အလြန္စီးပြားရွာတတ္ေသာ ဂ်ဴးလူမ်ိဳးနဲ႔ တ႐ုတ္လူမ်ိဳးတို႔ စီးပြားပ်က္သြားေသာအခါ

အလြန္စီးပြားရွာတတ္ေသာ ဂ်ဴးလူမ်ိဳးနဲ႔ တ႐ုတ္လူမ်ိဳးတို႔ စီးပြားပ်က္သြားေသာအခါ

တခါက အလြန္ခ်မ္းသာၾကတဲ့ ဂ်ဴး ကုန္သည္ တေယာက္ နဲ႔ တ႐ုတ္ ကုန္သည္ တေယာက္ ေဘးခ်င္း ကပ္လ်က္ ေဈးေရာင္းၿပီး စီးပြါးေရး ၿပိဳင္ေန ၾကသတဲ့။

Customer မ်ားမ်ား ရရန္ အၿပိဳင္အဆိုင္ အားက်မခံ ေဈးခ်ရင္းနဲ႔ ၾကာလာေတာ့ ႏွစ္ေယာက္စလုံး မြဲသြားသတဲ့။

ဒီေတာ့ တ႐ုတ္က ႐ုံးေတာ္ကို သြားၿပီး၊ လူမြဲစာရင္း ဝင္ဖို႔ ေလွ်ာက္လိုက္ေတာ့၊ ရွိတဲ့ အေႂကြးေတာင္ ဆပ္စရာ မလိုသည့္အျပင္ ေတာင္းစားခြင့္ လိုင္စင္ပါ ရသတဲ့။ ဒါနဲ႔ သူ႔ ဆိုင္ခန္းကို ပိတ္လိုက္ၿပီး လမ္းေဘးမွာ ေတာင္းစားေလသတဲ့။

ဂ်ဴးကုန္သည္လည္း ႐ုံးေတာ္ကို သြားၿပီး ေဗဒင္ ေဟာခြင့္ လက္မွတ္ကို ေလွ်ာက္ လိုက္တယ္တဲ့။ သူလဲ လမ္းေဘးမွာဘဲ ေဗဒင္ ထိုင္ေဟာေတာ့ သတဲ့။

ႏွစ္အတန္ၾကာေသာ္ တ႐ုတ္ႀကီးဟာ ေတာင္းစားလို႔ ရသမွ် ပိုက္ဆံနဲ႔ စားေသာက္ဆိုင္တဆိုင္ ဖြင့္ၿပီး လုပ္ငန္းကို ျပန္စ ျဖစ္တယ္။ ဂ်ဴးကလည္း ေဗဒင္ေဟာခနဲ႔ ဘဏ္တခု ဖြင့္ကာ လုပ္ငန္း ျပန္စ ျဖစ္တယ္။

သူတို႔ႏွစ္ေယာက္စလုံး အသက္ႀကီးလို႔ ေသခါနီးမွာ သူတို႔ရဲ႕ သားသမီးကို ဤသို႔ မွာခဲ့သတဲ့။

တ႐ုတ္ ကုန္သည္က ငါ့သား ဂ်ဴး လူမ်ိဳး နဲ႔ စီးပြားေရး ဘယ္ေတာ့ မၿပိဳင္နဲ႔။ ၿပိဳင္ရင္ သင္သာ မြဲသြားလိမ့္မယ္။ ငါတို႔ မွာ အနာဂတၱိက်မ္း မရွိဘူး။ ဂ်ဴး လူမ်ိဴးေတြက စားစရာ မရွိရင္ေတာင္ အနာဂတၱိက်မ္း နဲ႔ အသက္ရွင္ ႏိုင္တယ္။

ဂ်ဴး ကုန္သည္က ငါ့သား တ႐ုတ္ လူမ်ိဳးနဲ႔ ဘယ္ေတာ့မွ စီးပြားေရး သြားမၿပိဳင္နဲ႔။ သူတို႔က စီးပြားေရး အရင္းအႏွီးကို သူေတာင္းစား အလုပ္နဲ႔လည္း ရွာတတ္တယ္။ ငါတို႔ ဂ်ဴးမွာ ဒါမ်ိဳးပညာ မရွိဘူး။ စားစရာ မရွိရင္ ‘ကယ္ပါ ဘုရား’ လို႔ဘဲ ေအာ္တတ္တယ္။

