
ကံဇာတာ ျမင့္ေစေသာ အလႉခုနစ္မ်ိဳး
အခါတစ္ပါး၌ သူဆင္းရဲတစ္ေယာက္သည္ ဘုရားရွင္အား ဤသို႔ေလ်ာက္ထား၏။ ” ဘုန္းေတာ္ႀကီးေသာျမတ္စြာဘုရား” တပည့္ေတာ္သည္ လူမႈ႕ေရး၌လည္းေကာင္း၊ စီးပြားေရ၌လည္းေကာင္း၊ မိသားစုအေရး၌လည္းေကာင္း ၊ဘာလုပ္လုပ္ အဆင္မေျပျဖစ္ကာ ကံနိမ့္ေနပါတယ္ဘုရား… အဘယ္အေၾကာင္းေၾကာင့္ ဤသို႔ ကံနိမ့္ေနရပါသလဲဘုရား…
ဘုရားရွင္က “ခ်စ္သားသည္ မေပးမလႉလို႔ အခုလို ဘာလုပ္လုပ္ အဆင္မေျပျဖစ္ေနရျခင္း ျဖစ္ေပတယ္ ။ “တပည့္ေတာ္က ဆင္းရဲႏြမ္းပါးသူ တစ္ေယာက္ပါဘုရား။” “သူဆင္းရဲေတြလည္း လႉႏိုင္တဲ့ အလႉရွိပါတယ္ ခ်စ္သား” “ေဟာၾကား ေပးေတာ္မူပါဘုရား။”
“နားေထာင္ေလာ့ ခ်စ္သား” “ခ်မ္းသာသူသာမက သူဆင္းရဲမ်ားပါ လႉႏိုင္တဲ့အလႉ ခုနစ္မ်ိဳးရွိေပသည္။”
(၁) မ်က္ႏွာဟန္အမူအရာျဖင့္ အလႉဒါနျပဳျခင္း အၿပဳံးျဖင့္ ေဖာ္ေ႐ြစြာ ဆက္ဆံပါ။
(၂) ႏႈတ္ျဖင့္ အလႉဒါနျပဳျခင္း အားေပးစကား၊ ႏွစ္သိမ့္စကား၊ ခ်ီးက်ဴးစကား၊ ညႇာတာစကား၊ ေႏြးေထြးေသာ စကားမ်ား ေျပာဆိုပါ။
(၃) စိတ္ျဖင့္ အလႉဒါနျပဳျခင္း စိတ္တံခါးကိုဖြင့္၍ျဖဴစင္ေသာ စိတ္ထားျဖင့္ သူတစ္ပါးကို ပြင့္လင္း႐ိုးသားစြာ ဆက္ဆံပါ။
(၄) အျမင္ျဖင့္ အလႉဒါနျပဳျခင္း ေကာင္းေသာေစတနာ ေကာင္းေသာ အျမင္ျဖင့္ သူတပါး၏ ေကာင္းကြက္မ်ားကို ၾကည့္ေပးပါ။
(၅) ကာယလုပ္အားျဖင့္ အလႉဒါနျပဳျခင္း ကိုယ္ႏိုင္နင္းေသာ လုပ္ေဆာင္ေပးမႈျဖင့္ သူတစ္ပါးကို ကူညီပါ။
(၆) ေနရာထိုင္ခင္း အလႉဒါနျပဳျခင္း ေလွစီီး၊ ကားစီးသည့္အခါ မိမိထိုင္ခုံ ေနရာကို အိုမင္းမစြမ္းသူ ၊ကိုယ္ဝန္ရွိသူႏွင့္ ကေလးငယ္တို႔အား မိမိထိုင္ခုံေနရာကို ထိုင္ေစပါ ။
(၇) ေနအိမ္ အလႉဒါနျပဳျခင္း မိမိ၏ အိမ္ေနရာကို သူတစ္ပါးတို႔ အနားယူရန္ ေပးကမ္းပါ ။
“ထိုသို႔လႉေသာ အက်င့္ေကာင္းရွိသူ၏ေနာက္သို႔ေအာင္ျမင္ျခင္းသည္ ထပ္ၾကပ္မကြာ လိုက္လာလိမ့္မည္။”ဟုေဟာၾကားေတာ္မူခဲ့ေလသတည္း။
၁။ ၿပဳံး႐ႊင္ေသာမ်က္ႏွာ
၂။ ခ်ိဳသာေသာစကား
၃။ ျဖဴစင္ေသာ စိတ္ထား
၄။ ေကာင္းကြက္ကို ၾကည့္ေပးျခင္း
၅။ ကာယျဖင့္ ကူညီျခင္း
၆။ ႀကဳံလွ်င္ မိမိထိုင္ခုံေနရာေပးျခင္း
၇။ မိမိအိမ္၌ ေခတၱတည္းခိုးခြင့္ေပးျခင္း ျပဳလွ်င္ မ်ားမၾကာမီ ကံဇာတာျမင့္ တက္လာပါမည္။
ဓမၼဒါနျဖင့္ ကုသိုလ္ျပဳပါသည္။
#Credit
Unicode
ကံဇာတာ မြင့်စေသော အလှူခုနစ်မျိုး
