အိမ္ေမြးဝက္ဝံ ၂ေကာင္ စိတ္႐ိုင္းဝင္ၿပီး ရန္ျပဳသျဖင့္ သခင္ျဖစ္သူ ေသဆုံး

အိမ္ေမြးဝက္ဝံ ၂ေကာင္ စိတ္႐ိုင္းဝင္ၿပီး ရန္ျပဳသျဖင့္ သခင္ျဖစ္သူ ေသဆုံး
အိမ္ေမြးဝက္ဝံ ၂ေကာင္ စိတ္႐ိုင္းဝင္ၿပီး ရန္ျပဳသျဖင့္ သခင္ျဖစ္သူ ေသဆုံး

အိမ္ေမြးဝက္ဝံ ၂ေကာင္ စိတ္႐ိုင္းဝင္ၿပီး ရန္ျပဳသျဖင့္ သခင္ျဖစ္သူ ေသဆုံး

ေတာင္ငူ၊ ဧၿပီ၇၊ ၂၀၂၂။
ပဲခူးတိုင္း ေတာင္ငူၿမိဳ႕မွာ တိရိစာၦန္ခ်စ္သူတဦး ေမြးထားတဲ့ ဝက္ဝံ ၂ေကာင္ စိတ္႐ိုင္းဝင္ၿပီး သခင္ျဖစ္သူကို ကိုက္သတ္ခဲ့လို႔ ကိုေအာင္ ေခၚ ျမင့္မိုရ္နန္း ကြယ္လြန္သြားၿပီ ျဖစ္ပါတယ္။

ဒီေန႔ မနက္ ၃နာရီ ေလာက္မွာ ျဖစ္ပ်က္ခဲ့တာ ျဖစ္ၿပီး ၃နာရီ မိနစ္ ၄၀မွာ ကိုေအာင္ရဲ႕ အမ်ိဳးသမီးျဖစ္သူက နာေရးကူညီမႈအသင္းကို ဖုန္းဆက္ အေၾကာင္းၾကားခဲ့လို႔ ခ်က္ခ်င္း ကူညီဖို႔ ထြက္သြားခဲ့တယ္လို႔ ပရဟိတသမားတစ္ဦးျဖစ္သူ ကိုလွမ်ိဳးဝင္း ျမန္မာစာရဲ႕ ကိုယ္ပိုင္ လူမႈစာမ်က္မွာ ေရးသားထားပါတယ္။

” ခ်က္ခ်င္း ကားစက္ႏိူးတန္းထြက္ ေရာက္ေတာ့ အေျခအေနက မေကာင္းေတာ့ပါဘူး သူခ်စ္တဲ့ ဝက္ဝံႀကီးႏွစ္ေကာင္ ေျခရင္းမွာ ကိုယ့္လူက စန႔္စန႔္ႀကီး ေသေနပါၿပီ၊ ပိုဆိုးတာက အ႐ိုင္းစိတ္ ဝင္သြားၿပီဆိုေတာ့ သခင္မွန္းမသိေတာ့ဘူး၊ အေလာင္းဝင္ေကာက္ဖို႔ေတာင္ မလြယ္တဲ့အတြက္ အာဏာပိုင္အဖြဲ႕အစည္းကို လွမ္းေခၚ အကူအညီေတာင္း စကိုက္တဲ့ ခ်စ္ပိုေရာ၊ သူအရမ္းခ်စ္တဲ့ အိစိေကြးေရာ ေသနတ္နဲ႔ ေခါင္းတည့္တည့္ ၃ ခ်က္စီ ပစ္ရတယ္” လို႔ ေတြ႕ရပါတယ္။

ဝက္ဝံကိုက္ခံရခ်ိန္မွာ ဝင္ကူခဲ့တဲ့ ကိုေအာင္ရဲ႕ ေခြးေတြလည္း ဝက္ဝံကိုက္ခံရလို႔ ေသဆုံးသြားခဲ့ၿပီး နာေရးကူညီမႈအသင္းကားနဲ႔ ရင္ခြဲ႐ုံကို ပို႔ေပးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

“ကိုေအာင္ႀကီး အရမ္းေမာင္းခ်င္တဲ့ ႐ုံးကနာေရးကားနဲ႔ပဲ ရင္ခြဲ႐ုံအေရာက္ ပို႔ေဆာင္ေပးခဲ့တယ္။ ကိုေအာင္ရယ္ ခင္ဗ်ာရဲ႕ အႏိူင္းမဲ့အၾကင္နာ ႀကီးကေတာ့လက္လန္ပါတယ္ဗ်ာ” လို႔ ကိုလွမ်ိဳးဝင္း ျမန္မာစာက ေရးထားပါတယ္။

ကိုေအာင္ ‌ေခၚ ျမင့္မိုရ္နန္း ဟာ “အႏႈိင္းမဲ့အၾကင္နာပရဟိတ” နာမည္နဲ႔ တိရိစာၦန္မ်ားကို ေမြးျမဴထားသူတဦးျဖစ္ၿပီး သူေမြးထားတဲ့ တိရိစာၦန္ေတြထဲက ဝက္ဝံ ၂ေကာင္ စိတ္႐ိုင္းဝင္ၿပီး ျပန္သတ္ခံလိုက္ရတာ ျဖစ္ပါတယ္။

