သင်္ကြန် နှင့် နှစ်ဆန်းတစ်ရက်နေ့ ဖြစ်ပေါ်လာပုံ သမိုင်း

သၾကၤန္ ႏွင့္ ႏွစ္ဆန္းတစ္ရက္ေန႔ ျဖစ္ေပၚလာပုံ သမိုင္း
သၾကၤန္ ႏွင့္ ႏွစ္ဆန္းတစ္ရက္ေန႔ ျဖစ္ေပၚလာပုံ သမိုင္း

သင်္ကြန် နှင့် နှစ်ဆန်းတစ်ရက်နေ့ ဖြစ်ပေါ်လာပုံ သမိုင်း

သင်္ကြန်သည် သင်္ကန္တဟူသော ပါဠိပုဒ်မှ လာသည့် သက္ကတရရစ်သံနှင့် သင်္ကြန်ဟူသော မြန်မာစကား ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သင်္ကန္တ၏အနက်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းဟူ၍ဖြစ်သည်။

မြန်မာလူမျိုးတို့၏ ကျင်းပမြဲဖြစ်သော ၁၂ ရာသီ ပွဲတော်များတွင် သင်္ကြန်ရေသဘင်ပွဲတော်သည် အလွန်ကြီးကျယ်စည်ကားသော အမျိုးသား ပွဲတော်တစ်ခုဖြစ်သည်။

ဤသင်္ကြန်ရေသဘင်ပွဲတော်သည် မည်သည့် လူမျိုးတို့၏ ယဉ်ကျေးမှုများမှ ဆင်းသက် လာသနည်း၊ အဘယ်ကြောင့် သင်္ကြန်ကျချိန် တက်ချိန်ဟု ဖြစ်လာသနည်း စသော အချက်အလက်များကိုဖြေဆိုရန် သူရိယသိဒ္ဓန္တကျမ်း၊ သံဒိဋ္ဌကျမ်းစသော ဗေဒင်တွက်ရိုးကျမ်းများကို လေ့လာရန် လိုပေသည်။

နိုင်ငံ၏ အဓိကကိုးကွယ်သော ဗုဒ္ဓအယူဝါဒနှင့် တကွ အခြားသောယဉ်ကျေးမှု ဓလေ့ထုံးစံ တို့သည်လည်း ဟိန္ဒူယဉ်ကျေးမှု ဓလေ့ထုံးစံ တို့နှင့် ရောထွေးကာ မြန်မာနိုင်ငံ ဘက်သို့ ရောက်ခဲ့ကြသည်။

ဤတွင် ဗေဒင်ပညာရှိပုဏ္ဏားတို့သည် မြန်မာဘုရင်များလက်အောက် ဝင်ရောက် အမှုထမ်း၍ သင်္ကြန်တွက်ရိုးကျမ်း၊ ဝေဒင်္ဂကျမ်း၊ အသီတိဓာတ်ကျမ်း စသည်တို့ဖြင့် မဟာသင်္ကြန်စာများထုတ်ကာ စီးပွားရှာခဲ့ကြ၏။

သင်္ကြန်၊ သက္ကရာဇ် စသောအကြောင်းများနှင့် စပ်လျဉ်း၍လည်း သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ အချင်းဖြစ်ပွား၍ ကဝါလမိုင်း ဆရာထံ အဆုံးအဖြတ်ဝင်သည့်အခါ ဗြဟ္မာမင်း ရှုံးသဖြင့် သိကြားမင်းက ဗြဟ္မာမင်းဦးခေါင်းကို ဖြတ်၍ နတ်သမီး ခုနစ်ဖော်အား အလှည့်ကျ ကိုင်ဆောင်စေသည့် အကြောင်းများ ပါရှိသော သင်္ကြန်သမိုင်းများကို ကြံဖန် ပြုလုပ်ခဲ့သည့်အပြင်၊ သက္ကရာဇ်ကိုတည်၍ ၇ခုနှင့်စား၊ ၈ခုစား၊ ၁၂ခုစား သင်္ကြန်ဟောကိန်းများလည်း တီထွင်ခဲ့ကြသည်။

ဘုရားပိဋကတ်တော်၌ သင်္ကြန်ကျခြင်း၊ တက်ခြင်း အကြောင်းများမပါချေ။ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများ၌ ကျင်းပလေ့ရှိသော နက္ခတ်ပွဲသဘင်များ အကြောင်းသာ ဖေါ်ပြထားလေသည်။ သို့သော် ကမ္ဘာပေါ်ရှိ လူမျိုးတို့သည် မိမိတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများအရ နှစ်ဆန်းရက်များ သတ်မှတ်ရပေမည်။

သိုးဆောင်းလူမျိုးများနှင့် ယင်းတို့၏ အယူဝါဒ ကိုကျင့်သုံးသော လူမျိုးအပေါင်းတို့သည် ဇန်နဝါရီလ ၁ ရက် နှစ်ဆန်းရက်ဖြစ်၍ ဒီဇင်ဘာလ ၃၁ ရက် ညဉ့်သန်းခေါင် မတိုင်မီ အခါက နှစ်သစ်ကူးရက်ကြို ပျော်ရွှင်ပွဲများ ကျင်းပကြ၏။

အချို့ကလည်း ဘုရားကျောင်းများတွင် နှစ်ကူးအချိန်အခါ၌ ဆုတောင်းမေတ္တာများ ပို့သကြ၏။ ဤသည်ကိုလည်း သိုးဆောင်းနှစ်ကူးသင်္ကြန် ဟု ခေါ်ဆိုနိုင်သည်။

