ေနာက္တခါ အေအးဗူးေတြ ဘီယာဗူးေတြ ေဖာက္ေတာ့မယ္ဆိုရင္ ဒီအခ်က္ကို မျဖစ္မေနသတိထားပါ။

ေနာက္တခါ အေအးဗူးေတြ ဘီယာဗူးေတြ ေဖာက္ေတာ့မယ္ဆိုရင္ ဒီအခ်က္ကို မျဖစ္မေနသတိထားပါ။

အသက္ကို ဉာဏ္ေစာင့္တယ္ ဆိုတဲ့စကားအတိုင္း သင့္အေနနဲ႔ မျဖစ္မေန သိထားသင့္ပါတယ္ တခါတေလ အင္တာနက္သုံးေနရင္းနဲ႔ ႐ူးေၾကာင္ေၾကာင္သတင္း ေတြ႕ဖူးၾကမွာပါ။ ဘယ္လိုမ်ိဳးေတြလည္းဆိုေတာ့ မိသားစု အကုန္လုံး soda ဘူးေဖာက္ေသာက္ရင္း အဆိပ္သင့္သလို ျဖစ္ၿပီး ေသသြားတယ္ဆိုတဲ့ သတင္းလိုမ်ိဳးေပါ့။

ဒါေပမယ့္ အခုေျပာျပခ်င္တာက တကယ္ေသႏိုင္လား? မေသႏိုင္ဘူးလား? မေသဘူးဆိုရင္ေကာ ဘယ္လိုဆိုးက်ိဳးေတြ ျဖစ္ႏိုင္လည္း? ဘယ္လို ေရွာင္က်ဥ္သင့္သလည္း? ဆိုတာမ်ိဳးေတြ ျဖစ္ပါတယ္။ တစ္ခုေလာက္ ေမးၾကည့္ခ်င္ပါတယ္။ ႐ိုး႐ိုးသားသား ေျဖၾကတာေပါ့။

အိမ္ကေန အေဝးေရာက္ေနတဲ့ အခါမ်ိဳးေတြမွာ သံဘူးနဲ႔ လုပ္ထားတဲ့ အေအးေတြ၊ ဆိုဒါေတြ၊ ဘီယာဘူးေတြကို ေသာက္တဲ့အခါမွာ ဒီအတိုင္းေဖာက္ၿပီးေတာ့ သံဘူးနဲ႔ဘဲ ေသာက္ျဖစ္ၾကပါသလား? မေဖာက္ေသာက္ခင္တုန္းက မသန႔္ရွင္းမွာ စိုးလို႔ဆိုၿပီး မ်က္ႏွာျပင္ တဝိုက္ကို Tissue နဲ႔ သုတ္မိၾကပါသလား? အဲ့ေလာက္နဲ႔ သန႔္ရွင္းသြားၿပီလို႔ ထင္လိုက္ပါသလား? ကဲ အဲ့ဒါေတြ အကုန္လုံးအတြက္ အေျဖေတြကိုေအာက္မွာ ေဖာ္ျပေပးထားပါတယ္။

သံဘူးေတြ အကုန္လုံးကို စက္႐ုံကေန ထုတ္လိုက္ၿပီဆိုကတည္းက ပလတ္စတစ္ေတြနဲ႔ ထုတ္ပိုးထားခဲ့ပါတယ္။ ဘာလို႔လည္းဆိုေတာ့ အျခား ဖုန္ေတြ အညစ္အေၾကးေတြ မတက္ႏိုင္ေအာင္ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ အဲ့ဒီ အေနအထားအတိုင္းဘဲ စူပါမားကတ္ေတြကို ပို႔ေဆာင္ပါတယ္။

သံဘူးေတြဟာ စူပါမားကတ္ေတြရဲ႕ အေရာင္းစင္ေတြမွာ ရက္ေပါင္းမ်ားစြာ ရွိေနတာေၾကာင့္ အခ်ိဳ႕ေသာ ဖုန္ေတြ တက္ေနႏိုင္ပါတယ္။ ဒါေၾကာင့္ မေသာက္ခင္မွာ သန႔္ရွင္းေရးလုပ္ေပးတာ အေကာင္းဆုံးပါဘဲ။