ပုံျပင္ေလးကေတာ့ ဒါပါဘဲ။ လဲက်ေသာ္လည္း ျပန္ထ ႏိုင္ၾကပါေစ။

|Credit – Aung Htang

Unicode ဖြင့် ဖတ်ရန်

အလွန်စီးပွားရှာတတ်သော ဂျူးလူမျိုးနဲ့ တရုတ်လူမျိုးတို့ စီးပွားပျက်သွားသောအခါ

တခါက အလွန်ချမ်းသာကြတဲ့ ဂျူး ကုန်သည် တယောက် နဲ့ တရုတ် ကုန်သည် တယောက် ဘေးချင်း ကပ်လျက် ဈေးရောင်းပြီး စီးပွါးရေး ပြိုင်နေ ကြသတဲ့။

Customer များများ ရရန် အပြိုင်အဆိုင် အားကျမခံ ဈေးချရင်းနဲ့ ကြာလာတော့ နှစ်ယောက်စလုံး မွဲသွားသတဲ့။

ဒီတော့ တရုတ်က ရုံးတော်ကို သွားပြီး၊ လူမွဲစာရင်း ဝင်ဖို့ လျှောက်လိုက်တော့၊ ရှိတဲ့ အကြွေးတောင် ဆပ်စရာ မလိုသည့်အပြင် တောင်းစားခွင့် လိုင်စင်ပါ ရသတဲ့။ ဒါနဲ့ သူ့ ဆိုင်ခန်းကို ပိတ်လိုက်ပြီး လမ်းဘေးမှာ တောင်းစားလေသတဲ့။

ဂျူးကုန်သည်လည်း ရုံးတော်ကို သွားပြီး ဗေဒင် ဟောခွင့် လက်မှတ်ကို လျှောက် လိုက်တယ်တဲ့။ သူလဲ လမ်းဘေးမှာဘဲ ဗေဒင် ထိုင်ဟောတော့ သတဲ့။

နှစ်အတန်ကြာသော် တရုတ်ကြီးဟာ တောင်းစားလို့ ရသမျှ ပိုက်ဆံနဲ့ စားသောက်ဆိုင်တဆိုင် ဖွင့်ပြီး လုပ်ငန်းကို ပြန်စ ဖြစ်တယ်။ ဂျူးကလည်း ဗေဒင်ဟောခနဲ့ ဘဏ်တခု ဖွင့်ကာ လုပ်ငန်း ပြန်စ ဖြစ်တယ်။

သူတို့နှစ်ယောက်စလုံး အသက်ကြီးလို့ သေခါနီးမှာ သူတို့ရဲ့ သားသမီးကို ဤသို့ မှာခဲ့သတဲ့။

တရုတ် ကုန်သည်က ငါ့သား ဂျူး လူမျိုး နဲ့ စီးပွားရေး ဘယ်တော့ မပြိုင်နဲ့။ ပြိုင်ရင် သင်သာ မွဲသွားလိမ့်မယ်။ ငါတို့ မှာ အနာဂတ္တိကျမ်း မရှိဘူး။ ဂျူး လူမျိူးတွေက စားစရာ မရှိရင်တောင် အနာဂတ္တိကျမ်း နဲ့ အသက်ရှင် နိုင်တယ်။

ဂျူး ကုန်သည်က ငါ့သား တရုတ် လူမျိုးနဲ့ ဘယ်တော့မှ စီးပွားရေး သွားမပြိုင်နဲ့။ သူတို့က စီးပွားရေး အရင်းအနှီးကို သူတောင်းစား အလုပ်နဲ့လည်း ရှာတတ်တယ်။ ငါတို့ ဂျူးမှာ ဒါမျိုးပညာ မရှိဘူး။ စားစရာ မရှိရင် ‘ကယ်ပါ ဘုရား’ လို့ဘဲ အော်တတ်တယ်။

ပုံပြင်လေးကတော့ ဒါပါဘဲ။ လဲကျသော်လည်း ပြန်ထ နိုင်ကြပါစေ။

Credit – Aung Htang

Be the first to comment

Leave a Reply

Your email address will not be published.


*