ဇနီးသည္ရဲ႕ ခ်စ္ေမတၱာေၾကာင့္ ကိုမာျဖစ္ေနရာကေန ျပန္လည္ႏိုးထခဲ့တဲ့ အမ်ိဳးသား

Zawgyiျဖင့္ဖတ္ရန္

တ႐ုတ္ႏိုင္ငံ အလယ္ပိုင္းမွာရွိတဲ့ အမ်ိဳးသားတစ္ဦးဟာ (၅) ႏွစ္ၾကာ ကိုမာျဖစ္ေနခဲ့ရာမွ ဇနီးသည္ရဲ႕ ေကာင္းမႈေၾကာင့္ ျပန္လည္ႏိုးထႏိုင္ခဲ့တာကို nextshark သတင္းဌာနမွာ ေတြ႕ရပါတယ္။ ၎အမ်ိဳးသားဟာ လီဇီဟြာဆိုသူျဖစ္ၿပီး တ႐ုတ္ႏိုင္ငံ ဟူေပးျပည္နယ္ ရွန္းက်န္းၿမိဳ႕က ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၾသဂုတ္လ (၂၃) ရက္မွာ လီဇီဟြာဟာ စကူတာနဲ႔ အလုပ္ကို သြားရာမွ ေမာ္ေတာ္ဆိုင္ကယ္ တိုက္မိခဲ့ၿပီး ခႏၶာကိုယ္မွာ ဒဏ္ရာအျပင္းအထန္ရခဲ့ပါတယ္။ ဦးေႏွာက္မွာလည္း ဒဏ္ရာ ျပင္းျပင္းထန္ထန္ ရခဲ့တဲ့အတြက္ ကိုမာ ျဖစ္သြားခဲ့ပါတယ္။

ဆရာဝန္ေတြကေတာ့ လီဇီဟြာဟာ တစ္သက္လုံး ဒီလိုပဲ ကိုမာေရာဂါနဲ႔ ေနသြားရလိမ့္မယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ လီဇီဟြာရဲ႕ ဇနီးသည္ က်န္းေကြ႕ဟြမ္က ခင္ပြန္းသည္ဟာ သက္မဲ့အရာဝတၳဳႀကီးလိုမ်ိဳး တစ္သက္လုံး ေနထိုင္သြားရမယ္ဆိုတဲ့ အဆိုကို လက္မခံခဲ့ပါဘူး။

သူမဟာ ခင္ပြန္းသည္ကို အစာအိမ္ထဲ ေျပာင္းနဲ႔ အစာသြင္းတာမ်ိဳးကိုေတာင္ မလုပ္ခဲ့ပါဘူး။ သူမဟာ တစ္ေန႔မွာ နာရီ (၂၀) နဲ႔အထက္ ခင္ပြန္းသည္နားမွာ ေနထိုင္ၿပီး လိုအပ္တာမွန္သမွ် အကုန္ လုပ္ကိုင္ေပးပါတယ္။

သစ္တုံးႀကီးလို ျဖစ္ေနတဲ့ ခင္ပြန္းရဲ႕ အနားမွာထိုင္ၿပီး သူနဲ႔စကားေျပာတာ၊ ခင္ပြန္းသည္ႀကိဳက္တတ္တဲ့ သီခ်င္းေတြကို ဖြင့္ျပတာ၊ အစာအာဟာရေကြၽးတာ၊ ကိုယ္လက္သုတ္သင္ေပးတာ စတာေတြအားလုံးကို သူမကိုယ္တိုင္ပဲ လုပ္ေပးပါတယ္။ ခင္ပြန္းသည္တစ္ေလွ်ာက္လုံး သက္ေတာင့္သက္သာ ျဖစ္ေစဖို႔နဲ႔ ခင္ပြန္းသည္နားမွာ တစ္ခ်ိန္လုံး ရွိေပးဖို႔ပဲ သူမက ႀကိဳးစားပါတယ္။

