
Unicode
အသက်(14)နှစ်နဲ့ဘာသာစကား(15) မျိုးကို ပြောနိုင်တာကြောင့် Scholorship ရရှိခဲ့တဲ့ကောင်လေး
ကမ္ဘောဒီးယားနိုင်ငံမှာ နေထိုင်တဲ့ အသက် (14) အရွယ်ကောင်လေးတစ်ဦးဟာ ဇာတိမြေမှာပဲ လာရောက်လည်ပတ်သူတွေဆီကို အမှတ်တရလက်ဆောင်ပစစည်းလည်ရောင်းရင်း ၎င်းရဲ့ကျွမ်းကျင်လှတဲ့ ဘာသာစကားကြောင့် မလေးရှားခရီးသွားတစ်ယောက်က မှတ်တမ်းတင်ခဲ့ပြီး Social media မှာ မျှဝေခဲ့ရာက အများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။
သူဟာ ဘာသာစကားအမျိုးစားပေါင်း (15) မျိုးထိကို ကျွမ်းကျင်ပီသစွာ ပြောနိုင်တာကြောင့် ပါရမီရှိတဲ့ ကောင်လေးတစ်ယောက်အဖြစ် အများက သတ်မှတ်ခဲ့ကြပါတယ်။
ထို့နောက် ၎င်းရဲ့သတင်းကို ကြားသိခဲ့တဲ့ ကမ္ဘောဒီးယားလုပ်ငန်းရှင် အမျိးသားတစ်ယောက်ဟာ ၎င်းကို တရုတ်နိုင်ငံမှာ ပညာသင်စေဖို့အတွက် အခမဲ့ Scholorship ထောက်ပံ့ခဲ့ပါတယ်။ ၎င်းဟာဆိုရင် Cantonese, Malay, China, english, thai, japan, korea, spain, german, phillipines, french နဲ့ အခြားဘာသာစကားတွေကို ပြောဆိုနိုင်သူလဲ ဖြစ်ပါတယ်။
ယခုအခါမှာ ဆိုရင်တော့ တရုတ်နိုင်ငံ Zhenjiang ပြည်နယ်မှာရှိတဲ့ Hailiang Foreign Language School မှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ဖြစ်နေခဲ့ပါပီ။
Leave a Reply