ေအဘရာမိုဗစ္ခ်္ၿပီးရင္ ေနာက္တစ္ေယာက္က မန္စီတီးသူေဌးလား ? နယူကာဆယ္သူေဌးလား ?

ေနာက္တစ္ေယာက္က မန္စီတီးသူေဌးလား ? နယူကာဆယ္သူေဌးလား ?
ေနာက္တစ္ေယာက္က မန္စီတီးသူေဌးလား ? နယူကာဆယ္သူေဌးလား ?

ေအဘရာမိုဗစ္ခ်္ၿပီးရင္ ေနာက္တစ္ေယာက္က မန္စီတီးသူေဌးလား ? နယူကာဆယ္သူေဌးလား ?

ေမာင္ယႆ ( မတ္ ၃၁ )
ခ်ယ္ဆီးအသင္းပိုင္ရွင္ ေအဗရာမိုဗစ္ခ်္က ႐ုရွားအစိုးရအသိုင္းအဝိုင္းနဲ႔ နီးစပ္တဲ့သူ ျဖစ္တဲ့အတြက္ ႐ုရွားက ယူကရိန္းကို စစ္ေရးအရ အေရးယူတဲ့ အခါမွာေတာ့ ၿဗိတိန္အစိုးရက ခ်ယ္ဆီးအသင္းနဲ႔ ပတ္သတ္တဲ့ ပိုင္ဆိုင္မႈေတြကို ထိန္းခ်ဳပ္ၿပီး မိုဗစ္ခ်္ကို အဂၤလန္ေဘာလုံးေလာကကေန ကန္ထုတ္ပစ္လိုက္ပါတယ္။

အားကစားလုပ္ငန္းက ရင္းႏွီးျမဳတ္ႏွံမႈ လုပ္ဖို႔ေကာင္းတဲ့ စီးပြားေရးျဖစ္ေနေတာ့ မိုဗစ္ခ်္ရဲ႕ စီးပြားေရးလုပ္ငန္းေတြမွာ ႐ုရွားအစိုးရအဖြဲ႕ဝင္ေတြ ဒါမွမဟုတ္ ႐ုရွားသမၼတ ဗလာဒီမာပူတင္ရဲ႕ ပိုက္ဆံေတြ ပါေကာင္း ပါႏိုင္မွာပါ။ ဒါေၾကာင့္ ယူကရိန္းကို က်ဴးေက်ာ္တယ္လို႔ ၿဗိတိန္အစိုးရက သုံးသပ္တဲ့အတြက္ အဂၤလန္မွာ ႐ုရွားသူေဌးေတြလာၿပီး ျမဳပ္ႏွံထားတဲ့ ပိုင္ဆိုင္မႈေတြကို ထိန္းသိမ္းလိုက္တာပါ။

ခ်ယ္ဆီး အမ်ိဳးသားအသင္း နဲ႔ အမ်ိဳးသမီး အသင္းေတြကို ၿပိဳင္ပြဲမွာ ဆက္ကစားခိုင္းထားေပမဲ့ ခ်ယ္ဆီးရဲ႕ ရပ္တည္မႈက မေသခ်ာေတာ့ပါဘူး ။ ၂၀၀၃ ခုႏွစ္ကတည္းက ခ်ယ္ဆီးကို ဝယ္ၿပီး သူ႔စိတ္ႀကိဳက္ ရင္းႏွီးျမဳပ္ႏွံမႈ လုပ္ခြင့္ရလိုက္လို႔ မိုဗစ္ခ်္က ခ်ယ္ဆီးကို ပရီမီးယားလိဂ္ရဲ႕ ဖ်က္ျမင္းအသင္းအဆင့္ကေန ပရီးမီးယားလိဂ္ ဖလား ၅လုံး နဲ႔ ခ်န္ပီယံလိဂ္ဖလား ၂လုံး ရေအာင္ စြမ္းေဆာင္ ႏိုင္ခဲ့ပါတယ္။

