
မိမိရဲ့ ဂျိုင်းသား မည်းနေ ညိုနေတာကို ဖွေးလာစေမယ့် နည်းလမ်း (၃)ခု
ဂျိုင်းညိုတာကြောင့် သင့်အနေနဲ့ အင်္ကျီလက်ပြတ် ဝတ်တဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။
ယုံကြည်မှု ရှိရှိ လက် မမြှောက်ရဲတာတွေ ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဂျိုင်း ညို မည်းလို့ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် ကုစားပေးမယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။
၁။ အုန်းဆီ
အုန်းဆီက အသားဖြူစေတဲ့ သဘာဝ အလှပြင်ပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။ ဂျိုင်းအပြင် တခြား ကိုယ်ဖြူချင်တဲ့ နေရာတွေ ပေါ်မှာလည်း အသုံးပြုနိုင်ပါတယ်။
အုန်းဆီကို ရေမချိုးခင် ဂျိုင်းအောက် လိမ်းပြီးနောက် ၁၀ မိနစ်ကနေ ၁၅ မိနစ် ထားရပါမယ်။ ပြီးနောက် ဆေးချ ပေးရပါမယ်။
၂။ မုန့်ဖုတ် ဆိုဒါ
မုန့်ဖုတ် ဆိုဒါက ဆဲလ်သေတွေကို ကွာကျစေတဲ့ သဘာဝ ချေးချွတ်ဆေး တစ်မျိုး ဖြစ်ပါတယ်။
မုန့်ဖုတ် ဆိုဒါနဲ့ အတူ သံပယိုရည်ပါ တွဲသုံးမယ် ဆိုရင် ပိုပြီး ထိရောက်ပါတယ်။
သံပယိုရည်နဲ့ မုန့်ဖုတ် ဆိုဒါကို ရောပြီးနောက် ဂျိုင်းအောက် လိမ်းပေးရပါမယ်။ ၅ မိနစ် ထားပြီးနောက် ရေဆေးရပါမယ်။
အသားခြောက်တာမျိုး မဖြစ်အောင် အစိုဓာတ်ထိန်း ခရင် လိမ်းပေးနိုင်ပါတယ်။ ဒီနည်းလမ်းကို တစ်ပတ်မှာ သုံးကြိမ်ကနေ လေးကြိမ် ပြုလုပ်နိုင်ပါတယ်။
၃။ သံလွင်ဆီ
သံလွင်ဆီက ဂျိုင်းသားကို မဖြူစေပေမယ့် ဂျိုင်းအတွက် လိုအပ်တဲ့ အစိုဓာတ်ကို လုံလောက်အောင် ဖြည့်တင်းပေးနိုင်ပါတယ်။
သံလွင်ဆီနဲ့ သကြားအညိုကို ရောပြီး ဂျိုင်းသားကို ပွတ်ပေးရင်တော့ နဂိုကထက် ဂျိုင်း ပိုဖြူလာပါလိမ့်မယ်။
သံလွင်ဆီ နှစ်ဇွန်းလောက်နဲ့ သကြားကို ရောပေးရပါမယ်။ ဒီအရောကို ဂျိုင်းအောက် ၁ မိနစ်ကနေ ၂ မိနစ်လောက် ပွတ်ပြီးနောက် ၅ မိနစ်ကနေ ၁၀ မိနစ် ထားပေးရပါမယ်။
