လောက မှာ အဆိပ်မရှိတဲ့ သူက အန္တရာယ် အကင်းဆုံး (အလွန်ကောင်းတဲ့ အတွေးအခေါ်)

လောက မှာ အဆိပ်မရှိတဲ့ သူက အန္တရာယ် အကင်းဆုံး (အလွန်ကောင်းတဲ့ အတွေးအခေါ်)

(မြွေဟောက် တစ်ကောင်က ကျွန်တော့်ကို ပြောတယ်)

“ငါကလျှင်မြန်တယ်… အဆိပ်ရှိတယ်… ငါ့ကို လူတွေကြောက်ကြတယ်” တဲ့” “ကျွန်တော်သူ့ကို အရမ်းအားကျမိတယ်… သူ့လို လျှင်မြန်ပြီး အဆိပ်ရှိတဲ့ မြွေ ဖြစ်ချင်ခဲ့တယ်”

“နောက်နေ့မှာ ကျွန်တော် မြွေပွေး တစ်ကောင်နဲ့တွေ့တယ်… မြွေပွေးက ကျွန်တော့်ကို ပြောတယ်”

“ငါက တည်ငြိမ်တယ်… ငါ့ဟာငါ အေးဆေးနေတယ် .. ငါ ဘယ်သူ့ကို မှ ရန်မရှာဘူး… ဒါပေမယ့် ငါ့ကိုတော့ လာမထိနဲ့ ယင်ကောင်တောင် အလွတ်မပေးဘူး” တဲ့”

“ကျွန်တော် သူ့ကို အရမ်းလေးစားမိတယ်… ကျွန်တော် သူ့လို တည်တည်ငြိမ်ငြိမ် နဲ့ အဆိပ်ရှိတဲ့သူ ဖြစ်ချင်ခဲ့တယ်”

“နောက်တစ်ရက်မှာ ကျွန်တော် ရေမြွေ တစ်ကောင်နဲ့ တွေ့တယ်… ရေမြွေက ကျွန်တော့ကို ပြောတယ်”

“ငါက အဆိပ်မရှိဘူး… ပျော်ပျော်ပဲနေတတ်တယ်… ငါ့ကို လာရန်စ ရင်လည်း ငါဘာမှ မတုန့်ပြန်ဘူး.. ငါ့မှာ အဆိပ်မရှိမှန်း သိတော့ ဘယ်သူမှ ငါ့ကို မလေးစားကြဘူး…. ငါ့ကို ဟာသ တစ်ကောင်အဖြစ်ပဲ လူတွေ သဘောထားကြတယ်” တဲ့”

“ကျွန်တော် သူ့ကို စိတ်အရမ်း ပျက်မိတယ်… အဆိပ်မရှိတဲ့ မြွေတစ်ကောင်က ဘယ်နေရာမှာ သွားပြီး အသုံးကျပါ့မလဲ.. ကျွန်တော် သူ့ကို အထင်သေးတယ်… အတုမယူ ထိုက်တဲ့သူမို့ ဝေးဝေးက ရှောင်ဖို့ ဆုံးဖြတ်လိုက်တယ်”

“ဒီအဖြစ်အပျက်တွေ ဖြစ်ပြီး ဆယ်ရက်လောက် ကြာတော့ ကျွန်တော် လယ်သမားကြီး တစ်ဦးနဲ့ တွေ့တယ်… သူ့ရဲ့ ပလိုင်းထဲမှာ မြွေအသေ နှစ်ကောင်ကို တွေ့လို့ သေချာ ကြည့်လိုက်တော့ ကျွန်တော်လေးစားရ တဲ့ မြွေပွေး နဲ့ မြွေဟောက် ဖြစ်နေတယ်”

“ကျွန်တော် ဘာမှ မမေးခင်မှာပဲ လယ်သမားကြီးက ကျွန်တော့်ကို ပြောတယ်”

