ႂကြက္ေထာင္ေခ်ာက္ (ကိုယ့္နဲ႔မဆိုင္ဘူးလို႔ ေနလို႔မရပါ)

ႂကြက္ေထာင္ေခ်ာက္ (ကိုယ့္နဲ႔မဆိုင္ဘူးလို႔ ေနလို႔မရပါ)
ႂကြက္ေထာင္ေခ်ာက္ (ကိုယ့္နဲ႔မဆိုင္ဘူးလို႔ ေနလို႔မရပါ)

ႂကြက္ေထာင္ေခ်ာက္ (ကိုယ့္နဲ႔မဆိုင္ဘူးလို႔ ေနလို႔မရပါ)

(ေဖျမင့္)᠌᠌᠌ ᠌᠌
တစ္ခါတုန္းက ႂကြက္တစ္ေကာင္က လယ္သမားအိမ္ထဲ အိမ္နံရံပ်ဥ္ႏွစ္ခ်ပ္ စပ္ၾကားက ဟ,ေနတဲ့ေနရာ အၾကားကေန ေခ်ာင္းၾကည့္ေတာ့ လယ္သမားနဲ႔ သူ႔မယား အထုပ္တစ္ထုပ္ ေျဖေနတာေတြ႕ရတယ္။

အထဲမွာ စားစရာမ်ား ပါေလမလား၊ ပါရင္ ငါမ်ား တနည္းနည္းနဲ႔ စားရေလမလား၊ ေမွ်ာ္လင့္တဲ့ စိတ္နဲ႔ ေစာင့္ၾကည့္ေတာ့၊ လားလား … စားစရာ မုန႔္မဟုတ္၊ နာစရာ တုတ္ ျဖစ္ေနတယ္။ အဲ … စကားအျဖစ္ ေျပာတာ၊ တကယ္ တုတ္ မဟုတ္ဘူး။ ၿပီးေတာ့ တုတ္ ဆိုတာက သူသူငါငါ အ႐ိုက္ခံရႏိုင္တဲ့ပစၥည္း။

အခုဟာက သတၱဝါ အမ်ားနဲ႔ မဆိုင္၊ သူ တစ္ဦးတည္းကို ရည္႐ြယ္တာ၊ သူ႔ကို အေသေဆာ္ဖို႔ ရည္႐ြယ္ခ်က္ႏွင့္ ၿမိဳ႕ကဝယ္လာတဲ့ “ႂကြက္ေထာင္ေခ်ာက္”။ ျမင္တာနဲ႔တင္ ႂကြက္ေထာင္ေခ်ာက္ ေမာင္းျပဳတ္ၿပီး ဂ်ိဳင္းခနဲ ႐ိုက္တဲ့အသံကို သူ႔စိတ္က ၾကားလိုက္မိတယ္။

သံကိုင္းတံနဲ႔ ေခြးသြားစိပ္ ၾကားမွာ ညပ္ၿပီး ေသေနမယ့္ သူ႔႐ုပ္ပုံကိုလည္း ျမင္ေယာင္ၿပီး ၾကက္သီးေမႊးညင္း ထသြားတယ္။ ဒုကၡပဲ၊ ဒီလူေတြ ရက္ရက္စက္စက္ လုပ္ေတာ့မယ္။ အားလုံးကို သတိေပးထားမွပဲ ဆိုၿပီး ႂကြက္က ၿခံထဲ ေလွ်ာက္ေျပးၿပီး ေအာ္တယ္။ “အိမ္ထဲမွာ ႂကြက္ေထာင္ေခ်ာက္ တစ္ခု ေရာက္ေနၿပီ၊ အားလုံး သတိထားၾက၊ အိမ္ထဲမွာ ႂကြက္ေထာင္ေခ်ာက္ ေရာက္ေနၿပီ”

အဲဒီလို ေအာ္ရင္း ၾကက္မနား ေရာက္ေတာ့ ပါစပ္က တကြပ္ကြပ္ ျမည္ရင္း ဖုန္ထဲ သဲထဲမွာ စားစရာ ယက္ၿပီး ရွာေနတဲ့ ၾကက္မက၊ “ဒီေလာက္ေတာင္ ေအာ္မေနနဲ႔ ကိုႂကြက္ရယ္၊ ရွင့္အတြက္ေတာ့ စိုးရိမ္စရာ ျဖစ္တာ မွန္ပါတယ္။ ဒါေပမယ့္ ကြၽန္မနဲ႔က ဆိုင္မွ မဆိုင္တာ၊ ဘာကို သတိထားရမွာလဲ” လို႔ ဆိုတယ္။

