ဘဝတခုကို ပြောင်းလဲစေသည့် စကားတခွန်း***

ဘဝတခုကို ေျပာင္းလဲေစသည့္ စကားတခြန္း
ဘဝတခုကို ေျပာင္းလဲေစသည့္ စကားတခြန္း

ဘဝတခုကို ပြောင်းလဲစေသည့် စကားတခွန်း***

ကြက်ပျံမကျ စည်ကားတဲ့ ပွဲခင်းတခုမှာ မိခင်တဦးက ၅ နှစ်သား ကလေးငယ်ကို ရောင်စုံ မိုးပျံ ပူစီဖောင်း တလုံး ဝယ်ပေးခဲ့တယ်။ ကလေးငယ်က ပူစီဖောင်းက ကြိုးသေးလေးကို ကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ဆွ ခုန်ဆွနဲ့ ပျော်နေခဲ့တယ်။ ပွဲခင်းထဲမှာ ပြေးလွှား ကစားရင်း မမျှော်လင့်ဘဲ လက်ထဲက ပူစီဖောင်း လွတ်သွားခဲ့တယ်။

ရုတ်တရက်မို့ ကလေးငယ်က အံ့သြ တုန်လှုပ်ပြီး ကောင်းကင်ပေါ် တက်သွားတဲ့ ပူစီဖောင်းကို ကြည့်ပြီး နှမြောတသနဲ့ ငိုမဲ့မဲ့ ဖြစ်နေခဲ့တယ်။ ဒါကို ထက်မြက်တဲ့ မိခင်က မြင်တော့ သားရှေ့ ထိုင်ချပြီး ဝမ်းသာပျော်ရွှင်တဲ့ အသံနဲ့ “သားရေ ကြည့်စမ်း ပူဖောင်းရဲ့ မေမေက ပူဖောင်းကလေးကို ထမင်းစား ပြန်ဖို့ ခေါ်သွားပြီ။ သား လက်ပြ နှုတ်ဆက်လိုက်လေ” လို့ ပြောလိုက်တယ်။

ထူးခြား ဆန်းသစ်တဲ့ မိခင်ရဲ့ စကားကြောင့် ဝမ်းနည်းတာတွေကို ကလေးက မေ့သွားခဲ့ပြီး အမြင့်ပေါ် ပျံတက်သွားတဲ့ ပူစီဖောင်းကို လက်ပြနှုတ်ဆက် နေခဲ့တယ်။ ပါးစပ်မှာလည်း “တာ့တာ တာ့တာ” နဲ့ ဝဝ ကစ်ကစ် ကလေးငယ်ရဲ့ မျက်နှာမှာ လင်းလက်တဲ့ အပျော်တွေ သမ်းနေခဲ့တယ်။ ဒီမြင်ကွင်းက ကျွန်တော့် မျက်စိကနေ တဆင့် ရင်ထဲကို စူးစူးနစ်နစ် ထိုးဝင် ခံစားစေခဲ့ပါတယ်။

မိခင်က အခက်အခဲကို ကယ်ဆယ်လိုက်ရုံမက ဝမ်းနည်းစိတ်ကို ပျော်ရွှင်စိတ်ဘက် မသိမသာ ပြောင်းရွှေ့ လိုက်ပြီး ကျန်းမာတဲ့ အမြင်ကို သားရင်ထဲ အရောက် ပို့ပေးခဲ့တယ်။ တကယ်တော့ ဘဝမှာ ဖြစ်ပျက်တဲ့ ပြဿနာ အခက်အခဲ ကိစ္စတွေလည်း ဖြေရှင်းပုံ မမှန်ခဲ့ရင် အဆိုးဘက် ပိုရောက်ပြီး ပြဿနာကို ကြီးထွားစေနိုင်ပါတယ်။