ပြီးနောက် ရေဆေးချရပါမယ်။
Credit
Zawgyi
မိမိရဲ႕ ဂ်ိဳင္းသား မည္းေန ညိဳေနတာကို ေဖြးလာေစမယ့္ နည္းလမ္း (၃)ခု
ဂ်ိဳင္းညိဳတာေၾကာင့္ သင့္အေနနဲ႔ အက်ႌလက္ျပတ္ ဝတ္တဲ့အခါ စိတ္အေႏွာင့္အယွက္ ျဖစ္ႏိုင္ပါတယ္။
ယုံၾကည္မႈ ရွိရွိ လက္ မေျမႇာက္ရဲတာေတြ ျဖစ္တတ္ပါတယ္။ ဒီတစ္ေခါက္မွာေတာ့ ဂ်ိဳင္း ညိဳ မည္းလို႔ စိတ္ညစ္ေနတဲ့ ပ်ိဳေမတို႔အတြက္ ကုစားေပးမယ့္ နည္းလမ္းေတြကို ေဖာ္ျပပါရေစ။
၁။ အုန္းဆီ
အုန္းဆီက အသားျဖဴေစတဲ့ သဘာဝ အလွျပင္ပစၥည္း တစ္မ်ိဳး ျဖစ္ပါတယ္။ ဂ်ိဳင္းအျပင္ တျခား ကိုယ္ျဖဴခ်င္တဲ့ ေနရာေတြ ေပၚမွာလည္း အသုံးျပဳႏိုင္ပါတယ္။
အုန္းဆီကို ေရမခ်ိဳးခင္ ဂ်ိဳင္းေအာက္ လိမ္းၿပီးေနာက္ ၁၀ မိနစ္ကေန ၁၅ မိနစ္ ထားရပါမယ္။ ၿပီးေနာက္ ေဆးခ် ေပးရပါမယ္။
၂။ မုန႔္ဖုတ္ ဆိုဒါ
မုန႔္ဖုတ္ ဆိုဒါက ဆဲလ္ေသေတြကို ကြာက်ေစတဲ့ သဘာဝ ေခ်းခြၽတ္ေဆး တစ္မ်ိဳး ျဖစ္ပါတယ္။
မုန႔္ဖုတ္ ဆိုဒါနဲ႔ အတူ သံပယိုရည္ပါ တြဲသုံးမယ္ ဆိုရင္ ပိုၿပီး ထိေရာက္ပါတယ္။
သံပယိုရည္နဲ႔ မုန႔္ဖုတ္ ဆိုဒါကို ေရာၿပီးေနာက္ ဂ်ိဳင္းေအာက္ လိမ္းေပးရပါမယ္။ ၅ မိနစ္ ထားၿပီးေနာက္ ေရေဆးရပါမယ္။
အသားေျခာက္တာမ်ိဳး မျဖစ္ေအာင္ အစိုဓာတ္ထိန္း ခရင္ လိမ္းေပးႏိုင္ပါတယ္။ ဒီနည္းလမ္းကို တစ္ပတ္မွာ သုံးႀကိမ္ကေန ေလးႀကိမ္ ျပဳလုပ္ႏိုင္ပါတယ္။
၃။ သံလြင္ဆီ
သံလြင္ဆီက ဂ်ိဳင္းသားကို မျဖဴေစေပမယ့္ ဂ်ိဳင္းအတြက္ လိုအပ္တဲ့ အစိုဓာတ္ကို လုံေလာက္ေအာင္ ျဖည့္တင္းေပးႏိုင္ပါတယ္။
သံလြင္ဆီနဲ႔ သၾကားအညိဳကို ေရာၿပီး ဂ်ိဳင္းသားကို ပြတ္ေပးရင္ေတာ့ နဂိုကထက္ ဂ်ိဳင္း ပိုျဖဴလာပါလိမ့္မယ္။
သံလြင္ဆီ ႏွစ္ဇြန္းေလာက္နဲ႔ သၾကားကို ေရာေပးရပါမယ္။ ဒီအေရာကို ဂ်ိဳင္းေအာက္ ၁ မိနစ္ကေန ၂ မိနစ္ေလာက္ ပြတ္ၿပီးေနာက္ ၅ မိနစ္ကေန ၁၀ မိနစ္ ထားေပးရပါမယ္။
ၿပီးေနာက္ ေရေဆးခ်ရပါမယ္။
Credit
Leave a Reply