ဒေါသမထွက်အောင် စိတ်ခံစားချက်တွေကို ဘယ်လို ထိန်းချုပ်မလဲ

ဒေါသမထွက်အောင် စိတ်ခံစားချက်တွေကို ဘယ်လို ထိန်းချုပ်မလဲ
ဒေါသမထွက်အောင် စိတ်ခံစားချက်တွေကို ဘယ်လို ထိန်းချုပ်မလဲ

ဒေါသမထွက်အောင် စိတ်ခံစားချက်တွေကို ဘယ်လို ထိန်းချုပ်မလဲ

လူတွေဟာ တစ်ခါတစ်လေမှာ ဘာမှမဟုတ်တဲ့ အရာလေးတွေနဲ့ ဒေါသထွက်ပြီး စိတ်ပျက်တတ်ပါတယ်။ ဒီခံစားချက်တွေဟာ မလွှဲမရှောင်သာတဲ့ အခြေအနေနဲ့ အခက်အခဲတွေကြားမှာ ဖြစ်လာတတ်ပါတယ်။ ဒေါသထွက်ခြင်းဟာ အမြဲတမ်းတော့ မသင့်လျော်ပါဘူး။ သင်လုပ်နိုင်တာ အကောင်းဆုံးက ပြဿနာကို ဖြေရှင်းဖို့ အာရုံစိုက်မနေဘဲ သင့်ခံစားချက်တွေကို ထိန်းချုပ်ဖို့ပါပဲ။

စိတ်အပန်းဖြေတဲ့ နည်းလမ်းတွေကို လေ့ကျင့်ပါ။ အသက်ပြင်းပြင်းရှူပြီး အပန်းဖြေတဲ့ နည်းလမ်းတွေက သင့်ဒေါသကို ထိန်းချုပ်ဖို့ ကူညီပေးနိုင်ပါတယ်။

၁။ သင်ရဲ့ အဆုတ်ထဲကနေ လေကို ပြင်းပြင်းရှူပါ။ သင့်ရဲ့ အူထဲကနေ ထွက်သက်တွေ ထွက်လာတယ်လို့ မြင်ယောင်ကြည့်ပါ။ ရင်ဘတ်ကနေ အသက်ရှုလိုက်တာက သင့်ကို သက်သာရာရစေမှာ မဟုတ်ပါဘူး။

၂။ စိတ်ကိုထိန်း၊ စိတ်ကိုထိန်းဆိုတဲ့ စိတ်သက်သာရာရစေတဲ့ စကားလုံးတွေကို ကိုယ့်ကိုယ်ကိုပြောနေပါ။ အသက်ကိုလည်း ပြင်းပြင်းရှူဖို့ သတိရပါ။

၃။ သင့်ကို စိတ်ပြေလက်ပျောက် ဖြစ်စေမယ့် အရာတစ်ခုကို မြင်ယောင်ကြည့်ပါ။ သင့်အတိတ်က တစ်ခုခုကို ပြန်တွေးပါ ဒါမှမဟုတ် တစ်ခုခုကို ပုံဖော်နေပါ။

၄။ ယောဂလိုမျိုး လွယ်ကူ၊ နှေးကွေးတဲ့ လေ့ကျင့်ခန်းတွေဟာ သင့်ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ပိုပြီး သက်တောင့်သက်သာရှိသလို ခံစားရပါလိမ့်မယ်။ မကြာခဏ ဒေါသထွက်နေတယ် ဆိုရင် ဒီနည်းလမ်းတွေကို နေ့စဉ်လေ့ကျင့်ပါ။ သင့်ကိုယ်သင် ဒေါသထွက်နေတာကို သတိထားမိတယ်ဆိုရင် ဒီနည်းလမ်းတွေကို အသုံးပြုပါ။

ယုတ္တိရှိရှိတွေးပြီး အခြေအနေကို ပြန်လည်တည်ဆောက်ပါ။ ဒေါသထွက်နေတဲ့သူတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးကို ကျိန်ဆဲကြပြီး ရောင်စုံအသုံးအနှုန်းတွေနဲ့ ခိုင်းနှိုင်းလေ့ ရှိပါတယ်။ ဒီအချိန်မှာ တွေးခေါ်ပုံဟာ ကြီးမားလာပြီး အလွန်အမင်း ရှုပ်ထွေးလာပါတယ်။ ဒီအတွေးတွေကို ဆင်ခြင်တုံတရားနဲ့ အစားထိုးကြည့်ပါ။

