆနာကို ေဖ်ာ္ရည္ ၃ မ်ိဳးနဲ႔ ေျဖရွင္းႏိုင္တယ္ ဆိုတာေရာ သင္သိရဲ႕လား ။

၁- သံပုရာရည္

သိပ္ကို အစြမ္းထက္တဲ့ နည္းလမ္းေဟာင္း တစ္ခုပါ ။ သံပရာရည္ဟာ အစာေခ်စနစ္ကို တိုးတက္ေစတဲ့အျပင္ ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္စဥ္ေတြကိုလည္း လႈံ႕ေဆာ္ေပးပါတယ္။ ဗီတာမင္စီ ပါဝင္တဲ့အတြက္ ခႏၶာကိုယ္ကို လန္းဆန္းေစၿပီး အသည္းထဲက အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးႏိုင္ပါတယ္။

ဒါေၾကာင့္ မနက္ေစာေစာစီးစီး ဘာအစားအေသာက္မွ မစားခင္ သံပရာသီးတစ္ျခမ္းေလာက္ကို ေရေႏြးနဲ႔ ေသာက္ေပးမယ္ဆိုရင္ သင့္ရဲ႕က်န္းမာေရးအေျခအေန အလြန္တိုးတက္လာႏိုင္ပါတယ္ ။

၂- သစ္သီးေဖ်ာ္ရည္

လိေမၼာ္သီး ၊ စပ်စ္သီး အစရွိတဲ့ အသီးေဖ်ာ္ရည္ေတြ ၊ ေဂၚဖီထုတ္ ၊ နံနံပင္ စသည္တို႔ကို ေဖ်ာ္ထားတဲ့ အသီးအ႐ြက္ ေဖ်ာ္ရည္ေတြဟာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ စြမ္းအင္ကို ထုတ္ေပးႏိုင္ၿပီးေတာ့ အူလမ္းေၾကာင္းကိုလည္း သန႔္ရွင္းေစႏိုင္ပါတယ္ ။ မနက္ေစာေစာ သစ္သီးေဖ်ာ္ရည္တစ္ခုခု ေသာက္သုံးေပးမယ္ဆိုရင္ အစာေၾကလြယ္ၿပီး ဝမ္းမွန္ေစပါလိမ့္မယ္ ။

၃- လက္ဖက္ရည္

လက္ဖက္ရည္ဟာ ခႏၶာကိုယ္ထဲက အဆီေတြကို ေလာင္ကြၽမ္းေစႏိုင္တဲ့အျပင္ အသည္းမွ အဆိပ္ေတြနဲ႔ ခႏၶာကိုယ္ထဲမွ ပိုလ်ံေနတဲ့ ေရေတြကိုလည္း ဖယ္ထုတ္ ေပးႏိုင္ပါတယ္ ။ ေရေႏြးၾကမ္း ၊ ေရေႏြးအျဖဴနဲ႔ ေဆးလက္ဖက္ရည္တို႔ကို ေသာက္သုံးျခင္းျဖင့္ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားပစ္ႏိုင္ပါတယ္။

Writer – Min Thu (Daily Hot News)

Unicode ဖြင့်ဖတ်ရန်

အစားအစာတွေ အများကြီးစားသောက်ပြီးလို့ အီလည်လည်ဖြစ်နေရင် သက်သာစေမယ့် နည်းလမ်းများ

ပျော်ပွဲရွှင်ပွဲတွေမှာ ကျွန်တော်တို့ အားရပါးရ စားသောက်လေ့ ရှိကြတဲ့အတွက် စားသောက်ပြီးတဲ့ ပြည့်အင့်တဲ့ ဒဏ်ကို ခံစားရပါတယ် ။ ခန္ဓာကိုယ် ထဲကို အချိုတွေနဲ့ အငံဓါတ်တွေ အများကြီး ရောက်လာတဲ့အခါမှာ လူက နေမထိ ထိုင်မသာ ဖြစ်တတ်ပါတယ် ။

ဒါပေမယ့် အခုလို ဖြစ်နေတဲ့ ပြဿနာကို ဖျော်ရည် ၃ မျိုးနဲ့ ဖြေရှင်းနိုင်တယ် ဆိုတာရော သင်သိရဲ့လား ။

၁- သံပုရာရည်

သိပ်ကို အစွမ်းထက်တဲ့ နည်းလမ်းဟောင်း တစ်ခုပါ ။ သံပရာရည်ဟာ အစာချေစနစ်ကို တိုးတက်စေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကိုလည်း လှုံ့ဆော်ပေးပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကို လန်းဆန်းစေပြီး အသည်းထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ဒါကြောင့် မနက်စောစောစီးစီး ဘာအစားအသောက်မှ မစားခင် သံပရာသီးတစ်ခြမ်းလောက်ကို ရေနွေးနဲ့ သောက်ပေးမယ်ဆိုရင် သင့်ရဲ့ကျန်းမာရေးအခြေအနေ အလွန်တိုးတက်လာနိုင်ပါတယ် ။

၂- သစ်သီးဖျော်ရည်

လိမ္မော်သီး ၊ စပျစ်သီး အစရှိတဲ့ အသီးဖျော်ရည်တွေ ၊ ဂေါ်ဖီထုတ် ၊ နံနံပင် စသည်တို့ကို ဖျော်ထားတဲ့ အသီးအရွက် ဖျော်ရည်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ထုတ်ပေးနိုင်ပြီးတော့ အူလမ်းကြောင်းကိုလည်း သန့်ရှင်းစေနိုင်ပါတယ် ။ မနက်စောစော သစ်သီးဖျော်ရည်တစ်ခုခု သောက်သုံးပေးမယ်ဆိုရင် အစာကြေလွယ်ပြီး ဝမ်းမှန်စေပါလိမ့်မယ် ။

၃- လက်ဖက်ရည်

လက်ဖက်ရည်ဟာ ခန္ဓာကိုယ်ထဲက အဆီတွေကို လောင်ကျွမ်းစေနိုင်တဲ့အပြင် အသည်းမှ အဆိပ်တွေနဲ့ ခန္ဓာကိုယ်ထဲမှ ပိုလျံနေတဲ့ ရေတွေကိုလည်း ဖယ်ထုတ် ပေးနိုင်ပါတယ် ။ ရေနွေးကြမ်း ၊ ရေနွေးအဖြူနဲ့ ဆေးလက်ဖက်ရည်တို့ကို သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

Writer – Min Thu (Daily Hot News)

Be the first to comment

Leave a Reply

Your email address will not be published.


*