တရုတ်လူမျိုးများလည်း နှစ်သစ်ကူး ပွဲတော်ကို ဖေဖေါ်ဝါရီလအတွင်း အကြီးအကျယ် ကျင်းပ သကဲ့သို့ ဟိန္ဒူ-ဗင်္ဂါလီ လူမျိုးတို့လည်း မတ်လ အတွင်း မိမိတို့လူမျိုး အချင်းချင်း ဆေးနီရေများ ဖြင့် မေတ္တာရေစင်များ လောင်းစားကြ၍ နှစ်ကူးသင်္ကြန်ပွဲတော်များ ပျော်ရွှင်စွာ ကျင်းပကြ၏။

နှစ်ဆန်းတစ်ရက်နေ့

မြန်မာလူမျိုးတို့၏ နှစ်ကူးသင်္ကြန်ပွဲသည်လည်း ဟိန္ဒူအယူဝါဒမှ ဆင်းသက်သောဓလေ့အတိုင်း ရှေးယခင်ကာလများ၌ မိဘဆရာသမားများနှင့် သက်ကြီး ဝါကြီးများကို သနပ်ခါးနံသာရေများ၊ သပြေခက် ကလေးများဖြင့် ကန်တော့ကြသည့် အလေ့အထရှိခဲ့ကြသည်။

သို့ရာတွင် ယခုခေတ်၌ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ အလွန်အကျူးအပြန်အလှန် ရေကစားမှုများ၊ အားကစားစိတ်ဓာတ် သဘော မျိုးဖြင့် အပြိုင်အဆိုင်စကားနိုင်သံချပ်များနှင့် ပျော်ရွှင်ပွဲသဖွယ်ဆင်နွှဲမှုများ ဖြစ်လာခဲ့သည်။

ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက် မိဖုရားစောလုံနှင့် ရေပက်ကစားရာတွင် ဘုရင်က အကျီစားလွန်သဖြင့် စောလုံစိတ်ဆိုးကာ ဘုရင်ကို သေကြောင်းကြံသောကြောင့် စောလုံကွပ်မျက်ခံရသည်ဟူသော ဖြစ်ရပ်အရ သင်္ကြန်ရေ ကစားသည့်အလေ့သည် ပုဂံခေတ်ကပင် ရှိခဲ့ပြီဟု မှတ်ယူဖွယ်ရှိသည်။

အတာသင်္ကြန်တစ်ကြိမ်မှ နောက်တစ်ကြိမ် ကာလသည် တစ်နှစ်တာအပိုင်းအခြား ကာလဖြစ်သည်။ စကြဝဠာအတွင်းရှိ ဂြိုဟ်နက္ခတ်တာရာများတွင် သူရိယနေမင်းကိုဗဟိုပြု၍ လှည့်လည်သွားသည့် အခါ တစ်ပတ်မြောက်ကာလသည် တစ်နှစ် အပိုင်းအခြားကာလဖြစ်သည်။

ယင်းကာလအပိုင်းအခြားသည် ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့်ဖြစ်၏။ ဤသင်္ချာကိန်းသည် သူရိယသိဒ္ဓန္တကျမ်းတွင် ဖေါ်ပြချက် စတု ယုဂ်နှစ်ပေါင်း ၄၃၂ဝဝဝဝ တွင် သာဝရရက်ပေါင်း ၁၅၇၇၉၁၇၈၂၈ မှ တွက်ရသော အချိန်ကာလ ဖြစ်၏။

အနောက်နိုင်ငံ ခေတ်သစ်နက္ခတ်ပညာ ကျမ်းများအရ ရာသီနှစ်တစ်နှစ်လျှင် ၃၆၅ ရက် ၅ နာရီ ၄၉ မိနစ် ၄၆ စက္ကန့်ဖြစ်၏။ ယင်းကဲ့သို့ လှည့်လည်ရာ နေသွားလမ်း စက်ဝိုင်းတွင် ရာသီ ၁၂ ပိုင်း ပိုင်းခြား၍ ပထမမိဿရာသီအစ သုညအံသာသည် အဿဝဏီနက္ခတ်နှင့် တနင်္ဂနွေရဝိဖုဋဂြိုဟ် ယှဉ်သည့်အချိန်တွင် အတာသင်္ကြန်ကျ၏။

အိန္ဒိယလူမျိုးတို့သည် ဤအချိန်အခါမှစ၍ နှစ်သစ်ဆန်းချိန် ယူလေသည်။ ဗေဒင်တွက်ရိုး ကျမ်းများတွင် ရဝိမဓျဂြိုဟ်သွမ်းနှင့် ရဝိဖုဋဂြိုဟ်စင်ဟူ၍ တနင်္ဂနွေနေမင်း၏ သွားရာလမ်းကို ဌာနအားလျော်စွာ ခွဲခြား၍ ခေါ်ဝေါ်ကြ၏။
သူရိယ သိဒ္ဓန္တကျမ်းများကို ကျွမ်းကျင်သူတို့ သာလျှင် ခွဲခြားသိနိုင်၏။ သာမန်လူများကား ထိုကျမ်းကို မလိုက်စားဘဲ သိနိုင်ရန် ခဲယဉ်း ပေသည်။