အကယ်၍ ပူစီဖောင်း ပျံတက်သွားတဲ့ တခဏမှာ မိခင်က “မငိုနဲ့ သား၊ မငိုနဲ့ မေမေ နောက်တလုံး ဝယ်ပေးမယ်” လို့ ပြောခဲ့ရင် သားရဲ့ စိတ်ထဲမှာ “ကိုယ် အမှား လုပ်ခဲ့မိရင် လူကြီးတွေက တာဝန် ယူလိမ့်မယ်၊ လူကြီးတွေက ဖာထေးပေးမယ်၊ အလျှော်ပေးမယ်” ဆိုတဲ့ အတွေးမှားမျိုး ဝင်ရောက်နိုင်ပါတယ်။ ဒီလိုအတွေးမှားက အကျင့်တစ်ခုလို သူရင်မှာ ခိုအောင်းနေလိမ့်မယ်။

အကယ်၍ မိခင်က “အာ ကြည့်စမ်း၊ ဒီလောက်တောင် တုံးရသလား။ ပူဖောင်း တလုံးကိုတောင် မြဲအောင် မကိုင်နိုင်ဘူးလား” လို့ ဆူပူခဲ့ရင် ကလေးငယ်က ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့လာပြီ ဒါလေးတောင် ငါမလုပ်နိုင်ဘူး ဆိုတဲ့ သိမ်ငယ်စိတ်တွေ ဝင်သွားနိုင်ပါတယ်။

အကယ်၍ မိခင်က “ဟင်း ပူဖောင်း ရောင်းတဲ့လူက သွားပြီ။ သားကို မေမေ နောက်တလုံး ဝယ်ပေးလို့ မရတော့ဘူး” လို့ သက်ပြင်းချ ငြီးငြူခဲ့ရင် နောင်တချိန်မှာ အခက်အခဲနဲ့ ကြုံလာတဲ့ အချိန် ကလေးငယ်မှာလည်း စိတ်ပျက်ငြီးငြူ၊ လက်လျော့မှုတွေ များလာတတ် ပါတယ်။

အပေါ်က မိခင်လို အဓိပ္ပါယ်ရှိတဲ့ ထီထွင် ဆန်းသစ်မှု အသစ်နဲ့ ကလေးငယ်ရဲ့ ဝမ်းနည်းနေတဲ့ အာရုံကို အဝေးသို့ လွင့်စင် သွားနိုင်အောင် ဆွဲဆောင်နိုင် ခဲ့သလို ကလေးငယ်ရဲ့ တွေးတောလိုစိတ်ကို တံခါးဖွင့်ပေး လိုက်နိုင်ခဲ့ပါ တယ်။

အဲဒီအပြင် ထမင်းစားချိန်မှာ မေမေ ထမင်းစားခေါ်လို့ သူပြန်သွားတယ် ဆိုတဲ့ မိခင်စကားကို နားထောင်တဲ့ ကလေးတဦးအဖြစ် ကလေးငယ်ကို လှပတဲ့ အတွေး ဝင်စေခဲ့ပါတယ်။

အဆိုးကို အကောင်း ပြောင်းတာ မှန်ပေမယ့် အဲဒီ အပြောင်းအလဲ ကြားမှာ အကျိုးရှိတဲ့ အတွေးလေးတွေ၊ ဆန်းသစ်မှုတွေလည်း လိုအပ်ပါတယ်။ အမြဲတမ်း ရှိနေပါတယ်။ လူတချို့ ကိုယ့်ဘဝထဲ ဝင်လာကြတယ်၊ ဒါပေမယ့် တချို့က မြန်မြန်ဆန်ဆန် ထွက်ခွါ သွားကြတယ်။