တစ္ေန႔ကို သူမအိပ္ခ်ိန္ဟာ (၂) နာရီေလာက္ပဲ ရွိတဲ့အတြက္ အသက္ (၅၇) ႏွစ္ရွိၿပီျဖစ္တဲ့ အမ်ိဳးသမီးႀကီး က်န္းေကြ႕ဟြမ္ဟာ (၂၂) ေပါင္ ကိုယ္အေလးခ်ိန္ က်ဆင္းခဲ့ပါတယ္။ တစ္ေန႔မွာေတာ့ ခင္ပြန္းသည္ကို ခ်စ္ျခင္းေမတၱာအျပည့္နဲ႔ ေစာင့္ေရွာက္ခဲ့တဲ့ သူမရဲ႕ အေၾကာင္းေကာင္းမႈဟာ အရာထင္လာခဲ့ပါတယ္။

လီဇီဟြာဟာ ၿပီးခဲ့တဲ့ ႏွစ္မွာပဲ ကိုမာျဖစ္ၿပီး ေမ်ာေနရာကေန သတိျပန္ဝင္လာခဲ့တာ ျဖစ္ပါတယ္။ ႏိုးလာၿပီးတဲ့ေနာက္ လီဇီဟြာက သူ႔ဇနီးသည္ကို ေျပာလိုက္တဲ့ စကားေလးကလည္း စိတ္လႈပ္ရွားဖို႔ သိပ္ေကာင္းပါတယ္။ ငါ မင္းကို ခ်စ္တယ္တဲ့။ လီဇီဟြာဟာ ကိုမာက ႏိုးႏိုးလာခ်င္းပဲ ဇနီးသည္ကို ဒီစကားေျပာခဲ့တာပါ။

အခုဆိုရင္ေတာ့ သူဟာ က်န္းမာေရး အေျခအေန ေတာ္ေတာ္ေလး ေကာင္းမြန္ေနပါၿပီ။ စက္ပစၥည္း ကိရိယာေတြ အကူအညီနဲ႔ လမ္းေတြဘာေတြေတာင္ ေလွ်ာက္ႏိုင္ေနၿပီ ျဖစ္ပါတယ္။ က်န္းေကြ႕ဟြမ္ကေတာ့ “ကြၽန္မ သူ႔ကို လက္ေလွ်ာ့လိုက္ဖို႔ ဘယ္တုန္းကမွ မစဥ္းစားခဲ့ဘူး။

ကြၽန္မ အသက္ရွင္ေနသေ႐ြ႕ သူ႔ကို အလုပ္အေကြၽးျပဳသြားမယ္…” လို႔ ဆိုပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ ခ်စ္ပုံျပင္ေလးကေတာ့ ၾကည္ႏူးစရာျဖစ္ရပ္တစ္ခုအေနနဲ႔ တ႐ုတ္မီဒီယာမွာ ျပန႔္ႏွံ႔လ်က္ရွိၿပီး အားလုံးကေတာ့ လီဇီဟြာ အျမန္ဆုံး ေနျပန္ေကာင္းလာဖို႔ ေမွ်ာ္လင့္ေနေၾကာင္း သိရပါတယ္။

Credit: လင္းလင္း (ShweMom)

Unicodeဖြင့်ဖတ်ရန်

တရုတ်နိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ အမျိုးသားတစ်ဦးဟာ (၅) နှစ်ကြာ ကိုမာဖြစ်နေခဲ့ရာမှ ဇနီးသည်ရဲ့ ကောင်းမှုကြောင့် ပြန်လည်နိုးထနိုင်ခဲ့တာကို nextshark သတင်းဌာနမှာ တွေ့ရပါတယ်။ ၎င်းအမျိုးသားဟာ လီဇီဟွာဆိုသူဖြစ်ပြီး တရုတ်နိုင်ငံ ဟူပေးပြည်နယ် ရှန်းကျန်းမြို့က ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လ (၂၃) ရက်မှာ လီဇီဟွာဟာ စကူတာနဲ့ အလုပ်ကို သွားရာမှ မော်တော်ဆိုင်ကယ် တိုက်မိခဲ့ပြီး ခန္ဓာကိုယ်မှာ ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ ဦးနှောက်မှာလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့တဲ့အတွက် ကိုမာ ဖြစ်သွားခဲ့ပါတယ်။

ဆရာဝန်တွေကတော့ လီဇီဟွာဟာ တစ်သက်လုံး ဒီလိုပဲ ကိုမာရောဂါနဲ့ နေသွားရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် လီဇီဟွာရဲ့ ဇနီးသည် ကျန်းကွေ့ဟွမ်က ခင်ပွန်းသည်ဟာ သက်မဲ့အရာဝတ္ထုကြီးလိုမျိုး တစ်သက်လုံး နေထိုင်သွားရမယ်ဆိုတဲ့ အဆိုကို လက်မခံခဲ့ပါဘူး။