တနင်္ဂနွေရဝိဖုဋဂြိုဟ်စင်သည် မျက်မြင် တနင်္ဂနွေ ဂြိုဟ်သွား၏ ရာသီအံသာစသည် ဖြစ်၏။ ဤရာသီအံသာ စသည်များကို တနင်္ဂနွေ ရဝိမဓျ ဂြိုဟ်သွမ်း၏ ရာသီအံသာ စသည်မှ တွက်ရ၏။ ထို့ကြောင့်တနင်္ဂနွေရဝိမဓျ ဂြိုဟ်သွမ်းသည် သငေ်္ကတအားဖြင့် ၁၂ ရာသီတွင်မှန်မှန် ပျမ်းမျှ ၍သွားသော ရာသီအံသာတို့ဖြစ်၏။

တစ်ဖန် သူရိယနေမင်း၏ဗဟိုချက်နှင့် အဝေးဆုံးတနင်္ဂနွေ၏ မန္ဒဥစ်ဂြိုဟ်သည် လည်း တဖြည်း ဖြည်းရွေ့လျားလျက်ရှိသော ရာသီအံသာစသည်ကို အကြောင်းပြု၍ မိဿရာသီ သို့ တနင်္ဂနွေရဝိဖုဋဂြိုဟ် စင်ရောက်သည့် ကာလနှင့် တနင်္ဂနွေရဝိမဓျဂြိုဟ် သွမ်းရောက်သည့်ကာလ အပိုင်းအခြားတစ်ခု ဖြစ်ပေါ်လာ၏။

ယင်းကာလအပိုင်းအခြားသည် ယခုအခါ တနင်္ဂနွေ၏ မန္ဒဥစ်ဂြိုဟ်သည် မေထုန်ရာသီ ၁၇ အံသာ ၁၇ လိတ္တာ ၃၃ ဝိလိတ္တာ ၁၂ အနု လိတ္တာသို့ရောက်ဆဲဖြစ်၍ မိဿရာသီသို့ တနင်္ဂနွေ.ရဝိဖုဋဂြိုဟ်စင်ရောက်ပြီး နောက်နှစ်ရက် ၄ နာရီ ၄ မိနစ် ၄ဝ စက္ကန့်ကြာပြီးသကာလ တနင်္ဂနွေ.ရဝိမဓျဂြိုဟ် သွမ်းရောက်၏။

(ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြက္ခဒိန် အကြံ ပေးအဖွဲ့မှ တွက်သောကိန်းဖြစ်၏။ သံဒိဋ္ဌကျမ်း၏ ကိန်းမှာ ၂ ရက် ၄ နာရီ ၁ မိနစ် ၁၂ စက္ကန့်ဖြစ်၏။)
တနင်္ဂနွေ၏ မန္ဒဥစ်ဂြိုဟ်သည် အလွန် အသွားနှေး၏။ နှစ်ပေါင်း ၁ဝဝ လျှင် ၁၁ဝ လိတ္တာ ၃၇ အနုလိတ္တာသာ သွား၏။

တွက်ပုံ

၁၉၆၂ ခုနှစ် ဧပြီလ ၁၃ ရက် သင်္ကြန်ကျရက် ၁၄ ရက် သင်္ကြန်အကြတ်ရက် ၁၅ ရက် ၁၆ ရက် သင်္ကြန်တက်ရက် မြန်မာဗေဒင်ကျမ်းများ ၌ တနင်္ဂနွေဂြိုဟ်သည် တစ်နှစ်တစ်ကြိမ် မိဿရာသီ သို့ဝင်သောအခါ၌ မိဿ သင်္ကြန်ခေါ်၏။

အနောက်နိုင်ငံ သိုးဆောင်းလူမျိုးတို့၏ နိုင်ငံရေးဟောကိန်းများ၌လည်း မတ်လ ၂၁ ရက် နေ့ သာယနရဝိမိဿရာသီဝင် ဇွန်လ၂၁ ရက်နေ့ သာယနရဝိကြဋ် ရာသီဝင် စက်တင်ဘာလ၂၃ ရက် သာယနရဝိတူရာသီဝင် ဒီဇင်ဘာ ၂၂ ရက် သာယနရဝိမကာရရာသီဝင်စသော အချိန်များဖြင့် ဒွာရလေးခွင် သင်္ကြန်ဝင် ဟောကိန်းများကို ရာသီ၏ နှစ်စဉ်ဂြိုဟ်သွား ပြက္ခဒိန်နှင့် ဟောကိန်းစာအုပ်တွင် ဖေါ်ပြလေ့ရှိ၏။

သို့ရာတွင်ဗေဒင်လောကတွင် သင်္ကြန် မည်သည် တနင်္ဂနွေရဝိဖုဋဂြိုဟ်စင် ရာသီများသို့ ဝင်ချိန်ဖြစ်၏။

လက်ရှိကာလ သင်္ကြန်ပွဲဆင်နွဲကြပုံ ပြင်ဆင်

သင်္ကြန်နှင့်ပတ်သက်သော သမိုင်း အချက်အလက်များ မည်သို့ပင်ကွဲပြား စေကာမူ လက်ရှိအချိန်တွင် ပိတောက်ပန်းများပွင့်သည့် တန်ခူးလတွင်ကျင်းပသည့် အတာသင်္ကြန် ရေသဘင်ပွဲတော်ကို မြန်မာနိုင်ငံတွင် အစည်ကားဆုံးနှင့် အကြီးကျယ်ဆုံး အခမ်းနားဆုံး မြန်မာနှစ်သစ်ကူးပွဲတော် တစ်ခုအဖြစ် နှစ်စဉ်ကျင်းပလျက်ရှိသည်။

မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းများဖြင့် လှပျိုဖြူများ စည်းဝါးညီကာ လှပစွာ ကပြဖျော်ဖြေကြသည်။ မုန့်လုံးရေပေါ်များကျွေးခြင်း အလေ့အထမှာ ကျေးလက်မြို့ပြမကျန် ကျင့်သုံးလျက်ရှိသည်။