ႂကြက္က ဝက္ၿခံနား သြားၿပီ ဝက္ကို ေျပာျပန္ေတာ့ ဝက္က – “ငါ မင္းအတြက္ စိတ္မေကာင္းပါဘူး၊ ဖိုးေ႐ႊႂကြက္ရာ၊ ဒါေပမယ့္ ဒီကိစၥက ငါတတ္ႏိုင္တဲ့ ကိစၥ မဟုတ္ဘူး၊ အလြန္ဆုံး ဘုရားမွာ ဆုေတာင္း႐ုံ ေလာက္ပဲ တတ္ႏိုင္တယ္၊ ညဘက္ ဘုရား ရွိခိုးတဲ့အခါ မင္းအတြက္ ထည့္ၿပီး ဆုေတာင္း ေပးပါ့မယ္ကြာ” လို႔ ေခြၽးသိပ္တယ္။

ၿခံထဲမွာ ႏြားတစ္ေကာင္လည္း ရွိေသးေတာ့ ႂကြက္က သူ႔ဆီသြားၿပီး ေျပာျပန္တယ္။ ႏြားက်ေတာ့ သူ႔ကို ဟားေတာင္ ဟားလႊတ္ေသးတယ္။ “ဟ ၊ ငႂကြက္ရ အိမ္ထဲမွာ ႂကြက္ေထာင္ေခ်ာက္ ဟုတ္လား၊ ဒါဆို ငါ့အတြက္ အႏၲရာယ္ပဲ၊ ေျခမညႇပ္မိရင္ ငါေသၿပီ၊ ဟား ဟား” တဲ့။

ႂကြက္ အေတာ္ ခံရခက္ၿပီး ျပန္လွည့္လာတယ္။ သူက အိမ္ထဲမွာ ေနတဲ့သူ၊ အိမ္ဆီပဲ ျပန္ရမယ္။ ေထာင္ခ်က္ကိစၥ ဘယ္သူကမွ ေတြးမပူ၊ သူတို႔ အေရးလို႔ မယူဆ၊ ကိုယ္ တစ္ေယာက္တည္း ပူေနတာ ဆိုေတာ့ ကိုယ္ပဲ သတိထားရမယ္။ တကယ္ေတာ့ နာမည္ကိုႏႈိက္ကလည္း ႂကြက္ေထာင္ေခ်ာက္ မဟုတ္လား။

အဲဒီ ေထာင္ေခ်ာက္မွာ တပ္ထားမယ့္ အနံ႔ကလည္း ေမႊး၊ အရသာလည္း ရွိၿပီး ႂကြက္မွန္သမွ် သြားရည္ တမ်ားမ်ား က်ေစမယ့္ အစာကို အနားသားေလးေတာင္ ဖဲ့မစားမိေအာင္ ေဝးေဝးက ေရွာင္ရမယ္။ ေျပးရင္းလႊားရင္း မေတာ္တဆ တိုက္မိတယ္ ဆိုတာမ်ိဳး မျဖစ္ေအာင္လည္း အထူး သတိျပဳမယ္။ အဲသလိုေတြ ကိုယ့္ကိုယ္ကိုယ္ သတိေပးၿပီး အိမ္ထဲကို သတိဝီရိယ ႀကီးစြာနဲ႔ ျပန္ဝင္လာခဲ့တယ္။

အဲဒီည သန္းေကာင္ယံမွာပဲ ႂကြက္ေထာင္ေခ်ာက္ ေမာင္းျပဳတ္တဲ့အသံ က်ယ္ေလာင္စြာ ေပါက္ထြက္လာၿပီး ကတည္းက သတၱဝါေတြ အားလုံး လန႔္ႏိုးၾကတယ္။ “ဖိုးေ႐ႊႂကြက္ တစ္ေကာင္ေတာ့ သြားရွာေပါ့” လို႔ ဝက္က ဆိုေတာ့ ၾကက္မက “စိတ္မေကာင္းဘူး၊ ဒီေလာက္ ျမန္ျမန္ႀကီး ျဖစ္လိမ့္မယ္ မထင္လို႔” မနက္က သူ မစာမနာ ေျပာလိုက္မိတာ ျပန္ေတြးၿပီး အားနာေနတယ္။