ဒါေပမယ့္ အမွန္တကယ္ကေတာ့ သံဘူးေတြအရမ္းညစ္ပတ္ေနလို႔ဆိုၿပီး ဆပ္ျပာမႈန႔္ေတြ သုံးၿပီး တိုက္ခြၽတ္ေဆးေၾကာတာကေတာ့ လုံးဝမလိုအပ္တဲ့ နည္းလမ္းဘဲ ျဖစ္ပါတယ္။ ဘာဘဲျဖစ္ျဖစ္ပါ၊ ေနာက္တစ္ခါ သံဘူးေတြကို ဖြင့္ေသာက္ေတာ့မယ္ဆိုရင္ အခုေျပာမယ့္ အခ်က္ေလးေတြကို ထည့္သြင္း စဥ္းစားေပးပါ။

– သံဘူးကို သန႔္ရွင္းေပးပါ။ ဘာလို႔လည္းဆိုေတာ့ စတိုးဆိုင္မွာ ဘယ္လိုပုံစံမ်ိဳးနဲ႔ ဘယ္အခ်ိန္ထဲက သိမ္းထားတယ္ဆိုတာကို သင္မသိႏိုင္လို႔ပါဘဲ။

– Tissue သုံးမယ္ဆိုရင္လည္း တစ္ခုသိထားရမွာက Tissue က ဖုန္ေတြကိုဘဲ ဖယ္ရွားေပးႏိုင္တာပါ။ ပိုးေတာ့ မသတ္ေပးႏိုင္ပါဘူး။

– သံဘူးက ေကာင္းေကာင္းမြန္မြန္ အေနအထားနဲ႔ ရွိေနသလားဆိုတာကို ေသခ်ာစစ္ေဆးပါ။ သံေခ်းတက္ေနလား? ပ်က္စီးေနလား? ပိန္ရႈံ႕ေနသလား?

– သံဘူးဟာ ေဖာင္းႂကြေနတယ္ဆိုရင္ေတာ့ မသင့္တင့္တဲ့ ပိုးသတ္နည္းကို အသုံးျပဳထားတာေၾကာင့္ ညစ္ႏြမ္းေနမွာ ျဖစ္ပါတယ္။ အကယ္၍မ်ား သံဘူးရဲ႕ေဘးမွာ အေပါက္ေသးေသးေလးေတြ ရွိေနတာေၾကာင့္ဆိုရင္လည္း အဲ့ဒီလိုျဖစ္ႏိုင္ပါတယ္။

– ပ်က္စီးေနတယ္ဆိုရင္ေတာ့ အတြင္းပိုင္းက အရာေတြဟာ အရည္ေတြနဲ႔ သတၳဳေတြကို ေပါင္းစပ္သြားေစႏိုင္တာေၾကာင့္ အႏၲရာယ္ရွိပါတယ္။ သတၳဳကသာ သံေခ်းတက္ေနမယ္ဆိုရင္ အဲ့ဒီသံေခ်းဟာ အရည္ေတြနဲ႔ ေရာသြားၿပီး မေသာက္သုံးသင့္ေတာ့ပါဘူး။

ေနာက္ဆုံးေျပာျပခ်င္တာကေတာ့ အႀကံဉာဏ္ ႐ိုး႐ိုးေလးတစ္ခု ေပးခ်င္ပါတယ္။ သင္ကိုယ္တိုင္လည္း အင္တာနက္မွာ ရွာေဖြေတြ႕ရွိသမွ်ကို အလုံးစုံ ယုံစရာ မလိုပါဘူး။ အခုအေၾကာင္းအရာလည္း အပါအဝင္ေပါ့။

