အချစ်ကိုရှေ့တန်းတင်ပြီး ဟန်ဆောင်ချစ်တတ်တဲ့ ယောင်္ကျားလေးတွေ ယောင်္ကျားပီသကြပါစေ

Zawgyiဖြင့်ဖတ်ရန်























ယောင်္ကျားလေးတွေကလဲ တစ်ကယ်မချစ်ပဲ မိန်းကလေးတစ်ယောက်ရဲ့ဘဝကို တာဝန်မယူနိုင်ပဲ ချစ်တာကို ရှေ့တန်းတင်ပြီး မဖျက်စီးမိပါစေနဲ့




Unicode

မိန်းကလေးတစ်ယောက်ကို စချစ်ပြီဆိုရင် အချစ်ထက် ခန္ဓာကိုယ် ပိုလိုလားကြတယ်

ကောင်လေး… အရမ်းချစ်တယ်ချစ်သူ မောင့်ကို တစ်ကယ်ချစ်တယ်ဆိုရင် မောင့်ရဲ့ဆန္ဒကို လိုက်လျောပါနော်…

ကောင်မလေး…ဟင့်အင်း မောင် ဆုကြောက်တယ် ဆုမလိုက်လျောရဲဘူး

ကောင်လေး… ဆုရယ် မောင်ကဆုကို တစ်ကယ်မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားပြီး ချစ်တာပါကွာ

ကောင်မလေး… ဆုအရမ်းကြောက်တယ် ဆုတို့မိန်းမသား ဘဝတွေက တန်ဖိုးထားရဆုံးက အပျိုစင် ဘဝပါမောင်ရယ် ဆုကိုနားလည်ပေးပါနော်

ကောင်လေး… ဆုမောင့်ကို ချစ်တယ်ဆိုတာ ဘာလဲကွာ ချစ်သူတွေဖြစ်ပြီး ဒီလောက်လေးတောင် မလိုက်လျောပေးနိုင်ဘူး ဆုမောင့်ကိုကော တစ်ကယ်ချစ်ရဲ့လား( စိတ်ဆိုးလေသံဖြစ်)

ကောင်မလေး… ဘယ်လိုပြောလိုက်တာလဲ မောင်ရယ်မောင့်ကို ဆုအရမ်းချစ်တာပေါ့ မောင်စိတ်မဆိုးပါနဲ့ဟာ မောင်စိတ်ဆိုးရင် ဆုမနေတတ်ဘူး

ကောင်လေး… မောင့်ကို စိတ်မဆိုးစေချင်ရင် ဘာလို့ မောင့်ရဲ့ဆန္ဒကို မလိုက်လျောတာလဲ မောင့်ကို ချစ်တယ်ဆို ဆုမောင့်ကို ချစ်ရလို့ နောင်တမရစေရဘူးသိလား

အားလုံးတွက် မောင်တာဝန်ယူပါတယ်ကွာ နော် ဆု မောင်ဆုကို အရမ်းချစ်တယ် မောင့်ရဲ့ဆန္ဒကို လိုက်လျောပေးပါနော် မောင်ဆုကိုပဲ လက်ထပ်မှာပါ မောင့်ကိုယုံပါနော်

ကောင်မလေး… အင်းပါ မောင်ရယ် ဆုလဲမောင်နဲ့ မခွဲချင်ပါဘူး ဆုလဲမောင့်ကိုပဲ လက်ထပ်မှာပါ ချစ်သူမောင့်ကို အရမ်းချစ်လို့ လိုက်လျောပါရစေ ဆုကိုတော့ ခွဲမသွားရဘူးနော် မောင်

ကောင်လေး… စိတ်ချပါချစ်သူရယ် မောင်ကတိပေးပါတယ်

မိန်းကလေးတွေက တစ်ကယ် ချစ်တတ်လာပြီဆိုရင် အချစ်က မျက်လုံးကမ်းစေတယ် မိဘမောင်နှစ်မတွေ ဘယ်လိုပဲ တားစီးနေပါစေ ကိုယ့်ချစ်သူ စကားကလွဲရင် ဘယ်သူ့စကားမှ နားမဝင်ကြတော့ဘူး

ကောင်မလေး… မောင်ဆုကို လက်ထပ်မယ်ဆို

ကောင်လေး…. အင်းပါ ဆုရယ် မောင်တို့နှစ်ယောက်အတွက် တူတူနေဖို့ဆိုတာ မောင်တို့ အများကြီး ကြိုးစားရဦးမယ်လေ မောင့်ဘက်က မပြည့်စုံသေးလို့ ဆုသီးခံပြီး အချိန်လေး စောင့်ပေးပါနော်