ႏြားႀကီးကေတာ့

“ေစာေစာ ေသေတာ့လည္း ေၾကာက္ရတဲ့ဒုကၡ ေစာေစာ ၿငိမ္းတာေပါ့ကြာ” တဲ့။ ကိုယ္ေသတာ မဟုတ္ေတာ့ သူက ေပါ့ေပါ့ဆဆ ေျပာတယ္။ အမွန္ေတာ့ ႂကြက္လည္း ေသသြားတာေတာ့ မဟုတ္ဘူး။ ေထာင္ေခ်ာက္မိတာ သူမွ မဟုတ္တာ။ ဂ်ိဳင္းခနဲ ျမည္သံၾကားေတာ့ သူလည္း သူကိုယ္တိုင္ မိသေလာက္ လန႔္သြားတာ။ ေနာက္ေတာ့မွ ငါမဟုတ္ဘူး။ ဘယ္သူမ်ားပါလိမ့္ ဆိုၿပီး ထေခ်ာင္းၾကည့္ေတာ့ ေႁမြတစ္ေကာင္။

ေႁမြက ႂကြက္ေထာင္ေခ်ာက္ ဆိုတာ ဘာလုပ္တတ္မွန္း မသိေတာ့ ႂကြက္စာ အနံ႔ေမႊးေမႊးကို သူ႔အစာ ေအာက္ေမ့ၿပီး သြားခဲတာ။ ေမာင္းတံ႐ိုက္တဲ့အခ်ိန္ ဘယ္လိုဘယ္လို လုပ္လိုက္မွန္း မသိ၊ ေခါင္းပိုင္းကို မထိဘဲ အၿမီးပိုင္းက ညပ္ေနတယ္။

ၾကြက္က တုန္တုန္ယင္ယင္နဲ႔ ၾကည့္ေနတုန္း မီးအိမ္ေလး မွိန္မွိန္နဲ႔ အိမ္ရွင္မ ထြက္လာတာ ျမင္ရတယ္။ မိန္းမက အိပ္ခ်င္မူးတူးနဲ႔ ႂကြက္ေထာင္ေခ်ာက္ကို သြားဆြဲတဲ့အခါ ေႁမြက လွမ္းေပါက္လိုက္တယ္။ အဲဒီအခါ အလန႔္တၾကား ထေအာ္ေတာ့ လယ္သမား ေျပးလိုက္လာတယ္။

မီးအိမ္ ပိုလင္းေအာင္ မီးစာျမႇင့္ၾကည့္ လိုက္ေတာ့ သူ႔မိန္းမကို ကိုက္ၿပီးတဲ့ေနာက္ ပါးပ်ဥ္းေထာင္ေနေသးတဲ့ ေႁမြကိုျမင္ၿပီး နီးရာ တုတ္တစ္ေခ်ာင္းနဲ႔ လက္ျမန္ေျချမန္ ေကာက္႐ိုက္လိုက္တာ ပြဲခ်င္းၿပီး ေသသြားတယ္။ အဲဒီေႁမြက အေတာ္ အဆိပ္ျပင္းတဲ့ ေႁမြမ်ိဳး ျဖစ္ေနတယ္။ လယ္သမား အေတာ္ ေခါင္းနားပန္း ႀကီးသြားတယ္။

အဲဒါနဲ႔ အိမ္နီးနားခ်င္းေတြ လွမ္းေခၚၿပီး ညႀကီးမင္းႀကီးပဲ ဆရာဝန္ သြားပင့္ေပးဖို႔ အကူညီ ေတာင္းတယ္။ မနက္မလင္းခင္ ဆရာဝန္ ေရာက္လာၿပီး သူ႔ရွိသမွ် ေဆးဝါးနဲ႔ ကုသၿပီး ျပန္သြားတယ္။ ေနာက္ေန႔မွာ အိမ္ရွင္မက ေႁမြဆိပ္အရွိန္နဲ႔ ဖ်ားၿပီး ညည္းေနတယ္။ တစ္ေန႔လုံး ကိုယ္လက္ေတြ ကိုက္ခဲၿပီး ပါးစပ္ကလည္း ဘာမွ မစားခ်င္ ျဖစ္ေနတယ္။

