






credit

Unicode

လမ်းစည်းကမ်း မလိုက်နာလို့ ဒဏ်ရိုက်ခဲ့တဲ့ ယာဉ်ထိန်းရဲအရာရှိကို တစ်နှစ်အတွင်း လက်ထပ်နိုင်အောင် ကြိုးစားခဲ့တဲ့ ကောင်မလေး

မိမိအား လမ်းစည်းကမ်း မလိုက်နာလို့ဟုဆိုကာ ဒဏ်ငွေရိုက်ခဲ့သည့် ယာဉ်ထိန်းရဲအရာရှိကို တစ်နှစ်အကြာတွင် လက်ထပ်ယူနိုင်အောင် ကြိုးစားခဲ့သည့် ကောင်မလေး

ယခုမင်္ဂလာပွဲတွင်တော့ သတိုးသားနှင့် သတိုးသမီး နှစ်ဦးလုံးတွင် မည်သူက သာသည် နစ်နာသည် ဆိုခြင်းထက် အချစ်စစ်ဖြင့် ပျော်ရွင်ဖွယ် မိသားစုကမ္ဘာလေးကို တည်ဆောက် နိုင်ခဲ့သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက် ပေးရမှာ ဖြစ်ပါတယ်။

ယခုသတိုးသားနှင့် သတိုးသမီးတို့ဟာ လွန်ခဲ့သော တစ်နှစ်ခန့်က စတင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ် ။

တွေ့ရှိချိန်တွင် ကောင်မလေးဟာ ဆိုင်ကယ် ဘက်မှန် တပ်ဆင်ခြင်း မရှိသည့်အတွက် ယာဉ်ထိန်း ရဲအရာရှိဖြစ်သူ ကောင်လေးက ဒဏ်ငွေရိုက်ကာ အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။

ထို့နောက်မှ သူတို့ နှစ်ဦးဟာ ဖုန်းနံပါတ်တွေကို အပြန်အလှန် ပေးအပ်ခဲ့ကြပြီး ဆက်သွယ် စကားပြောကာ အပြင်တွင် တွေ့ဆုံခဲ့ကြပါတယ်။

တစ်နှစ် အကြာတွင်တော့ သူတို့နှစ်ဦးဟာ အချစ်စစ်ကို ခိုင်မာ ယုံကြည်စွာဖြင့် မင်္ဂလာပွဲလေး ကျင်းပကာ လက်ထပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
credit

Be the first to comment

Leave a Reply

Your email address will not be published.


*