အခုေတာ့ ပရီမီးယားလိဂ္က ကမာၻအရပ္ရပ္က သူေဌးေတြ လာၿပီး ရင္းႏွီးျမဳပ္ႏွံဖို႔အတြက္ စိုးရိမ္စရာ ေကာင္းတဲ့ အေျခအေနမွာ ျဖစ္သြားပါၿပီ ။ ပရီမီးယားလိဂ္ အမႈေဆာင္အရာရွိခ်ဳပ္ ရစ္ခ်က္မာစတာကေတာ့ “ က်ေနာ္တို႔ ပိုၿပီး စစ္ေဆးဖို႔ လိုေတာ့မယ္ ၊ ပိုၿပီး ပြင္လင္းျမင္သာမႈ ရွိရေတာ့မယ္ ၊ လူတစ္ဦးခ်င္းစီရဲ႕ အေနအထားကို စမ္းသပ္ဖို႔ ပိုလုပ္ရေတာ့မယ္” လို႔ ဆိုလာပါတယ္။

လက္ရွိမွာက ႐ုရွားအစိုးရနဲ႔ မကင္းရာမကင္းေၾကာင္း ျဖစ္ေနတဲ့ ေဆာ္ဒီ ႏိုင္ငံက သူေဌးေတြကလည္း နယူကာဆယ္ကို ရင္းႏွီးျမဳပ္ႏွံမႈ လုပ္ထားတယ္ ။ ေဆာ္ဒီမင္းသား ဆယ္လ္မန္က နယူကာဆယ္ကိုဝယ္တဲ့ လုပ္ငန္းအုပ္စုမွာ ဥကၠဌ ျဖစ္ပါတယ္။ ယီမင္ႏိုင္ငံရဲ႕ ျပည္တြင္းစစ္မွာ ေဆာ္ဒီက တစ္စိတ္ပိုင္းမက ပါဝင္ေနေတာ့ ႏိုင္ငံေရးျပႆနာက နယူကာဆယ္ အေပၚကို သက္ေရာက္လာႏိုင္ပါတယ္။

အဲ့လိုပဲ မန္စီတီးပိုင္ရွင္ ရွိတ္မန္ဆာက UAE ဝန္ႀကီးခု်ဳပ္ပါ ။ UAE မွာက လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ အမ်ားႀကီး ရွိေနတယ္ဆိုၿပီး အေနာက္အုပ္စုရဲ႕ လူ႔အခြင့္အေရးဆိုင္ရာ အဖြဲေတြက ေဝဖန္မႈေတြ အမ်ားႀကီး ရွိေနပါတယ္။
႐ုရွားကို အေနာက္အုပ္စုရဲ႕ သေဘာအတိုင္း စီးပြားေရးပိတ္ဆို႔မႈ လုပ္တာေတြ ေအာင္ျမင္သြားရင္ေတာ့ ေရွ႕တစ္လွမ္းတိုးၿပီး နယူးကာဆယ္ နဲ႔ မန္စီတီးတို႔ရဲ႕ သူေဌးေတြကို ပိုင္ဆိုင္မႈ ခ်ိတ္ပိတ္ ခံရႏိုင္ဖြယ္ ရွိေနပါတယ္လို႔ ဆိုရမွာပါပဲ ။

REF: Goal

Unicode

အေဘရာမိုဗစ်ချ်ပြီးရင် နောက်တစ်ယောက်က မန်စီတီးသူဌေးလား ? နယူကာဆယ်သူဌေးလား ?

မောင်ယဿ ( မတ် ၃၁ )
ချယ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်က ရုရှားအစိုးရအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့သူ ဖြစ်တဲ့အတွက် ရုရှားက ယူကရိန်းကို စစ်ရေးအရ အရေးယူတဲ့ အခါမှာတော့ ဗြိတိန်အစိုးရက ချယ်ဆီးအသင်းနဲ့ ပတ်သတ်တဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ပြီး မိုဗစ်ချ်ကို အင်္ဂလန်ဘောလုံးလောကကနေ ကန်ထုတ်ပစ်လိုက်ပါတယ်။

အားကစားလုပ်ငန်းက ရင်းနှီးမြုတ်နှံမှု လုပ်ဖို့ကောင်းတဲ့ စီးပွားရေးဖြစ်နေတော့ မိုဗစ်ချ်ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရုရှားအစိုးရအဖွဲ့ဝင်တွေ ဒါမှမဟုတ် ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ပိုက်ဆံတွေ ပါကောင်း ပါနိုင်မှာပါ။ ဒါကြောင့် ယူကရိန်းကို ကျူးကျော်တယ်လို့ ဗြိတိန်အစိုးရက သုံးသပ်တဲ့အတွက် အင်္ဂလန်မှာ ရုရှားသူဌေးတွေလာပြီး မြုပ်နှံထားတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းလိုက်တာပါ။

