
Unicode ဖြင့် ဖတ်ရန်
ကင်းမြီးကောက် မိခင်တွေရဲ့ သဘော သဘာဝက ကလေးပေါက်ဖွားပြီးတဲ့ နောက်မှာ မိမိကလေးတွေကို မိမိ ခန္ဓာကိုယ်မှာ တက်ခိုင်းထားတာပါပဲ….
ကင်းမြီးကောက် အပေါက်လေးတွေဟာ ကင်းမြီးကောက် မိခင်ကြီးရဲ့ ကိုယ်မှာ နေရင်းနဲ့ ကင်းမြီးကောက် မိခင်ရဲ့ ကိုယ်က အသားတွေကိုပါ တဖြေးဖြေး စားလိုက်ကြတယ်..
ဘယ်လောက်ထိ ကင်းမြီးကောက်မကြီးရဲ့ ကိုယ်က အသားတွေကို စားလည်းဆိုရင် ကင်းမြီးကောက်မကြီး သေဆုံးသွားတဲ့ အထိပေါ့..
သူတို့ အမေလည်းသေရော သူတို့လေးတွေလည်း ကြီးလာရောပေါ့.. သူတို့ကိုယ်တိုင်လည်း သွားနိုင် လာနိုင်ရုံမက ရှာဖွေစားသောက် နိုင်နေပြီပေါ့…
ယနေ့ ကျွန်တော်တို့ရဲ့ အခြေအနေကလည်း အဲ့ကင်းမြီးကောက်ပေါက်လေးတွေလို ဖြစ်နေတယ်… မိဘဖြစ်သူက ဘဝတလျှောက်လုံး ကိုယ့်သားတွေ သမီးတွေအတွက် မိမိဘဝကို သွေး ချွေးရင်းပြီး ပြုစုပျိုးထောင် ကြတယ်။
ဒါပေမယ့် သားတွေ သမီးတွေ ကြီးလာတဲ့အခါ ကိုယ်စီကိုယ်စီ အိမ်ထောင် ပြုလိုက်ကြတယ်… အဲ့အချိန် မိဘတွေက အိုနေပြီလေ….
ထိုအခါ တချို့ သားသမီးတွေက မိဘတွေကို ပြောကြသေးတယ်.. အမေတို့ အသုံးမကျလို့ အဖေတို့ အသုံးမကျလို့ ကျနော် ကျမတို့ဘဝ ဒီလိုဖြစ်နေတာတဲ့..
သနားစရာ အသက်ရွယ်ကြီးလာတဲ့ မိဘတွေကို ပြန်လည် မစောင့်ရှောက်တဲ့ အပြင် ပစ်ထားလိုက်ကြတယ်..
အဲ့လို သားသမီးတွေဟာ ကင်းမြီးကောက်တွေနဲ့ ပမာတူညီပါတယ်..
crd ye zon aung
Zawgyi ဖြင့် ဖတ်ရန်
crd ye zon aung
Leave a Reply