
အန္ဆုံးေပါက္ျခင္းေၾကာင့္ နာက်င္ျခင္းကို သက္သာေစမယ့္ နည္းလမ္းမ်ား
လူတိုင္းဟာ အန္ဆုံးေပါက္ျခင္းေၾကာင့္ နာက်င္ျခင္းကို ခံစားဖူးၾကပါတယ္။ အံဆုံးဆိုတာ တတိယေျမာက္ အံသြားကို ေခၚဆိုျခင္းျဖစ္ၿပီး အသက္ ၁၈ကေန၂၅ႏွစ္အတြင္း ရင့္က်က္တည္ၿငိမ္ေသာ အ႐ြယ္မွာ ေပါက္တဲ့သြားမို႔ ပညာရွိသြား (wisdom tooth)လို႔လဲ တင္စားၾကပါေသးတယ္။ အံဆုံးေပါက္လို႔ နာက်င္ျခင္းကို ေလာေလာလတ္လတ္ ခံစားေနရသူမ်ားအတြက္ ေအာက္ေဖာ္ျပပါ နည္းလမ္းေကာင္းေလးေတြက ကူညီေပးမွာ ျဖစ္လို႔ ဆက္လက္ဖတ္ရႈုၾကည့္ပါေနာ္။
(၁) ဆားျပဳတ္ရည္
ဆားဆိုတာ သဘာဝပိုးသတ္ အာနိသင္ရွိေသာ ေဆးတစ္လက္ျဖစ္ပါတယ္။ ဆားကို ေရၾကက္သီးေႏြးမွာ ခပ္ထည့္ၿပီး ထိုအရည္ျဖင့္ ပလုတ္က်င္းေပးပါ။ သြားကိုက္ျခင္းနဲ႔ လည္ပင္းနာျခင္းမ်ားကို လ်င္ျမန္စြာ သက္သာေစပါလိမ့္မယ္။ ပလုတ္က်င္းရာမွာလဲ မိနစ္အနည္းငယ္ ၾကာေအာင္ က်င္းဖို႔လိုၿပီး တစ္ေန႔ကို ၄ႀကိမ္ခန႔္ ျပဳလုပ္ႏိုင္ပါတယ္။ လြယ္ကူၿပီး အက်ိဴးရွိေသာနည္းတစ္လက္ ျဖစ္ပါတယ္။
(၂) မုန႔္ဖုတ္ဆိုဒါအႏွစ္
အံဆုံးေပါက္ျခင္းေၾကာင့္ ေရာင္ယမ္းျခင္းကို သက္သာေစပါတယ္။ မုန႔္ဖုတ္ဆိုဒါကို သင္သုံးေနက် သြားတိုက္ေဆးနဲ႔ ေရာၿပီး ပုံမွန္အတိုင္း သြားတိုက္ပါ။ အထူးသျဖင့္ အံဆုံးေနရာသို႔ ဖိတိုက္ေပးပါ။ နာက်င္ျခင္းကို မိနစ္အနည္းငယ္အတြင္း သက္သာေစပါတယ္။
(၃) ေရခဲကပ္ျခင္း
ေရခဲက ေရာင္ယမ္းျခင္းအားလုံးကို သက္သာေစေၾကာင္း ကြၽန္ေတာ္တို႔ သိၾကၿပီး ျဖစ္ပါတယ္။ ေရခဲကပ္ရာမွာ ၁၅မိနစ္ၾကာေအာင္ ကပ္ျပီး ၁၅မိနစ္ၾကာေအာင္ အနားေပးပါ။ ထိုနည္းအတိုင္း အႀကိမ္မ်ားစြာ ျပဳလုပ္ေပးပါ။
(၄) ေလးညႇင္း
သြားကိုက္ျခင္းကို သက္သာဖို႔ ေရွးေခတ္ကတည္းကပင္ အသုံးျပဳခဲ့ၾကပါတယ္။ နာက်င္ေသာေနရာေပၚသို႔ အုံေပးျခင္းျဖင့္ နာက်င္ျခင္းကို သက္သာေစပါတယ္။ အခ်ိဴ႕ကလည္း ေလးညႇင္းဆီကို အသုံးျပဳၾကပါတယ္။
(၅) နႏြင္း
နႏြင္းမွာပါေသာ ပိုးသတ္အာနိသင္ေၾကာင့္ သြားနာျခင္းကို သက္သာေစပါတယ္။ ထိုမွ်မက သြားဖုံးေယာင္ျခင္းကို သက္သာေစတဲ့အျပင္ ပိုးမႊားမ်ားကိုလဲ ေသေစပါတယ္။ နႏြင္းမႈန႔္အနည္းငယ္ကို ေရေႏြးထဲေရာၿပီး ပလုတ္က်င္းရည္အျဖစ္ အသုံးျပဳေပးပါ။
(၆) ပူစီနံ႐ြက္
သြားကိုက္ေသာေနရာသို႔ ပူစီနံ႐ြက္အနည္းငယ္ကို ၁၅မိနစ္ခန႔္ အုံေပးပါ။ သြားကိုက္ျခင္းအျပင္ လည္ေခ်ာင္းနာျခင္းကိုပါ သက္သာေစေသာ အစြမ္းရွိပါတယ္။
(၇) ၾကက္သြန္နီ
ၾကက္သြန္နီမွာ ပိုးသတ္အာနိသင္အျပင္ ေရာင္ယမ္းျခင္းကို ေလ်ာ့ပါးေစေသာ အာနိသင္ပါရွိတာမို႔ သြားနာျခင္းကို သက္သာေစပါတယ္။ နာက်င္ေနေသာ အံဆုံးေပၚသို႔ ၾကက္သြန္နီ အနည္းငယ္ကို ၁၅မိနစ္ခန႔္ အုံေပးပါ။
Writer- Dr Jue ( XYZ NEWS )
Unicode ဖြင့်ဖတ်ရန်