ချယ်ဆီး အမျိုးသားအသင်း နဲ့ အမျိုးသမီး အသင်းတွေကို ပြိုင်ပွဲမှာ ဆက်ကစားခိုင်းထားပေမဲ့ ချယ်ဆီးရဲ့ ရပ်တည်မှုက မသေချာတော့ပါဘူး ။ ၂၀၀၃ ခုနှစ်ကတည်းက ချယ်ဆီးကို ဝယ်ပြီး သူ့စိတ်ကြိုက် ရင်းနှီးမြုပ်နှံမှု လုပ်ခွင့်ရလိုက်လို့ မိုဗစ်ချ်က ချယ်ဆီးကို ပရီမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်းအဆင့်ကနေ ပရီးမီးယားလိဂ် ဖလား ၅လုံး နဲ့ ချန်ပီယံလိဂ်ဖလား ၂လုံး ရအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။

အခုတော့ ပရီမီးယားလိဂ်က ကမ္ဘာအရပ်ရပ်က သူဌေးတွေ လာပြီး ရင်းနှီးမြုပ်နှံဖို့အတွက် စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေမှာ ဖြစ်သွားပါပြီ ။ ပရီမီးယားလိဂ် အမှုဆောင်အရာရှိချုပ် ရစ်ချက်မာစတာကတော့ “ ကျနော်တို့ ပိုပြီး စစ်ဆေးဖို့ လိုတော့မယ် ၊ ပိုပြီး ပွင်လင်းမြင်သာမှု ရှိရတော့မယ် ၊ လူတစ်ဦးချင်းစီရဲ့ အနေအထားကို စမ်းသပ်ဖို့ ပိုလုပ်ရတော့မယ်” လို့ ဆိုလာပါတယ်။

လက်ရှိမှာက ရုရှားအစိုးရနဲ့ မကင်းရာမကင်းကြောင်း ဖြစ်နေတဲ့ ဆော်ဒီ နိုင်ငံက သူဌေးတွေကလည်း နယူကာဆယ်ကို ရင်းနှီးမြုပ်နှံမှု လုပ်ထားတယ် ။ ဆော်ဒီမင်းသား ဆယ်လ်မန်က နယူကာဆယ်ကိုဝယ်တဲ့ လုပ်ငန်းအုပ်စုမှာ ဥက္ကဌ ဖြစ်ပါတယ်။ ယီမင်နိုင်ငံရဲ့ ပြည်တွင်းစစ်မှာ ဆော်ဒီက တစ်စိတ်ပိုင်းမက ပါဝင်နေတော့ နိုင်ငံရေးပြဿနာက နယူကာဆယ် အပေါ်ကို သက်ရောက်လာနိုင်ပါတယ်။

အဲ့လိုပဲ မန်စီတီးပိုင်ရှင် ရှိတ်မန်ဆာက UAE ဝန်ကြီးခုျုပ်ပါ ။ UAE မှာက လူ့အခွင့်အရေး ချိုးဖောက်မှု အများကြီး ရှိနေတယ်ဆိုပြီး အနောက်အုပ်စုရဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲတွေက ဝေဖန်မှုတွေ အများကြီး ရှိနေပါတယ်။
ရုရှားကို အနောက်အုပ်စုရဲ့ သဘောအတိုင်း စီးပွားရေးပိတ်ဆို့မှု လုပ်တာတွေ အောင်မြင်သွားရင်တော့ ရှေ့တစ်လှမ်းတိုးပြီး နယူးကာဆယ် နဲ့ မန်စီတီးတို့ရဲ့ သူဌေးတွေကို ပိုင်ဆိုင်မှု ချိတ်ပိတ် ခံရနိုင်ဖွယ် ရှိနေပါတယ်လို့ ဆိုရမှာပါပဲ ။

REF: Goal

Be the first to comment

Leave a Reply

Your email address will not be published.


*