အဲဒါနဲ႔ အစာမဝင္ရင္ ကိုယ္ခံအား နည္းမယ္။ အဲဒါဆိုရင္ ေႁမြဆိပ္ဒဏ္ ပိုမခံ ျဖစ္မယ္ဆိုၿပီး အားရွိသြားေအာင္ ၾကက္စြပ္ျပဳတ္ ေကြၽးပါလို႔ ဝိုင္းဝန္း အႀကံေပးၾကေတာ့ လယ္သမားက သူေမြးထားတဲ့ တစ္ေကာင္တည္းေသာ ၾကက္မကို သတ္ၿပီး မိန္းမအတြက္ ၾကက္သားစြပ္ျပဳတ္ လုပ္တယ္။ ဆရာဝန္က ေနာက္ေန႔ေတြလည္း ဆက္ၿပီး လာၾကည့္ ပါတယ္။ ဒါေပမယ့္ လူနာက မသက္သာဘူး။ အဆိပ္က အေတာ္ျပင္းတာကိုး။

လယ္သမားမယား ေႁမြကိုက္ခံရတဲ့ အေၾကာင္း ၾကားရေတာ့ ေဆြမ်ိဳး မိတ္သဂၤဟေတြ လူမမာသတင္း လာေမးၾကတယ္။ တခ်ိဳ႕က ခပ္ေဝးေဝး ႐ြာေတြက လာရေတာ့ ခ်က္ခ်င္း မျပန္ႏိုင္ၾကဘူး။ တစ္ညေလာက္ အိပ္ၿပီး ေစာင့္ၾကည့္ၾကတယ္။ လူမမာ အေျခအေန မေကာင္းေတာ့ သားခ်င္း တခ်ိဳ႕လည္း အနီးကပ္ ျပဳစုလို႔ရေအာင္ ဆိုၿပီး အိမ္မျပန္ၾကေတာ့ဘူး။

အဲဒီေတာ့ အိမ္ရွင္ လယ္သမားမွာ ဧည့္ခံဖို႔၊ ေကြၽးေမြးဖို႔ လိုျပန္တာေပါ့။ အဲဒီအတြက္ ဝယ္ဖို႔ျခမ္းဖို႔ လိုျပန္တာေပါ့။ ဒီအတြက္ ဝယ္ဖို႔ ျခမ္းဖို႔ေရာ၊ ဆရာဝန္ ေပးဖို႔ပါ ေငြေၾကးက လိုေနတာ ဆိုေတာ့ အိမ္မွာရွိတဲ့ ဝက္ကိုသတ္ၿပီး အိမ္မွာစားဖို႔ အသားတခ်ိဳ႕ယူ၊ က်န္တာကို ႐ြာထဲေလွ်ာက္ေရာင္း ခိုင္းလိုက္ရတယ္။

ဆရာဝန္ေရာ အရပ္ကပါ ဝိုင္းၿပီး ျပဳစု ေစာင့္ေရွာက္ၾကေပမယ့္ လယ္သမားမယားဟာ ျပန္နာလန္ ထူမလာဘူး။ ေႁမြကိုက္တဲ့ ဒဏ္နဲ႔ပဲ အသက္ဆုံးသြားခဲ့တယ္။ အသုဘခ်၊ ရက္လည္ ဆြမ္းေကြၽးတဲ့အခါ လယ္သမားမွာ ႏြားတစ္ေကာင္တည္း ရွိတာဆိုေတာ့ အဲဒီႏြားႀကီးပဲ သတ္ၿပီး မိန္းမအတြက္ အလႉ လုပ္လိုက္ရတယ္။