ဥပမာအား “ဒါက ကြောက်စရာကောင်းတယ်၊ အရာအားလုံး ပျက်စီးသွားပြီ” လို့ ကိုယ့်ကိုယ်ကို ပြောမယ့်အစား “ငါစိတ်ဆိုးနေတာ သိသာတယ် ဒါပေမယ့် ဒါက ကမ္ဘာကြီးရဲ့ အဆုံးမဟုတ်ဘူး၊ ဒေါသက အခြေအနေကို မပြင်နိုင်ဘူး၊ ငါ့ကိုကူညီမှာ မဟုတ်ဘူး။”လို့တွေးပါ။

သင်ကိုယ်တိုင် ဒါမှမဟုတ် အခြားသူအကြောင်း ပြောတဲ့အခါ “ဘယ်တော့မှ” နှင့် “အမြဲ” လိုမျိုး စကားလုံးများကို သတိထားပါ။ သင်က ပြဿနာကို ဖြေရှင်းဖို့ အခြားနည်းလမ်းကို မရှာဘဲ သင့်ဒေါသကို “ဒါမင်းကြောင့် ဖြစ်ရတာ၊ မင်းက အမြဲမေ့နေတာ” ဆိုပြီး အသုံးအနှုန်းတွေနဲ့ တခြားသူပေါ် ဒေါသပုံချသလို ဖြစ်နေပါတယ်။

ဒီအသုံးအနှုန်းတွေဟာ သင့်ကို ဖြေရှင်းချက်ရှာရဖို့ ကူညီပေးမယ့်သူတွေနဲ့လည်း ဝေးသွားစေပါတယ်။ ဒေါသက ဘာမှ မပြုပြင်ပေးနိုင်သလို စိတ်သက်သာရာရစေမှာ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သင်ပဲ ခံစားရပါလိမ့်မယ်။ ဒေါသဟာ ဆင်ခြင်တုံတရား မရှိတဲ့အဖြစ်ကို လျင်မြန်စွာ ကူးပြောင်းသွားနိုင်ပါတယ်။ ဒါကြောင့် ဒေါသထွက်လာပြီဆိုရင် စိတ်ကို အေးအေးထားသင့်ပါတယ်။

ကမ္ဘာကြီးက သင့်ကို ဆန့်ကျင်တာ မဟုတ်ဘူး။ သင်ကသာ သီးခြားအချိန်တစ်ခုမှာ အခက်အခဲတွေ ကြုံနေရတယ်ဆိုတာ သတိရပါ။ သင်တစ်ယောက်တည်းမဟုတ်ဘူး ဆိုတာကို တွေးပါ။ ဒေါသတွေ လွှမ်းသွားတယ်လို့ ခံစားမိတိုင်း ဒီလိုလုပ်ပါ၊ အဲဒါက သင့်ကို နည်းနည်း စိတ်ငြိမ်အောင် ကူညီပေးပါလိမ့်မယ်။

လူတွေ ဒေါသထွက်လာတဲ့အခါ တရားမျှတမှု၊ ကျေးဇူးသိတတ်မှု၊ ဒါမှမဟုတ် သဘောတူညီချက်တွေကို တောင်းဆိုလာတတ် ကြပါတယ်။ မျှော်လင့်ချက်တွေကို ဆန္ဒတွေအဖြစ် ပြောင်းသွားတတ်ကြပါတယ်။ သင်လိုချင်တာကို မရတဲ့အခါ စိတ်ပျက်ဖို့ ဒါမှမဟုတ် စိတ်ထိခိုက်ပေမယ့် ဒေါသမထွက်တာက ပုံမှန်ပါပဲ။

တစ်ခါတစ်ရံမှာ လူတွေဟာ ဒေါသကို နာကျင်ခံစားရခြင်းကနေ ရှောင်ရှားဖို့ နည်းလမ်းတစ်ခုအဖြစ် အသုံးပြုပေမယ့်လည်း နာကျင်မှု ပျောက်ပျက်မသွားပါဘူး။ လှုပ်ရှားလိုက်ပါ။

