
ကြဲကြဲျပားျပား မသိသူမ်ားအတြက္ ေတာၾကက္ဥ၊ အိမ္ၾကက္ဥ နဲ႔ စီပီ ၾကက္ဥတို႔ အေၾကာင္း
ေတာၾကက္ဥ မျမင္ဖူးသူေတြအတြက္ ေတာၾကက္ဥ အိမ္ၾကက္ဥ CP ၾကက္ဥ ယွဥ္ျပထားတာပါ…. ေရာင္းရန္ မဟုတ္ပါ….. ေနာက္အလွ်င္းသင့္လွ်င္ ေရၾကက္ဥ၊ ေရဘဲဥ၊ ဒင္က်ီးဥႏွင့္ ဟသၤာဥမ်ား ရွာေဖြတင္ျပေပးပါမည္။
ေတာၾကက္ဥ……. ေတာစပ္တြင္ ေတြ႕ရေလ့ရွိသည္။ အပင္ခပ္လတ္လတ္ ကိုင္းၿခဳံ ဆူးၿခဳံမ်ားရွိ အသိုက္မ်ားတြင္ ေတြ႕ရသည္။ တစ္လုံးမွစ၍ အမ်ားဆုံး ၅လုံးခန႔္အထိသာ ေတြ႕ရတတ္သည္။ ရွားပါး၍ ေဆးဖက္ဝင္သည္ဟု ဆိုၾက၍ တ႐ုတ္သမားေတာ္မ်ား အဝယ္မ်ားသည္။ ယခင္က ေပါမ်ားေသာ္လည္း လက္ရွိ၌ ရွားပါးေနၿပီျဖစ္သည္။
တစ္လုံးလွ်င္ ၂၅၀၀ က်ပ္ခန႔္အထိ ေပါက္ေဈး ရွိသည္။ ေတာၾကက္ဥကို ဆန္အရက္ျဖင့္ ေဖ်ာ္ေသာက္ပါက အမ်ိဳးသမီးမ်ား မီးယပ္ေသြးဆုံးကိုင္ျခင္း ကိုယ္ဝန္ဆိပ္တက္ျခင္းမ်ား သက္သာ ေပ်ာက္ကင္းေစသည္။ တ႐ုတ္႐ိုးရာ အားတိုးေဆးမ်ားတြင္ ထည့္သြင္း ေဖာ္စပ္ၾကသည္။
အိမ္ၾကက္ဥ……… သဘာဝအတိုင္း လႊတ္ေက်ာင္း ေမြးျမဴထားသည့္ ၾကက္မမ်ားမွ ဥေသာ အေကာင့္ေပါက္မည့္ဥ ျဖစ္သည္။ မဒမ္းမ်ားမွ ဥေသာ ေလဥသည္ တန္ဖိုးမရွိ ေဆးဖက္မဝင္ပါ။ အိမ္ၾကက္ဥသည္ ေထြေထြထူးထူး ေျပာစရာမရွိေအာင္ ျမန္မာတို႔ႏွင့္ ရင္းႏွီးၿပီးသားပင္ ျဖစ္သည္။
အိမ္ၾကက္ဥတြင္ စစ္တေကာင္းၾကက္ဥ၊ ေညာင္ကန္ၾကက္၊ တိုက္ၾကက္ဥ ႏွင့္ တိန္ညင္ၾကက္ဥ ဟူ၍ အမ်ိဳးအစား ကြဲျပားသည္။ တစ္လုံးလွ်င္ ၅၀၀ က်ပ္ခန႔္အထိ ေပါက္ေဈးရွိသည္။ အရက္နာက်သူေတြအတြက္ အိမ္ၾကက္ဥ ႏွင့္သံပုရာသီးေဖ်ာ္ေသာက္ျခင္း၊ အမ်ိဳးသားမ်ားအတြက္ အိမ္ၾကက္ဥ၊ ဖီးၾကမ္းႏွင့္ ပ်ားရည္ေခါက္စားျခင္း စသည္ တို႔ျဖင့္ လက္ရွိ၌ အသုံးျပဳၾကသည္။
ေမြးျမဴေရးၾကက္ဥ အေၾကာင္းကေတာ့ မေျပာေတာ့ပါဘူး။
Credit: baganthar
Unicode ဖြင့်ဖတ်ရန်