အန်ဆုံးပေါက်ခြင်းကြောင့် နာကျင်ခြင်းကို သက်သာစေမယ့် နည်းလမ်းများ
လူတိုင်းဟာ အန်ဆုံးပေါက်ခြင်းကြောင့် နာကျင်ခြင်းကို ခံစားဖူးကြပါတယ်။ အံဆုံးဆိုတာ တတိယမြောက် အံသွားကို ခေါ်ဆိုခြင်းဖြစ်ပြီး အသက် ၁၈ကနေ၂၅နှစ်အတွင်း ရင့်ကျက်တည်ငြိမ်သော အရွယ်မှာ ပေါက်တဲ့သွားမို့ ပညာရှိသွား (wisdom tooth)လို့လဲ တင်စားကြပါသေးတယ်။ အံဆုံးပေါက်လို့ နာကျင်ခြင်းကို လောလောလတ်လတ် ခံစားနေရသူများအတွက် အောက်ဖော်ပြပါ နည်းလမ်းကောင်းလေးတွေက ကူညီပေးမှာ ဖြစ်လို့ ဆက်လက်ဖတ်ရှုုကြည့်ပါနော်။
(၁) ဆားပြုတ်ရည်
ဆားဆိုတာ သဘာဝပိုးသတ် အာနိသင်ရှိသော ဆေးတစ်လက်ဖြစ်ပါတယ်။ ဆားကို ရေကြက်သီးနွေးမှာ ခပ်ထည့်ပြီး ထိုအရည်ဖြင့် ပလုတ်ကျင်းပေးပါ။ သွားကိုက်ခြင်းနဲ့ လည်ပင်းနာခြင်းများကို လျင်မြန်စွာ သက်သာစေပါလိမ့်မယ်။ ပလုတ်ကျင်းရာမှာလဲ မိနစ်အနည်းငယ် ကြာအောင် ကျင်းဖို့လိုပြီး တစ်နေ့ကို ၄ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။ လွယ်ကူပြီး အကျိူးရှိသောနည်းတစ်လက် ဖြစ်ပါတယ်။
(၂) မုန့်ဖုတ်ဆိုဒါအနှစ်
အံဆုံးပေါက်ခြင်းကြောင့် ရောင်ယမ်းခြင်းကို သက်သာစေပါတယ်။ မုန့်ဖုတ်ဆိုဒါကို သင်သုံးနေကျ သွားတိုက်ဆေးနဲ့ ရောပြီး ပုံမှန်အတိုင်း သွားတိုက်ပါ။ အထူးသဖြင့် အံဆုံးနေရာသို့ ဖိတိုက်ပေးပါ။ နာကျင်ခြင်းကို မိနစ်အနည်းငယ်အတွင်း သက်သာစေပါတယ်။
(၃) ရေခဲကပ်ခြင်း
ရေခဲက ရောင်ယမ်းခြင်းအားလုံးကို သက်သာစေကြောင်း ကျွန်တော်တို့ သိကြပြီး ဖြစ်ပါတယ်။ ရေခဲကပ်ရာမှာ ၁၅မိနစ်ကြာအောင် ကပ်ြပီး ၁၅မိနစ်ကြာအောင် အနားပေးပါ။ ထိုနည်းအတိုင်း အကြိမ်များစွာ ပြုလုပ်ပေးပါ။
(၄) လေးညှင်း
သွားကိုက်ခြင်းကို သက်သာဖို့ ရှေးခေတ်ကတည်းကပင် အသုံးပြုခဲ့ကြပါတယ်။ နာကျင်သောနေရာပေါ်သို့ အုံပေးခြင်းဖြင့် နာကျင်ခြင်းကို သက်သာစေပါတယ်။ အချိူ့ကလည်း လေးညှင်းဆီကို အသုံးပြုကြပါတယ်။
(၅) နနွင်း
နနွင်းမှာပါသော ပိုးသတ်အာနိသင်ကြောင့် သွားနာခြင်းကို သက်သာစေပါတယ်။ ထိုမျှမက သွားဖုံးယောင်ခြင်းကို သက်သာစေတဲ့အပြင် ပိုးမွှားများကိုလဲ သေစေပါတယ်။ နနွင်းမှုန့်အနည်းငယ်ကို ရေနွေးထဲရောပြီး ပလုတ်ကျင်းရည်အဖြစ် အသုံးပြုပေးပါ။
(၆) ပူစီနံရွက်
သွားကိုက်သောနေရာသို့ ပူစီနံရွက်အနည်းငယ်ကို ၁၅မိနစ်ခန့် အုံပေးပါ။ သွားကိုက်ခြင်းအပြင် လည်ချောင်းနာခြင်းကိုပါ သက်သာစေသော အစွမ်းရှိပါတယ်။
(၇) ကြက်သွန်နီ
ကြက်သွန်နီမှာ ပိုးသတ်အာနိသင်အပြင် ရောင်ယမ်းခြင်းကို လျော့ပါးစေသော အာနိသင်ပါရှိတာမို့ သွားနာခြင်းကို သက်သာေစပါတယ်။ နာကျင်နေသော အံဆုံးပေါ်သို့ ကြက်သွန်နီ အနည်းငယ်ကို ၁၅မိနစ်ခန့် အုံပေးပါ။
Writer- Dr Jue ( XYZ NEWS )
Leave a Reply