ဝက္ဝံ စုစုေပါင္း ၁၂ေကာင္ရွိၿပီး စိတ္႐ိုင္းဝင္သြားတဲ့ ပထမဆုံးေမြးခဲ့တဲ့ အိစိေကြးအပါအဝင္ ၂ေကာင္ကို အေလာင္းဝင္ေကာက္ဖို႔ မလြယ္ေတာ့လို႔ ေသနတ္နဲ႔ ပစ္ခံရၿပီး ေသဆုံးသြားတယ္လို႔သိရပါတယ္။ #ေျမလတ္အသံ
#credt

Unicode

တောင်ငူမှာ အိမ်မွေးဝက်ဝံ ၂ကောင် စိတ်ရိုင်းဝင်ပြီး ရန်ပြုသဖြင့် သခင်ဖြစ်သူ သေဆုံး

တောင်ငူ၊ ဧပြီ၇၊ ၂၀၂၂။
ပဲခူးတိုင်း တောင်ငူမြို့မှာ တိရိစ္ဆာန်ချစ်သူတဦး မွေးထားတဲ့ ဝက်ဝံ ၂ကောင် စိတ်ရိုင်းဝင်ပြီး သခင်ဖြစ်သူကို ကိုက်သတ်ခဲ့လို့ ကိုအောင် ခေါ် မြင့်မိုရ်နန်း ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

ဒီနေ့ မနက် ၃နာရီ လောက်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး ၃နာရီ မိနစ် ၄၀မှာ ကိုအောင်ရဲ့ အမျိုးသမီးဖြစ်သူက နာရေးကူညီမှုအသင်းကို ဖုန်းဆက် အကြောင်းကြားခဲ့လို့ ချက်ချင်း ကူညီဖို့ ထွက်သွားခဲ့တယ်လို့ ပရဟိတသမားတစ်ဦးဖြစ်သူ ကိုလှမျိုးဝင်း မြန်မာစာရဲ့ ကိုယ်ပိုင် လူမှုစာမျက်မှာ ရေးသားထားပါတယ်။

” ချက်ချင်း ကားစက်နိူးတန်းထွက် ရောက်တော့ အခြေအနေက မကောင်းတော့ပါဘူး သူချစ်တဲ့ ဝက်ဝံကြီးနှစ်ကောင် ခြေရင်းမှာ ကိုယ့်လူက စန့်စန့်ကြီး သေနေပါပြီ၊ ပိုဆိုးတာက အရိုင်းစိတ် ဝင်သွားပြီဆိုတော့ သခင်မှန်းမသိတော့ဘူး၊ အလောင်းဝင်ကောက်ဖို့တောင် မလွယ်တဲ့အတွက် အာဏာပိုင်အဖွဲ့အစည်းကို လှမ်းခေါ် အကူအညီတောင်း စကိုက်တဲ့ ချစ်ပိုရော၊ သူအရမ်းချစ်တဲ့ အိစိကွေးရော သေနတ်နဲ့ ခေါင်းတည့်တည့် ၃ ချက်စီ ပစ်ရတယ်” လို့ တွေ့ရပါတယ်။

ဝက်ဝံကိုက်ခံရချိန်မှာ ဝင်ကူခဲ့တဲ့ ကိုအောင်ရဲ့ ခွေးတွေလည်း ဝက်ဝံကိုက်ခံရလို့ သေဆုံးသွားခဲ့ပြီး နာရေးကူညီမှုအသင်းကားနဲ့ ရင်ခွဲရုံကို ပို့ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကိုအောင်ကြီး အရမ်းမောင်းချင်တဲ့ ရုံးကနာရေးကားနဲ့ပဲ ရင်ခွဲရုံအရောက် ပို့ဆောင်ပေးခဲ့တယ်။ ကိုအောင်ရယ် ခင်ဗျာရဲ့ အနိူင်းမဲ့အကြင်နာ ကြီးကတော့လက်လန်ပါတယ်ဗျာ” လို့ ကိုလှမျိုးဝင်း မြန်မာစာက ရေးထားပါတယ်။

ကိုအောင် ‌ခေါ် မြင့်မိုရ်နန်း ဟာ “အနှိုင်းမဲ့အကြင်နာပရဟိတ” နာမည်နဲ့ တိရိစ္ဆာန်များကို မွေးမြူထားသူတဦးဖြစ်ပြီး သူမွေးထားတဲ့ တိရိစ္ဆာန်တွေထဲက ဝက်ဝံ ၂ကောင် စိတ်ရိုင်းဝင်ပြီး ပြန်သတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဝက်ဝံ စုစုပေါင်း ၁၂ကောင်ရှိပြီး စိတ်ရိုင်းဝင်သွားတဲ့ ပထမဆုံးမွေးခဲ့တဲ့ အိစိကွေးအပါအဝင် ၂ကောင်ကို အလောင်းဝင်ကောက်ဖို့ မလွယ်တော့လို့ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့သိရပါတယ်။ #မြေလတ်အသံ
#credt

Be the first to comment

Leave a Reply

Your email address will not be published.


*