ကွဲကွဲပြားပြား မသိသူများအတွက် တောကြက်ဥ၊ အိမ်ကြက်ဥ နဲ့ စီပီ ကြက်ဥတို့ အကြောင်း
တောကြက်ဥ မမြင်ဖူးသူတွေအတွက် တောကြက်ဥ အိမ်ကြက်ဥ CP ကြက်ဥ ယှဉ်ပြထားတာပါ…. ရောင်းရန် မဟုတ်ပါ….. နောက်အလျှင်းသင့်လျှင် ရေကြက်ဥ၊ ရေဘဲဥ၊ ဒင်ကျီးဥနှင့် ဟင်္သာဥများ ရှာဖွေတင်ပြပေးပါမည်။
တောကြက်ဥ……. တောစပ်တွင် တွေ့ရလေ့ရှိသည်။ အပင်ခပ်လတ်လတ် ကိုင်းခြုံ ဆူးခြုံများရှိ အသိုက်များတွင် တွေ့ရသည်။ တစ်လုံးမှစ၍ အများဆုံး ၅လုံးခန့်အထိသာ တွေ့ရတတ်သည်။ ရှားပါး၍ ဆေးဖက်ဝင်သည်ဟု ဆိုကြ၍ တရုတ်သမားတော်များ အဝယ်များသည်။ ယခင်က ပေါများသော်လည်း လက်ရှိ၌ ရှားပါးနေပြီဖြစ်သည်။
တစ်လုံးလျှင် ၂၅၀၀ ကျပ်ခန့်အထိ ပေါက်ဈေး ရှိသည်။ တောကြက်ဥကို ဆန်အရက်ဖြင့် ဖျော်သောက်ပါက အမျိုးသမီးများ မီးယပ်သွေးဆုံးကိုင်ခြင်း ကိုယ်ဝန်ဆိပ်တက်ခြင်းများ သက်သာ ပျောက်ကင်းစေသည်။ တရုတ်ရိုးရာ အားတိုးဆေးများတွင် ထည့်သွင်း ဖော်စပ်ကြသည်။
အိမ်ကြက်ဥ……… သဘာဝအတိုင်း လွှတ်ကျောင်း မွေးမြူထားသည့် ကြက်မများမှ ဥသော အကောင့်ပေါက်မည့်ဥ ဖြစ်သည်။ မဒမ်းများမှ ဥသော လေဥသည် တန်ဖိုးမရှိ ဆေးဖက်မဝင်ပါ။ အိမ်ကြက်ဥသည် ထွေထွေထူးထူး ပြောစရာမရှိအောင် မြန်မာတို့နှင့် ရင်းနှီးပြီးသားပင် ဖြစ်သည်။
အိမ်ကြက်ဥတွင် စစ်တကောင်းကြက်ဥ၊ ညောင်ကန်ကြက်၊ တိုက်ကြက်ဥ နှင့် တိန်ညင်ကြက်ဥ ဟူ၍ အမျိုးအစား ကွဲပြားသည်။ တစ်လုံးလျှင် ၅၀၀ ကျပ်ခန့်အထိ ပေါက်ဈေးရှိသည်။ အရက်နာကျသူတွေအတွက် အိမ်ကြက်ဥ နှင့်သံပုရာသီးဖျော်သောက်ခြင်း၊ အမျိုးသားများအတွက် အိမ်ကြက်ဥ၊ ဖီးကြမ်းနှင့် ပျားရည်ခေါက်စားခြင်း စသည် တို့ဖြင့် လက်ရှိ၌ အသုံးပြုကြသည်။
မွေးမြူရေးကြက်ဥ အကြောင်းကတော့ မပြောတော့ပါဘူး။
Credit: baganthar
Leave a Reply