ဒေါသဟာ သင့်ကို စွမ်းအင်တွေ အလျင်အမြန်နဲ့ ရရှိစေပါတယ်။ ဒီဒေါသတွေကို အသုံးချဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ ကိုယ်လက်လှုပ်ရှား ပစ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ လမ်းလျှောက်တာ၊ ပြေးတာပဲဖြစ်ဖြစ် Gym ဆော့တာပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်တာက သင့်စိတ်ဖိစီးမှုတွေကို ပြေလျော့စေပါလိမ့်မယ်။

လေ့ကျင့်ခန်း ပုံမှန်လုပ်တာကလည်း သင့်ကိုဒေါသတွေ ပြေလျော့စေနိုင်ပါတယ်။ အေရိုးဗစ်လှုပ်ရှားမှုဟာ ကျွန်တော်တို့တွေရဲ့ ဆန္ဒနှင့် မကိုက်ညီတဲ့ အခြေအနေတွေကို ခံနိုင်ရည်ရှိဖိူ့ လွယ်ကူစေပါတယ်။ စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေပါတယ်။

ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းက သင့်စိတ်ကို ကြည်လင်စေပါတယ်။ အကြာကြီးပြေးတာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ပြီးတဲ့နောက်မှာ သင့်ကို အနှောက်အယှက် ဖြစ်စေတဲ့အရာနဲ့ ပတ်သက်ပြီး ပိုရှင်းရှင်းလင်းလင်း မြင်လာနိုင်ပါတယ်။

Zombie (lovemedia)
#Credit

Zawgyi

ေဒါသမထြက္ေအာင္ စိတ္ခံစားခ်က္ေတြကို ဘယ္လို ထိန္းခ်ဳပ္မလဲ

လူေတြဟာ တစ္ခါတစ္ေလမွာ ဘာမွမဟုတ္တဲ့ အရာေလးေတြနဲ႔ ေဒါသထြက္ၿပီး စိတ္ပ်က္တတ္ပါတယ္။ ဒီခံစားခ်က္ေတြဟာ မလႊဲမေရွာင္သာတဲ့ အေျခအေနနဲ႔ အခက္အခဲေတြၾကားမွာ ျဖစ္လာတတ္ပါတယ္။ ေဒါသထြက္ျခင္းဟာ အၿမဲတမ္းေတာ့ မသင့္ေလ်ာ္ပါဘူး။ သင္လုပ္ႏိုင္တာ အေကာင္းဆုံးက ျပႆနာကို ေျဖရွင္းဖို႔ အာ႐ုံစိုက္မေနဘဲ သင့္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ဖို႔ပါပဲ။

စိတ္အပန္းေျဖတဲ့ နည္းလမ္းေတြကို ေလ့က်င့္ပါ။ အသက္ျပင္းျပင္းရႉၿပီး အပန္းေျဖတဲ့ နည္းလမ္းေတြက သင့္ေဒါသကို ထိန္းခ်ဳပ္ဖို႔ ကူညီေပးႏိုင္ပါတယ္။

၁။ သင္ရဲ႕ အဆုတ္ထဲကေန ေလကို ျပင္းျပင္းရႉပါ။ သင့္ရဲ႕ အူထဲကေန ထြက္သက္ေတြ ထြက္လာတယ္လို႔ ျမင္ေယာင္ၾကည့္ပါ။ ရင္ဘတ္ကေန အသက္ရႈလိုက္တာက သင့္ကို သက္သာရာရေစမွာ မဟုတ္ပါဘူး။

၂။ စိတ္ကိုထိန္း၊ စိတ္ကိုထိန္းဆိုတဲ့ စိတ္သက္သာရာရေစတဲ့ စကားလုံးေတြကို ကိုယ့္ကိုယ္ကိုေျပာေနပါ။ အသက္ကိုလည္း ျပင္းျပင္းရႉဖို႔ သတိရပါ။

၃။ သင့္ကို စိတ္ေျပလက္ေပ်ာက္ ျဖစ္ေစမယ့္ အရာတစ္ခုကို ျမင္ေယာင္ၾကည့္ပါ။ သင့္အတိတ္က တစ္ခုခုကို ျပန္ေတြးပါ ဒါမွမဟုတ္ တစ္ခုခုကို ပုံေဖာ္ေနပါ။