မုန့်လုံးရေပေါ်ထဲတွင် အစာသွတ်ထည့်ထား သော ထန်းလျှက်ခဲအစား ငရုတ်သီးတောင့်များ ထည့်သွင်းကာ စားချင့်စဖွယ် မုန့်လုံးရေပေါ်များ ထဲတွင် ရောနှောကျွေးတတ်သည်မှာလည်း ချစ်စရာအလေ့အထတစ်ခုဖြစ်သည်။

ရှေးယခင်ကာလများတွင် သပြေခက်နှင့် ငွေဖလားကို အသုံးပြုကာ ရေကစားကြသည်ဟု အဆိုရှိခဲ့သော်လည်း ယနေ့အခါတွင်မူ ရေသေနတ်များနှင့် ရေပိုက်များအသုံးပြုကာ အတာရေဘသင်ပွဲတော်ကို ခေတ်နှင့်အညီ မဏ္ဍပ်များတည်ဆောက်၍ ကြီးကျယ်ခမ်းနားစွာ ကျင်းပဆင်နွဲလျက်ရှိကြသည်။ သင်္ကြန်ရေဘသင် ပွဲတော်သည် တောရောမြို့ပါမကျန် အုန်းအုန်းကျွတ်ကျွတ် ပျော်ရွှင်ကြသည့်ပွဲတစ်ခုလည်းဖြစ်သည်။

အချို့မြို့များတွင် အိုးမည်းသုတ်ခြင်းမှာလည်း ပျော်ရွှင်ဖွယ် ချစ်စရာကောင်းသည့် အလေ့အထတစ်ခုဖြစ်သလို တောရွာများနှင့် အချို့မြို့များတွင် မိန်းကလေးအား ရေလောင်းခွင့်တောင်းကာ ရေလောင်းရေပက်သည့် မြန်မာ့ဟန်ကိုလည်း တွေ့ရသည်။

သင်္ကြန်ကာလတွင်း ဥပုသ်သီလဆောက်တည်ကာ တရားဘာဝနာပွားများသူများရှိသကဲ့သို့ ရေကစားသူများကလည်း ရေကစားသူများ အလျောက် ရေပက်ခံသူ၊ ရေလောင်းရေပက် သူများနှင့် စည်ကားလှသည်။

ကိုယ်လေးလက်ဝန်နှင့် မပေါ့မပါးအမျိုးသမီးများ၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဘာသာရေးပုဂ္ဂိုလ်များ(ဘုန်းကြီး၊ ရဟန်း၊ သီလရှင်၊ ဥပုသ်သည်)ကို ရေပက်ခြင်းမှ ရှောင်ကြဉ် ကြသည်မှာ ချစ်စရာကောင်းသည့် လက်ရှိအချိန် အတာသင်္ကြန်ကာလ ကျင်းပပုံဖြစ်သည်။

အချို့သော မြို့ကြီးများ၌ မဏ္ဍပ်များ တည်ဆောက်၍ ရေကစားကြရာတွင် ယခင်က သင်္ကြန်ယိမ်းအကအလှများအစား ခေတ်ပေါ်တေးဂီတများဖြင့် မလုံမခြုံ အဝတ်အစားများဝတ်ဆင်ကာ ဖော်ချွတ် ကပြဖျော်ဖြေသည်တို့ကိုလည်း တွင်တွင် ကျယ်ကျယ် တွေ့မြင်လာရသည်။

ခေတ်ဟောင်းငွေဖလားနှင့် သပြေခက် ယဉ်ကျေးမှုများ၊ ခေတ်သစ် ဂီတအက အလှယဉ်ကျေးမှုများဖြင့် ရောထွေးလျက် ရှိသော်လည်း သင်္ကြန်သည် မြန်မာပြည်သူ ပြည်သားတိုင်း ပျော်ရွှင်ရသည့် အကြီးကျယ် အခမ်းနားဆုံး မြန်မာ့နှစ်သစ်ကူးပွဲတော် တစ်ခုပင်ဖြစ်သည်။

Credit to Myanmar Real News

Zawgyi

သၾကၤန္ ႏွင့္ ႏွစ္ဆန္းတစ္ရက္ေန႔ ျဖစ္ေပၚလာပုံ သမိုင္း

သၾကၤန္သည္ သကၤႏၲဟူေသာ ပါဠိပုဒ္မွ လာသည့္ သကၠတရရစ္သံႏွင့္ သၾကၤန္ဟူေသာ ျမန္မာစကား ျဖစ္ေပၚလာျခင္းျဖစ္သည္။ သကၤႏၲ၏အနက္မွာ ကူးေျပာင္းျခင္း၊ တစ္ေနရာမွ တစ္ေနရာသို႔ ေရာက္ရွိျခင္းဟူ၍ျဖစ္သည္။

ျမန္မာလူမ်ိဳးတို႔၏ က်င္းပၿမဲျဖစ္ေသာ ၁၂ ရာသီ ပြဲေတာ္မ်ားတြင္ သၾကၤန္ေရသဘင္ပြဲေတာ္သည္ အလြန္ႀကီးက်ယ္စည္ကားေသာ အမ်ိဳးသား ပြဲေတာ္တစ္ခုျဖစ္သည္။