အခါတစ်ပါး၌ သူဆင်းရဲတစ်ယောက်သည် ဘုရားရှင်အား ဤသို့လျောက်ထား၏။ ” ဘုန်းတော်ကြီးသောမြတ်စွာဘုရား” တပည့်တော်သည် လူမှု့ရေး၌လည်းကောင်း၊ စီးပွားရေ၌လည်းကောင်း၊ မိသားစုအရေး၌လည်းကောင်း ၊ဘာလုပ်လုပ် အဆင်မပြေဖြစ်ကာ ကံနိမ့်နေပါတယ်ဘုရား… အဘယ်အကြောင်းကြောင့် ဤသို့ ကံနိမ့်နေရပါသလဲဘုရား…
ဘုရားရှင်က “ချစ်သားသည် မပေးမလှူလို့ အခုလို ဘာလုပ်လုပ် အဆင်မပြေဖြစ်နေရခြင်း ဖြစ်ပေတယ် ။ “တပည့်တော်က ဆင်းရဲနွမ်းပါးသူ တစ်ယောက်ပါဘုရား။” “သူဆင်းရဲတွေလည်း လှူနိုင်တဲ့ အလှူရှိပါတယ် ချစ်သား” “ဟောကြား ပေးတော်မူပါဘုရား။”
“နားထောင်လော့ ချစ်သား” “ချမ်းသာသူသာမက သူဆင်းရဲများပါ လှူနိုင်တဲ့အလှူ ခုနစ်မျိုးရှိပေသည်။”
(၁) မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း အပြုံးဖြင့် ဖော်ရွေစွာ ဆက်ဆံပါ။
(၂) နှုတ်ဖြင့် အလှူဒါနပြုခြင်း အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသော စကားများ ပြောဆိုပါ။
(၃) စိတ်ဖြင့် အလှူဒါနပြုခြင်း စိတ်တံခါးကိုဖွင့်၍ဖြူစင်သော စိတ်ထားဖြင့် သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံပါ။
(၄) အမြင်ဖြင့် အလှူဒါနပြုခြင်း ကောင်းသောစေတနာ ကောင်းသော အမြင်ဖြင့် သူတပါး၏ ကောင်းကွက်များကို ကြည့်ပေးပါ။
(၅) ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီပါ။
(၆) နေရာထိုင်ခင်း အလှူဒါနပြုခြင်း လှေစီီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံ နေရာကို အိုမင်းမစွမ်းသူ ၊ကိုယ်ဝန်ရှိသူနှင့် ကလေးငယ်တို့အား မိမိထိုင်ခုံနေရာကို ထိုင်စေပါ ။
(၇) နေအိမ် အလှူဒါနပြုခြင်း မိမိ၏ အိမ်နေရာကို သူတစ်ပါးတို့ အနားယူရန် ပေးကမ်းပါ ။
“ထိုသို့လှူသော အကျင့်ကောင်းရှိသူ၏နောက်သို့အောင်မြင်ခြင်းသည် ထပ်ကြပ်မကွာ လိုက်လာလိမ့်မည်။”ဟုဟောကြားတော်မူခဲ့လေသတည်း။
၁။ ပြုံးရွှင်သောမျက်နှာ
၂။ ချိုသာသောစကား
၃။ ဖြူစင်သော စိတ်ထား
၄။ ကောင်းကွက်ကို ကြည့်ပေးခြင်း
၅။ ကာယဖြင့် ကူညီခြင်း
၆။ ကြုံလျှင် မိမိထိုင်ခုံနေရာပေးခြင်း
၇။ မိမိအိမ်၌ ခေတ္တတည်းခိုးခွင့်ပေးခြင်း ပြုလျှင် များမကြာမီ ကံဇာတာမြင့် တက်လာပါမည်။
ဓမ္မဒါနဖြင့် ကုသိုလ်ပြုပါသည်။
#Credit
Leave a Reply