ဒါေပမယ့္ တစ္ခုေတာ့ စဥ္းစားၾကည့္ပါ။ သင္ကိုယ္တိုင္ကကို အဲ့ဒီသံဘူးေတြဟာ စတိုးဆိုင္ေတြ၊ စတိုခန္းေတြထဲမွာ ဘယ္လို သိမ္းဆည္းခံထားရသလည္း ဆိုတာကို မသိႏိုင္တဲ့ အတြက္ေၾကာင့္မို႔လို႔ အသုံးမျပဳခင္မွာ သန႔္ရွင္းေရး ျပဳလုပ္ၿပီးမွ ေသာက္သုံးတာ အေကာင္းဆုံးပါဘဲ။ ေနာက္တစ္နည္းအေနနဲ႔ ဆိုရင္ေတာ့ တျခားပုလင္းထဲ (သို႔) ခြက္တခုခုထဲကို တဆင့္ေျပာင္းလဲၿပီးမွ ေသာက္သုံးတာလည္း အေကာင္းဆုံးဘဲ ျဖစ္ပါေတာ့တယ္။

Credit : မူရင္းေရးသားသူ

Unicode ဖြင့်ဖတ်ရန်

နောက်တခါ အအေးဗူးတွေ ဘီယာဗူးတွေ ဖောက်တော့မယ်ဆိုရင် ဒီအချက်ကို မဖြစ်မနေသတိထားပါ။

အသက်ကို ဉာဏ်စောင့်တယ် ဆိုတဲ့စကားအတိုင်း သင့်အနေနဲ့ မဖြစ်မနေ သိထားသင့်ပါတယ် တခါတလေ အင်တာနက်သုံးနေရင်းနဲ့ ရူးကြောင်ကြောင်သတင်း တွေ့ဖူးကြမှာပါ။ ဘယ်လိုမျိုးတွေလည်းဆိုတော့ မိသားစု အကုန်လုံး soda ဘူးဖောက်သောက်ရင်း အဆိပ်သင့်သလို ဖြစ်ပြီး သေသွားတယ်ဆိုတဲ့ သတင်းလိုမျိုးပေါ့။

ဒါပေမယ့် အခုပြောပြချင်တာက တကယ်သေနိုင်လား? မသေနိုင်ဘူးလား? မသေဘူးဆိုရင်ကော ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်လည်း? ဘယ်လို ရှောင်ကျဉ်သင့်သလည်း? ဆိုတာမျိုးတွေ ဖြစ်ပါတယ်။ တစ်ခုလောက် မေးကြည့်ချင်ပါတယ်။ ရိုးရိုးသားသား ဖြေကြတာပေါ့။

အိမ်ကနေ အဝေးရောက်နေတဲ့ အခါမျိုးတွေမှာ သံဘူးနဲ့ လုပ်ထားတဲ့ အအေးတွေ၊ ဆိုဒါတွေ၊ ဘီယာဘူးတွေကို သောက်တဲ့အခါမှာ ဒီအတိုင်းဖောက်ပြီးတော့ သံဘူးနဲ့ဘဲ သောက်ဖြစ်ကြပါသလား? မဖောက်သောက်ခင်တုန်းက မသန့်ရှင်းမှာ စိုးလို့ဆိုပြီး မျက်နှာပြင် တဝိုက်ကို Tissue နဲ့ သုတ်မိကြပါသလား? အဲ့လောက်နဲ့ သန့်ရှင်းသွားပြီလို့ ထင်လိုက်ပါသလား? ကဲ အဲ့ဒါတွေ အကုန်လုံးအတွက် အဖြေတွေကိုအောက်မှာ ဖော်ပြပေးထားပါတယ်။

သံဘူးတွေ အကုန်လုံးကို စက်ရုံကနေ ထုတ်လိုက်ပြီဆိုကတည်းက ပလတ်စတစ်တွေနဲ့ ထုတ်ပိုးထားခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ အခြား ဖုန်တွေ အညစ်အကြေးတွေ မတက်နိုင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီ အနေအထားအတိုင်းဘဲ စူပါမားကတ်တွေကို ပို့ဆောင်ပါတယ်။

သံဘူးတွေဟာ စူပါမားကတ်တွေရဲ့ အရောင်းစင်တွေမှာ ရက်ပေါင်းများစွာ ရှိနေတာကြောင့် အချို့သော ဖုန်တွေ တက်နေနိုင်ပါတယ်။ ဒါကြောင့် မသောက်ခင်မှာ သန့်ရှင်းရေးလုပ်ပေးတာ အကောင်းဆုံးပါဘဲ။