သူမဟာ ခင်ပွန်းသည်ကို အစာအိမ်ထဲ ပြောင်းနဲ့ အစာသွင်းတာမျိုးကိုတောင် မလုပ်ခဲ့ပါဘူး။ သူမဟာ တစ်နေ့မှာ နာရီ (၂၀) နဲ့အထက် ခင်ပွန်းသည်နားမှာ နေထိုင်ပြီး လိုအပ်တာမှန်သမျှ အကုန် လုပ်ကိုင်ပေးပါတယ်။

သစ်တုံးကြီးလို ဖြစ်နေတဲ့ ခင်ပွန်းရဲ့ အနားမှာထိုင်ပြီး သူနဲ့စကားပြောတာ၊ ခင်ပွန်းသည်ကြိုက်တတ်တဲ့ သီချင်းတွေကို ဖွင့်ပြတာ၊ အစာအာဟာရကျွေးတာ၊ ကိုယ်လက်သုတ်သင်ပေးတာ စတာတွေအားလုံးကို သူမကိုယ်တိုင်ပဲ လုပ်ပေးပါတယ်။ ခင်ပွန်းသည်တစ်လျှောက်လုံး သက်တောင့်သက်သာ ဖြစ်စေဖို့နဲ့ ခင်ပွန်းသည်နားမှာ တစ်ချိန်လုံး ရှိပေးဖို့ပဲ သူမက ကြိုးစားပါတယ်။

တစ်နေ့ကို သူမအိပ်ချိန်ဟာ (၂) နာရီလောက်ပဲ ရှိတဲ့အတွက် အသက် (၅၇) နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးကြီး ကျန်းကွေ့ဟွမ်ဟာ (၂၂) ပေါင် ကိုယ်အလေးချိန် ကျဆင်းခဲ့ပါတယ်။ တစ်နေ့မှာတော့ ခင်ပွန်းသည်ကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ စောင့်ရှောက်ခဲ့တဲ့ သူမရဲ့ အကြောင်းကောင်းမှုဟာ အရာထင်လာခဲ့ပါတယ်။

လီဇီဟွာဟာ ပြီးခဲ့တဲ့ နှစ်မှာပဲ ကိုမာဖြစ်ပြီး မျောနေရာကနေ သတိပြန်ဝင်လာခဲ့တာ ဖြစ်ပါတယ်။ နိုးလာပြီးတဲ့နောက် လီဇီဟွာက သူ့ဇနီးသည်ကို ပြောလိုက်တဲ့ စကားလေးကလည်း စိတ်လှုပ်ရှားဖို့ သိပ်ကောင်းပါတယ်။ ငါ မင်းကို ချစ်တယ်တဲ့။ လီဇီဟွာဟာ ကိုမာက နိုးနိုးလာချင်းပဲ ဇနီးသည်ကို ဒီစကားပြောခဲ့တာပါ။

အခုဆိုရင်တော့ သူဟာ ကျန်းမာရေး အခြေအနေ တော်တော်လေး ကောင်းမွန်နေပါပြီ။ စက်ပစ္စည်း ကိရိယာတွေ အကူအညီနဲ့ လမ်းတွေဘာတွေတောင် လျှောက်နိုင်နေပြီ ဖြစ်ပါတယ်။ ကျန်းကွေ့ဟွမ်ကတော့ “ကျွန်မ သူ့ကို လက်လျှော့လိုက်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။

ကျွန်မ အသက်ရှင်နေသရွေ့ သူ့ကို အလုပ်အကျွေးပြုသွားမယ်…” လို့ ဆိုပါတယ်။ သူတို့နှစ်ဦးရဲ့ ချစ်ပုံပြင်လေးကတော့ ကြည်နူးစရာဖြစ်ရပ်တစ်ခုအနေနဲ့ တရုတ်မီဒီယာမှာ ပြန့်နှံ့လျက်ရှိပြီး အားလုံးကတော့ လီဇီဟွာ အမြန်ဆုံး နေပြန်ကောင်းလာဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

Credit: လင်းလင်း (ShweMom)

Be the first to comment

Leave a Reply

Your email address will not be published.


*