အေရာင္တင္ ဆုိးေဆး အသံုးျပဳေသာ အစားအစာမ်ား စားသံုးမႈေၾကာင့္ ကင္ဆာေရာဂါ ျဖစ္ပြားမႈမ်ားေစ

အေရာင္တင္ ဆိုးေဆး အသုံးျပဳေသာ အစားအစာမ်ား စားသုံးမႈေၾကာင့္ ကင္ဆာေရာဂါ ျဖစ္ပြားမႈမ်ားေစ

ျမန္မာႏိုင္ငံတြင္ ကင္ဆာေရာဂါ ျဖစ္ပြားျခင္းသည္ အေရာင္တင္ ဆိုးေဆး အသုံးျပဳေသာ အစားအစာမ်ား စားသုံးမႈေၾကာင့္ ျဖစ္သည္ဟု ျမန္မာႏိုင္ငံ စားသုံးသူ ကာကြယ္ေရးအသင္း ဥကၠ႒ ဦးဗအုပ္ခိုင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

အဆိုပါ အေရာင္တင္ ဆိုးေဆး အသုံးျပဳ အစားအစာမ်ားမွာ မွ်စ္ ၊ လက္ဖက္ အစို ၊ အေရာင္တင္ င႐ုတ္ သီးမႈန႔္ ၊ ေရာင္စုံ အေအး မ်ိဳးစုံ ၊ ဂ်ယ္လီ ( ေရာင္စုံ) ၊ တ႐ုတ္မွ လာသည့္ မုန႔္မ်ား ၊ ပလတ္စတစ္ ထုတ္ပိုး အစားအစာမ်ား ၊ ပိုးသတ္ေဆး ဖ်န္းထားေသာ ဟင္းသီး ဟင္း႐ြက္မ်ားေၾကာင့္ အသည္း ႏွင့္ အစာအိမ္ ကင္ဆာမ်ား ျဖစ္ပြားရလ်က္ ရွိေၾကာင္း ၎က ေျပာၾကားခဲ့သည္။

” ဒီဆိုးေဆး ပါတဲ့ အစားအေသာက္ေတြေၾကာင့္ ျမန္မာႏိုင္ငံမွာ ကင္ဆာ ေရာဂါ ျဖစ္ပြားမႈ ႏႈန္းက တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုၿပီး ျမင့္တက္ လာတယ္ ၊ ကင္ဆာ ေရာဂါ ေလ်ာ့က်ဖို႔ အတြက္ ျမန္မာႏိုင္ငံသားေတြ အစားအေသာက္ေကာ ၊ အေနအထိုင္ေတြပါ ျပဳျပင္ သြားဖို႔ လိုအပ္ ပါတယ္ …. ” ဟု ၎က ထပ္မံ ေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံ တြင္ ၁၀ ႏွစ္တာ ကာလအတြင္း ကင္ဆာ ျဖစ္ပြားမႈ ႏႈန္းသည္ ၃၀ ရာခိုင္ႏႈန္း ျမင့္တက္ လာခဲ့ၿပီး အိမ္ေထာင္စု ၄ စုတြင္ တစ္စုခန႔္မွာ ဆိုးေဆးေၾကာင့္ ကင္ဆာ ေရာဂါ ျဖစ္ပြားေၾကာင္း ၊ အခ်ိဳ႕မွာ မ်ိဳး႐ိုးေၾကာင့္ဟု သိရသည္။

ကင္ဆာ ေရာဂါ ျဖစ္ပြားမႈ ႏႈန္းသည္ လာမည့္ ၂၀၃၀ ျပည့္ႏွစ္တြင္ တစ္ကမာၻလုံး အတိုင္းအတာ အရ ၇၅ ရာခိုင္ႏႈန္းခန႔္ ျမင့္တက္ လာႏိုင္ေၾကာင္း ႏွင့္ WHO၏ အစီရင္ခံစာတြင္ ၂၀၁၂ ခုႏွစ္ အတြင္း ကမာၻ တစ္ဝန္းလုံး၌ လူေပါင္း ၁ ဒသမ ၈ သန္းခန႔္ ကင္ဆာ ေရာဂါ ျဖစ္ပြားၿပီး ၅ သိန္းေက်ာ္ ေသဆုံး ခဲ့ေၾကာင္း သတင္း ထုတ္ျပန္ ခဲ့ေၾကာင္း သိရွိရသည္။

Credit : သိုက္ရာဇာ

Unicode ဖြင့်ဖတ်ရန်

အရောင်တင် ဆိုးဆေး အသုံးပြုသော အစားအစာများ စားသုံးမှုကြောင့် ကင်ဆာရောဂါ ဖြစ်ပွားမှုများစေ

မြန်မာနိုင်ငံတွင် ကင်ဆာရောဂါ ဖြစ်ပွားခြင်းသည် အရောင်တင် ဆိုးဆေး အသုံးပြုသော အစားအစာများ စားသုံးမှုကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အရောင်တင် ဆိုးဆေး အသုံးပြု အစားအစာများမှာ မျှစ် ၊ လက်ဖက် အစို ၊ အရောင်တင် ငရုတ် သီးမှုန့် ၊ ရောင်စုံ အအေး မျိုးစုံ ၊ ဂျယ်လီ ( ရောင်စုံ) ၊ တရုတ်မှ လာသည့် မုန့်များ ၊ ပလတ်စတစ် ထုတ်ပိုး အစားအစာများ ၊ ပိုးသတ်ဆေး ဖျန်းထားသော ဟင်းသီး ဟင်းရွက်များကြောင့် အသည်း နှင့် အစာအိမ် ကင်ဆာများ ဖြစ်ပွားရလျက် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

” ဒီဆိုးဆေး ပါတဲ့ အစားအသောက်တွေကြောင့် မြန်မာနိုင်ငံမှာ ကင်ဆာ ရောဂါ ဖြစ်ပွားမှု နှုန်းက တစ်နှစ်ထက် တစ်နှစ် ပိုပြီး မြင့်တက် လာတယ် ၊ ကင်ဆာ ရောဂါ လျော့ကျဖို့ အတွက် မြန်မာနိုင်ငံသားတွေ အစားအသောက်ကော ၊ အနေအထိုင်တွေပါ ပြုပြင် သွားဖို့ လိုအပ် ပါတယ် …. ” ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ တွင် ၁၀ နှစ်တာ ကာလအတွင်း ကင်ဆာ ဖြစ်ပွားမှု နှုန်းသည် ၃၀ ရာခိုင်နှုန်း မြင့်တက် လာခဲ့ပြီး အိမ်ထောင်စု ၄ စုတွင် တစ်စုခန့်မှာ ဆိုးဆေးကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားကြောင်း ၊ အချို့မှာ မျိုးရိုးကြောင့်ဟု သိရသည်။

ကင်ဆာ ရောဂါ ဖြစ်ပွားမှု နှုန်းသည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာ အရ ၇၅ ရာခိုင်နှုန်းခန့် မြင့်တက် လာနိုင်ကြောင်း နှင့် WHO၏ အစီရင်ခံစာတွင် ၂၀၁၂ ခုနှစ် အတွင်း ကမ္ဘာ တစ်ဝန်းလုံး၌ လူပေါင်း ၁ ဒသမ ၈ သန်းခန့် ကင်ဆာ ရောဂါ ဖြစ်ပွားပြီး ၅ သိန်းကျော် သေဆုံး ခဲ့ကြောင်း သတင်း ထုတ်ပြန် ခဲ့ကြောင်း သိရှိရသည်။

Credit : သိုက်ရာဇာ

Be the first to comment

Leave a Reply

Your email address will not be published.


*