ဒါပေမယ့် အမှန်တကယ်ကတော့ သံဘူးတွေအရမ်းညစ်ပတ်နေလို့ဆိုပြီး ဆပ်ပြာမှုန့်တွေ သုံးပြီး တိုက်ချွတ်ဆေးကြောတာကတော့ လုံးဝမလိုအပ်တဲ့ နည်းလမ်းဘဲ ဖြစ်ပါတယ်။ ဘာဘဲဖြစ်ဖြစ်ပါ၊ နောက်တစ်ခါ သံဘူးတွေကို ဖွင့်သောက်တော့မယ်ဆိုရင် အခုပြောမယ့် အချက်လေးတွေကို ထည့်သွင်း စဉ်းစားပေးပါ။

– သံဘူးကို သန့်ရှင်းပေးပါ။ ဘာလို့လည်းဆိုတော့ စတိုးဆိုင်မှာ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်အချိန်ထဲက သိမ်းထားတယ်ဆိုတာကို သင်မသိနိုင်လို့ပါဘဲ။

– Tissue သုံးမယ်ဆိုရင်လည်း တစ်ခုသိထားရမှာက Tissue က ဖုန်တွေကိုဘဲ ဖယ်ရှားပေးနိုင်တာပါ။ ပိုးတော့ မသတ်ပေးနိုင်ပါဘူး။

– သံဘူးက ကောင်းကောင်းမွန်မွန် အနေအထားနဲ့ ရှိနေသလားဆိုတာကို သေချာစစ်ဆေးပါ။ သံချေးတက်နေလား? ပျက်စီးနေလား? ပိန်ရှုံ့နေသလား?

– သံဘူးဟာ ဖောင်းကြွနေတယ်ဆိုရင်တော့ မသင့်တင့်တဲ့ ပိုးသတ်နည်းကို အသုံးပြုထားတာကြောင့် ညစ်နွမ်းနေမှာ ဖြစ်ပါတယ်။ အကယ်၍များ သံဘူးရဲ့ဘေးမှာ အပေါက်သေးသေးလေးတွေ ရှိနေတာကြောင့်ဆိုရင်လည်း အဲ့ဒီလိုဖြစ်နိုင်ပါတယ်။

– ပျက်စီးနေတယ်ဆိုရင်တော့ အတွင်းပိုင်းက အရာတွေဟာ အရည်တွေနဲ့ သတ္ထုတွေကို ပေါင်းစပ်သွားစေနိုင်တာကြောင့် အန္တရာယ်ရှိပါတယ်။ သတ္ထုကသာ သံချေးတက်နေမယ်ဆိုရင် အဲ့ဒီသံချေးဟာ အရည်တွေနဲ့ ရောသွားပြီး မသောက်သုံးသင့်တော့ပါဘူး။

နောက်ဆုံးပြောပြချင်တာကတော့ အကြံဉာဏ် ရိုးရိုးလေးတစ်ခု ပေးချင်ပါတယ်။ သင်ကိုယ်တိုင်လည်း အင်တာနက်မှာ ရှာဖွေတွေ့ရှိသမျှကို အလုံးစုံ ယုံစရာ မလိုပါဘူး။ အခုအကြောင်းအရာလည်း အပါအဝင်ပေါ့။

ဒါပေမယ့် တစ်ခုတော့ စဉ်းစားကြည့်ပါ။ သင်ကိုယ်တိုင်ကကို အဲ့ဒီသံဘူးတွေဟာ စတိုးဆိုင်တွေ၊ စတိုခန်းတွေထဲမှာ ဘယ်လို သိမ်းဆည်းခံထားရသလည်း ဆိုတာကို မသိနိုင်တဲ့ အတွက်ကြောင့်မို့လို့ အသုံးမပြုခင်မှာ သန့်ရှင်းရေး ပြုလုပ်ပြီးမှ သောက်သုံးတာ အကောင်းဆုံးပါဘဲ။ နောက်တစ်နည်းအနေနဲ့ ဆိုရင်တော့ တခြားပုလင်းထဲ (သို့) ခွက်တခုခုထဲကို တဆင့်ပြောင်းလဲပြီးမှ သောက်သုံးတာလည်း အကောင်းဆုံးဘဲ ဖြစ်ပါတော့တယ်။

Credit : မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*