ကောင်မလေး… အချိန်တွေက မလိုပါဘူးမောင်ရယ် မောင်နဲ့ ဆုလက်ထပ်ပြီးတဲ့ ခါကြရင် သူ့အလိုလို ဖြစ်သွားမှာပါ ဆုမောင်နဲ့တူတူနေပြီ

ကောင်လေး… မင်းတို့မိန်းလေးတွေက လက်ထပ်မယ် တူတူနေချင်တယ် ဒါပဲသိကြတယ် တစ်ကယ်တမ်းလဲ လက်လဲထပ်ပြီးရော ငါ့တို့ယောင်္ကျားတွေကပဲ ရင်ပေါင်တန်းပြီး ရှာကျွေးရတာ အချိန်လေးတောင် မစောင့်နိုင်တော့ဘူးလား

ကောင်မလေး…. မောင်ရယ် မျက်ရည်ဝဲပြီး ဘာပြောရမှန်းမသိတဲ့ မိန်းမသားတွေရဲ့ဘဝက ကိုယ့်ချစ်သူက အချိန်စောင့်လို့ပြောတဲ့နေ့ကိုပဲ မြန်မြန်ရောက်ပါစေလို့ ရင်ထဲကကြိတ်ပြီး ဆုတောင်းရုံကလွဲရင် ဘာမှပြောပိုင်ခွင့် မရှိတော့ဘူးလေ

ကိုယ့်ကို တစ်ကယ်ချစ်တဲ့ ယောင်္ကျားတွေက ကိုယ့်ရဲ့အခက်ခဲတွေ ဘယ်လိုပဲ ပိတ်ပင်တားစီးနေပါစေ အရာရာကို ကျော်ဖြတ်ရဲတဲ့ သတ္တိတွေရှိကြတယ်

ကိုယ့်ကို တစ်ကယ်မချစ်တဲ့ ယောင်္ကျားတွေက ကိုယ့်ဆီက လိုချင်တာကို ရအောင်ယူတတ်ကြတယ် ရလဲရကော ကိုယ့်ကိုတန်ဖိုး မထားကြတော့ဘူး

မိန်းကလေးတွေ သိစေချင်တာက ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ ချစ်နေပါစေ ကိုယ့်ရဲ့အပျိုစင်ဘဝကို ပုံအောပြီး မချစ်မိစေနဲ့ ကိုယ့်ရဲ့ခန္ဓာကိုရမှ ချစ်မယ်ဆိုရင် သူက ကိုယ့်ကို တစ်ကယ်မချစ်လို့ပါ

တစ်ကယ်ချစ်တဲ့ ယောင်္ကျားတွေက ကိုယ့်ကို့ ထိခိုက်နစ်အောင် မလုပ်ပဲ တန်ဖိုး ထားတတ်ကြတယ် ကိုယ့်ဘဝကိုမှမရလို့

စိတ်ဆိုးစိတ်ကောက်တယ်ဆိုရင် ဆက်ပြီးချစ်မနေပါနဲ့ အချစ်ဦးနဲ့လွဲတဲ့ အတွဲတွေက အများကြီးပါ ဘယ်လောက်ပဲ ချစ်နေပါစေ ကိုယ့်ဘဝကို ပုံအောပြီး မချစ်မိစေနဲ့ သူငယ်ချင်းတို့ရယ်

ယောင်္ကျားလေးတွေကလဲ တစ်ကယ်မချစ်ပဲ မိန်းကလေးတစ်ယောက်ရဲ့ဘဝကို တာဝန်မယူနိူင်ပဲ ချစ်တာကို ရှေ့တန်းတင်ပြီး မဖျက်စီးမိပါစေနဲ့

ကိုယ့်နေရာမှာ ကိုယ့်ညီမတောင် ဖြစ်ခဲ့မယ်ဆိုရင် သူတစ်ပါးခံစားရသလို ငါ့ညီမလဲ ဒီလိုပဲဖြစ်ခဲ့ရင် ငါဘယ်လိုနေရမလဲ ဆိုတဲ့ အသိတရားလေးနဲ့ နှစ်မချင်းစာနာပေးကြပါရှင်

လူတိုင်းကို မဆိုလိုပါဘူး ခြေမ မကောင်းရင် ခြေမ လက်မ မကောင်းရင် လက်မ တစ်ချို့လူတွေကို ပြောတာပါ

Credit-Original Uploader

Be the first to comment

Leave a Reply

Your email address will not be published.


*