ရက္ပိုင္းအတြင္း ဆက္တိုက္ ျဖစ္သြားခဲ့တဲ့ အဲဒီ အျခင္းအရာေတြကို မ်က္ဝါးထင္ထင္ ျမင္လိုက္ရတဲ့ ႂကြက္ဟာ အႀကီးအက်ယ္ ထိတ္လန႔္ အံ့ဩသလို ႂကြက္ေထာင္ေခ်ာက္ဟာ ဘယ္သူ႔အတြက္လဲ ဆိုတာကိုလည္း စဥ္းစား မရႏိုင္ေအာင္ ျဖစ္ေနတယ္။

ဘာပဲျဖစ္ျဖစ္ သူတစ္ေယာက္တည္း ေၾကာက္ေနတုန္းက ကိုယ္ႏွင့္ မဆိုင္သလို ေနခဲ့ၾကတဲ့ ၾကက္၊ ဝက္၊ ႏြား အပါအဝင္ သတၱဝါ ၅ ဦး အသက္ဆုံးရႈံး သြားၿပီးတဲ့ေနာက္မွာ သူကေတာ့ ႂကြက္ေထာင္ေခ်ာက္ကို အရင္ကထက္ပိုၿပီး အေၾကာက္ႀကီး ေၾကာက္သြားခဲ့တယ္။

သင္ခန္းစာယူနိဳင္ၾကေစရန္အတြက္ တဆင့္ျပန္လည္ မွ်ေ၀ေပးလုိက္ပါတယ္။ စာေရးဆရာအား ေလးစားစြာ ခရက္ဒစ္ေပးပါတယ္ခင္ဗ်ာ။

Unicode

ကြွက်ထောင်ချောက် (ကိုယ့်နဲ့မဆိုင်ဘူးလို့ နေလို့မရပါ)

(ဖေမြင့်)᠌᠌᠌ ᠌᠌
တစ်ခါတုန်းက ကြွက်တစ်ကောင်က လယ်သမားအိမ်ထဲ အိမ်နံရံပျဉ်နှစ်ချပ် စပ်ကြားက ဟ,နေတဲ့နေရာ အကြားကနေ ချောင်းကြည့်တော့ လယ်သမားနဲ့ သူ့မယား အထုပ်တစ်ထုပ် ဖြေနေတာတွေ့ရတယ်။

အထဲမှာ စားစရာများ ပါလေမလား၊ ပါရင် ငါများ တနည်းနည်းနဲ့ စားရလေမလား၊ မျှော်လင့်တဲ့ စိတ်နဲ့ စောင့်ကြည့်တော့၊ လားလား … စားစရာ မုန့်မဟုတ်၊ နာစရာ တုတ် ဖြစ်နေတယ်။ အဲ … စကားအဖြစ် ပြောတာ၊ တကယ် တုတ် မဟုတ်ဘူး။ ပြီးတော့ တုတ် ဆိုတာက သူသူငါငါ အရိုက်ခံရနိုင်တဲ့ပစ္စည်း။

အခုဟာက သတ္တဝါ အများနဲ့ မဆိုင်၊ သူ တစ်ဦးတည်းကို ရည်ရွယ်တာ၊ သူ့ကို အသေဆော်ဖို့ ရည်ရွယ်ချက်နှင့် မြို့ကဝယ်လာတဲ့ “ကြွက်ထောင်ချောက်”။ မြင်တာနဲ့တင် ကြွက်ထောင်ချောက် မောင်းပြုတ်ပြီး ဂျိုင်းခနဲ ရိုက်တဲ့အသံကို သူ့စိတ်က ကြားလိုက်မိတယ်။

သံကိုင်းတံနဲ့ ခွေးသွားစိပ် ကြားမှာ ညပ်ပြီး သေနေမယ့် သူ့ရုပ်ပုံကိုလည်း မြင်ယောင်ပြီး ကြက်သီးမွှေးညင်း ထသွားတယ်။ ဒုက္ခပဲ၊ ဒီလူတွေ ရက်ရက်စက်စက် လုပ်တော့မယ်။ အားလုံးကို သတိပေးထားမှပဲ ဆိုပြီး ကြွက်က ခြံထဲ လျှောက်ပြေးပြီး အော်တယ်။ “အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရောက်နေပြီ၊ အားလုံး သတိထားကြ၊ အိမ်ထဲမှာ ကြွက်ထောင်ချောက် ရောက်နေပြီ”