၄။ ေယာဂလိုမ်ိဳး လြယ္ကူ၊ ေႏွးေကြးတဲ့ ေလ့က်င့္ခန္းေတြဟာ သင့္ႂကြက္သားေတြကို ေျပေလ်ာ့ေစႏိုင္ပါတယ္။ ပိုၿပီး သက္ေတာင့္သက္သာရွိသလို ခံစားရပါလိမ့္မယ္။ မၾကာခဏ ေဒါသထြက္ေနတယ္ ဆိုရင္ ဒီနည္းလမ္းေတြကို ေန႔စဥ္ေလ့က်င့္ပါ။ သင့္ကိုယ္သင္ ေဒါသထြက္ေနတာကို သတိထားမိတယ္ဆိုရင္ ဒီနည္းလမ္းေတြကို အသုံးျပဳပါ။

ယုတၱိရွိရွိေတြးၿပီး အေျခအေနကို ျပန္လည္တည္ေဆာက္ပါ။ ေဒါသထြက္ေနတဲ့သူေတြဟာ ကမာၻေပၚမွာရွိတဲ့ အရာအားလုံးကို က်ိန္ဆဲၾကၿပီး ေရာင္စုံအသုံးအႏႈန္းေတြနဲ႔ ခိုင္းႏႈိင္းေလ့ ရွိပါတယ္။ ဒီအခ်ိန္မွာ ေတြးေခၚပုံဟာ ႀကီးမားလာၿပီး အလြန္အမင္း ရႈပ္ေထြးလာပါတယ္။ ဒီအေတြးေတြကို ဆင္ျခင္တုံတရားနဲ႔ အစားထိုးၾကည့္ပါ။

ဥပမာအား “ဒါက ေၾကာက္စရာေကာင္းတယ္၊ အရာအားလုံး ပ်က္စီးသြားၿပီ” လို႔ ကိုယ့္ကိုယ္ကို ေျပာမယ့္အစား “ငါစိတ္ဆိုးေနတာ သိသာတယ္ ဒါေပမယ့္ ဒါက ကမာၻႀကီးရဲ႕ အဆုံးမဟုတ္ဘူး၊ ေဒါသက အေျခအေနကို မျပင္ႏိုင္ဘူး၊ ငါ့ကိုကူညီမွာ မဟုတ္ဘူး။”လို႔ေတြးပါ။

သင္ကိုယ္တိုင္ ဒါမွမဟုတ္ အျခားသူအေၾကာင္း ေျပာတဲ့အခါ “ဘယ္ေတာ့မွ” ႏွင့္ “အၿမဲ” လိုမ်ိဳး စကားလုံးမ်ားကို သတိထားပါ။ သင္က ျပႆနာကို ေျဖရွင္းဖို႔ အျခားနည္းလမ္းကို မရွာဘဲ သင့္ေဒါသကို “ဒါမင္းေၾကာင့္ ျဖစ္ရတာ၊ မင္းက အၿမဲေမ့ေနတာ” ဆိုၿပီး အသုံးအႏႈန္းေတြနဲ႔ တျခားသူေပၚ ေဒါသပုံခ်သလို ျဖစ္ေနပါတယ္။

ဒီအသုံးအႏႈန္းေတြဟာ သင့္ကို ေျဖရွင္းခ်က္ရွာရဖို႔ ကူညီေပးမယ့္သူေတြနဲ႔လည္း ေဝးသြားေစပါတယ္။ ေဒါသက ဘာမွ မျပဳျပင္ေပးႏိုင္သလို စိတ္သက္သာရာရေစမွာ မဟုတ္ပါဘူး။ ဆန႔္က်င္ဘက္အေနနဲ႔ သင္ပဲ ခံစားရပါလိမ့္မယ္။ ေဒါသဟာ ဆင္ျခင္တုံတရား မရွိတဲ့အျဖစ္ကို လ်င္ျမန္စြာ ကူးေျပာင္းသြားႏိုင္ပါတယ္။ ဒါေၾကာင့္ ေဒါသထြက္လာၿပီဆိုရင္ စိတ္ကို ေအးေအးထားသင့္ပါတယ္။

