၇ နာရီ အိပ္ခ်ိန္ဟာ ၁၈ ႏွစ္ကေန ၆၄ ႏွစ္လူေတြအတြက္ သင့္ေတာ္ပါသလား

၇ နာရီ အိပ္ခ်ိန္ဟာ ၁၈ ႏွစ္ကေန ၆၄ ႏွစ္လူေတြအတြက္ သင့္ေတာ္ပါသလား

အေရွ႕မွာ ေဖာ္ျပခဲ့တဲ့ က်န္းမာေရးေဆာင္းပါးေတြမွာ အိပ္ခ်ိန္ေတြနည္းလို႔၊ အိပ္ေရးေတြ မဝလို႔ ဘယ္လို က်န္းမာေရးဆိုးက်ိဳးေတြ ျဖစ္လာတယ္ဆိုတာ ေဖာ္ျပခဲ့ၿပီးျဖစ္ပါတယ္…။ တကယ္ေတာ့ အိပ္ခ်ိန္ဆိုတာ ခႏၶာကိုယ္ရဲ႕ ျပန္လည္ျပဳျပင္တာေတြ၊ ျပန္လည္ထုတ္လုပ္တာေတြ လုပ္တဲ့ အခ်ိန္ပဲျဖစ္ပါတယ္…။

ဒါေၾကာင့္ အနားယူအိပ္စက္ခ်ိန္ေတြ နည္းတယ္ဆိုရင္ မေကာင္းတဲ့ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ျဖစ္လာတာျဖစ္ပါတယ္…။

ဒါဆို မ်ားမ်ားအိပ္ေလ ေကာင္းေလေပါ့ဆိုေတာ့ အဲလိုလည္း မဟုတ္ျပန္ပါဖူး…။ ဘယ္အရာမဆို အစြန္းမေရာက္ဘဲ သင့္တင့္မွ်တတဲ့ အေနထားမ်ိဳးက အေကာင္းဆုံးပဲ ျဖစ္ပါတယ္…။

ဒါေၾကာင့္ အိပ္ခ်ိန္နည္းတာကလည္း မေကာင္းသလို အိပ္ခ်ိန္ေတြ သိပ္မ်ားတာကလည္း မေကာင္းပါဘူး…။ ဒါေပမယ့္ အိပ္ခ်ိန္မ်ားတာ၊ အအိပ္လြန္တာက ဘယ္လိုမေကာင္းဘူးဆိုတာ သတိထားမိသူ နည္းမယ္လို႔ထင္ပါတယ္…။

အအိပ္လြန္တာဟာ ေရာဂါေတြကို ျဖစ္ေစႏိုင္သလို ေရာဂါတစ္ခုခုျဖစ္ေနတဲ့ လကၡဏာလို႔လည္း ေျပာလို႔ရပါတယ္…။ ဒီေတာ့ ကိုယ္ဟာ အအိပ္လြန္ေနၿပီလားဆိုတာ ျပန္ဆန္းစစ္ၾကည့္ရေအာင္…။ အိပ္ခ်ိန္ဘယ္ေလာက္ျဖစ္ေနရင္ အအိပ္လြန္ၿပီလို႔ သက္မွတ္မလဲ…။

၇ နာရီက ေန ၉ နာရီအတြင္း အိပ္ခ်ိန္ဟာ အသက္ ၁၈ ႏွစ္ကေန ၆၄ ႏွစ္လူေတြအတြက္ ပုံမွန္ျဖစ္ပါတယ္…။ ဒါေပမယ့္ အိပ္ခ်ိန္ ၇ နာရီဝန္းက်င္ေလာက္က ပိုေကာင္းတယ္လို႔ ေျပာရပါမယ္…။

ဘာလို႔လဲဆိုေတာ့ ဒီေလာက္အိပ္ခ်ိန္ပမာဏဟာ ေရာဂါျဖစ္ႏႈန္း၊ ေသဆုံးႏႈန္းေတြ အနည္းဆုံးျဖစ္ၿပီး သက္ရွည္က်န္းမာကာ ဦးေႏွာက္က်န္းမာေရးအတြက္ အေကာင္းဆုံးအခ်ိန္ကာလ ျဖစ္ေနလို႔ပါပဲ…။

ေျပာရရင္ ၉ နာရီဆိုတာ လိုအပ္တဲ့ အိပ္ခ်ိန္ကို ေက်ာ္လြန္ေနပါၿပီ…။ တခ်ိဳ႕လည္း အိပ္ခ်ိန္ ၇ နာရီေက်ာ္ေလာက္မွ အိပ္ေရးဝၾကပါတယ္…။ ၉ နာရီေက်ာ္သြားတာကေတာ့ လုံးဝမေကာင္းေတာ့ပါဘူး…။ ေဒါက္တာစိမ့္စမ္းျဖဴ ေရးသားထားတဲ့ “အအိပ္လြန္ေနၿပီလား” က်န္းမာေရးေဆာင္းပါးမွ ျပန္လည္ မွ်ေဝေပးလိုက္ျခင္းျဖစ္ပါတယ္…။