အဲဒီလို အော်ရင်း ကြက်မနား ရောက်တော့ ပါစပ်က တကွပ်ကွပ် မြည်ရင်း ဖုန်ထဲ သဲထဲမှာ စားစရာ ယက်ပြီး ရှာနေတဲ့ ကြက်မက၊ “ဒီလောက်တောင် အော်မနေနဲ့ ကိုကြွက်ရယ်၊ ရှင့်အတွက်တော့ စိုးရိမ်စရာ ဖြစ်တာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်မနဲ့က ဆိုင်မှ မဆိုင်တာ၊ ဘာကို သတိထားရမှာလဲ” လို့ ဆိုတယ်။

ကြွက်က ဝက်ခြံနား သွားပြီ ဝက်ကို ပြောပြန်တော့ ဝက်က – “ငါ မင်းအတွက် စိတ်မကောင်းပါဘူး၊ ဖိုးရွှေကြွက်ရာ၊ ဒါပေမယ့် ဒီကိစ္စက ငါတတ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး၊ အလွန်ဆုံး ဘုရားမှာ ဆုတောင်းရုံ လောက်ပဲ တတ်နိုင်တယ်၊ ညဘက် ဘုရား ရှိခိုးတဲ့အခါ မင်းအတွက် ထည့်ပြီး ဆုတောင်း ပေးပါ့မယ်ကွာ” လို့ ချွေးသိပ်တယ်။

ခြံထဲမှာ နွားတစ်ကောင်လည်း ရှိသေးတော့ ကြွက်က သူ့ဆီသွားပြီး ပြောပြန်တယ်။ နွားကျတော့ သူ့ကို ဟားတောင် ဟားလွှတ်သေးတယ်။ “ဟ ၊ ငကြွက်ရ အိမ်ထဲမှာ ကြွက်ထောင်ချောက် ဟုတ်လား၊ ဒါဆို ငါ့အတွက် အန္တရာယ်ပဲ၊ ခြေမညှပ်မိရင် ငါသေပြီ၊ ဟား ဟား” တဲ့။

ကြွက် အတော် ခံရခက်ပြီး ပြန်လှည့်လာတယ်။ သူက အိမ်ထဲမှာ နေတဲ့သူ၊ အိမ်ဆီပဲ ပြန်ရမယ်။ ထောင်ချက်ကိစ္စ ဘယ်သူကမှ တွေးမပူ၊ သူတို့ အရေးလို့ မယူဆ၊ ကိုယ် တစ်ယောက်တည်း ပူနေတာ ဆိုတော့ ကိုယ်ပဲ သတိထားရမယ်။ တကယ်တော့ နာမည်ကိုနှိုက်ကလည်း ကြွက်ထောင်ချောက် မဟုတ်လား။

အဲဒီ ထောင်ချောက်မှာ တပ်ထားမယ့် အနံ့ကလည်း မွှေး၊ အရသာလည်း ရှိပြီး ကြွက်မှန်သမျှ သွားရည် တများများ ကျစေမယ့် အစာကို အနားသားလေးတောင် ဖဲ့မစားမိအောင် ဝေးဝေးက ရှောင်ရမယ်။ ပြေးရင်းလွှားရင်း မတော်တဆ တိုက်မိတယ် ဆိုတာမျိုး မဖြစ်အောင်လည်း အထူး သတိပြုမယ်။ အဲသလိုတွေ ကိုယ့်ကိုယ်ကိုယ် သတိပေးပြီး အိမ်ထဲကို သတိဝီရိယ ကြီးစွာနဲ့ ပြန်ဝင်လာခဲ့တယ်။

အဲဒီည သန်းကောင်ယံမှာပဲ ကြွက်ထောင်ချောက် မောင်းပြုတ်တဲ့အသံ ကျယ်လောင်စွာ ပေါက်ထွက်လာပြီး ကတည်းက သတ္တဝါတွေ အားလုံး လန့်နိုးကြတယ်။ “ဖိုးရွှေကြွက် တစ်ကောင်တော့ သွားရှာပေါ့” လို့ ဝက်က ဆိုတော့ ကြက်မက “စိတ်မကောင်းဘူး၊ ဒီလောက် မြန်မြန်ကြီး ဖြစ်လိမ့်မယ် မထင်လို့” မနက်က သူ မစာမနာ ပြောလိုက်မိတာ ပြန်တွေးပြီး အားနာနေတယ်။