” ငါ့လယ်ထဲမှာ တွေ့တာတော့ မြွေက သုံးကောင်ကွ…. ငါ သူတို့ကို မသတ်ချင်ပါဘူး… ဒါပေမယ့်ကွာ ဒီနှစ်ကောင်က အဆိပ်ရှိတဲ့ သတ္တဝါတွေဆိုတော့ လူတွေအတွက် အန္တရာယ် ရှိလာနိုင်တယ်… ဒါကြောင့်ပဲ သူတို့ကို သတ်လိုက်ရတာ… ကျန်တဲ့ တစ်ကောင်ကတော့ ဘာအဆိပ်မှ ရှိတဲ့အကောင်မလို့ သတ်စရာ မလိုဘူးပေါ့ကွာ…” တဲ့”

“ကျွန်တော် နောင်တ တစ်ခုရလိုက်သလို… အသိတရား တစ်ခုလည်း ရလိုက်တယ်… “လောကမှာ အဆိပ်မရှိတဲ့ သူက အန္တရာယ် အကင်းဆုံး” ဆိုတာကို… အဲ့ နေ့က စပြီး ကျွန်တော့်ရဲ့ လွဲမှားနေတဲ့ အတွေးအခေါ်တွေကို ပြုပြင်ဖို့ ဆုံးဖြတ်လိုက်တယ်”

” ကိုယ့်ခန္တာမှာ ရှိတဲ့ အဆိပ်ဆိုတဲ့ အရာကို ဖယ်ထုတ်ပြီး… ငြိမ်းချမ်းတဲ့ ဘဝ… လွတ်လပ်တဲ့ ဘဝတစ်ခုကို ရှာဖွေဖို့နဲ့.. ကြုံလာသမျှ အတိုက်အခိုက်ကို အပြုံးနဲ့ပဲ တုန့်ပြန်ဖို့ပါ.”

Credit: Nyein (မောင့်မူပိုင်ရှင်)

Zawgyi

ေလာက မွာ အဆိပ္မရွိတဲ့ သူက အႏၲရာယ္ အကင္းဆုံး (အလြန္ေကာင္းတဲ့ အေတြးအေခၚ)

(ေႁမြေဟာက္ တစ္ေကာင္က ကြၽန္ေတာ့္ကို ေျပာတယ္)

“ငါကလွ်င္ျမန္တယ္… အဆိပ္ရွိတယ္… ငါ့ကို လူေတြေၾကာက္ၾကတယ္” တဲ့” “ကြၽန္ေတာ္သူ႔ကို အရမ္းအားက်မိတယ္… သူ႔လို လွ်င္ျမန္ၿပီး အဆိပ္ရွိတဲ့ ေႁမြ ျဖစ္ခ်င္ခဲ့တယ္”

“ေနာက္ေန႔မွာ ကြၽန္ေတာ္ ေႁမြေပြး တစ္ေကာင္နဲ႔ေတြ႕တယ္… ေႁမြေပြးက ကြၽန္ေတာ့္ကို ေျပာတယ္”

“ငါက တည္ၿငိမ္တယ္… ငါ့ဟာငါ ေအးေဆးေနတယ္ .. ငါ ဘယ္သူ႔ကို မွ ရန္မရွာဘူး… ဒါေပမယ့္ ငါ့ကိုေတာ့ လာမထိနဲ႔ ယင္ေကာင္ေတာင္ အလြတ္မေပးဘူး” တဲ့”

“ကြၽန္ေတာ္ သူ႔ကို အရမ္းေလးစားမိတယ္… ကြၽန္ေတာ္ သူ႔လို တည္တည္ၿငိမ္ၿငိမ္ နဲ႔ အဆိပ္ရွိတဲ့သူ ျဖစ္ခ်င္ခဲ့တယ္”

“ေနာက္တစ္ရက္မွာ ကြၽန္ေတာ္ ေရေႁမြ တစ္ေကာင္နဲ႔ ေတြ႕တယ္… ေရေႁမြက ကြၽန္ေတာ့ကို ေျပာတယ္”

