
မိမိရဲ့ ကိုယ်တွင်းအင်္ဂါတွေနဲ့ လူသုံးယောက်အသက်ကို ကယ်ပြီး ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့ ကလေးလေး
ဇန်နဝါရီလ 19 ရက်နေ့က အမေရိကန်နိုင်ငံမှာ Leopauld Sanchez လို့ ခေါ်တဲ့ တစ်နှစ်အရွယ် ကလေးငယ်လေးဟာ ကားတိုက်မှုက ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့်ပဲ သေဆုံးသွားခဲ့ပါတယ်။
ဒီကလေးငယ်လေးဟာ အသက် တနှစ်အရွယ်သာ ရှိသေးပြီး ကားတိုက်မှုကြောင့် ဆေးရုံတက်နေရတာ နှစ်လ ဝန်းကျင်လောက် ရှိပြီပဲ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ Leopauld ရဲ့အခြေအနေဟာ ပြန်ကောင်းလာခဲ့ပေမယ့် နောက်ပိုင်းမှာ ဦးနှောက်သေသွားခဲ့ပြီး သေဆုံးရမယ့် အခြေအနေကို ရောက်လာခဲ့ပါတယ်။
အဲ့အခြေအနေ အရောက်မှာတော့ ဒီကလေးလေး သေဆုံးတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေကို လှူပေးဖို့ မိဘတွေထံ အကူအညီ တောင်းခံမှုတွေ ရှိလာခဲ့ပါတယ်။ မိဘတွေဟာလည်း ရင်နာနာနဲ့ ကြေကွဲရပေမယ့် သားလေးရဲ့ နောင်ဘဝ အတွက်ကို ရည်မှန်းပြီး ကိုယ်တွင်းအင်္ဂါတွေကို လှူဖို့ လက်ခံခဲ့ပါတယ်။
မနေ့က ညပိုင်းလောက်မှာဆိုရင်တော့ မိဘတွေဟာ Leopauld ကို နောက်ဆုံးနှုတ်ဆက်စကားပြောခဲ့ကြပြီး ရှိုက်ကြီးတငင်နဲ့ ငိုကြွေးနေတဲ့ မိဘနှစ်ယောက်လုံးကို မြင်တွေ့ရတာက တကယ်ကြေကွဲစရာ ကောင်းလှပါတယ်။
အဲ့ဒီနောက်မှာတော့ Leopauld လေးကို ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ပြီး ခြောက်လအရွယ် ကလေးလေးတစ်ဦးဟာ Leopauld ရဲ့ နှလုံးကို လက်ခံ ရရှိခဲ့သလို နောက်ထပ် ကလေးမလေး တစ်ယောက်က အသည်းကို ရရှိခဲ့ပါတယ်။
နောက်ဆုံး တစ်ယောက်ကတော့ Leopauld ရဲ့ ကျောက်ကပ်ကို ရရှိခဲ့ပြီး သူတို့ သုံးယောက်လုံးဟာ Leopauld ရဲ့ကျေးဇူးနဲ့ အသက်ဆက် ရှင်သန်ခွင့် ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။
Leopauld လေးကတော့ လက်ရှိ အချိန်မှာ သူ့ရဲ့ ကိုယ်တွင်း အင်္ဂါတွေနဲ့ အခြားသူတွေရဲ့အသက်ကို ဆက်ပေးခဲ့ပြီး ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပါပြီ။ Rest In Peace ပါ Leopauld လေးရေ …
