
Zawgyiဖြင့်ဖတ်ရန်
source — bamakhit
Unicodeဖြင့်ဖတ်ရန်
မင်္ဂလာဆောင်ပြီး (၅) မိနစ် လောက်တောင် မပျော်လိုက်ရရှာတဲ့ ဇနီးမောင်နှံရဲ့ အဖြစ်
ငယ်ငယ်ကတည်းက အတူကြီးပြင်း အတူတူ ဆော့ကစားခဲ့ကြပြီး၊ ချစ်သူ ဘဝကို ဆယ်ကျော်သက်အရွယ်မှာ စောစီးစွာ တက်လှမ်းခဲ့ ကြတဲ့ မင်္ဂလာ ဇနီးမောင်နှံ ကတော့ ထင်မှတ် မထားတဲ့ အဖြစ်ဆိုးကြောင့် မင်္ဂလာဆောင်ပြီး မိနစ်ပိုင်းလေး မှာပဲ သေဆုံးခဲ့ရ ပါတယ်။
အဲဒီဇနီးမောင်နှံဟာ အသက် (၁၉) (၂၀) အရွယ်သာ ရှိကြ ပါသေးတယ်။ ဇနီးဖြစ်တဲ့ Harley Morgan ဖြစ်ပြီး သူမကတော့ အသက် (၁၉) နှစ်ပါ။ ခင်ပွန်းကတော့ Rhiannon Boudreaux ဖြစ်ပြီး အသက် (၂၀) လို့ သိရပါတယ်။ ဒီသတင်းကို ဗြိတိန် အခြေစိုက် The Sun သတင်းဌာနက ဖော်ပြခဲ့တာပါ။
နှစ်ယောက်စလုံးဟာ မင်္ဂလာကားနဲ့ မင်္ဂလာခန်းမကနေ ထွက်ခွာလာပြီး မကြာမီမှာပဲ ဆိုးရွားလှတဲ့ ယာဉ်မတော်တဆမှုကို ကြုံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ခန်းမကနေ ထွက်လို့ ငါးလမ်းသွား အမြန်လမ်းမကြီးပေါ်ကို အရောက်မှာ အရှိန် မထိန်းနိုင်တဲ့ ထရပ်ကား တစ်စီးက ဝင်အောင်းတာကို ခံလိုက်ရ ပါတယ်။
ကားလေးဟာ လမ်းမပေါ်မှာ ဒလိမ့်ကောက်ကွေး ပုံစံနဲ့ အပတ်များစွာ လည်ပြီး၊ မြောင်းထဲကို ပြုတ်ကျသွားပါတယ်။ အခင်းဖြစ်နေရာကို ဆွေမျိုးသားချင်းတွေ အမြန်ရောက်လာခဲ့ ကြပေမယ့်၊ ကျေမွနေတဲ့ ကားထဲကနေ သူတို့ကို အတော်လေး ဆွဲထုတ်ခဲ့ရ ပါတယ်။
နှစ်ယောက်စလုံး သေဆုံးသွား ခဲ့ပြီး၊ ကျန်ရစ်သူ မိသားစု ကတော့ အတော်လေးကို ယူကြုံးမရ ဖြစ်နေကြပါတယ်။ ထရပ်ကားမောင်းသူ ကိုတော့ စစ်ဆေးနေဆဲ ဖြစ်ပြီး၊ သူ့အဆိုအရတော့ မင်္ဂလာကားက လမ်းမကြီးကို ဦးစားပေးရမယ့် အစား၊ ကွေ့ကြောကနေ ဇွတ်ထွက်လာလို့ ဖြစ်တာလို့ ပြောပါတယ်။
source — bamakhit
Credit:လင်းလင်း (ShweMom)
Leave a Reply