အပင္တစ္ပင္တည္းကေန အသီးအမ်ိဳးေလးဆယ္ထြက္ရွိတဲ့ အံ့ဖြယ္သစ္ပင္

အပင္ တစ္ပင္တည္းကေန အသီး အမ်ိဳးေလးဆယ္ ထြက္ရွိတဲ့ အံ့ဖြယ္သစ္ပင္

အပင္ တစ္ပင္တည္းကေန တစ္ၿပိဳင္နက္တည္း အသီး အမ်ိဳးအစား ၄၀ အထိ ထြက္ရွိႏိုင္တဲ့ အံ့ဖြယ္သစ္ပင္ တစ္မ်ိဳးကို တီထြင္ ဖန္တီးႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ပညာရွင္ကေတာ့ အႏုပညာ ဖန္တီးသူ ပေရာ္ဖက္ဆာ San van Aken ျဖစ္ၿပီး သူရဲ႕လုပ္ေဆာင္ခ်က္ဟာ အနာဂတ္ ကမာၻေျမေပၚ သီးႏွံ စိုက္ပ်ိဳးေရးအတြက္ လမ္းသစ္တစ္ခု ျဖစ္လာဖို႔ ရွိေနတာပဲ ျဖစ္ပါတယ္။

အပင္ တစ္ပင္တည္းကေန အသီး အမ်ိဳးေလးဆယ္ ထြက္ရွိတဲ့ အံ့ဖြယ္သစ္ပင္1

နယူးေယာက္က ပညာရွင္ႀကီးဟာ သစ္ပင္ကိုင္းေတြကို ကိုင္းဆက္ကူး စိုက္ပ်ိဳးတဲ့ နည္းပညာဟာ အပင္ေတြကို ႏွိပ္စက္တဲ့ နည္းလမ္းတစ္ခုလို႔ ယူဆခဲ့ၿပီး သူရဲ႕ ႀကံဆခဲ့ပုံက Chip Grafting လို႔ ေခၚတဲ့ နည္းပညာ ပုံစံတစ္မ်ိဳးပါပဲ။

သူဟာ ဒီလို အံ့ဖြယ္ သစ္ပင္မ်ိဳးကို အေမရိကန္ႏိုင္ငံ အႏွံ႔အျပား နဲ႔ ျပည္နယ္ အေတာ္မ်ားမ်ားနဲ႔ အေရအတြက္ အေျမာက္အမ်ား စိုက္ပ်ိဳး ေအာင္ျမင္ခဲ့ၿပီ ျဖစ္ၿပီး ဂုဏ္ယူဖြယ္ရာ အႏုပညာရပ္ဆိုင္ရာ တီထြင္မႈတစ္ခု အေနနဲ႔လည္း သတ္မွတ္ခံေနရတာ ျဖစ္ပါတယ္။

အပင္ တစ္ပင္တည္းကေန အသီး အမ်ိဳးေလးဆယ္ ထြက္ရွိတဲ့ အံ့ဖြယ္သစ္ပင္2

သီးမ်ိဳးစုံ ၄၀ သီးတဲ့ အပင္ဟာ သီးပြင့္ခ်ိန္ ရာသီ ေရာက္ခ်ိန္မွာ ဆိုရင္ အေသြးအေရာင္ စုံလင္မ်ားျပားေနၿပီး ရႈမၿငီးဖြယ္ ျဖစ္တာမို႔ အင္မတန္ ၾကည္ႏူးစရာျဖစ္ၿပီး ၾကည့္လို႔ ေကာင္းသလို ကမာၻေျမေပၚမွာ အႏုပညာ အလွပုံစံတစ္ရပ္ အေနနဲ႔လည္း ဝမ္းေျမာက္ဖြယ္ရာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

Credit : ZAW (H2H)

Unicode ဖြင့် ဖတ်ရန်

အပင် တစ်ပင်တည်းကနေ အသီး အမျိုးလေးဆယ် ထွက်ရှိတဲ့ အံ့ဖွယ်သစ်ပင်

အပင် တစ်ပင်တည်းကနေ တစ်ပြိုင်နက်တည်း အသီး အမျိုးအစား ၄၀ အထိ ထွက်ရှိနိုင်တဲ့ အံ့ဖွယ်သစ်ပင် တစ်မျိုးကို တီထွင် ဖန်တီးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပညာရှင်ကတော့ အနုပညာ ဖန်တီးသူ ပရော်ဖက်ဆာ San van Aken ဖြစ်ပြီး သူရဲ့လုပ်ဆောင်ချက်ဟာ အနာဂတ် ကမ္ဘာမြေပေါ် သီးနှံ စိုက်ပျိုးရေးအတွက် လမ်းသစ်တစ်ခု ဖြစ်လာဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

နယူးယောက်က ပညာရှင်ကြီးဟာ သစ်ပင်ကိုင်းတွေကို ကိုင်းဆက်ကူး စိုက်ပျိုးတဲ့ နည်းပညာဟာ အပင်တွေကို နှိပ်စက်တဲ့ နည်းလမ်းတစ်ခုလို့ ယူဆခဲ့ပြီး သူရဲ့ ကြံဆခဲ့ပုံက Chip Grafting လို့ ခေါ်တဲ့ နည်းပညာ ပုံစံတစ်မျိုးပါပဲ။

သူဟာ ဒီလို အံ့ဖွယ် သစ်ပင်မျိုးကို အမေရိကန်နိုင်ငံ အနှံ့အပြား နဲ့ ပြည်နယ် အတော်များများနဲ့ အရေအတွက် အမြောက်အများ စိုက်ပျိုး အောင်မြင်ခဲ့ပြီ ဖြစ်ပြီး ဂုဏ်ယူဖွယ်ရာ အနုပညာရပ်ဆိုင်ရာ တီထွင်မှုတစ်ခု အနေနဲ့လည်း သတ်မှတ်ခံနေရတာ ဖြစ်ပါတယ်။

သီးမျိုးစုံ ၄၀ သီးတဲ့ အပင်ဟာ သီးပွင့်ချိန် ရာသီ ရောက်ချိန်မှာ ဆိုရင် အသွေးအရောင် စုံလင်များပြားနေပြီး ရှုမငြီးဖွယ် ဖြစ်တာမို့ အင်မတန် ကြည်နူးစရာဖြစ်ပြီး ကြည့်လို့ ကောင်းသလို ကမ္ဘာမြေပေါ်မှာ အနုပညာ အလှပုံစံတစ်ရပ် အနေနဲ့လည်း ဝမ်းမြောက်ဖွယ်ရာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Credit : ZAW (H2H)

Be the first to comment

Leave a Reply

Your email address will not be published.


*