ဤသၾကၤန္ေရသဘင္ပြဲေတာ္သည္ မည္သည့္ လူမ်ိဳးတို႔၏ ယဥ္ေက်းမႈမ်ားမွ ဆင္းသက္ လာသနည္း၊ အဘယ္ေၾကာင့္ သၾကၤန္က်ခ်ိန္ တက္ခ်ိန္ဟု ျဖစ္လာသနည္း စေသာ အခ်က္အလက္မ်ားကိုေျဖဆိုရန္ သူရိယသိဒၶႏၲက်မ္း၊ သံဒိ႒က်မ္းစေသာ ေဗဒင္တြက္႐ိုးက်မ္းမ်ားကို ေလ့လာရန္ လိုေပသည္။

ႏိုင္ငံ၏ အဓိကကိုးကြယ္ေသာ ဗုဒၶအယူဝါဒႏွင့္ တကြ အျခားေသာယဥ္ေက်းမႈ ဓေလ့ထုံးစံ တို႔သည္လည္း ဟိႏၵဴယဥ္ေက်းမႈ ဓေလ့ထုံးစံ တို႔ႏွင့္ ေရာေထြးကာ ျမန္မာႏိုင္ငံ ဘက္သို႔ ေရာက္ခဲ့ၾကသည္။

ဤတြင္ ေဗဒင္ပညာရွိပုဏၰားတို႔သည္ ျမန္မာဘုရင္မ်ားလက္ေအာက္ ဝင္ေရာက္ အမႈထမ္း၍ သၾကၤန္တြက္႐ိုးက်မ္း၊ ေဝဒဂၤက်မ္း၊ အသီတိဓာတ္က်မ္း စသည္တို႔ျဖင့္ မဟာသၾကၤန္စာမ်ားထုတ္ကာ စီးပြားရွာခဲ့ၾက၏။

သၾကၤန္၊ သကၠရာဇ္ စေသာအေၾကာင္းမ်ားႏွင့္ စပ္လ်ဥ္း၍လည္း သိၾကားမင္းႏွင့္ ျဗဟၼာမင္းတို႔ အခ်င္းျဖစ္ပြား၍ ကဝါလမိုင္း ဆရာထံ အဆုံးအျဖတ္ဝင္သည့္အခါ ျဗဟၼာမင္း ရႈံးသျဖင့္ သိၾကားမင္းက ျဗဟၼာမင္းဦးေခါင္းကို ျဖတ္၍ နတ္သမီး ခုနစ္ေဖာ္အား အလွည့္က် ကိုင္ေဆာင္ေစသည့္ အေၾကာင္းမ်ား ပါရွိေသာ သၾကၤန္သမိုင္းမ်ားကို ႀကံဖန္ ျပဳလုပ္ခဲ့သည့္အျပင္၊ သကၠရာဇ္ကိုတည္၍ ၇ခုႏွင့္စား၊ ၈ခုစား၊ ၁၂ခုစား သၾကၤန္ေဟာကိန္းမ်ားလည္း တီထြင္ခဲ့ၾကသည္။

ဘုရားပိဋကတ္ေတာ္၌ သၾကၤန္က်ျခင္း၊ တက္ျခင္း အေၾကာင္းမ်ားမပါေခ်။ သီတင္းကြၽတ္၊ တန္ေဆာင္မုန္းလမ်ား၌ က်င္းပေလ့ရွိေသာ နကၡတ္ပြဲသဘင္မ်ား အေၾကာင္းသာ ေဖၚျပထားေလသည္။ သို႔ေသာ္ ကမာၻေပၚရွိ လူမ်ိဳးတို႔သည္ မိမိတို႔၏ ဓေလ့ထုံးတမ္း အစဥ္အလာမ်ားအရ ႏွစ္ဆန္းရက္မ်ား သတ္မွတ္ရေပမည္။

သိုးေဆာင္းလူမ်ိဳးမ်ားႏွင့္ ယင္းတို႔၏ အယူဝါဒ ကိုက်င့္သုံးေသာ လူမ်ိဳးအေပါင္းတို႔သည္ ဇန္နဝါရီလ ၁ ရက္ ႏွစ္ဆန္းရက္ျဖစ္၍ ဒီဇင္ဘာလ ၃၁ ရက္ ညဥ့္သန္းေခါင္ မတိုင္မီ အခါက ႏွစ္သစ္ကူးရက္ႀကိဳ ေပ်ာ္႐ႊင္ပြဲမ်ား က်င္းပၾက၏။

အခ်ိဳ႕ကလည္း ဘုရားေက်ာင္းမ်ားတြင္ ႏွစ္ကူးအခ်ိန္အခါ၌ ဆုေတာင္းေမတၱာမ်ား ပို႔သၾက၏။ ဤသည္ကိုလည္း သိုးေဆာင္းႏွစ္ကူးသၾကၤန္ ဟု ေခၚဆိုႏိုင္သည္။

တ႐ုတ္လူမ်ိဳးမ်ားလည္း ႏွစ္သစ္ကူး ပြဲေတာ္ကို ေဖေဖၚဝါရီလအတြင္း အႀကီးအက်ယ္ က်င္းပ သကဲ့သို႔ ဟိႏၵဴ-ဗဂၤါလီ လူမ်ိဳးတို႔လည္း မတ္လ အတြင္း မိမိတို႔လူမ်ိဳး အခ်င္းခ်င္း ေဆးနီေရမ်ား ျဖင့္ ေမတၱာေရစင္မ်ား ေလာင္းစားၾက၍ ႏွစ္ကူးသၾကၤန္ပြဲေတာ္မ်ား ေပ်ာ္႐ႊင္စြာ က်င္းပၾက၏။