The stranger in a same roof. [By Alex Aung Lin]
Credit Nyein Chan

Zawgyi

ဘဝတခုကို ေျပာင္းလဲေစသည့္ စကားတခြန္း***

ၾကက္ပ်ံမက် စည္ကားတဲ့ ပြဲခင္းတခုမွာ မိခင္တဦးက ၅ ႏွစ္သား ကေလးငယ္ကို ေရာင္စုံ မိုးပ်ံ ပူစီေဖာင္း တလုံး ဝယ္ေပးခဲ့တယ္။ ကေလးငယ္က ပူစီေဖာင္းက ႀကိဳးေသးေလးကို ကိုင္ၿပီး ပြဲခင္းထဲမွာ ခုန္ဆြ ခုန္ဆြနဲ႔ ေပ်ာ္ေနခဲ့တယ္။ ပြဲခင္းထဲမွာ ေျပးလႊား ကစားရင္း မေမွ်ာ္လင့္ဘဲ လက္ထဲက ပူစီေဖာင္း လြတ္သြားခဲ့တယ္။

႐ုတ္တရက္မို႔ ကေလးငယ္က အံ့ၾသ တုန္လႈပ္ၿပီး ေကာင္းကင္ေပၚ တက္သြားတဲ့ ပူစီေဖာင္းကို ၾကည့္ၿပီး ႏွေျမာတသနဲ႔ ငိုမဲ့မဲ့ ျဖစ္ေနခဲ့တယ္။ ဒါကို ထက္ျမက္တဲ့ မိခင္က ျမင္ေတာ့ သားေရွ႕ ထိုင္ခ်ၿပီး ဝမ္းသာေပ်ာ္႐ႊင္တဲ့ အသံနဲ႔ “သားေရ ၾကည့္စမ္း ပူေဖာင္းရဲ႕ ေမေမက ပူေဖာင္းကေလးကို ထမင္းစား ျပန္ဖို႔ ေခၚသြားၿပီ။ သား လက္ျပ ႏႈတ္ဆက္လိုက္ေလ” လို႔ ေျပာလိုက္တယ္။

ထူးျခား ဆန္းသစ္တဲ့ မိခင္ရဲ႕ စကားေၾကာင့္ ဝမ္းနည္းတာေတြကို ကေလးက ေမ့သြားခဲ့ၿပီး အျမင့္ေပၚ ပ်ံတက္သြားတဲ့ ပူစီေဖာင္းကို လက္ျပႏႈတ္ဆက္ ေနခဲ့တယ္။ ပါးစပ္မွာလည္း “တာ့တာ တာ့တာ” နဲ႔ ဝဝ ကစ္ကစ္ ကေလးငယ္ရဲ႕ မ်က္ႏွာမွာ လင္းလက္တဲ့ အေပ်ာ္ေတြ သမ္းေနခဲ့တယ္။ ဒီျမင္ကြင္းက ကြၽန္ေတာ့္ မ်က္စိကေန တဆင့္ ရင္ထဲကို စူးစူးနစ္နစ္ ထိုးဝင္ ခံစားေစခဲ့ပါတယ္။

မိခင္က အခက္အခဲကို ကယ္ဆယ္လိုက္႐ုံမက ဝမ္းနည္းစိတ္ကို ေပ်ာ္႐ႊင္စိတ္ဘက္ မသိမသာ ေျပာင္းေ႐ႊ႕ လိုက္ၿပီး က်န္းမာတဲ့ အျမင္ကို သားရင္ထဲ အေရာက္ ပို႔ေပးခဲ့တယ္။ တကယ္ေတာ့ ဘဝမွာ ျဖစ္ပ်က္တဲ့ ျပႆနာ အခက္အခဲ ကိစၥေတြလည္း ေျဖရွင္းပုံ မမွန္ခဲ့ရင္ အဆိုးဘက္ ပိုေရာက္ၿပီး ျပႆနာကို ႀကီးထြားေစႏိုင္ပါတယ္။