“ငါက အဆိပ္မရွိဘူး… ေပ်ာ္ေပ်ာ္ပဲေနတတ္တယ္… ငါ့ကို လာရန္စ ရင္လည္း ငါဘာမွ မတုန္႔ျပန္ဘူး.. ငါ့မွာ အဆိပ္မရွိမွန္း သိေတာ့ ဘယ္သူမွ ငါ့ကို မေလးစားၾကဘူး…. ငါ့ကို ဟာသ တစ္ေကာင္အျဖစ္ပဲ လူေတြ သေဘာထားၾကတယ္” တဲ့”

“ကြၽန္ေတာ္ သူ႔ကို စိတ္အရမ္း ပ်က္မိတယ္… အဆိပ္မရွိတဲ့ ေႁမြတစ္ေကာင္က ဘယ္ေနရာမွာ သြားၿပီး အသုံးက်ပါ့မလဲ.. ကြၽန္ေတာ္ သူ႔ကို အထင္ေသးတယ္… အတုမယူ ထိုက္တဲ့သူမို႔ ေဝးေဝးက ေရွာင္ဖို႔ ဆုံးျဖတ္လိုက္တယ္”

“ဒီအျဖစ္အပ်က္ေတြ ျဖစ္ၿပီး ဆယ္ရက္ေလာက္ ၾကာေတာ့ ကြၽန္ေတာ္ လယ္သမားႀကီး တစ္ဦးနဲ႔ ေတြ႕တယ္… သူ႔ရဲ႕ ပလိုင္းထဲမွာ ေႁမြအေသ ႏွစ္ေကာင္ကို ေတြ႕လို႔ ေသခ်ာ ၾကည့္လိုက္ေတာ့ ကြၽန္ေတာ္ေလးစားရ တဲ့ ေႁမြေပြး နဲ႔ ေႁမြေဟာက္ ျဖစ္ေနတယ္”

“ကြၽန္ေတာ္ ဘာမွ မေမးခင္မွာပဲ လယ္သမားႀကီးက ကြၽန္ေတာ့္ကို ေျပာတယ္”

” ငါ့လယ္ထဲမွာ ေတြ႕တာေတာ့ ေႁမြက သုံးေကာင္ကြ…. ငါ သူတို႔ကို မသတ္ခ်င္ပါဘူး… ဒါေပမယ့္ကြာ ဒီႏွစ္ေကာင္က အဆိပ္ရွိတဲ့ သတၱဝါေတြဆိုေတာ့ လူေတြအတြက္ အႏၲရာယ္ ရွိလာႏိုင္တယ္… ဒါေၾကာင့္ပဲ သူတို႔ကို သတ္လိုက္ရတာ… က်န္တဲ့ တစ္ေကာင္ကေတာ့ ဘာအဆိပ္မွ ရွိတဲ့အေကာင္မလို႔ သတ္စရာ မလိုဘူးေပါ့ကြာ…” တဲ့”

“ကြၽန္ေတာ္ ေနာင္တ တစ္ခုရလိုက္သလို… အသိတရား တစ္ခုလည္း ရလိုက္တယ္… “ေလာကမွာ အဆိပ္မရွိတဲ့ သူက အႏၲရာယ္ အကင္းဆုံး” ဆိုတာကို… အဲ့ ေန႔က စၿပီး ကြၽန္ေတာ့္ရဲ႕ လြဲမွားေနတဲ့ အေတြးအေခၚေတြကို ျပဳျပင္ဖို႔ ဆုံးျဖတ္လိုက္တယ္”

” ကိုယ့္ခႏၲာမွာ ရွိတဲ့ အဆိပ္ဆိုတဲ့ အရာကို ဖယ္ထုတ္ၿပီး… ၿငိမ္းခ်မ္းတဲ့ ဘဝ… လြတ္လပ္တဲ့ ဘဝတစ္ခုကို ရွာေဖြဖို႔နဲ႔.. ႀကဳံလာသမွ် အတိုက္အခိုက္ကို အၿပဳံးနဲ႔ပဲ တုန္႔ျပန္ဖို႔ပါ.”

Credit: Nyein (ေမာင့္မူပိုင္ရွင္)

Be the first to comment

Leave a Reply

Your email address will not be published.


*