Credit to original writer
Zawgyi
မိမိရဲ႕ ကိုယ္တြင္းအဂၤါေတြနဲ႔ လူသုံးေယာက္အသက္ကို ကယ္ၿပီး ဘဝတစ္ပါးကို ကူးေျပာင္းသြားတဲ့ ကေလးေလး
ဇန္နဝါရီလ 19 ရက္ေန႔က အေမရိကန္ႏိုင္ငံမွာ Leopauld Sanchez လို႔ ေခၚတဲ့ တစ္ႏွစ္အ႐ြယ္ ကေလးငယ္ေလးဟာ ကားတိုက္မႈက ရရွိခဲ့တဲ့ ဒဏ္ရာေတြေၾကာင့္ပဲ ေသဆုံးသြားခဲ့ပါတယ္။
ဒီကေလးငယ္ေလးဟာ အသက္ တႏွစ္အ႐ြယ္သာ ရွိေသးၿပီး ကားတိုက္မႈေၾကာင့္ ေဆး႐ုံတက္ေနရတာ ႏွစ္လ ဝန္းက်င္ေလာက္ ရွိၿပီပဲ ျဖစ္ပါတယ္။ အစပိုင္းမွာေတာ့ Leopauld ရဲ႕အေျခအေနဟာ ျပန္ေကာင္းလာခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ဦးေႏွာက္ေသသြားခဲ့ၿပီး ေသဆုံးရမယ့္ အေျခအေနကို ေရာက္လာခဲ့ပါတယ္။
အဲ့အေျခအေန အေရာက္မွာေတာ့ ဒီကေလးေလး ေသဆုံးတဲ့အခါ ကိုယ္တြင္းအဂၤါေတြကို လႉေပးဖို႔ မိဘေတြထံ အကူအညီ ေတာင္းခံမႈေတြ ရွိလာခဲ့ပါတယ္။ မိဘေတြဟာလည္း ရင္နာနာနဲ႔ ေၾကကြဲရေပမယ့္ သားေလးရဲ႕ ေနာင္ဘဝ အတြက္ကို ရည္မွန္းၿပီး ကိုယ္တြင္းအဂၤါေတြကို လႉဖို႔ လက္ခံခဲ့ပါတယ္။
မေန႔က ညပိုင္းေလာက္မွာဆိုရင္ေတာ့ မိဘေတြဟာ Leopauld ကို ေနာက္ဆုံးႏႈတ္ဆက္စကားေျပာခဲ့ၾကၿပီး ရႈိက္ႀကီးတငင္နဲ႔ ငိုေႂကြးေနတဲ့ မိဘႏွစ္ေယာက္လုံးကို ျမင္ေတြ႕ရတာက တကယ္ေၾကကြဲစရာ ေကာင္းလွပါတယ္။
အဲ့ဒီေနာက္မွာေတာ့ Leopauld ေလးကို ခြဲစိတ္မႈေတြ ျပဳလုပ္ခဲ့ၿပီး ေျခာက္လအ႐ြယ္ ကေလးေလးတစ္ဦးဟာ Leopauld ရဲ႕ ႏွလုံးကို လက္ခံ ရရွိခဲ့သလို ေနာက္ထပ္ ကေလးမေလး တစ္ေယာက္က အသည္းကို ရရွိခဲ့ပါတယ္။
ေနာက္ဆုံး တစ္ေယာက္ကေတာ့ Leopauld ရဲ႕ ေက်ာက္ကပ္ကို ရရွိခဲ့ၿပီး သူတို႔ သုံးေယာက္လုံးဟာ Leopauld ရဲ႕ေက်းဇူးနဲ႔ အသက္ဆက္ ရွင္သန္ခြင့္ ရရွိခဲ့ၿပီပဲ ျဖစ္ပါတယ္။
Leopauld ေလးကေတာ့ လက္ရွိ အခ်ိန္မွာ သူ႔ရဲ႕ ကိုယ္တြင္း အဂၤါေတြနဲ႔ အျခားသူေတြရဲ႕အသက္ကို ဆက္ေပးခဲ့ၿပီး ဘဝတစ္ပါးကို ကူးေျပာင္းသြားခဲ့ပါၿပီ။ Rest In Peace ပါ Leopauld ေလးေရ …
Credit to original writer
Leave a Reply