Source ေဒါက္တာစိမ့္စမ္းျဖဴ
credit

 

Unicode ဖြင့်ဖတ်ရန်

၇ နာရီ အိပ်ချိန်ဟာ ၁၈ နှစ်ကနေ ၆၄ နှစ်လူတွေအတွက် သင့်တော်ပါသလား

အရှေ့မှာ ဖော်ပြခဲ့တဲ့ ကျန်းမာရေးဆောင်းပါးတွေမှာ အိပ်ချိန်တွေနည်းလို့၊ အိပ်ရေးတွေ မဝလို့ ဘယ်လို ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာတယ်ဆိုတာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်…။ တကယ်တော့ အိပ်ချိန်ဆိုတာ ခန္ဓာကိုယ်ရဲ့ ပြန်လည်ပြုပြင်တာတွေ၊ ပြန်လည်ထုတ်လုပ်တာတွေ လုပ်တဲ့ အချိန်ပဲဖြစ်ပါတယ်…။

ဒါကြောင့် အနားယူအိပ်စက်ချိန်တွေ နည်းတယ်ဆိုရင် မကောင်းတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာတာဖြစ်ပါတယ်…။

ဒါဆို များများအိပ်လေ ကောင်းလေပေါ့ဆိုတော့ အဲလိုလည်း မဟုတ်ပြန်ပါဖူး…။ ဘယ်အရာမဆို အစွန်းမရောက်ဘဲ သင့်တင့်မျှတတဲ့ အနေထားမျိုးက အကောင်းဆုံးပဲ ဖြစ်ပါတယ်…။

ဒါကြောင့် အိပ်ချိန်နည်းတာကလည်း မကောင်းသလို အိပ်ချိန်တွေ သိပ်များတာကလည်း မကောင်းပါဘူး…။ ဒါပေမယ့် အိပ်ချိန်များတာ၊ အအိပ်လွန်တာက ဘယ်လိုမကောင်းဘူးဆိုတာ သတိထားမိသူ နည်းမယ်လို့ထင်ပါတယ်…။

အအိပ်လွန်တာဟာ ရောဂါတွေကို ဖြစ်စေနိုင်သလို ရောဂါတစ်ခုခုဖြစ်နေတဲ့ လက္ခဏာလို့လည်း ပြောလို့ရပါတယ်…။ ဒီတော့ ကိုယ်ဟာ အအိပ်လွန်နေပြီလားဆိုတာ ပြန်ဆန်းစစ်ကြည့်ရအောင်…။ အိပ်ချိန်ဘယ်လောက်ဖြစ်နေရင် အအိပ်လွန်ပြီလို့ သက်မှတ်မလဲ…။

၇ နာရီက နေ ၉ နာရီအတွင်း အိပ်ချိန်ဟာ အသက် ၁၈ နှစ်ကနေ ၆၄ နှစ်လူတွေအတွက် ပုံမှန်ဖြစ်ပါတယ်…။ ဒါပေမယ့် အိပ်ချိန် ၇ နာရီဝန်းကျင်လောက်က ပိုကောင်းတယ်လို့ ပြောရပါမယ်…။

ဘာလို့လဲဆိုတော့ ဒီလောက်အိပ်ချိန်ပမာဏဟာ ရောဂါဖြစ်နှုန်း၊ သေဆုံးနှုန်းတွေ အနည်းဆုံးဖြစ်ပြီး သက်ရှည်ကျန်းမာကာ ဦးနှောက်ကျန်းမာရေးအတွက် အကောင်းဆုံးအချိန်ကာလ ဖြစ်နေလို့ပါပဲ…။

ပြောရရင် ၉ နာရီဆိုတာ လိုအပ်တဲ့ အိပ်ချိန်ကို ကျော်လွန်နေပါပြီ…။ တချို့လည်း အိပ်ချိန် ၇ နာရီကျော်လောက်မှ အိပ်ရေးဝကြပါတယ်…။ ၉ နာရီကျော်သွားတာကတော့ လုံးဝမကောင်းတော့ပါဘူး…။ ဒေါက်တာစိမ့်စမ်းဖြူ ရေးသားထားတဲ့ “အအိပ်လွန်နေပြီလား” ကျန်းမာရေးဆောင်းပါးမှ ပြန်လည် မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်…။

Source ဒေါက်တာစိမ့်စမ်းဖြူ
credit

Be the first to comment

Leave a Reply

Your email address will not be published.


*