အကယ္၍ ပူစီေဖာင္း ပ်ံတက္သြားတဲ့ တခဏမွာ မိခင္က “မငိုနဲ႔ သား၊ မငိုနဲ႔ ေမေမ ေနာက္တလုံး ဝယ္ေပးမယ္” လို႔ ေျပာခဲ့ရင္ သားရဲ႕ စိတ္ထဲမွာ “ကိုယ္ အမွား လုပ္ခဲ့မိရင္ လူႀကီးေတြက တာဝန္ ယူလိမ့္မယ္၊ လူႀကီးေတြက ဖာေထးေပးမယ္၊ အေလွ်ာ္ေပးမယ္” ဆိုတဲ့ အေတြးမွားမ်ိဳး ဝင္ေရာက္ႏိုင္ပါတယ္။ ဒီလိုအေတြးမွားက အက်င့္တစ္ခုလို သူရင္မွာ ခိုေအာင္းေနလိမ့္မယ္။

အကယ္၍ မိခင္က “အာ ၾကည့္စမ္း၊ ဒီေလာက္ေတာင္ တုံးရသလား။ ပူေဖာင္း တလုံးကိုေတာင္ ၿမဲေအာင္ မကိုင္ႏိုင္ဘူးလား” လို႔ ဆူပူခဲ့ရင္ ကေလးငယ္က ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ကင္းမဲ့လာၿပီ ဒါေလးေတာင္ ငါမလုပ္ႏိုင္ဘူး ဆိုတဲ့ သိမ္ငယ္စိတ္ေတြ ဝင္သြားႏိုင္ပါတယ္။

အကယ္၍ မိခင္က “ဟင္း ပူေဖာင္း ေရာင္းတဲ့လူက သြားၿပီ။ သားကို ေမေမ ေနာက္တလုံး ဝယ္ေပးလို႔ မရေတာ့ဘူး” လို႔ သက္ျပင္းခ် ၿငီးျငဴခဲ့ရင္ ေနာင္တခ်ိန္မွာ အခက္အခဲနဲ႔ ႀကဳံလာတဲ့ အခ်ိန္ ကေလးငယ္မွာလည္း စိတ္ပ်က္ၿငီးျငဴ၊ လက္ေလ်ာ့မႈေတြ မ်ားလာတတ္ ပါတယ္။

အေပၚက မိခင္လို အဓိပၸါယ္ရွိတဲ့ ထီထြင္ ဆန္းသစ္မႈ အသစ္နဲ႔ ကေလးငယ္ရဲ႕ ဝမ္းနည္းေနတဲ့ အာ႐ုံကို အေဝးသို႔ လြင့္စင္ သြားႏိုင္ေအာင္ ဆြဲေဆာင္ႏိုင္ ခဲ့သလို ကေလးငယ္ရဲ႕ ေတြးေတာလိုစိတ္ကို တံခါးဖြင့္ေပး လိုက္ႏိုင္ခဲ့ပါ တယ္။

အဲဒီအျပင္ ထမင္းစားခ်ိန္မွာ ေမေမ ထမင္းစားေခၚလို႔ သူျပန္သြားတယ္ ဆိုတဲ့ မိခင္စကားကို နားေထာင္တဲ့ ကေလးတဦးအျဖစ္ ကေလးငယ္ကို လွပတဲ့ အေတြး ဝင္ေစခဲ့ပါတယ္။

အဆိုးကို အေကာင္း ေျပာင္းတာ မွန္ေပမယ့္ အဲဒီ အေျပာင္းအလဲ ၾကားမွာ အက်ိဳးရွိတဲ့ အေတြးေလးေတြ၊ ဆန္းသစ္မႈေတြလည္း လိုအပ္ပါတယ္။ အၿမဲတမ္း ရွိေနပါတယ္။ လူတခ်ိဳ႕ ကိုယ့္ဘဝထဲ ဝင္လာၾကတယ္၊ ဒါေပမယ့္ တခ်ိဳ႕က ျမန္ျမန္ဆန္ဆန္ ထြက္ခြါ သြားၾကတယ္။

The stranger in a same roof. [By Alex Aung Lin]
Credit Nyein Chan

Be the first to comment

Leave a Reply

Your email address will not be published.


*