ႏွစ္ဆန္းတစ္ရက္ေန႔

ျမန္မာလူမ်ိဳးတို႔၏ ႏွစ္ကူးသၾကၤန္ပြဲသည္လည္း ဟိႏၵဴအယူဝါဒမွ ဆင္းသက္ေသာဓေလ့အတိုင္း ေရွးယခင္ကာလမ်ား၌ မိဘဆရာသမားမ်ားႏွင့္ သက္ႀကီး ဝါႀကီးမ်ားကို သနပ္ခါးနံသာေရမ်ား၊ သေျပခက္ ကေလးမ်ားျဖင့္ ကန္ေတာ့ၾကသည့္ အေလ့အထရွိခဲ့ၾကသည္။

သို႔ရာတြင္ ယခုေခတ္၌ တစ္ဦးႏွင့္တစ္ဦး၊ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕၊ အလြန္အက်ဴးအျပန္အလွန္ ေရကစားမႈမ်ား၊ အားကစားစိတ္ဓာတ္ သေဘာ မ်ိဳးျဖင့္ အၿပိဳင္အဆိုင္စကားႏိုင္သံခ်ပ္မ်ားႏွင့္ ေပ်ာ္႐ႊင္ပြဲသဖြယ္ဆင္ႏႊဲမႈမ်ား ျဖစ္လာခဲ့သည္။

ပုဂံေခတ္၊ နရသီဟပေတ့မင္းလက္ထက္ မိဖုရားေစာလုံႏွင့္ ေရပက္ကစားရာတြင္ ဘုရင္က အက်ီစားလြန္သျဖင့္ ေစာလုံစိတ္ဆိုးကာ ဘုရင္ကို ေသေၾကာင္းႀကံေသာေၾကာင့္ ေစာလုံကြပ္မ်က္ခံရသည္ဟူေသာ ျဖစ္ရပ္အရ သၾကၤန္ေရ ကစားသည့္အေလ့သည္ ပုဂံေခတ္ကပင္ ရွိခဲ့ၿပီဟု မွတ္ယူဖြယ္ရွိသည္။

အတာသၾကၤန္တစ္ႀကိမ္မွ ေနာက္တစ္ႀကိမ္ ကာလသည္ တစ္ႏွစ္တာအပိုင္းအျခား ကာလျဖစ္သည္။ စၾကဝဠာအတြင္းရွိ ၿဂိဳဟ္နကၡတ္တာရာမ်ားတြင္ သူရိယေနမင္းကိုဗဟိုျပဳ၍ လွည့္လည္သြားသည့္ အခါ တစ္ပတ္ေျမာက္ကာလသည္ တစ္ႏွစ္ အပိုင္းအျခားကာလျဖစ္သည္။

ယင္းကာလအပိုင္းအျခားသည္ ၃၆၅ ရက္ ၆ နာရီ ၁၂ မိနစ္ ၃၇ စကၠန႔္ျဖစ္၏။ ဤသခ်ၤာကိန္းသည္ သူရိယသိဒၶႏၲက်မ္းတြင္ ေဖၚျပခ်က္ စတု ယုဂ္ႏွစ္ေပါင္း ၄၃၂ဝဝဝဝ တြင္ သာဝရရက္ေပါင္း ၁၅၇၇၉၁၇၈၂၈ မွ တြက္ရေသာ အခ်ိန္ကာလ ျဖစ္၏။

အေနာက္ႏိုင္ငံ ေခတ္သစ္နကၡတ္ပညာ က်မ္းမ်ားအရ ရာသီႏွစ္တစ္ႏွစ္လွ်င္ ၃၆၅ ရက္ ၅ နာရီ ၄၉ မိနစ္ ၄၆ စကၠန႔္ျဖစ္၏။ ယင္းကဲ့သို႔ လွည့္လည္ရာ ေနသြားလမ္း စက္ဝိုင္းတြင္ ရာသီ ၁၂ ပိုင္း ပိုင္းျခား၍ ပထမမိႆရာသီအစ သုညအံသာသည္ အႆဝဏီနကၡတ္ႏွင့္ တနဂၤေႏြရဝိဖုဋၿဂိဳဟ္ ယွဥ္သည့္အခ်ိန္တြင္ အတာသၾကၤန္က်၏။

အိႏၵိယလူမ်ိဳးတို႔သည္ ဤအခ်ိန္အခါမွစ၍ ႏွစ္သစ္ဆန္းခ်ိန္ ယူေလသည္။ ေဗဒင္တြက္႐ိုး က်မ္းမ်ားတြင္ ရဝိမဓ်ၿဂိဳဟ္သြမ္းႏွင့္ ရဝိဖုဋၿဂိဳဟ္စင္ဟူ၍ တနဂၤေႏြေနမင္း၏ သြားရာလမ္းကို ဌာနအားေလ်ာ္စြာ ခြဲျခား၍ ေခၚေဝၚၾက၏။
သူရိယ သိဒၶႏၲက်မ္းမ်ားကို ကြၽမ္းက်င္သူတို႔ သာလွ်င္ ခြဲျခားသိႏိုင္၏။ သာမန္လူမ်ားကား ထိုက်မ္းကို မလိုက္စားဘဲ သိႏိုင္ရန္ ခဲယဥ္း ေပသည္။

တနဂၤေႏြရဝိဖုဋၿဂိဳဟ္စင္သည္ မ်က္ျမင္ တနဂၤေႏြ ၿဂိဳဟ္သြား၏ ရာသီအံသာစသည္ ျဖစ္၏။ ဤရာသီအံသာ စသည္မ်ားကို တနဂၤေႏြ ရဝိမဓ် ၿဂိဳဟ္သြမ္း၏ ရာသီအံသာ စသည္မွ တြက္ရ၏။ ထို႔ေၾကာင့္တနဂၤေႏြရဝိမဓ် ၿဂိဳဟ္သြမ္းသည္ သေင္ၠတအားျဖင့္ ၁၂ ရာသီတြင္မွန္မွန္ ပ်မ္းမွ် ၍သြားေသာ ရာသီအံသာတို႔ျဖစ္၏။