နွားကြီးကတော့

“စောစော သေတော့လည်း ကြောက်ရတဲ့ဒုက္ခ စောစော ငြိမ်းတာပေါ့ကွာ” တဲ့။ ကိုယ်သေတာ မဟုတ်တော့ သူက ပေါ့ပေါ့ဆဆ ပြောတယ်။ အမှန်တော့ ကြွက်လည်း သေသွားတာတော့ မဟုတ်ဘူး။ ထောင်ချောက်မိတာ သူမှ မဟုတ်တာ။ ဂျိုင်းခနဲ မြည်သံကြားတော့ သူလည်း သူကိုယ်တိုင် မိသလောက် လန့်သွားတာ။ နောက်တော့မှ ငါမဟုတ်ဘူး။ ဘယ်သူများပါလိမ့် ဆိုပြီး ထချောင်းကြည့်တော့ မြွေတစ်ကောင်။

မြွေက ကြွက်ထောင်ချောက် ဆိုတာ ဘာလုပ်တတ်မှန်း မသိတော့ ကြွက်စာ အနံ့မွှေးမွှေးကို သူ့အစာ အောက်မေ့ပြီး သွားခဲတာ။ မောင်းတံရိုက်တဲ့အချိန် ဘယ်လိုဘယ်လို လုပ်လိုက်မှန်း မသိ၊ ခေါင်းပိုင်းကို မထိဘဲ အမြီးပိုင်းက ညပ်နေတယ်။

ကြွက်က တုန်တုန်ယင်ယင်နဲ့ ကြည့်နေတုန်း မီးအိမ်လေး မှိန်မှိန်နဲ့ အိမ်ရှင်မ ထွက်လာတာ မြင်ရတယ်။ မိန်းမက အိပ်ချင်မူးတူးနဲ့ ကြွက်ထောင်ချောက်ကို သွားဆွဲတဲ့အခါ မြွေက လှမ်းပေါက်လိုက်တယ်။ အဲဒီအခါ အလန့်တကြား ထအော်တော့ လယ်သမား ပြေးလိုက်လာတယ်။

မီးအိမ် ပိုလင်းအောင် မီးစာမြှင့်ကြည့် လိုက်တော့ သူ့မိန်းမကို ကိုက်ပြီးတဲ့နောက် ပါးပျဉ်းထောင်နေသေးတဲ့ မြွေကိုမြင်ပြီး နီးရာ တုတ်တစ်ချောင်းနဲ့ လက်မြန်ခြေမြန် ကောက်ရိုက်လိုက်တာ ပွဲချင်းပြီး သေသွားတယ်။ အဲဒီမြွေက အတော် အဆိပ်ပြင်းတဲ့ မြွေမျိုး ဖြစ်နေတယ်။ လယ်သမား အတော် ခေါင်းနားပန်း ကြီးသွားတယ်။

အဲဒါနဲ့ အိမ်နီးနားချင်းတွေ လှမ်းခေါ်ပြီး ညကြီးမင်းကြီးပဲ ဆရာဝန် သွားပင့်ပေးဖို့ အကူညီ တောင်းတယ်။ မနက်မလင်းခင် ဆရာဝန် ရောက်လာပြီး သူ့ရှိသမျှ ဆေးဝါးနဲ့ ကုသပြီး ပြန်သွားတယ်။ နောက်နေ့မှာ အိမ်ရှင်မက မြွေဆိပ်အရှိန်နဲ့ ဖျားပြီး ညည်းနေတယ်။ တစ်နေ့လုံး ကိုယ်လက်တွေ ကိုက်ခဲပြီး ပါးစပ်ကလည်း ဘာမှ မစားချင် ဖြစ်နေတယ်။