ကမာၻႀကီးက သင့္ကို ဆန႔္က်င္တာ မဟုတ္ဘူး။ သင္ကသာ သီးျခားအခ်ိန္တစ္ခုမွာ အခက္အခဲေတြ ႀကဳံေနရတယ္ဆိုတာ သတိရပါ။ သင္တစ္ေယာက္တည္းမဟုတ္ဘူး ဆိုတာကို ေတြးပါ။ ေဒါသေတြ လႊမ္းသြားတယ္လို႔ ခံစားမိတိုင္း ဒီလိုလုပ္ပါ၊ အဲဒါက သင့္ကို နည္းနည္း စိတ္ၿငိမ္ေအာင္ ကူညီေပးပါလိမ့္မယ္။

လူေတြ ေဒါသထြက္လာတဲ့အခါ တရားမွ်တမႈ၊ ေက်းဇူးသိတတ္မႈ၊ ဒါမွမဟုတ္ သေဘာတူညီခ်က္ေတြကို ေတာင္းဆိုလာတတ္ ၾကပါတယ္။ ေမွ်ာ္လင့္ခ်က္ေတြကို ဆႏၵေတြအျဖစ္ ေျပာင္းသြားတတ္ၾကပါတယ္။ သင္လိုခ်င္တာကို မရတဲ့အခါ စိတ္ပ်က္ဖို႔ ဒါမွမဟုတ္ စိတ္ထိခိုက္ေပမယ့္ ေဒါသမထြက္တာက ပုံမွန္ပါပဲ။

တစ္ခါတစ္ရံမွာ လူေတြဟာ ေဒါသကို နာက်င္ခံစားရျခင္းကေန ေရွာင္ရွားဖို႔ နည္းလမ္းတစ္ခုအျဖစ္ အသုံးျပဳေပမယ့္လည္း နာက်င္မႈ ေပ်ာက္ပ်က္မသြားပါဘူး။ လႈပ္ရွားလိုက္ပါ။

ေဒါသဟာ သင့္ကို စြမ္းအင္ေတြ အလ်င္အျမန္နဲ႔ ရရွိေစပါတယ္။ ဒီေဒါသေတြကို အသုံးခ်ဖို႔ အေကာင္းဆုံး နည္းလမ္းတစ္ခုကေတာ့ ကိုယ္လက္လႈပ္ရွား ပစ္လိုက္ျခင္းပဲ ျဖစ္ပါတယ္။ လမ္းေလွ်ာက္တာ၊ ေျပးတာပဲျဖစ္ျဖစ္ Gym ေဆာ့တာပဲျဖစ္ျဖစ္၊ ေလ့က်င့္ခန္းလုပ္တာက သင့္စိတ္ဖိစီးမႈေတြကို ေျပေလ်ာ့ေစပါလိမ့္မယ္။

ေလ့က်င့္ခန္း ပုံမွန္လုပ္တာကလည္း သင့္ကိုေဒါသေတြ ေျပေလ်ာ့ေစႏိုင္ပါတယ္။ ေအ႐ိုးဗစ္လႈပ္ရွားမႈဟာ ကြၽန္ေတာ္တို႔ေတြရဲ႕ ဆႏၵႏွင့္ မကိုက္ညီတဲ့ အေျခအေနေတြကို ခံႏိုင္ရည္ရွိဖိူ႔ လြယ္ကူေစပါတယ္။ စိတ္ဖိစီးမႈကိုလည္း ေလ်ာ့နည္းေစပါတယ္။

ဒါ့အျပင္ ေလ့က်င့္ခန္းလုပ္ျခင္းက သင့္စိတ္ကို ၾကည္လင္ေစပါတယ္။ အၾကာႀကီးေျပးတာ ဒါမွမဟုတ္ ျပင္းျပင္းထန္ထန္ ေလ့က်င့္ခန္း လုပ္ၿပီးတဲ့ေနာက္မွာ သင့္ကို အေႏွာက္အယွက္ ျဖစ္ေစတဲ့အရာနဲ႔ ပတ္သက္ၿပီး ပိုရွင္းရွင္းလင္းလင္း ျမင္လာႏိုင္ပါတယ္။

Zombie (lovemedia)
#Credit

Be the first to comment

Leave a Reply

Your email address will not be published.


*