တစ္ဖန္ သူရိယေနမင္း၏ဗဟိုခ်က္ႏွင့္ အေဝးဆုံးတနဂၤေႏြ၏ မႏၵဥစ္ၿဂိဳဟ္သည္ လည္း တျဖည္း ျဖည္းေ႐ြ႕လ်ားလ်က္ရွိေသာ ရာသီအံသာစသည္ကို အေၾကာင္းျပဳ၍ မိႆရာသီ သို႔ တနဂၤေႏြရဝိဖုဋၿဂိဳဟ္ စင္ေရာက္သည့္ ကာလႏွင့္ တနဂၤေႏြရဝိမဓ်ၿဂိဳဟ္ သြမ္းေရာက္သည့္ကာလ အပိုင္းအျခားတစ္ခု ျဖစ္ေပၚလာ၏။

ယင္းကာလအပိုင္းအျခားသည္ ယခုအခါ တနဂၤေႏြ၏ မႏၵဥစ္ၿဂိဳဟ္သည္ ေမထုန္ရာသီ ၁၇ အံသာ ၁၇ လိတၱာ ၃၃ ဝိလိတၱာ ၁၂ အႏု လိတၱာသို႔ေရာက္ဆဲျဖစ္၍ မိႆရာသီသို႔ တနဂၤေႏြ.ရဝိဖုဋၿဂိဳဟ္စင္ေရာက္ၿပီး ေနာက္ႏွစ္ရက္ ၄ နာရီ ၄ မိနစ္ ၄ဝ စကၠန႔္ၾကာၿပီးသကာလ တနဂၤေႏြ.ရဝိမဓ်ၿဂိဳဟ္ သြမ္းေရာက္၏။

(ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ ျပကၡဒိန္ အႀကံ ေပးအဖြဲ႕မွ တြက္ေသာကိန္းျဖစ္၏။ သံဒိ႒က်မ္း၏ ကိန္းမွာ ၂ ရက္ ၄ နာရီ ၁ မိနစ္ ၁၂ စကၠန႔္ျဖစ္၏။)
တနဂၤေႏြ၏ မႏၵဥစ္ၿဂိဳဟ္သည္ အလြန္ အသြားေႏွး၏။ ႏွစ္ေပါင္း ၁ဝဝ လွ်င္ ၁၁ဝ လိတၱာ ၃၇ အႏုလိတၱာသာ သြား၏။

တြက္ပုံ

၁၉၆၂ ခုႏွစ္ ဧၿပီလ ၁၃ ရက္ သၾကၤန္က်ရက္ ၁၄ ရက္ သၾကၤန္အၾကတ္ရက္ ၁၅ ရက္ ၁၆ ရက္ သၾကၤန္တက္ရက္ ျမန္မာေဗဒင္က်မ္းမ်ား ၌ တနဂၤေႏြၿဂိဳဟ္သည္ တစ္ႏွစ္တစ္ႀကိမ္ မိႆရာသီ သို႔ဝင္ေသာအခါ၌ မိႆ သၾကၤန္ေခၚ၏။

အေနာက္ႏိုင္ငံ သိုးေဆာင္းလူမ်ိဳးတို႔၏ ႏိုင္ငံေရးေဟာကိန္းမ်ား၌လည္း မတ္လ ၂၁ ရက္ ေန႔ သာယနရဝိမိႆရာသီဝင္ ဇြန္လ၂၁ ရက္ေန႔ သာယနရဝိၾကဋ္ ရာသီဝင္ စက္တင္ဘာလ၂၃ ရက္ သာယနရဝိတူရာသီဝင္ ဒီဇင္ဘာ ၂၂ ရက္ သာယနရဝိမကာရရာသီဝင္စေသာ အခ်ိန္မ်ားျဖင့္ ဒြာရေလးခြင္ သၾကၤန္ဝင္ ေဟာကိန္းမ်ားကို ရာသီ၏ ႏွစ္စဥ္ၿဂိဳဟ္သြား ျပကၡဒိန္ႏွင့္ ေဟာကိန္းစာအုပ္တြင္ ေဖၚျပေလ့ရွိ၏။

သို႔ရာတြင္ေဗဒင္ေလာကတြင္ သၾကၤန္ မည္သည္ တနဂၤေႏြရဝိဖုဋၿဂိဳဟ္စင္ ရာသီမ်ားသို႔ ဝင္ခ်ိန္ျဖစ္၏။

လက္ရွိကာလ သၾကၤန္ပြဲဆင္ႏြဲၾကပုံ ျပင္ဆင္

သၾကၤန္ႏွင့္ပတ္သက္ေသာ သမိုင္း အခ်က္အလက္မ်ား မည္သို႔ပင္ကြဲျပား ေစကာမူ လက္ရွိအခ်ိန္တြင္ ပိေတာက္ပန္းမ်ားပြင့္သည့္ တန္ခူးလတြင္က်င္းပသည့္ အတာသၾကၤန္ ေရသဘင္ပြဲေတာ္ကို ျမန္မာႏိုင္ငံတြင္ အစည္ကားဆုံးႏွင့္ အႀကီးက်ယ္ဆုံး အခမ္းနားဆုံး ျမန္မာႏွစ္သစ္ကူးပြဲေတာ္ တစ္ခုအျဖစ္ ႏွစ္စဥ္က်င္းပလ်က္ရွိသည္။