အဲဒါနဲ့ အစာမဝင်ရင် ကိုယ်ခံအား နည်းမယ်။ အဲဒါဆိုရင် မြွေဆိပ်ဒဏ် ပိုမခံ ဖြစ်မယ်ဆိုပြီး အားရှိသွားအောင် ကြက်စွပ်ပြုတ် ကျွေးပါလို့ ဝိုင်းဝန်း အကြံပေးကြတော့ လယ်သမားက သူမွေးထားတဲ့ တစ်ကောင်တည်းသော ကြက်မကို သတ်ပြီး မိန်းမအတွက် ကြက်သားစွပ်ပြုတ် လုပ်တယ်။ ဆရာဝန်က နောက်နေ့တွေလည်း ဆက်ပြီး လာကြည့် ပါတယ်။ ဒါပေမယ့် လူနာက မသက်သာဘူး။ အဆိပ်က အတော်ပြင်းတာကိုး။

လယ်သမားမယား မြွေကိုက်ခံရတဲ့ အကြောင်း ကြားရတော့ ဆွေမျိုး မိတ်သင်္ဂဟတွေ လူမမာသတင်း လာမေးကြတယ်။ တချို့က ခပ်ဝေးဝေး ရွာတွေက လာရတော့ ချက်ချင်း မပြန်နိုင်ကြဘူး။ တစ်ညလောက် အိပ်ပြီး စောင့်ကြည့်ကြတယ်။ လူမမာ အခြေအနေ မကောင်းတော့ သားချင်း တချို့လည်း အနီးကပ် ပြုစုလို့ရအောင် ဆိုပြီး အိမ်မပြန်ကြတော့ဘူး။

အဲဒီတော့ အိမ်ရှင် လယ်သမားမှာ ဧည့်ခံဖို့၊ ကျွေးမွေးဖို့ လိုပြန်တာပေါ့။ အဲဒီအတွက် ဝယ်ဖို့ခြမ်းဖို့ လိုပြန်တာပေါ့။ ဒီအတွက် ဝယ်ဖို့ ခြမ်းဖို့ရော၊ ဆရာဝန် ပေးဖို့ပါ ငွေကြေးက လိုနေတာ ဆိုတော့ အိမ်မှာရှိတဲ့ ဝက်ကိုသတ်ပြီး အိမ်မှာစားဖို့ အသားတချို့ယူ၊ ကျန်တာကို ရွာထဲလျှောက်ရောင်း ခိုင်းလိုက်ရတယ်။

ဆရာဝန်ရော အရပ်ကပါ ဝိုင်းပြီး ပြုစု စောင့်ရှောက်ကြပေမယ့် လယ်သမားမယားဟာ ပြန်နာလန် ထူမလာဘူး။ မြွေကိုက်တဲ့ ဒဏ်နဲ့ပဲ အသက်ဆုံးသွားခဲ့တယ်။ အသုဘချ၊ ရက်လည် ဆွမ်းကျွေးတဲ့အခါ လယ်သမားမှာ နွားတစ်ကောင်တည်း ရှိတာဆိုတော့ အဲဒီနွားကြီးပဲ သတ်ပြီး မိန်းမအတွက် အလှူ လုပ်လိုက်ရတယ်။

ရက်ပိုင်းအတွင်း ဆက်တိုက် ဖြစ်သွားခဲ့တဲ့ အဲဒီ အခြင်းအရာတွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ ကြွက်ဟာ အကြီးအကျယ် ထိတ်လန့် အံ့ဩသလို ကြွက်ထောင်ချောက်ဟာ ဘယ်သူ့အတွက်လဲ ဆိုတာကိုလည်း စဉ်းစား မရနိုင်အောင် ဖြစ်နေတယ်။

ဘာပဲဖြစ်ဖြစ် သူတစ်ယောက်တည်း ကြောက်နေတုန်းက ကိုယ်နှင့် မဆိုင်သလို နေခဲ့ကြတဲ့ ကြက်၊ ဝက်၊ နွား အပါအဝင် သတ္တဝါ ၅ ဦး အသက်ဆုံးရှုံး သွားပြီးတဲ့နောက်မှာ သူကတော့ ကြွက်ထောင်ချောက်ကို အရင်ကထက်ပိုပြီး အကြောက်ကြီး ကြောက်သွားခဲ့တယ်။

သင်ခန်းစာယူနိုင်ကြစေရန်အတွက် တဆင့်ပြန်လည် မျှဝေပေးလိုက်ပါတယ်။ စာရေးဆရာအား လေးစားစွာ ခရက်ဒစ်ပေးပါတယ်ခင်ဗျာ။

Be the first to comment

Leave a Reply

Your email address will not be published.


*