မ႑ပ္မ်ားတြင္ သၾကၤန္ယိမ္းမ်ားျဖင့္ လွပ်ိဳျဖဴမ်ား စည္းဝါးညီကာ လွပစြာ ကျပေဖ်ာ္ေျဖၾကသည္။ မုန႔္လုံးေရေပၚမ်ားေကြၽးျခင္း အေလ့အထမွာ ေက်းလက္ၿမိဳ႕ျပမက်န္ က်င့္သုံးလ်က္ရွိသည္။

မုန႔္လုံးေရေပၚထဲတြင္ အစာသြတ္ထည့္ထား ေသာ ထန္းလွ်က္ခဲအစား င႐ုတ္သီးေတာင့္မ်ား ထည့္သြင္းကာ စားခ်င့္စဖြယ္ မုန႔္လုံးေရေပၚမ်ား ထဲတြင္ ေရာေႏွာေကြၽးတတ္သည္မွာလည္း ခ်စ္စရာအေလ့အထတစ္ခုျဖစ္သည္။

ေရွးယခင္ကာလမ်ားတြင္ သေျပခက္ႏွင့္ ေငြဖလားကို အသုံးျပဳကာ ေရကစားၾကသည္ဟု အဆိုရွိခဲ့ေသာ္လည္း ယေန႔အခါတြင္မူ ေရေသနတ္မ်ားႏွင့္ ေရပိုက္မ်ားအသုံးျပဳကာ အတာေရဘသင္ပြဲေတာ္ကို ေခတ္ႏွင့္အညီ မ႑ပ္မ်ားတည္ေဆာက္၍ ႀကီးက်ယ္ခမ္းနားစြာ က်င္းပဆင္ႏြဲလ်က္ရွိၾကသည္။ သၾကၤန္ေရဘသင္ ပြဲေတာ္သည္ ေတာေရာၿမိဳ႕ပါမက်န္ အုန္းအုန္းကြၽတ္ကြၽတ္ ေပ်ာ္႐ႊင္ၾကသည့္ပြဲတစ္ခုလည္းျဖစ္သည္။

အခ်ိဳ႕ၿမိဳ႕မ်ားတြင္ အိုးမည္းသုတ္ျခင္းမွာလည္း ေပ်ာ္႐ႊင္ဖြယ္ ခ်စ္စရာေကာင္းသည့္ အေလ့အထတစ္ခုျဖစ္သလို ေတာ႐ြာမ်ားႏွင့္ အခ်ိဳ႕ၿမိဳ႕မ်ားတြင္ မိန္းကေလးအား ေရေလာင္းခြင့္ေတာင္းကာ ေရေလာင္းေရပက္သည့္ ျမန္မာ့ဟန္ကိုလည္း ေတြ႕ရသည္။

သၾကၤန္ကာလတြင္း ဥပုသ္သီလေဆာက္တည္ကာ တရားဘာဝနာပြားမ်ားသူမ်ားရွိသကဲ့သို႔ ေရကစားသူမ်ားကလည္း ေရကစားသူမ်ား အေလ်ာက္ ေရပက္ခံသူ၊ ေရေလာင္းေရပက္ သူမ်ားႏွင့္ စည္ကားလွသည္။

ကိုယ္ေလးလက္ဝန္ႏွင့္ မေပါ့မပါးအမ်ိဳးသမီးမ်ား၊ တာဝန္ထမ္းေဆာင္ေနသည့္ ဝန္ထမ္းမ်ားႏွင့္ ဘာသာေရးပုဂၢိဳလ္မ်ား(ဘုန္းႀကီး၊ ရဟန္း၊ သီလရွင္၊ ဥပုသ္သည္)ကို ေရပက္ျခင္းမွ ေရွာင္ၾကဥ္ ၾကသည္မွာ ခ်စ္စရာေကာင္းသည့္ လက္ရွိအခ်ိန္ အတာသၾကၤန္ကာလ က်င္းပပုံျဖစ္သည္။

အခ်ိဳ႕ေသာ ၿမိဳ႕ႀကီးမ်ား၌ မ႑ပ္မ်ား တည္ေဆာက္၍ ေရကစားၾကရာတြင္ ယခင္က သၾကၤန္ယိမ္းအကအလွမ်ားအစား ေခတ္ေပၚေတးဂီတမ်ားျဖင့္ မလုံမၿခဳံ အဝတ္အစားမ်ားဝတ္ဆင္ကာ ေဖာ္ခြၽတ္ ကျပေဖ်ာ္ေျဖသည္တို႔ကိုလည္း တြင္တြင္ က်ယ္က်ယ္ ေတြ႕ျမင္လာရသည္။

ေခတ္ေဟာင္းေငြဖလားႏွင့္ သေျပခက္ ယဥ္ေက်းမႈမ်ား၊ ေခတ္သစ္ ဂီတအက အလွယဥ္ေက်းမႈမ်ားျဖင့္ ေရာေထြးလ်က္ ရွိေသာ္လည္း သၾကၤန္သည္ ျမန္မာျပည္သူ ျပည္သားတိုင္း ေပ်ာ္႐ႊင္ရသည့္ အႀကီးက်ယ္ အခမ္းနားဆုံး ျမန္မာ့ႏွစ္သစ္ကူးပြဲေတာ္ တစ္ခုပင္ျဖစ္သည္။

Credit to Myanmar Real News

Be the first to comment

Leave a Reply

Your email address will not be published.


*